လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးထိ ဘေးနားမှာ ၂၅ နှစ်လုံးရှိနေခဲ့တဲ့ ကြက်တူရွေးလေး

တိရစ္ဆာန်လေးတွေဟာလည်း လူတွေလိုပဲ ဝမ်းနည်းတတ်ကြပါတယ်။ ပျော်ရွှင်ခြင်းကို ခံစားတတ်သလို ဝမ်းနည်းမှုတွေကိုလဲ ခံစားတတ်ကြပါတယ်။ သူတို့ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ လူတွေလိုပဲ ပူဆွေးတတ်ကြတာပါ။

ကြက်တူရွေးလေး တစ်ကောင်ဟာ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့တဲ့အခါမှာ စိတ်ဓာတ်ကျသွားပါတယ်။ ဒါကို Sinbad လို့ခေါ်တဲ့ အာဖရိကန် Grey ကြက်တူရွေးလေးက သက်သေပြခဲ့ပါတယ်။ သူဟာ သူ့သခင်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အကောင်းဆုံး ရှိနေပေးခဲ့ပါတယ်။

Sinbad ဟာ သူ့ရဲ့သခင်ဖြစ်သူနဲ့ ၂၅ နှစ်ကြာ နေထိုင်ခဲ့တာပါ။ သခင်ဖြစ်သူ ဆေးရုံတက်ချိန်မှာလဲ ဘေးနားမှာ အမြဲရှိနေပေးတာပါ။ ကြက်တူရွေးလေးက (၅) နှစ်သား ကလေးတစ်ယောက်ရဲ့ စိတ်နဲ့တောင် တူနေပါတယ်။

သခင်ဖြစ်သူ သေဆုံးခါနီး အချိန်မှာတော့ မင်းကိုငါချစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ လူတိုင်းကို မပြောခဲ့ဖူးပါဘူး။ Simbad ဟာ သူ့သခင်ကို ဆုံးရှူံးလိုက်ရတဲ့ အချိန်မှာတော့ အရမ်းကို ဝမ်းနည်းသွားတာပါ။

ပုံမှန်အားဖြင့် ကြက်တူရွေးတွေက ပူညံပူညံ လုပ်ကြပြီးတော့ ညစ်ပတ်တဲ့ သတ္တဝါလေးတွေပါ။

လူသားတစ်ယောက်အနေနဲ့ ၂၅ နှစ်တာကာလဟာ သိပ်မထူးဆန်းပေမယ့် ကြက်တူရွေးတစ်ကောင်အတွက်တော့ အလွန်ကို ရှည်လျားတဲ့ အသက်ပါပဲ။ အချစ်တွေနဲ့ အသက်ဆက်ခဲ့တဲ့ ၂၅ နှစ်တာကာလဆိုလည်း မမှားပါဘူး။

Zombie (Lovemedia)

For Zawgyi

လူတစ္ေယာက္ရဲ႕ ေနာက္ဆုံးအခ်ိန္ေလးထိ ေဘးနားမွာ ၂၅ ႏွစ္လုံးရွိေနခဲ့တဲ့ ၾကက္တူေ႐ြးေလး

တိရစာၦန္ေလးေတြဟာလည္း လူေတြလိုပဲ ဝမ္းနည္းတတ္ၾကပါတယ္။ ေပ်ာ္႐ႊင္ျခင္းကို ခံစားတတ္သလို ဝမ္းနည္းမႈေတြကိုလဲ ခံစားတတ္ၾကပါတယ္။ သူတို႔ခ်စ္ရတဲ့ တစ္စုံတစ္ေယာက္ကို ဆုံးရႈံးရတဲ့အခါ လူေတြလိုပဲ ပူေဆြးတတ္ၾကတာပါ။

ၾကက္တူေ႐ြးေလး တစ္ေကာင္ဟာ ဒီလိုအေျခအေနေတြနဲ႔ ႀကဳံေတြ႕တဲ့အခါမွာ စိတ္ဓာတ္က်သြားပါတယ္။ ဒါကို Sinbad လို႔ေခၚတဲ့ အာဖရိကန္ Grey ၾကက္တူေ႐ြးေလးက သက္ေသျပခဲ့ပါတယ္။ သူဟာ သူ႔သခင္ရဲ႕ ေနာက္ဆုံးေန႔ရက္ေတြမွာ အေကာင္းဆုံး ရွိေနေပးခဲ့ပါတယ္။

Sinbad ဟာ သူ႔ရဲ႕သခင္ျဖစ္သူနဲ႔ ၂၅ ႏွစ္ၾကာ ေနထိုင္ခဲ့တာပါ။ သခင္ျဖစ္သူ ေဆး႐ုံတက္ခ်ိန္မွာလဲ ေဘးနားမွာ အၿမဲရွိေနေပးတာပါ။ ၾကက္တူေ႐ြးေလးက (၅) ႏွစ္သား ကေလးတစ္ေယာက္ရဲ႕စိတ္နဲ႔ေတာင္ တူေနပါတယ္။

သခင္ျဖစ္သူ ေသဆုံးခါနီး အခ်ိန္မွာေတာ့ မင္းကိုငါခ်စ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါဟာ လူတိုင္းကိုမေျပာခဲ့ဖူးပါဘူး။ Simbad ဟာ သူ႔သခင္ကို ဆုံးရႉံးလိုက္ရတဲ့ အခ်ိန္မွာေတာ့ အရမ္းကို ဝမ္းနည္းသြားတာပါ။

ပုံမွန္အားျဖင့္ ၾကက္တူေ႐ြးေတြက ပူညံပူညံ လုပ္ၾကၿပီးေတာ့ ညစ္ပတ္တဲ့ သတၱဝါေလးေတြပါ။

လူသားတစ္ေယာက္အေနနဲ႔ ၂၅ ႏွစ္တာကာလဟာ သိပ္မထူးဆန္းေပမယ့္ ၾကက္တူေ႐ြးတစ္ေကာင္အတြက္ေတာ့ အလြန္ကို ရွည္လ်ားတဲ့အသက္ပါပဲ။ အခ်စ္ေတြနဲ႔ အသက္ဆက္ခဲ့တဲ့ ၂၅ ႏွစ္တာကာလဆိုလည္း မမွားပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments