မိန်းကလေးတွေ မချစ်တော့ဘူးဆိုရင် ပြုမူတတ်တဲ့ အချက် (၆) ချက်

အမျိုးသမီးတွေက ပဟေဠိ ဆန်ပါတယ်။ တကယ်တော့ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အကြောင်းကို အခုထိ ရေရေရာရာ မသိသေးပါဘူး။ အမျိုးသမီးတွေနဲ့ မရေရာမှု ဆိုတာ ခေါင်းနဲ့ပန်း လိုပါပဲ။ အမျိုးသမီးတွေက ခန့်မှန်းရ ခက်ပါတယ်။

အမျိုးသမီးတွေက ခံစားလွယ်၊ ထိခိုက်လွယ် ပါတယ်။ သူတို့ပြတ်သားပြီဆိုရင်လည်း လှည့်ကို မကြည့်တော့ပါဘူး။ သင်ချစ်ရတဲ့ ကောင်မလေးက သင့်ကို မချစ်တော့ဘူးဆိုရင် သင် အသည်းအသန် ခံစားရမှာပါ။

မိန်းကလေးတွေ မချစ်တော့တဲ့ အခါ ဘယ်လိုပြုမူတတ်လဲ။

၁။ မျက်လုံးချင်း စကားမပြောဖြစ် ကြတော့ဘူး။

မိန်းကလေးတွေ စိတ်ကုန်လာပြီ ဆိုရင်တော့ ပထမဆူံး လက္ခဏာက သင်နဲ့မျက်လုံးချင်း စကားမပြောဖြစ် ကြတော့တာပါ။ သူမကို ကြည့်လိုက်ရင် အေးစက်စက် အကြည့်တွေပဲ မြင်ရမှာပါ။ သင့်ကို ချစ်နေသေးတယ် ဆိုရင်တော့ သူမရဲ့ မျက်ဝန်းတွေက နွေးထွေးနေ ဦးမှာပါ။

၂။ ဆင်ခြင်တွေ ပေးလာမယ်။

သင့်ကို မချစ်တော့ဘူး ဆိုရင် သူမနဲ့ နီးစပ်ဖို့ ကြိုးစားတိုင်း သူမက ရှောင်ထွက်နေ မှာပါ။ အတူတူ အပြင်ထွက်မယ် ဆိုရင် တစ်ခုခုနဲ့ အကြောင်းပြတာကို ကြုံရမှာပါ။

၃။ အရင်လို စိတ်မပါတော့ဘူး။

သင်နဲ့တွေ့တဲ့ အချိန်တိုင်း သူမက စိတ်မပါလက်မပါ ဖြစ်နေပါလိမ့်မယ်။ စကားမပြောချင်ဘဲ ဖုန်းသုံးနေတာမျိုး၊ အကြောင်းအရာ ခေါင်းစဉ် လွှဲပြောတာတွေက သင့်ကို မချစ်တော့တဲ့ အရိပ်အယောင်တွေပါပဲ။

၄။ သူမရဲ့ သူငယ်ချင်းတွေကိုပဲ အချိန်ပေး တော့တယ်။

သင့်ချစ်သူ ကောင်မလေးနဲ့ တွေ့ဖို့ ချိန်းလိုက်ပြီ ဆိုရင် သူမက သူငယ်ချင်းတွေနဲ့ပဲ ပါသွားပါ လိမ့်မယ်။ သူမတစ်ယောက်တည်းတော့ အထီးကျန်ကျန် မနေပါဘူး။ သင့်ကို လာတွေ့တယ် ဆိုရင်တောင် တစ်ယောက်တည်း လာတွေ့တာ မဟုတ်ဘဲ သူငယ်ချင်းတွေကို ခေါ်လာတာ ဒါမှမဟုတ် လမ်းကြုံလို့ ဝင်လာတာလောက်ပဲ ရှိတော့မှာပါ။ သေချာတာကတော့ သူမက သင့်ကို မချစ်တော့ပါဘူး။

၅။ သူငယ်ချင်းဆိုပြီးတော့ပဲ မိတ်ဆက်ပေး လိမ့်မယ်။

သူမက သင်နဲ့ ပတ်သက်ပြီး ခံစားချက်တွေ သိပ်မရှိတော့ဘူး ဆိုရင် သင့်ကို တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့ အခါ သူမရဲ့ သူငယ်ချင်းအဖြစ်သာ မိတ်ဆက်ပေး ပါလိမ့်မယ်။ လမ်းခွဲစကား ပြောဖို့လည်း သူမဘက်က ဝန်လေးနေမှာ မဟုတ်ပါဘူး။

၆။ အလုပ်ကိုပဲ အချိန်ပေးတော့တယ်။

အရင်ကဆိုရင် သင့်အတွက် အချိန်တွေ အမြဲပေးနေတဲ့ ကောင်မလေးက အခုဆိုရင် အလုပ်ထဲကိုပဲ စိတ်နှစ်နေ ပါလိမ့်မယ်။ အလုပ်ကိုပဲ အာရုံစိုက်ပြီး သင်နဲ့ပတ်သက်ရင် အမြဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါလိမ့်မယ်။

အဲဒါကြောင့် သင့်ချစ်သူကောင်မလေးက သင့်ကို ပိုပြီး ချစ်လာအောင် အချိန်ပေးပြီး ပြည့်ပြည့်ဝဝကြီး ချစ်ပေးလိုက်ပါ။

Zombie (Lovemedia)

For Zawgyi

မိန္းကေလးေတြ မခ်စ္ေတာ့ဘူးဆိုရင္ ျပဳမူတတ္တဲ့ အခ်က္ (၆) ခ်က္

အမ်ိဳးသမီးေတြက ပေဟဠိ ဆန္ပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြရဲ႕ အေၾကာင္းကို အခုထိ ေရေရရာရာ မသိေသးပါဘူး။ အမ်ိဳးသမီးေတြနဲ႔ မေရရာမႈ ဆိုတာ ေခါင္းနဲ႔ပန္း လိုပါပဲ။ အမ်ိဳးသမီးေတြက ခန႔္မွန္းရခက္ပါတယ္။

အမ်ိဳးသမီးေတြက ခံစားလြယ္၊ ထိခိုက္လြယ္ ပါတယ္။ သူတို႔ျပတ္သားၿပီဆိုရင္လည္း လွည့္ကိုမၾကည့္ေတာ့ပါဘူး။ သင္ခ်စ္ရတဲ့ ေကာင္မေလးက သင့္ကို မခ်စ္ေတာ့ဘူးဆိုရင္ သင္ အသည္းအသန္ ခံစားရမွာပါ။

မိန္းကေလးေတြ မခ်စ္ေတာ့တဲ့ အခါ ဘယ္လိုျပဳမူတတ္လဲ။

၁။ မ်က္လုံးခ်င္း စကားမေျပာျဖစ္ ၾကေတာ့ဘူး။

မိန္းကေလးေတြ စိတ္ကုန္လာၿပီ ဆိုရင္ေတာ့ ပထမဆူံးလကၡဏာက သင္နဲ႔မ်က္လုံးခ်င္း စကားမေျပာျဖစ္ ၾကေတာ့တာပါ။ သူမကို ၾကည့္လိုက္ရင္ ေအးစက္စက္ အၾကည့္ေတြပဲ ျမင္ရမွာပါ။ သင့္ကို ခ်စ္ေနေသးတယ္ ဆိုရင္ေတာ့ သူမရဲ႕ မ်က္ဝန္းေတြက ေႏြးေထြးေန ဦးမွာပါ။

၂။ ဆင္ျခင္ေတြ ေပးလာမယ္။

သင့္ကို မခ်စ္ေတာ့ဘူး ဆိုရင္ သူမနဲ႔ နီးစပ္ဖို႔ ႀကိဳးစားတိုင္း သူမက ေရွာင္ထြက္ေန မွာပါ။ အတူတူ အျပင္ထြက္မယ္ ဆိုရင္ တစ္ခုခုနဲ႔ အေၾကာင္းျပတာကို ႀကဳံရမွာပါ။

၃။ အရင္လို စိတ္မပါေတာ့ဘူး။

သင္နဲ႔ေတြ႕တဲ့ အခ်ိန္တိုင္း သူမက စိတ္မပါလက္မပါ ျဖစ္ေနပါလိမ့္မယ္။ စကားမေျပာခ်င္ဘဲ ဖုန္းသုံးေနတာမ်ိဳး၊ အေၾကာင္းအရာ ေခါင္းစဥ္ လႊဲေျပာတာေတြက သင့္ကို မခ်စ္ေတာ့တဲ့ အရိပ္အေယာင္ေတြပါပဲ။

၄။ သူမရဲ႕ သူငယ္ခ်င္းေတြကိုပဲ အခ်ိန္ေပး ေတာ့တယ္။

သင့္ခ်စ္သူ ေကာင္မေလးနဲ႔ ေတြ႕ဖို႔ ခ်ိန္းလိုက္ၿပီ ဆိုရင္ သူမက သူငယ္ခ်င္းေတြနဲ႔ပဲ ပါသြားပါ လိမ့္မယ္။ သူမတစ္ေယာက္တည္းေတာ့ အထီးက်န္က်န္ မေနပါဘူး။ သင့္ကို လာေတြ႕တယ္ ဆိုရင္ေတာင္ တစ္ေယာက္တည္း လာေတြ႕တာ မဟုတ္ဘဲ သူငယ္ခ်င္းေတြကို ေခၚလာတာ ဒါမွမဟုတ္ လမ္းႀကဳံလို႔ ဝင္လာတာေလာက္ပဲ ရွိေတာ့မွာပါ။ ေသခ်ာတာကေတာ့ သူမက သင့္ကို မခ်စ္ေတာ့ပါဘူး။

၅။ သူငယ္ခ်င္းဆိုၿပီးေတာ့ပဲ မိတ္ဆက္ေပး လိမ့္မယ္။

သူမက သင္နဲ႔ ပတ္သက္ၿပီး ခံစားခ်က္ေတြ သိပ္မရွိေတာ့ဘူး ဆိုရင္ သင့္ကို တျခားတစ္ေယာက္နဲ႔ မိတ္ဆက္ေပးတဲ့ အခါ သူမရဲ႕ သူငယ္ခ်င္းအျဖစ္သာ မိတ္ဆက္ေပး ပါလိမ့္မယ္။ လမ္းခြဲစကား ေျပာဖို႔လည္း သူမဘက္က ဝန္ေလးေနမွာ မဟုတ္ပါဘူး။

၆။ အလုပ္ကိုပဲ အခ်ိန္ေပးေတာ့တယ္။

အရင္ကဆိုရင္ သင့္အတြက္ အခ်ိန္ေတြ အၿမဲေပးေနတဲ့ ေကာင္မေလးက အခုဆိုရင္ အလုပ္ထဲကိုပဲ စိတ္ႏွစ္ေန ပါလိမ့္မယ္။ အလုပ္ကိုပဲ အာ႐ုံစိုက္ၿပီး သင္နဲ႔ပတ္သက္ရင္ အၿမဲ ဆန႔္က်င္ဘက္ေတြ ျဖစ္ေနပါလိမ့္မယ္။

အဲဒါေၾကာင့္ သင့္ခ်စ္သူေကာင္မေလးက သင့္ကို ပိုၿပီး ခ်စ္လာေအာင္ အခ်ိန္ေပးၿပီး ျပည့္ျပည့္ဝဝႀကီး ခ်စ္ေပးလိုက္ပါ။

Zombie (Lovemedia)

Post a Comment

0 Comments