အကြမ်းဖက်တွေကြောင့် လက်နှစ်ဖက်ပြတ်ခဲ့ရပေမယ့် အောင်မြင်တဲ့ စားဖိုမှူးဖြစ်လာသူ

လက်နှစ်ဖက်လုံးမရှိပေမယ့်လည်း အောင်မြင်သည့် စားဖိုမှူးတစ်ဦးဖြစ်လာသူ

သင်ဖတ်မိမိချင်း အံ့သြမိသွားမှာပါ။ ဇာတ်လမ်းတွဲတွေ၊ ဝတ္ထုတွေထဲကလို မဟုတ်ပဲ တကယ့်အပြင်က လူသားတစ်ဦးပါ။ သူမဟာ အများနဲ့မတူပဲ ဟင်းတွေကို အရသာကောင်းမွန်အောင် ချက်ပြုတ်နိုင်တာကြောင့် လူအများကြားမှာ ရေပန်းစားနေသူ တစ်ဦးပါ။

ဖိလစ်ပိုင်နိုင်ငံ၊ Zamboanga မြို့မှာနေတဲ့ အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ Maricle Apatan ဆိုတဲ့ အမျိုးသမီးဟာ အသက် (၁၁) နှစ်အရွယ်မှာ အကြမ်းဖက်ခံခဲ့ရပါတယ်။ သူမရဲ့ လက်တွေကို ရက်ရက်စက်စက် ဖြတ်တောက်ခဲ့တာပါ။ ဒါပေမယ့် သူမဟာ အားမလျှော့ခဲ့ပါဘူး။

Maricle မိသားစုမှာ မောင်နှမခြောက်ယောက်ရှိပြီးတော့ သူမဟာ အကြီးဆုံးသမီးဖြစ်ပါတယ်။ သူမဟာ လက်တွေကို ဆုံးရှုံးပေမယ့်လည်း အတန်းပညာတွေကို ဆက်လက်သင်ကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စားသောက်ဆိုင် စီမံခန့်ခွဲမှုဘွဲ့နဲ့ အချက်အပြုတ် ဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါတယ်။


သူမရဲ့ အသက် (၂၁) နှစ်အရွယ်မှာ မနီလာမှာရှိတဲ့ Edsa Shangri La Hotel မှာ အလုပ်လုပ်ခွင့် ရရှိခဲ့ပါတယ်။ မောင်နှမတွေရဲ့ ပညာသင်စရိတ်အတွက် Hotel မှာ အလုပ်လုပ်ခဲ့ပါတယ်။

သူမဟာ မုန့်ဖုတ်ခြင်းမှာလဲ အလွန်ကျွမ်းကျင်ပါတယ်။ ပြီးတော့ သင်တန်းတွေလဲ ပို့ချပေးပါသေးတယ်။ တက်ရောက်သူတွေလဲ အများအပြားရှိပြီးတော့ စိတ်ဝင်စားသူတွေလဲ လာပြီး တက်ရောက်ကြပါတယ်။

အင်တာဗျူးတစ်ခုမှာ သူမက' ကောင်းကောင်းလေ့လာပါ။ သင့်ရဲ့အိမ်မက်တွေ အောင်မြင်အောင် လုပ်နိုင်ကြောင်းပြပါ။ မင်းရဲ့ ရည်မှန်းချက်ကိုသာ မပျောက်စေနဲ့'လို့ ပြောထားပါတယ်။

Zombie (Lovemedia)

For Zawgyi

အၾကမ္းဖက္ေတြေၾကာင့္ လက္ႏွစ္ဖက္ျပတ္ခဲ့ရေပမယ့္ ေအာင္ျမင္တဲ့ စားဖိုမႉးျဖစ္လာသူ

လက္ႏွစ္ဖက္လုံးမရွိေပမယ့္လည္း ေအာင္ျမင္သည့္ စားဖိုမႉးတစ္ဦးျဖစ္လာသူ

သင္ဖတ္မိမိခ်င္း အံ့ၾသမိသြားမွာပါ။ ဇာတ္လမ္းတြဲေတြ၊ ဝတၳဳေတြထဲကလိုမဟုတ္ပဲ တကယ့္အျပင္က လူသားတစ္ဦးပါ။ သူမဟာ အမ်ားနဲ႔မတူပဲ ဟင္းေတြကို အရသာေကာင္းမြန္ေအာင္ ခ်က္ျပဳတ္ႏိုင္တာေၾကာင့္ လူအမ်ားၾကားမွာ ေရပန္းစားေနသူ တစ္ဦးပါ။

ဖိလစ္ပိုင္ႏိုင္ငံ၊ Zamboanga ၿမိဳ႕မွာေနတဲ့ အသက္ (၃၁) ႏွစ္ရွိၿပီျဖစ္တဲ့ Maricle Apatan ဆိုတဲ့ အမ်ိဳးသမီးဟာ အသက္ (၁၁) ႏွစ္အ႐ြယ္မွာ အၾကမ္းဖက္ခံခဲ့ရပါတယ္။ သူမရဲ႕ လက္ေတြကို ရက္ရက္စက္စက္ ျဖတ္ေတာက္ခဲ့တာပါ။ ဒါေပမယ့္ သူမဟာ အားမေလွ်ာ့ခဲ့ပါဘူး။

Maricle မိသားစုမွာ ေမာင္ႏွမေျခာက္ေယာက္ရွိၿပီးေတာ့ သူမဟာ အႀကီးဆုံးသမီးျဖစ္ပါတယ္။ သူမဟာ လက္ေတြကို ဆုံးရႈံးေပမယ့္လည္း အတန္းပညာေတြကို ဆက္လက္သင္ၾကားခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ စားေသာက္ဆိုင္ စီမံခန႔္ခြဲမႈဘြဲ႕နဲ႔ အခ်က္အျပဳတ္ ဒီပလိုမာဘြဲ႕ကို ရရွိခဲ့ပါတယ္။

သူမရဲ႕ အသက္ (၂၁) ႏွစ္အ႐ြယ္မွာ မနီလာမွာရွိတဲ့ Edsa Shangri La Hotel မွာ အလုပ္လုပ္ခြင့္ ရရွိခဲ့ပါတယ္။ ေမာင္ႏွမေတြရဲ႕ ပညာသင္စရိတ္အတြက္ Hotel မွာ အလုပ္လုပ္ခဲ့ပါတယ္။

သူမဟာ မုန႔္ဖုတ္ျခင္းမွာလဲ အလြန္ကြၽမ္းက်င္ပါတယ္။ ၿပီးေတာ့ သင္တန္းေတြလဲ ပို႔ခ်ေပးပါေသးတယ္။ တက္ေရာက္သူေတြလဲ အမ်ားအျပားရွိၿပီးေတာ့ စိတ္ဝင္စားသူေတြလဲ လာၿပီး တက္ေရာက္ၾကပါတယ္။

အင္တာဗ်ဴးတစ္ခုမွာ သူမက' ေကာင္းေကာင္းေလ့လာပါ။ သင့္ရဲ႕အိမ္မက္ေတြ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ေၾကာင္းျပပါ။ မင္းရဲ႕ ရည္မွန္းခ်က္ကိုသာ မေပ်ာက္ေစနဲ႔'လို႔ ေျပာထားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments