ကလေး ၁၁ ယောက်မွေးထားပေမယ့် ကလေးတွေ ထပ်လိုချင်နေသေးတဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး

ကလေး ၁၁ ယောက်မွေးထားပေမယ့် နောက်ထပ်ကလေးတွေ အများကြီး လိုချင်နေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး

ယနေ့ခေတ်မှာ ကလေး ၁၁ ယောက်မွေးတယ်ဆိုတာ အရမ်းကို ရှားပါးသွားပါပြီ။ ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် Christina Ozturk ကတော့ သူ့ဘဝမှာ မပျော်နိုင်သေးပါဘူး။ သူက ကလေး အရမ်းချစ်တတ်တာကြောင့် မိသားစုကြီးတစ်စု တည်ထောင်ဖို့ စိတ်ကူးရှိနေပါတယ်။

Christina က အသက် ၁၇ နှစ်အရွယ်မှာ ပထမဆုံး ကလေးကို မွေးဖွားခဲ့ပါတယ်။ အဲဒီတုန်းက သူက single mother ပါပဲ။ လက်ရှိ အမျိုးသားနဲ့ ခရီးတစ်ခုမှ ဆုံခဲ့ကြတာပါ။ သူက Christina ကို မြင်မြင်ချင်း ချစ်သွားပြီး လက်ထပ်ခွင့် တောင်းပါတယ်။ ဒါ့အပြင် ကလေးတွေ အများကြီး မွေးပေးဖို့လည်း တောင်းဆိုပါသေးတယ်။

ကလေး ၁၁ ယောက်ထဲမှာ အများစုကို တစ်ချိန်တည်း တစ်နေရာတည်းမှာ မွေးခဲ့တာပါ။ ကလေးအများကြီးကို တစ်ကြိမ်တည်းနဲ့ မွေးဖို့ မဖြစ်နိုင်တာကြောင့် သူနဲ့ သူ့ခင်ပွန်းက မိသားစုအကြီးကြီးကို တည်ဆောက်ဖို့အတွက် အခြားသူတွေကိုလည်း ကိုယ်စားစောင့်ရှောက်မွေးမြူပေးဖို့ ခေါ်ထားပါတယ်။

ကလေးတွေ အားလုံးနီးပါးကို သူကိုယ်တိုင် မမွေးထားပေမယ့်လည်း Christina က မိခင်အရင်းနဲ့ မခြားပါဘူး။ သူတို့စုံတွဲက ကလေးတွေ ဒါဇင်နဲ့ချီပြီး မွေးချင်တာပါ။ ဒါပေမယ့် ကလေးကို ဘယ်နှယောက်အထိ မွေးမယ် ဆိုတာကတော့ အခုထိ မစီစဉ်ရသေးပါဘူး။

Christina ရဲ့ခင်ပွန်းက အသက် ၅၆ နှစ်အရွယ် သန်းကြယ်သူဌေးတစ်ဦးဖြစ်တာကြောင့် ကလေးတွေအတွက် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ ကလေးတွေကို စောင့်ရှောက်ဖို့ ကလေးထိန်းတွေ အကူတွေကို အများကြီးခေါ်ထားပါတယ်။

Christina နဲ့ သူ့ခင်ပွန်းက ကလေးတွေကို တာဝန်ယူဖို့အတွက် အလုပ်တွေကို ခွဲဝေထားပါတယ်။ Christina ရဲ့ခင်ပွန်းက အလုပ်ကြိုးစားပြီး Christina က ကလေးတွေကို စောင့်ရှောက်ပေးပါတယ်။ သူတို့က ကလေးတွေနဲ့အတူ ကစားတာ၊ လမ်းလျှောက်တာ၊ ရုပ်ရှင်အတူတူကြည့်တာတွေကို ပြုလုပ်ပေးပါတယ်။

ပိတ်ရက်တွေဆိုရင်လည်း မိသားစုကို အချိန်ပေးပြီး စားစရာတွေလည်း လုပ်စားကြပါသေးတယ်။ တကယ်တော့ မိဘတွေရဲ့မေတ္တာ ဆိုတာ နိုင်ငံတွေ လူမျိုးတွေ ကွဲပြားနေပေမယ့် အတူတူပါပဲ။

Zombie (Lovemedia)

For Zawgyi

ကေလး ၁၁ ေယာက္ေမြးထားေပမယ့္ ကေလးေတြ ထပ္လိုခ်င္ေနေသးတဲ့ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီး

ကေလး ၁၁ ေယာက္ေမြးထားေပမယ့္ ေနာက္ထပ္ကေလးေတြ အမ်ားႀကီး လိုခ်င္ေနတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီး

ယေန႔ေခတ္မွာ ကေလး ၁၁ ေယာက္ေမြးတယ္ဆိုတာ အရမ္းကို ရွားပါးသြားပါၿပီ။ ဒါေပမယ့္ အသက္ ၂၃ ႏွစ္အ႐ြယ္ Christina Ozturk ကေတာ့ သူ႔ဘဝမွာ မေပ်ာ္ႏိုင္ေသးပါဘူး။ သူက ကေလး အရမ္းခ်စ္တတ္တာေၾကာင့္ မိသားစုႀကီးတစ္စု တည္ေထာင္ဖို႔ စိတ္ကူးရွိေနပါတယ္။

Christina က အသက္ ၁၇ ႏွစ္အ႐ြယ္မွာ ပထမဆုံး ကေလးကို ေမြးဖြားခဲ့ပါတယ္။ အဲဒီတုန္းက သူက single mother ပါပဲ။ လက္ရွိအမ်ိဳးသားနဲ႔ ခရီးတစ္ခုမွ ဆုံခဲ့ၾကတာပါ။ သူက Christina ကို ျမင္ျမင္ခ်င္း ခ်စ္သြားၿပီး လက္ထပ္ခြင့္ ေတာင္းပါတယ္။ ဒါ့အျပင္ ကေလးေတြအမ်ားႀကီး ေမြးေပးဖို႔လည္း ေတာင္းဆိုပါေသးတယ္။

ကေလး ၁၁ ေယာက္ထဲမွာ အမ်ားစုကို တစ္ခ်ိန္တည္း တစ္ေနရာတည္းမွာ ေမြးခဲ့တာပါ။ ကေလးအမ်ားႀကီးကို တစ္ႀကိမ္တည္းနဲ႔ ေမြးဖို႔ မျဖစ္ႏိုင္တာေၾကာင့္ သူနဲ႔ သူ႔ခင္ပြန္းက မိသားစုအႀကီးႀကီးကို တည္ေဆာက္ဖို႔အတြက္ အျခားသူေတြကိုလည္း ကိုယ္စားေစာင့္ေရွာက္ေမြးျမဴေပးဖို႔ ေခၚထားပါတယ္။ ကေလးေတြ အားလုံးနီးပါးကို သူကိုယ္တိုင္ မေမြးထားေပမယ့္လည္း Christina က မိခင္အရင္းနဲ႔ မျခားပါဘူး။ သူတို႔စုံတြဲက ကေလးေတြ ဒါဇင္နဲ႔ခ်ီၿပီး ေမြးခ်င္တာပါ။ ဒါေပမယ့္ ကေလးကို ဘယ္ႏွေယာက္အထိ ေမြးမယ္ ဆိုတာကေတာ့ အခုထိ မစီစဥ္ရေသးပါဘူး။

Christina ရဲ႕ခင္ပြန္းက အသက္ ၅၆ ႏွစ္အ႐ြယ္ သန္းၾကယ္သူေဌးတစ္ဦးျဖစ္တာေၾကာင့္ ကေလးေတြအတြက္ လိုေလေသးမရွိေအာင္ ေဆာင္႐ြက္ေပးထားပါတယ္။ ကေလးေတြကို ေစာင့္ေရွာက္ဖို႔ ကေလးထိန္းေတြ အကူေတြကို အမ်ားႀကီးေခၚထားပါတယ္။

Christina နဲ႔ သူ႔ခင္ပြန္းက ကေလးေတြကို တာဝန္ယူဖို႔အတြက္ အလုပ္ေတြကို ခြဲေဝထားပါတယ္။ Christina ရဲ႕ခင္ပြန္းက အလုပ္ႀကိဳးစားၿပီး Christina က ကေလးေတြကို ေစာင့္ေရွာက္ေပးပါတယ္။ သူတို႔က ကေလးေတြနဲ႔အတူ ကစားတာ၊ လမ္းေလွ်ာက္တာ၊ ႐ုပ္ရွင္အတူတူၾကည့္တာေတြကို ျပဳလုပ္ေပးပါတယ္။

ပိတ္ရက္ေတြဆိုရင္လည္း မိသားစုကို အခ်ိန္ေပးၿပီး စားစရာေတြလည္း လုပ္စားၾကပါေသးတယ္။ တကယ္ေတာ့ မိဘေတြရဲ႕ေမတၱာ ဆိုတာ ႏိုင္ငံေတြ လူမ်ိဳးေတြ ကြဲျပားေနေပမယ့္ အတူတူပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments