လန်ဘော်ဂီနီကားအိတ်ဇောမှာ အသားကင်စားတဲ့ အမျိုးသား ကားပြင်စရိတ် ယွမ် ၅ သိန်းကျသွား

လန်ဘော်ဂီနီကားအိတ်ဇောမှာ အသားကင်စားတဲ့ အမျိုးသား ကားပြင်စရိတ် ယွမ် ၅ သိန်းကျသွား

လန်ဘော်ဂီနီကား ဆိုတာ တော်ရုံတန်ရုံ ချမ်းသာမှုမျိုးနဲ့တော့ မဝယ်နိုင်ပါဘူး။ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သူရဲ့တန်ဖိုးကြီး လန်ဘော်ဂီနီကားကြီးကို ကောင်းကောင်း အသုံးချလိုက်ပါတယ်။ သူ့ရဲ့ video ကလည်း အွန်လိုင်းတစ်ခွင် ပြဲပြဲစင် ပျံ့နှံ့သွားပါတယ်။

ကားပိုင်ရှင်က အသားကို သီတံနဲ့ထိုးပြီး မီးရဲရဲတောက်နေတဲ့ အိတ်ဇောမှာ သွားကင်တာပါ။ ကားပြင်စရိတ်ကတော့ ယွမ် ၅ သိန်း ကျသွားပါတယ်တဲ့။ ဟူနန်ခရိုင်၊ ချန်ရှားက ကားအကောင်းစားတွေ ပိုင်ဆိုင်တဲ့ လူတစ်စုက မြေအောက် ကားဂိုဒေါင်မှာ ပျော်စရာကောင်းအောင် ဆိုပြီး အသားကင် စားကြပါတယ်။

ကားကလည်း စက်အရှိန် တင်ထားတာကြောင့် အပူလွန်ပြီးတော့ မီးခိုးတွေ ထွက်လာပါတယ်။ video ထဲမှာတော့ မီးခိုးတွေ မငြိမ်းမချင်း ရပ်ကြည့်နေကြပါတယ်။ သူတို့ကို ကြည့်ရတာတော့ ဝမ်းနည်းပုံလည်း မပေါ်ပါဘူး။ ဒီတိုင်း ရယ်ရယ်မောမော ကြည့်နေကြပါတယ်။ ပြီးတော့မှ ကားကို သံကြိုးနဲ့ဆွဲပြီး ထရပ်ပေါ်တင်လိုက်ပါတယ်။

ပျော်ချင်တိုင်းပျော်ပြီး ချမ်းသာတဲ့သူတွေအတွက်တော့ ဒါဟာလည်း ကြွားဝါနည်း တစ်မျိုးပါပဲ။ သာမန်လူတွေကတော့ လန်ဘော်ဂီနီကားဆိုတာ အိပ်မက်ထဲမှာပဲ ထည့်မက်နိုင်ကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

လန္ေဘာ္ဂီနီကားအိတ္ေဇာမွာ အသားကင္စားတဲ့ အမ်ိဳးသား ကားျပင္စရိတ္ ယြမ္ ၅ သိန္းက်သြား

လန္ေဘာ္ဂီနီကားဆိုတာ ေတာ္႐ုံတန္႐ုံ ခ်မ္းသာမႈမ်ိဳးနဲ႔ေတာ့ မဝယ္ႏိုင္ပါဘူး။ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ကေတာ့ သူရဲ႕တန္ဖိုးႀကီး လန္ေဘာ္ဂီနီကားႀကီးကို ေကာင္းေကာင္း အသုံးခ်လိုက္ပါတယ္။ သူ႔ရဲ႕ video ကလည္း အြန္လိုင္းတစ္ခြင္ ၿပဲၿပဲစင္ ပ်ံ႕ႏွံ႔သြားပါတယ္။

ကားပိုင္ရွင္က အသားကို သီတံနဲ႔ထိုးၿပီး မီးရဲရဲေတာက္ေနတဲ့ အိတ္ေဇာမွာ သြားကင္တာပါ။ ကားျပင္စရိတ္ကေတာ့ ယြမ္ ၅ သိန္း က်သြားပါတယ္တဲ့။ ဟူနန္ခ႐ိုင္၊ ခ်န္ရွားက ကားအေကာင္းစားေတြ ပိုင္ဆိုင္တဲ့လူတစ္စုက ေျမေအာက္ ကားဂိုေဒါင္မွာ ေပ်ာ္စရာေကာင္းေအာင္ ဆိုၿပီး အသားကင္ စားၾကပါတယ္။

ကားကလည္း စက္အရွိန္ တင္ထားတာေၾကာင့္ အပူလြန္ၿပီးေတာ့ မီးခိုးေတြ ထြက္လာပါတယ္။ video ထဲမွာေတာ့ မီးခိုးေတြ မၿငိမ္းမခ်င္း ရပ္ၾကည့္ေနၾကပါတယ္။ သူတို႔ကို ၾကည့္ရတာေတာ့ ဝမ္းနည္းပုံလည္း မေပၚပါဘူး။ ဒီတိုင္း ရယ္ရယ္ေမာေမာ ၾကည့္ေနၾကပါတယ္။ ၿပီးေတာ့မွ ကားကို သံႀကိဳးနဲ႔ဆြဲၿပီး ထရပ္ေပၚတင္လိုက္ပါတယ္။

ေပ်ာ္ခ်င္တိုင္းေပ်ာ္ၿပီး ခ်မ္းသာတဲ့သူေတြအတြက္ေတာ့ ဒါဟာလည္း ႂကြားဝါနည္း တစ္မ်ိဳးပါပဲ။ သာမန္လူေတြကေတာ့ လန္ေဘာ္ဂီနီကားဆိုတာ အိပ္မက္ထဲမွာပဲ ထည့္မက္ႏိုင္ၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments