မွေးလာတဲ့ကလေးကို ကမ္ဘာပေါ်မှာတစ်ခုတည်းရှိတဲ့နာမည် ပေးခဲ့တဲ့အဖေ

အင်ဒိုနီးရှားမှ ဖခင်တစ်ဦးက သူ၏ သားယောကျာ်းလေးကို ထူးဆန်းတဲ့ နာမည်တစ်ခုပေးခြင်း

သင်အံ့သြသွားပါသလား။ မအံ့သြပါနဲ့..။ ဒီစာကို ဖတ်ဖတ်ပြီးချင်း သင်ဆွံ့အ သွားနိုင်ပါတယ်။ တော်တော်လဲ ကြောင်တောင်တောင်နိုင်တဲ့ ဖြစ်ရပ်ပါ။

အင်ဒိုနီးရှားနိုင်ငံက ဖခင်တစ်ဦးက သူ့ရဲ့သားယောကျာ်းလေး နာမည်ကို စာရင်းအင်းဆက်သွယ်ရေးဋ္ဌာနလို့ အမည်ပေးခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ Slamer Yoga Wahyudi နဲ့ သူရဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အမျိူးသမီး Riri Linda Tunggal Sari တို့ဟာ သားယောကျာ်းလေး ဖွားမြင်ခဲ့ပါတယ်။

ဒါ့ကြောင့် မိဘတွေဟာ အရမ်းချစ်ကြပြီး သူမတူတောင် နာမည်ဆန်းဆန်းလေး ပေးချင်ခဲ့ပါတယ်။ Dinas Komunikasi information Statistik ဆိုပြီး ပေးခဲ့တာပါ။ အင်ဒိုဘာသာအရ စာရင်းအင်းဆက်သွယ်ရေးဋ္ဌာနလို့ အမည်ရပါတယ်။

ဒီလိုအမည်ပေးရခြင်းက Slamet ဟာ သူ့ရဲ့အလုပ်ကို အလွန် တန်ဖိုးထားတာကြောင့်ပါ။ သူဟာ ဒီအလုပ်ကို ၂၀၀၉ ခုနှစ်ကတည်းက စလုပ်ခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့လုပ်သက်ဟာ ၁၀ နှစ်ကျော်လာပါပြီ။

ဒီလို နာမည်ပေးရခြင်းက သူ့ရဲ့အလုပ်ကို အလွန်ချစ်သလို သူ့ရဲ့သားလေးကိုလဲ အရမ်းချစ်တာကြောင့် ပေးတာဖြစ်တယ်လို့ Slamet ကပြောပါတယ်။ အခုလို ထူးထူးဆန်းဆန်း နာမည်ပေးတာကို ဆွေမျိုးတွေရော မိတ်ဆွေတွေကပါ ကန့်ကွက်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မိဘတွေကတော့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး။ သူတို့ တန်ဖိုးထားတဲ့အရာနဲ့ ချစ်ရတဲ့အရာကို အမည်တစ်ခုတည်း ရှိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။

ဒီနာမည် စစပေးချင်းမှာတော့ ထူးဆန်းနေပေမယ့် ကျွန်တော့်ရဲ့ ဇနီးက ဘာမှငြင်းဆိုခြင်းမရှိပဲ လက်ခံခဲ့ပါတယ်။ သူတို့တွေဟာ ကျွန်တော့်အတွက် ဘုရားပေးတဲ့ လက်ဆောင်ပါပဲ။ ဘာသာတရားကို ကိုင်းရှိုင်းပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေပါတယ်' လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ပြီးတော့ ဒီနာမည်ကို အင်ဒိုနီးရှားရဲ့ အာဏာပိုင်တွေက ခွင့်ပြုပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

သင်တို့ရဲ့အသိတွေထဲက နာမည်ထူးထူးဆန်းဆန်းတွေ ရှိရင်လည်း comments ထဲမှာ ရေးသွားခဲ့ပါဦး။

Zombie (lovemedia)

For Zawgyi

ေမြးလာတဲ့ကေလးကို ကမာၻေပၚမွာတစ္ခုတည္းရွိတဲ့နာမည္ ေပးခဲ့တဲ့အေဖ

အင္ဒိုနီးရွားမွ ဖခင္တစ္ဦးက သူ၏ သားေယာက်ာ္းေလးကို ထူးဆန္းတဲ့ နာမည္တစ္ခုေပးျခင္း

သင္အံ့ၾသသြားပါသလား။ မအံ့ၾသပါနဲ႔..။ ဒီစာကို ဖတ္ဖတ္ၿပီးခ်င္း သင္ဆြံ႕အသြားႏိုင္ပါတယ္။ ေတာ္ေတာ္လဲ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ ျဖစ္ရပ္ပါ။

အင္ဒိုနီးရွားႏိုင္ငံက ဖခင္တစ္ဦးက သူ႔ရဲ႕သားေယာက်ာ္းေလး နာမည္ကို စာရင္းအင္းဆက္သြယ္ေရး႒ာနလို႔ အမည္ေပးခဲ့ပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္ရွိတဲ့ Slamer Yoga Wahyudi နဲ႔ သူရဲ႕ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ အမ်ိဴးသမီး Riri Linda Tunggal Sari တို႔ဟာ သားေယာက်ာ္းေလး ဖြားျမင္ခဲ့ပါတယ္။

ဒါ့ေၾကာင့္ မိဘေတြဟာ အရမ္းခ်စ္ၾကၿပီး သူမတူေတာင္ နာမည္ဆန္းဆန္းေလး ေပးခ်င္ခဲ့ပါတယ္။ Dinas Komunikasi information Statistik ဆိုၿပီး ေပးခဲ့တာပါ။ အင္ဒိုဘာသာအရ စာရင္းအင္းဆက္သြယ္ေရး႒ာနလို႔ အမည္ရပါတယ္။

ဒီလိုအမည္ေပးရျခင္းက Slamet ဟာ သူ႔ရဲ႕အလုပ္ကို အလြန္ တန္ဖိုးထားတာေၾကာင့္ပါ။ သူဟာ ဒီအလုပ္ကို ၂၀၀၉ ခုႏွစ္ကတည္းက စလုပ္ခဲ့တာပါ။ အခုဆိုရင္ သူ႔ရဲ႕လုပ္သက္ဟာ ၁၀ ႏွစ္ေက်ာ္လာပါၿပီ။

ဒီလို နာမည္ေပးရျခင္းက သူ႔ရဲ႕အလုပ္ကို အလြန္ခ်စ္သလို သူ႔ရဲ႕သားေလးကိုလဲ အရမ္းခ်စ္တာေၾကာင့္ ေပးတာျဖစ္တယ္လို႔ Slamet ကေျပာပါတယ္။ အခုလို ထူးထူးဆန္းဆန္း နာမည္ေပးတာကို ေဆြမ်ိဳးေတြေရာ မိတ္ေဆြေတြကပါ ကန႔္ကြက္ခဲ့ပါတယ္။ 

ဒါေပမယ့္လည္း မိဘေတြကေတာ့ ဆုံးျဖတ္ခ်က္ကို မျပင္ခဲ့ပါဘူး။ သူတို႔ တန္ဖိုးထားတဲ့အရာနဲ႔ ခ်စ္ရတဲ့အရာကို အမည္တစ္ခုတည္း ရွိေစခ်င္တဲ့ ရည္႐ြယ္ခ်က္ေၾကာင့္ပါ။

ဒီနာမည္ စစေပးခ်င္းမွာေတာ့ ထူးဆန္းေနေပမယ့္ ကြၽန္ေတာ့္ရဲ႕ ဇနီးက ဘာမွျငင္းဆိုျခင္းမရွိပဲ လက္ခံခဲ့ပါတယ္။ သူတို႔ေတြဟာ ကြၽန္ေတာ့္အတြက္ ဘုရားေပးတဲ့ လက္ေဆာင္ပါပဲ။ ဘာသာတရားကို ကိုင္းရႈိင္းၿပီး လိမၼာယဥ္ေက်းတဲ့ ကေလးတစ္ေယာက္ျဖစ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္' လို႔ ဖခင္ျဖစ္သူက ေျပာပါတယ္။

ၿပီးေတာ့ ဒီနာမည္ကို အင္ဒိုနီးရွားရဲ႕ အာဏာပိုင္ေတြက ခြင့္ျပဳေပးဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

သင္တို႔ရဲ႕အသိေတြထဲက နာမည္ထူးထူးဆန္းဆန္းေတြ ရွိရင္လည္း comments ထဲမွာ ေရးသြားခဲ့ပါဦး။

Zombie (lovemedia)

Post a Comment

0 Comments