ကလေး ၁၀ မြွှာပူးကို ကမ္ဘာ့စံချိန်ချိုးပြီး အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ အမျိုးသမီး

ကမ္ဘာပေါ်မှာ ၁၀ မြွှာပူးမွေးတဲ့ ဖြစ်ရပ်ဆိုတာ အလွန်ရှားပါးပါတယ်။ တောင်အာဖရိက အမျိုးသမီး Gosiame Thamara Sithole ကတော့ ကမ္ဘာ့စံချိန်ကို ချိုးပြီး ၁၀ မြွှာပူးကို တစ်ကြိမ်တည်းနဲ့ မွေးဖွားလိုက်ပါတယ်။

ဆရာဝန်က သူ့ကို ၆ မြွှာပူးမွေးလောက်တယ်လို့ပြောတော့ Gosiame တစ်ယောက် အရမ်းကို အံ့ဩသွားခဲ့ပါတယ်။ နောက်ပိုင်း အာထရာစောင်းရိုက်ကြည့်တဲ့အခါ ကလေး ၈ ယောက်ကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူက ၁၀ မြွှာပူးကိုယ်ဝန်ကို ဆောင်ထားတာပါ။

ကလေးတွေ မွေးလာတဲ့အခါ ယောကျ်ားလေး ၇ ယောက်၊ မိန်းကလေး ၃ ယောက်ဖြစ်တာကြောင့် သူ့ရဲ့ခင်ပွန်းက စကားတောင်မပြောနိုင်ဘဲ အရမ်းဝမ်းသာနေခဲ့ပါတယ်။ ကလေး ၁၀ ယောက်လုံးကို ဗိုက်ခွဲမွေးတယ်လို့ IOL က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကလေး ၅ ယောက်ကို သဘာဝအတိုင်းမွေးပြီး ကျန်ကလေး ၅ ယောက်ကို ဗိုက်ခွဲမွေးတယ်လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

Ms Gosiame က ၁၀ မြွာပူးကိုယ်ဝန်ကို သဘာဝအတိုင်း ရရှိခဲ့တာဖြစ်ပါတယ်။ ဂင်းနစ်မှတ်တမ်းအဖွဲကြီးကတော့ Ms Gosiame ကို လိုက်ရှာနေကြပါတယ်။ BBC ရဲ့ပြောကြားချက်အရ ၂၀၀၉ ခုနှစ်မှာ အမျိုးသမီးတစ်ယောက်က ကလေး ၈ ယောက်မွေးပြီး ကမ္ဘာ့စံချိန် ချိူးခဲ့တာပါ။ Ms Gosiame ကတော့ သူ့ရဲ့စံချိန်ကို ချိုးပြီး ကလေး ၁၀ ယောက် မွေးဖွားနိုင်ခဲ့ပါပြီ။

Ms Gosiame မှာ အသက် ၆ နှစ်အရွယ် အမြွှာနှစ်ယောက်လည်း ရှိပါသေးတယ်။ ၁၀ မြွှာပူးကိုယ်ဝန်ကို ၂၉ ပတ်မှာ မွေးဖွားခဲ့တာပါ။ Ms Gosiame က ကိုယ်ဝန်ဆောင်ခါစမှာ ခက်ခဲပင်ပန်းခဲ့ပါတယ်။ ကလေးတွေ ကျန်းကျန်းမာမာ မမွေးလာမှာကို စိုးရိမ်ပြီး အိပ်မရတဲ့ညပေါင်းတွေလည်း မနည်းခဲ့ပါဘူး။

ကလေးတွေ ဗိုက်ထဲမှာ အဆင်ပြေပါ့မလား၊ အသက်ရှင်ပါ့မလား၊ တစ်ပေါင်းတစ်စည်းတည်း ထွက်လာပါ့မလားဆိုတဲ့ အတွေးတွေကို ထပ်ခါထပ်ခါ တွေးနေမိတယ်လို့ Ms Gosiame က ပြောပါတယ်။ နောက်ဆုံးတော့ ကလေးတွေက ကျန်းကျန်းမာမာနဲ့ မွေးဖွားလာလို့ ဘုရားသခင်ကို ကျေးဇူးနေပြီး ပျော်ရွှင်နေကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ကေလး ၁၀ ႁမႊာပူးကို ကမာၻ႔စံခ်ိန္ခ်ိဳးၿပီး ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့တဲ့ အမ်ိဳးသမီး

ကမာၻေပၚမွာ ၁၀ ႁမႊာပူးေမြးတဲ့ ျဖစ္ရပ္ဆိုတာ အလြန္ရွားပါးပါတယ္။ ေတာင္အာဖရိကအမ်ိဳးသမီး Gosiame Thamara Sithole ကေတာ့ ကမာၻ႔စံခ်ိန္ကို ခ်ိဳးၿပီး ၁၀ ႁမႊာပူးကို တစ္ႀကိမ္တည္းနဲ႔ ေမြးဖြားလိုက္ပါတယ္။

ဆရာဝန္က သူ႔ကို ၆ ႁမႊာပူးေမြးေလာက္တယ္လို႔ေျပာေတာ့ Gosiame တစ္ေယာက္ အရမ္းကို အံ့ဩသြားခဲ့ပါတယ္။ ေနာက္ပိုင္း အာထရာေစာင္း႐ိုက္ၾကည့္တဲ့အခါ ကေလး ၈ ေယာက္ကို ျမင္ခဲ့ရပါတယ္။ ဒါေပမဲ့ တကယ္တမ္းေတာ့ သူက ၁၀ ႁမႊာပူးကိုယ္ဝန္ကို ေဆာင္ထားတာပါ။

ကေလးေတြ ေမြးလာတဲ့အခါ ေယာက်္ားေလး ၇ ေယာက္၊ မိန္းကေလး ၃ ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕ခင္ပြန္းက စကားေတာင္မေျပာႏိုင္ဘဲ အရမ္းဝမ္းသာေနခဲ့ပါတယ္။ ကေလး ၁၀ ေယာက္လုံးကို ဗိုက္ခြဲေမြးတယ္လို႔ IOL က ထုတ္ျပန္ပါတယ္။ ဒါေပမဲ့ ကေလး ၅ ေယာက္ကို သဘာဝအတိုင္းေမြးၿပီး က်န္ကေလး ၅ ေယာက္ကို ဗိုက္ခြဲေမြးတယ္လို႔ မိသားစုဝင္ တစ္ေယာက္က ေျပာပါတယ္။

Ms Gosiame က ၁၀ ႁမြာပူးကိုယ္ဝန္ကို သဘာဝအတိုင္း ရရွိခဲ့တာျဖစ္ပါတယ္။ ဂင္းနစ္မွတ္တမ္းအဖြဲႀကီးကေတာ့ Ms Gosiame ကို လိုက္ရွာေနၾကပါတယ္။ BBC ရဲ႕ေျပာၾကားခ်က္အရ ၂၀၀၉ ခုႏွစ္မွာ အမ်ိဳးသမီးတစ္ေယာက္က ကေလး ၈ ေယာက္ေမြးၿပီး ကမာၻ႔စံခ်ိန္ ခ်ိဴးခဲ့တာပါ။ Ms Gosiame ကေတာ့ သူ႔ရဲ႕စံခ်ိန္ကို ခ်ိဳးၿပီး ကေလး ၁၀ ေယာက္ေမြးဖြားႏိုင္ခဲ့ပါၿပီ။

Ms Gosiame မွာ အသက္ ၆ ႏွစ္အ႐ြယ္ အႁမႊာႏွစ္ေယာက္လည္း ရွိပါေသးတယ္။ ၁၀ ႁမႊာပူးကိုယ္ဝန္ကို ၂၉ ပတ္မွာ ေမြးဖြားခဲ့တာပါ။ Ms Gosiame က ကိုယ္ဝန္ေဆာင္ခါစမွာ ခက္ခဲပင္ပန္းခဲ့ပါတယ္။ ကေလးေတြ က်န္းက်န္းမာမာ မေမြးလာမွာကို စိုးရိမ္ၿပီး အိပ္မရတဲ့ညေပါင္းေတြလည္း မနည္းခဲ့ပါဘူး။

ကေလးေတြ ဗိုက္ထဲမွာ အဆင္ေျပပါ့မလား၊ အသက္ရွင္ပါ့မလား၊ တစ္ေပါင္းတစ္စည္းတည္း ထြက္လာပါ့မလားဆိုတဲ့ အေတြးေတြကို ထပ္ခါထပ္ခါ ေတြးေနမိတယ္လို႔ Ms Gosiame က ေျပာပါတယ္။ ေနာက္ဆုံးေတာ့ ကေလးေတြက က်န္းက်န္းမာမာနဲ႔ ေမြးဖြားလာလို႔ ဘုရားသခင္ကို ေက်းဇူးေနၿပီး ေပ်ာ္႐ႊင္ေနၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments