ဆရာငြိမ်း၏ 11.3.2021 မှ 17.3.2021 အထိ တစ်ပတ်တာ ၇ ရက်သားသမီး ဟောစာတမ်း

ဆရာငြိမ်း၏ 11.Mar. 2021 မှ 17.Mar. 2021 အထိ တစ်ပတ်တာ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းမှာတော့ စိတ်တိုလွယ်၊ ပြဿနာဖြစ်လွယ်မယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ဖြစ်နေရတတ် ပါ သည်။ လုပ်သမျှ၊ ပြောသမျှလည်း အဆင်မပြေ ဖြစ်နေရတတ်ပါသည်။ အယူအဆ၊ သဘောထား၊ သဘာဝစရိုက် ကွာခြားသူများနှင့် အလုပ်စီးပွားများ လုပ်ကိုင်ရင်း အဆင်မပြေမှုများ တစ်စစ ကြုံမည်။ စီစဉ်ထားသည်က တစ်မျိုး၊ လက်တွေ့ ဆောင်ရွက်နေရသည်က တစ်မျိုးဖြစ်မည်။ ပစ္စည်းတစ်ခု ဝယ်ဖို့၊ ရောင်းဖို့ကိစ္စများလည်း မတင်မကျကြီး ဖြစ်နေရတတ်ပါသည်။

အောက်လက်ငယ်သားတွေ လည်း မိမိဆီကနေ ထွက်ခွာသွားတတ်ပါသည်။ စကားများ ဖြေရှင်းရတာတွေ၊ မတော်တဆ ထိခိုက်မိတာမျိုးတွေလည်း ကြုံတွေ့နေရတတ်ပါသည်။ ပြည်တွင်း၊ ပြည်ပခရီးကိစ္စ တွေလည်း ထစ်ငေါ့နေရတတ် ပါသည်။ ငွေရေး၊ ကြေးရေး ကြန်ကြာနေတာတွေလည်း အဆင်ပြေသွားရတတ် ပါသည်။

ရပ်တန့်ထားတဲ့ အလုပ်တွေ၊ လုပ်ငန်းဟောင်းတွေလည်း ပြန်လုပ်ရတတ်ပါသည်။ ဆုံးရှုံးပြီလို့ ထင်ထားတဲ့ အရာတွေ လည်း ပြန်ရလာတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာများလည်း ကြုံတွေ့ နေရတတ် ပါသည်။ ပညာကောင်းတွေလည်း ရတတ်ပါသည်။ ကျန်းမာရေးအတွက်တော့ အာရုံကြော၊ လေဖြတ် တာတွေ ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၆၊ ၉၊ ၂

အထူးဟော - စိတ်ကြည်လင် လန်းဆန်းနေမည်။

ယတြာ- ဘုရားကျောင်းကန် သန့်ရှင်းခြင်းဖြင့် ကုသိုလ်ယူပါ။ ကံပိုမြင့် လာပါလိမ့်မည်။

တနင်္လာ

ဒီကာလအတွင်းမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အကြောင်းများ ပေါ်ပေါက်လာတတ်ပါသည်။ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက် ဆိုတဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့ လာရတတ်ပါသည်။ အောင်မြင်မှုတွေလည်း မထင်မှတ်ဘဲရတတ်ပါသည်။ ရည်ရွယ်ထားသမျှလည်း ရဲရဲ ရှေ့တိုး လုပ်ကိုင် ဆောင်ရွက်သင့်ပါသည်။

အဘက်ဘက်ကနေ အခြေအနေကောင်း၊ အခွင့်အလမ်းကောင်း တွေလည်း ကြုံ တွေ့လာရတတ်ပါသည်။ အောက်လက်ငယ်သားတွေရဲ့ အကူအညီကောင်းတွေလည်း ရလာတတ် ပါသည်။ မထင် မှတ်ထားတဲ့ လူကြီးသူမတွေကလဲ ထိရောက်တဲ့ အကူအညီတွေလည်း ပေးလာရတတ်ပါသည်။ လုပ်ငန်းပြောင်းတာ၊ လုပ်ငန်းသစ်များ စတင်တာတွေ၊ နေရာပြောင်းတာတွေလည်း အောင်မြင်နိုင်ပါသည်။ အလုပ်တွေ အောင်မြင်၊ ငွေတွေဝင်ပေမယ့် နာမည်ကြီးထမင်းငတ် ဆိုတာမျိုးတွေ ဖြစ်နေရတတ်ပါသည်။

မိမိပိုင်ပစ္စည်းတို့ကို အခြားသူတစ်ဦး တစ်ယောက်က ငှားရမ်းယူငင်သုံးစွဲ၍ ပျောက်ရှခြင်း၊ ပျက်စီးခြင်းများ ဖြစ်တတ်ပါသဖြင့်အငှားအရမ်းဆင်ခြင်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အတိုက်အခံ ကြီးစွာ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာ တတိယ လူ ပေါ်တတ်သလို အိမ်ထောင်ရေးမှာ နှစ်ဖက် ဆွေမျိုးတွေ သွေးထိုး တတ်ပါတယ်။

အကျိုးပေးဂဏန်း - ၆၊ ၇၊ ၁

အထူးဟော - ကံမပေးသေးတဲ့ ကာလပါပဲ။

ယတြာ - မွေးနံထောင့်မှာ ဖယောင်းတိုင်(၅)တိုင်၊ အမွှေးတိုင် (၅) တိုင် ကပ်လှူ၍ အဓိဌာန် ပုတီးစိပ်ပါ။

အင်္ဂါ

ဒီကာလအတွင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မည်။ ဘာသာရေး လုပ်လေလေ ကံကောင်းလေလေ ဖြစ်မည်။ ထီထိုးချင်ရင်တော့ (၂ အစ၊ ၇ အစ) ရှာပြီးထိုးသင့်ပါသည်။ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက် တာတွေလည်း ကြုံတွေ့နေရတတ်ပါသည်။ မိတ်ဆွေ၊ ဆရာသမား၊ ဘုန်းကြီး စသူတို့က အကူအညီကောင်းတွေ လည်း ပေးလာတတ်ပါသည်။

ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီး အဆင်ပြေသွားမည်။ ပညာရေးနဲ့နွယ်သော အခွင့် အလမ်းကောင်းတွေလည်း ပေါ်ပေါက်လာတတ်ပါသည်။ လက်ရှိအလုပ်ကို တိုးချဲ့ရကာ လုပ်ငန်းသစ် စတင်ရတာ တွေလည်း ကြုံတွေ့ရတတ်ပါသည်။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ငွေတွေလည်း ဝင်လာရတတ်ပါသည်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်ကိန်းများ ရှိနေပါသည်။

ကျန်းမာရေး ညံ့နေသူများလည်း သိသိသာသာ ကောင်း သွားမည်။ အိပ်ရာထဲလဲနေတဲ့ နာတာရှည်ဖြစ်နေသူများ နလန်ပြန်ထပါလိမ့်မယ်။အရပ်ဝေးတစ်နေရာမှ လူမမာ ဧည့်သည်များ ရောက်ရှိလာတတ်ပါသည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် စိတ်သဘောထားများ တင်းတင်းမာမာ ကွဲကွာရတတ်ပါသည်။ ကံကောင်းတာက ချစ်သူ မရှိသေးသူကတော့ ချစ်သူ သစ် ရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၁၊ ၃၊ ဝ

အထူးဟော - ကံအကောင်းအဆိုး မျှနေတာတွေ့ရပါတယ်။

ယတြာ - ကိုယ်ဝန်ဆောင်တစ်ဦးကို ဆေးဝါးလှူဒါန်းပေးပါ။ လိုရာဆန္ဒပြည့်ဝလာပါလိမ့်မည်။

ဗုဒ္ဓဟူး / ရာဟု

ဒီကာလအတွင်းမှာ အပြောမှား၊ အလုပ်မှား၊ ဆုံးဖြတ်မှားတာတွေလည်း ကြုံတွေ့နေရတတ်ပါသည်။ သေချာ စီစဉ်ထားသည့်ကိစ္စများ လွဲချော်သွားတတ်ပါသည်။ နေရေး၊ ထိုင်ရေးကိစ္စ အဆောက်အအုံကိစ္စတွေလည်း မတင် မကျ ဖြစ်နေရတတ်ပါသည်။ သူတစ်ပါးကိစ္စများ ကြားဝင်ဖြေရှင်း ပေးရတတ်ပါသည်။ ကိုယ့်ထက်ငယ်တဲ့ ဆရာသမား များက အကူအညီကောင်းများ ပေးလာတတ်ပါသည်။ တစ်ဇွတ်ထိုးလုပ် မိ၍ အမှားအယွင်းများ ကြုံတွေ့နေ ရတတ်ပါသည်။

အတတ်နိုင်ဆုံး စိတ်ကိုထိန်းပြီး ငြိမ်ငြိမ်ကလေး အနားယူနေထိုင် သင့်သော အချိန်ကာလများ ဖြစ် ပါသည်။ မိတ်ဆွေရင်းတွေ၊ မောင်နှမသားချင်းတွေအတွက်လည်း စိတ်ရှုပ်ရတတ်ပါသည်။ တပည့်၊ လက်အောက် ငယ်သားများအတွက် ဝမ်းသာစရာများ ကြားရမည်။အိမ်မွေး တိရစ္ဆာန်တွေကြောင့်လည်း စိတ်ညစ် ရတတ်ပါတယ်။ မတော်တဆ လျှပ်စစ်နှင့် မီး အန္တရာယ် ဒုက္ခပေးတတ်ပါသည်။ မတော်တဆ ထိမိခိုက်မိတာတွေ ကြုံတွေ့နေရတတ် ပါတယ်။

ဆွေမျိုးသားချင်းများထဲက အလှူပွဲ၊ မင်္ဂလာပွဲများ ပြုလုပ်ဖြစ် လိမ့်မည်။ ငွေတွေ၊ ပစ္စည်းတွေ ပျောက်တာ၊ အထားမှားတာတွေ ကြုံတွေ့နေရတတ်ပါသည်။ အလုပ်တွင် ကောင်းသော အလှည့်ပြောင်းများ ကြုံတွေ့လာရတတ် သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် စိတ်ချမ်းသာစရာများ ကြုံ တွေ့ရမည်။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၇

အထူးဟော - ကံအင်အားနည်းနေမည်။

ယတြာ - ရေသက်စေ့ လှူဒါန်းပြီး လိုရာဆုတောင်းပါ။ ဆန္ဒပြည့်ဝမှု ပိုမိုရရှိပါလိမ့်မည်။

ကြာသပတေး

ဒီကာလအတွင်းမှာ မိသားစုအတွင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ညှိမရ၊ နှိုင်းမရတွေလည်း ဖြစ်နေရ တတ်ပါသည်။ အရပ်တစ်ပါးမှ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေလည်း မိမိကိစ္စကို ဝင်ရှုပ်တတ်ပါသည်။ အဆက် အသွယ်ကောင်း၊ သတင်း ကောင်း၊ လက်ဆောင်ကောင်းတွေလည်း ရရှိတတ်ပါသည်။ ဆရာသမားကဲ့သို့ မိတ်ဆွေ၊ အကြီးအကဲများထံမှ အကူအညီကောင်းများ ရရှိလာတတ်ပါသည်။

ရပ်ဝေးနှင့် ပတ်သက်ပြီး ငွေဝင်တာတွေ၊ ထီပေါက်၊ မဲပေါက်သလို ငွေအစုလိုက်၊ အပြုံလိုက် ဝင်တတ်တာတွေ ကြုံတွေ့နေရ တတ်ပါသည်။ ပြီးမြောက်ပြီဟု သက်မှတ် ထားသော ပြဿနာဟောင်းများကို အသစ်သဖွယ် ဖြေရှင်းဆောင်ရွက်ရလိမ့်မည်။ ခရီးသွားရန် စီစဉ်ထား သူများ ရက်ရွှေ့ဆိုင်းရလိမ့်မည်။ လက်ဝယ်ရှိသော ပစ္စည်းများ တန်ဖိုးလျော့ကျမည်။ ပစ္စည်းလှောင်ခြင်း၊ ဝယ်ယူ မြှုတ်နှံခြင်း စတင်ပြုပါက ဆုံးရှုံးနစ်နာစရာများ ကြုံမည်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာတွေ ကြုံတွေ့ပြီးနောက် အဆင်ပြေ သွားပါ လိမ့် မည်။ ပညာရေးကိစ္စတွေလည်း အဆင်ပြေ အောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး အညံ့များ ကြုံတွေ့နေရ တတ်ပါသဖြင့် အထူးသတိပြုရသင့်သော အချိန်ကာလများ ဖြစ်ပါသည်။

အကျိုးပေးဂဏန်း - ၁၊ ၂၊ ၆

အထူးဟော - ငွေကိုလောင်းကစားအတွက်မသုံးမိပါစေနဲ့။

ယတြာ - ကလေးငယ် (၃) ဦးကို ပဲပေါင်မုန့်ကျွေးပါ။ လာဘ်ရွှင်မှု ကြုံပါလိမ့်မည်။

သောကြာ

ဒီကာလအတွင်းမှာ လူရင်းထဲက အမှုအခင်းများ ကြုံတွေ့ရတတ်ပါသည်။ အထင်လွဲခံရတာတွေ အဆင် ပြေသွား ပါမယ်။ ဆရာသမား ကြီးကဲသူများရဲ့ အကူအညီကောင်းတွေလည်း ပေါ်ပေါက်လာတတ်ပါသည်။ ထူးထူးခြားခြား တိုးတတ်ပြောင်းလဲမှုတွေလည်း ကြုံတွေ့လာရတတ်ပါသည်။ လွဲမှားနေတဲ့ မိမိရဲ့အယူအဆတွေ၊ထင်မြင် ချက်တွေကို အမှန်မြင်အောင် ပြုပြင်ပေးမယ့်သူတွေ ကြုံရတတ်ပါတယ်။

အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ် ပါသည်။ ရပ်ဝေးက ငွေတွေ၊ ပစ္စည်းတွေလည်း ရောက်ရှိလာတတ်ပါသည်။ အနီးကပ်မိတ်ဆွေ၊ မောင်နှမတွေ ကြောင့် စိတ်ညစ်ရတတ်ပါသည်။ စာရွက်စာတမ်း လက်မှတ်ရေးထိုးခြင်းများကို တတ်အားသမျှ သတိနှင့်သာ ဆောင်ရွက်လုပ်ကိုင်ပါ။ ငွေကြေးပေးချေခြင်း၊ လက်ပြောင်း၊ လက်လွှဲ လုပ်ခြင်းများတွင် မျက်မြင်၊ အသိသက်သေ ထား၍ ဆောင်ရွက်လုပ်ကိုင်ပါ။

ပညာရေး ကိစ္စတွေမှာလည်း ထင်ထင်ရှားရှား အောင်မြင်ပါမယ်။ အခွင့်အလမ်းကောင်းတွေလည်း ပေါ်ပေါက်လာပါမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အတော့်ကို သတိထားရမယ့် အချိန်ကာလများပဲ ဖြစ်နေပါတယ်။ မိမိရဲ့ချစ်သူ၊ အိမ်ထောင်ဖက် ကျန်းမာရေး ညံ့နေတာမျိုးတွေလည်း ကြုံတွေ့နေရ တတ်ပါ သည်။

အကျိုးပေးဂဏန်း - ၆၊ ၉၊ ၂

အထူးဟော - အလုပ်စီးပွား တိုးတတ်မည်။

ယတြာ - သီလခံယူလျှက် တရားထိုင်ပါ။

စနေ

ဒီကာလအတွင်း သေချာစီစဉ်ထားတဲ့ ကိစ္စတွေလည်း လွဲသွား၊ ချော်သွားရတတ်ပါသည်။ အလုပ်ကိစ္စတွေမှာ ကြီးကြီးမားမား နစ်နာဆုံးရှုံးရခြင်းတွေလည်း ကြုံတွေ့ရတတ်ပါသည်။ ရည်ရွယ်ထားတာတွေ ပြည့်မြောက်တတ် ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အားရစရာကောင်းပါတယ်။ ကုန်ထားတဲ့ငွေ ရစရာရှိတဲ့ငွေ ပြန်ဝင်လာ တတ်ပါတယ်။ ကားဝယ်ခြင်း၊ ကားရောင်းခြင်း၊ အလဲအထပ်လုပ်ခြင်းတွေ ဒီကာလမှာ ဆောင်ရွက်လို့ ကောင်းပါတယ်။

၂/ ၄ /၈ ဂဏန်းများများပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ မထင်မှတ်ထားတဲ့နေရာကနေ ငွေတွေအများ ကြီး ဝင်လာတတ်ပါတယ်။ စိတ်ညစ်ရတာ ပြဿနာ ဖြစ်နေရတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အချစ်ရေး၊ အိမ် ထောင် ရေး မှာလည်း အလွန်စိတ်ရှုပ်ရတတ်ပါတယ်။ ရောဂါဟောင်း၊ ပြဿနာဟောင်းတွေလည်း ပြန်ပေါ်လာ တတ်ပါတယ်။ ကြီးကဲသူတွေနဲ့လည်း စိတ်သဘောထား ကွဲလွဲရတတ်ပါတယ်။

ပစ္စည်းတစ်ခုကို အကြောင်းပြပြီး စကားများ ဖြေရှင်းရတတ်ပါတယ်။ အရောင်းမှား၊ အဝယ်မှား ဖြစ်တတ်ပါတယ်။ ဆရာသမား၊ မိတ်ဆွေတို့ ဆီက အကူ အညီ ကောင်းတွေ ပေါ်လာမည်။ ကောင်းသော အပြောင်းအလဲတွေ ကြုံတွေ့လာရတတ်ပါတယ်။ အလုပ်နေရာ၊ အိမ် နေရာ ပြင်ဆင်ပြောင်းရွှေ့ ရတတ်ပါတယ်။ ဘာသာရေး၊ ပညာရေးနှင့် ပတ်သက်လို့ အတွေးအခေါ်ထူး၊ ပညာထူးတွေ လည်း ရရှိလာတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၂၊ ၉၊ ၄

အထူးဟော - စီစဉ်ထားတာတွေ လွဲချော်သွားတတ်ပါတယ်။

ယတြာ - မနက်စောစောတွင် ကြာဆံကြော်ကပ်လှူ၍ လိုရဆုတောင်းပါ။ ဆန္ဒပြည့်ဝမှု ပိုမိုရရှိ လာပါလိမ့်မည်။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။ အဓမ္မကို ဓမ္မက အမြန်တွန်းလှန်နိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695

For Zawgyi


တနင်္ဂနွေ




အကျိုးပေးဂဏန်း - ၆၊ ၉၊ ၂



တနင်္လာ




အကျိုးပေးဂဏန်း - ၆၊ ၇၊ ၁



အင်္ဂါ




အကျိုးပေးဂဏန်း - ၁၊ ၃၊ ဝ



ဗုဒ္ဓဟူး / ရာဟု




အကျိုးပေးဂဏန်း - ၂၊ ၅၊ ၇



ကြာသပတေး




အကျိုးပေးဂဏန်း - ၁၊ ၂၊ ၆



သောကြာ




အကျိုးပေးဂဏန်း - ၆၊ ၉၊ ၂



စနေ




အကျိုးပေးဂဏန်း - ၂၊ ၉၊ ၎





0977 5555 695

09 44 5555 695

Post a Comment

0 Comments