ခြင်တွေဆိုတာဟာ အကောင်သေးပေမယ့် လူတွေကို ဆိုးကျိုးအလွန်ပေးပါတယ်။ ခြင်တွေဝဲနေပြီဆိုရင် ညအခါမှာလည်း ကောင်းကောင်းမအိပ်နိုင်တော့ပါဘူး။ ခြင်ကြောင့် ဖြစ်ရတဲ့ရောဂါတွေဟာ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ပါတယ်။ ခြင်မကိုက်အောင် ခြင်ဆေးခွေထွန်းတဲ့အခါမှာလည်း လူတွေရဲ့ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ အဲဒါကြောင့် ခြင်မကိုက်အောင် သဘာဝအတိုင်း ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။
၁။ ချွေးထွက်လွန်အောင် မနေခြင်း
လူတွေရဲ့ချွေးနံ့ကို ခြင်တွေက နှစ်သက်ပါတယ်။ ခြင်တွေ ထွက်လာတတ်တဲ့ ညနေစောင်းလို အချိန်မျိုးမှာဆိုရင် ချွေးထွက်မလွန်အောင် နေသင့်ပါတယ်။
၂။ အဝတ်အစား
ခြင်ကိုက်ခံရတဲ့ဘေးကနေ ဝေးဖို့အတွက် အဝတ်အစားကလည်း အရေးပါပါတယ်။
- အနက်ရောင် အဝတ်အစားတွေက အပူကိုစုပ်ယူနိုင်တာကြောင့် ခြင်ပိုကိုက်ခံ ရနိုင်ပါတယ်။ အဲဒါကြောင့် အရောင်ဖျော့တဲ့အဝတ်အစားတွေကိုသာ ရွေးချယ်သင့်ပါတယ်။
- ပွပွချောင်ချောင်အဝတ်အစားတွေဝတ်ထားတဲ့အခါ ခြင်က အရေပြားထိ မကိုက်နိုင်တော့ပါဘူး။
- ခြင်တွေက ချည်ထည်တွေကို ထိုးဖောက်ဝင်ရောက်ကိုက်ဖို့ ခက်ခဲပါတယ်။
၃။ ပူပူစပ်စပ် အစားအစာများကို ရှောင်ခြင်း
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ဟာ ခြင်တွေ ရှာဖွေတတ်တဲ့ ဓါတ်ငွေ့တွေထဲက တစ်ခုပါပဲ။ ပူပူစပ်စပ် အစားအစာတွေကို စားတဲ့အခါ ခန္ဓါကိုယ်က ဇီဝတွင်းဖြစ်ပျက်မှုတွေ မြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပိုထွက်လာပါတယ်။ အဲဒါကြောင့် ခြင်တွေက အစပ်များများစားတဲ့သူနားမှာ ဝိုင်းနေတာပါ။
၄။ အမွှေးရနံ့ပါသော အလှအပပစ္စည်းများကို ရှောင်ခြင်း
ခြင်တွေက ခန္ဓါကိုယ်က ထွက်တဲ့အနံ့တွေကိုသာ သဘောကျတာ မဟုတ်ပါဘူး။ အမွှေးရနံ့တွေကိုလည်း သဘောကျပါသေးတယ်။ ပန်းရနံ့ပါတဲ့ အလှအပ ပစ္စည်းတွေသုံးထားရင် ခြင်တွေက ပိုပြီးရောက်လာတတ်ပါတယ်။
ခြင်တွေ အနားမှာဝဲနေတဲ့အခါ
၁။ ပန်ကာလေနဲ့ မှုတ်ထုတ်ပါ။
ပန်ကာလေနဲ့ဆိုရင် ခြင်တွေ မပျံသန်းနိုင်တော့ပါဘူး။ ဒါ့အပြင် ခြင်တွေကြိုက်တဲ့ အနံ့တွေကိုလည်း မှုတ်ထုတ်ပြီးသား ဖြစ်စေပါတယ်။ ဒီနည်းက တကယ်အလုပ်ဖြစ်ပါတယ်။
၂။ အိမ်ပတ်ဝန်းကျင်က ခြင်အောင်းနိုင်တဲ့ ရေတွေကို သွန်ပါ။
ရေက ဘယ်လောက်ပဲနည်းနေပါစေ၊ ခြင်တွေ ပေါက်ဖွားနိုင်ပါတယ်။ ခြင်ဥတွေပေါက်ဖို့ဆိုရင် အချိန် ၂၄ နာရီကနေ ၇၂ နာရီအထိပဲ ကြာပါတယ်။ ရေဆိုးရေညစ်တွေ မရှိတော့ရင် ခြင်တွေ အလွယ်တကူ မပေါက်ဖွားနိုင်တော့ပါဘူး။
၃။ ခြင်တွေ ထွက်လာတတ်တဲ့အချိန်ကို ရှောင်ပါ။
ခြင်တွေက နေ့အလင်းရောင်ကို ကြောက်ပါတယ်။ နေရောင်ခြည်က ခြင်တွေကို ရေဓါတ်ခန်းခြောက်ပြီး သေစေနိုင်လို့ပါ။ အဲဒါကြောင့် ခြင်တွေထွက်လာတတ်တဲ့ ညနေစောင်းအချိန်ကို ရှောင်သင့်ပါတယ်။
၄။ ခြင်တွေ မကြိုက်တဲ့အပင်တွေကို အိမ်ပတ်ဝန်းကျင်မှာ စိုက်ပါ။
ခြင်တွေမလာဖို့အတွက် စမုန်ဖြူဆီကို အိမ်ပတ်ဝန်းကျင်မှာ ဖြန်းပေးလို့ရပါတယ်။ ဒါမှမဟုတ် ပင်စိမ်းရွက်တွေကို စားပွဲပေါ်တင်ထားပါ။ လာဗင်ဒါရနံ့ ပါဝင်တဲ့ ဖယောင်းတိုင်ကလည်း ခြင်တွေကိုပြေးစေပါတယ်။ တောနှံပင်လေးတွေကိုလည်း စိုက်ထားလို့ရပါတယ်။
Zombie (lovemedia)
For Zawgyi
ျခင္အကိုက္မခံရေစဖို႔ ထိေရာက္တဲ့ သဘာဝနည္းလမ္းမ်ား
ျခင္ေတြဆိုတာဟာ အေကာင္ေသးေပမယ့္ လူေတြကို ဆိုးက်ိဳးအလြန္ေပးပါတယ္။ ျခင္ေတြဝဲေနၿပီဆိုရင္ ညအခါမွာလည္း ေကာင္းေကာင္းမအိပ္ႏိုင္ေတာ့ပါဘူး။ ျခင္ေၾကာင့္ ျဖစ္ရတဲ့ေရာဂါေတြဟာ အသက္အႏၲရာယ္အထိ ဒုကၡေပးႏိုင္ပါတယ္။ ျခင္မကိုက္ေအာင္ ျခင္ေဆးေခြထြန္းတဲ့အခါမွာလည္း လူေတြရဲ႕က်န္းမာေရးကို ထိခိုက္လာေစပါတယ္။ အဲဒါေၾကာင့္ ျခင္မကိုက္ေအာင္ သဘာဝအတိုင္း ကာကြယ္ႏိုင္မယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ ေခြၽးထြက္လြန္ေအာင္ မေနျခင္း
လူေတြရဲ႕ေခြၽးနံ႔ကို ျခင္ေတြက ႏွစ္သက္ပါတယ္။ ျခင္ေတြ ထြက္လာတတ္တဲ့ ညေနေစာင္းလို အခ်ိန္မ်ိဳးမွာဆိုရင္ ေခြၽးထြက္မလြန္ေအာင္ ေနသင့္ပါတယ္။
၂။ အဝတ္အစား
ျခင္ကိုက္ခံရတဲ့ေဘးကေန ေဝးဖို႔အတြက္ အဝတ္အစားကလည္း အေရးပါပါတယ္။
- အနက္ေရာင္ အဝတ္အစားေတြက အပူကိုစုပ္ယူႏိုင္တာေၾကာင့္ ျခင္ပိုကိုက္ခံ ရႏိုင္ပါတယ္။ အဲဒါေၾကာင့္ အေရာင္ေဖ်ာ့တဲ့အဝတ္အစားေတြကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။
- ပြပြေခ်ာင္ေခ်ာင္အဝတ္အစားေတြဝတ္ထားတဲ့အခါ ျခင္က အေရျပားထိ မကိုက္ႏိုင္ေတာ့ပါဘူး။
- ျခင္ေတြက ခ်ည္ထည္ေတြကို ထိုးေဖာက္ဝင္ေရာက္ကိုက္ဖို႔ ခက္ခဲပါတယ္။
၃။ ပူပူစပ္စပ္ အစားအစာမ်ားကို ေရွာင္ျခင္း
ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႕ဟာ ျခင္ေတြ ရွာေဖြတတ္တဲ့ ဓါတ္ေငြ႕ေတြထဲက တစ္ခုပါပဲ။ ပူပူစပ္စပ္ အစားအစာေတြကို စားတဲ့အခါ ခႏၶါကိုယ္က ဇီဝတြင္းျဖစ္ပ်က္မႈေတြ ျမင့္တက္လာၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ ပိုထြက္လာပါတယ္။ အဲဒါေၾကာင့္ ျခင္ေတြက အစပ္မ်ားမ်ားစားတဲ့သူနားမွာ ဝိုင္းေနတာပါ။
၄။ အေမႊးရနံ႔ပါေသာ အလွအပပစၥည္းမ်ားကို ေရွာင္ျခင္း
ျခင္ေတြက ခႏၶါကိုယ္က ထြက္တဲ့အနံ႔ေတြကိုသာ သေဘာက်တာ မဟုတ္ပါဘူး။ အေမႊးရနံ႔ေတြကိုလည္း သေဘာက်ပါေသးတယ္။ ပန္းရနံ႔ပါတဲ့ အလွအပ ပစၥည္းေတြသုံးထားရင္ ျခင္ေတြက ပိုၿပီးေရာက္လာတတ္ပါတယ္။
ျခင္ေတြ အနားမွာဝဲေနတဲ့အခါ
၁။ ပန္ကာေလနဲ႔ မႈတ္ထုတ္ပါ။
ပန္ကာေလနဲ႔ဆိုရင္ ျခင္ေတြ မပ်ံသန္းႏိုင္ေတာ့ပါဘူး။ ဒါ့အျပင္ ျခင္ေတြႀကိဳက္တဲ့ အနံ႔ေတြကိုလည္း မႈတ္ထုတ္ၿပီးသား ျဖစ္ေစပါတယ္။ ဒီနည္းက တကယ္အလုပ္ျဖစ္ပါတယ္။
၂။ အိမ္ပတ္ဝန္းက်င္က ျခင္ေအာင္းႏိုင္တဲ့ ေရေတြကို သြန္ပါ။
ေရက ဘယ္ေလာက္ပဲနည္းေနပါေစ၊ ျခင္ေတြ ေပါက္ဖြားႏိုင္ပါတယ္။ ျခင္ဥေတြေပါက္ဖို႔ဆိုရင္ အခ်ိန္ ၂၄ နာရီကေန ၇၂ နာရီအထိပဲ ၾကာပါတယ္။ ေရဆိုးေရညစ္ေတြ မရွိေတာ့ရင္ ျခင္ေတြ အလြယ္တကူ မေပါက္ဖြားႏိုင္ေတာ့ပါဘူး။
၃။ ျခင္ေတြ ထြက္လာတတ္တဲ့အခ်ိန္ကို ေရွာင္ပါ။
ျခင္ေတြက ေန႔အလင္းေရာင္ကို ေၾကာက္ပါတယ္။ ေနေရာင္ျခည္က ျခင္ေတြကို ေရဓါတ္ခန္းေျခာက္ၿပီး ေသေစႏိုင္လို႔ပါ။ အဲဒါေၾကာင့္ ျခင္ေတြထြက္လာတတ္တဲ့ ညေနေစာင္းအခ်ိန္ကို ေရွာင္သင့္ပါတယ္။
၄။ ျခင္ေတြ မႀကိဳက္တဲ့အပင္ေတြကို အိမ္ပတ္ဝန္းက်င္မွာ စိုက္ပါ။
ျခင္ေတြမလာဖို႔အတြက္ စမုန္ျဖဴဆီကို အိမ္ပတ္ဝန္းက်င္မွာ ျဖန္းေပးလို႔ရပါတယ္။ ဒါမွမဟုတ္ ပင္စိမ္း႐ြက္ေတြကို စားပြဲေပၚတင္ထားပါ။ လာဗင္ဒါရနံ႔ ပါဝင္တဲ့ ဖေယာင္းတိုင္ကလည္း ျခင္ေတြကိုေျပးေစပါတယ္။ ေတာႏွံပင္ေလးေတြကိုလည္း စိုက္ထားလို႔ရပါတယ္။
Zombie (lovemedia)
0 Comments