ဖုန်းသက်တမ်းကို အကြာကြီးခံစေမယ့် နည်းလမ်း (၁၀)ခု

ဖုန်းအသစ်ကို စကိုင်ရတဲ့နေ့ဟာ အပျော်ဆုံးနေ့တွေထဲက တစ်ရက်ပါပဲ။ ဖုန်းအသစ်ဝယ်လိုက်ပြီဆိုရင် တတ်နိုင်သမျှ ကြာကြာကိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ပတ်သက်ပြီး လုပ်မိတတ်တဲ့ အချို့အပြုအမူတွေကြောင့် ဖုန်းက ခဏလေးနဲ့ ပျက်လွယ်သွားပါတယ်။ ဖုန်းကို နှစ်ကြာကြာသုံးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဖုန်းရဲ့အားသွင်းပေါက်ကို သန့်ရှင်းရေးလုပ်ပါ။

© rabbitfoto / Shutterstock, © thrillawaits / Depositphotos

သွားကြားထိုးတံကို အသုံးပြုပြီး ဖုန်းရဲ့အားသွင်းပေါက်ကို သန့်ရှင်းရေးလုပ်လို့ ရပါတယ်။ သန်ွရှင်းရေးလုပ်ပြီးတဲ့အခါ ဖုန်တွေကျလာအောင် ဖုန်းကို ညင်ညင်သာသာလေး ခါလိုက်ပါ။

၂။ ပြုတ်ကျလွယ်တဲ့ နေရာတွေမှာ ဖုန်းကို မထားသင့်ပါဘူး။

© GDmitry / Shutterstock, © oatjo / Depositphotos

ကားထိုင်ခုံပေါ်၊ ချော်ကျနိုင်တဲ့နေရာတွေမှာ ဖုန်းကို ထားမိတဲ့အခါ တိုက်မိပြီး နှမြောနေရမှာပါ။

၃။ ဖုန်းရေစိုတဲ့အခါ ဆန်ပုံးထဲ မထားသင့်ပါဘူး။

© ruhuntn@hotmail.com / Depositphotos

ဖုန်းရေစိုတဲ့အခါ လူအများစုက ဆန်ပုံးထဲမှာ သွားထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက အလုပ်မဖြစ်ပါဘူး။ ဆန်ထဲက အမှုန်တွေကြောင့် ဖုန်းက ပိုတောင်ဆိုးသွားနိုင်ပါတယ်။ ဖုန်းရေဝင်တဲ့အခါ speaker ကနေ ရေထွက်သွားစေမယ့် Application တွေ ရှိပါတယ်။ အဲဒီ Application တွေမှာ အထူးပြုလုပ်ထားတဲ့ အသံတွေ ပါဝင်တာကြောင့် ရေက speaker ကနေ ထွက်သွားတာပါ။

၄။ ဖုန်းကို Warranty services ဆိုင်ဆီ ပုံမှန်သွားပြပါ။

© Milkos / Depositphotos, © AndrewTovstyzhenko / Depositphotos

Warranty သက်တမ်းမကုန်ခင်မှာ Warranty services ဆိုင်တွေကို ရောက်တဲ့အခါ ဖုန်းရဲ့အတွင်းအပြင် ချို့ယွင်းနေတာတွေကို ကျွမ်းကျင်သူတွေက စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီအခါ ဖုန်းရဲ့သက်တမ်းလည်း ပိုရှည်လာနိုင်ပါတယ်။

၅။ ဖုန်းကို ဘောင်းဘီနောက်က အိတ်ကပ်ထဲ မထည့်ပါနဲ့။

© Depositphotos.com, © Jonas Leupe / Unsplash

ဖုန်းကို ဘောင်းဘီနောက်က အိတ်ကပ်ထဲ ထည့်ထားပြီး ထိုင်မိတာ၊ ဖိမိတာ၊ ပြုတ်ကျသွားတာတွေက အဖြစ်အများဆုံးပါ။

၆။ Bluetooth ကို မသုံးတဲ့အခါ ပိတ်ထားပါ။

© prykhodov / Depositphotos, © Blankstock / Depositphotos

Bluetooth က အလွန်အသုံးဝင်တဲ့ tool ပါပဲ။ Bluetooth ကို အမြဲဖွင့်ထားရင် အန္တရာယ်များတဲ့ download တွေက အမြဲဝင်နေမှာပါ။ အဲဒါကြောင့် Bluetooth ကို မသုံးရင် ပိတ်ထားဖို့ ကျွမ်းကျင်သူတွေက အကြံ ပေးပါတယ်။

၇။ ဖုန်းလုံးဝ အားမကုန်ခင်မှာ အားသွင်းပါ။

© georgejmclittle / Depositphotos

ဖုန်းအားကို လုံးဝကုန်ပြီး စက်ပိတ်သွားတဲ့အထိ မသုံးသင့်ပါဘူးနော်။ ဖုန်းကို ၁၀၀% ပြည့်တဲ့အထိ အားသွင်းပြီး စက်ပိတ်သွားတဲ့အထိ သုံးရင် ဓါတ်ခဲရဲ့သက်တမ်းက ကြာကြာမခံတော့ပါဘူး။

၈။ Software တွေကို ပုံမှန် update လုပ်ပါ။

© GaudiLab / Depositphotos, © HannaTolak / Depositphotos

ဖုန်းရဲ့ virus တွေကို ရှင်းလင်းဖို့အတွက် software တွေကို update လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီအခါ ဖုန်းရဲ့လုပ်ဆောင်ချက်တွေကလည်း ပိုမြန်လာပါတယ်။

၉။ ဖုန်းကို ကွန်ပျူတာမှာ အားမသွင်းသင့်ပါဘူး။

© kasto / Depositphotos, © StaceStock / Depositphotos

ဖုန်းကို ကွန်ပျူတာမှာ အားသွင်းတဲ့အခါ ဓါတ်ခဲကို ထိခိုက်စေရုံသာမက ဖုန်းထဲက အချက်အလက်တွေကိုပါ ကူးယူလို့ ရသွားစေပါတယ်။

၁၀။ ဖုန်းကို fitness armband နဲ့ တွဲပြီး မသုံးသင့်ပါဘူး။

© AllaSerebrina / Depositphotos, © Maridav / Depositphotos

ဖုန်းကို fitness armband နဲ့တွဲသုံးတဲ့အခါ ချွေးတွေက ဖုန်းအားသွင်းပေါက်ထဲကို ဝင်သွားနိုင်ပါတယ်။ ချွေးတွေက ဖုန်းရဲ့ hardware တွေကို ထိခိုက်စေပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းသက္တမ္းကို အၾကာႀကီးခံေစမယ့္ နည္းလမ္း (၁၀)ခု

ဖုန္းအသစ္ကို စကိုင္ရတဲ့ေန႔ဟာ အေပ်ာ္ဆုံးေန႔ေတြထဲက တစ္ရက္ပါပဲ။ ဖုန္းအသစ္ဝယ္လိုက္ၿပီဆိုရင္ တတ္ႏိုင္သမွ် ၾကာၾကာကိုင္ခ်င္ၾကပါတယ္။ ဒါေပမယ့္ ဖုန္းနဲ႔ပတ္သက္ၿပီး လုပ္မိတတ္တဲ့ အခ်ိဳ႕အျပဳအမူေတြေၾကာင့္ ဖုန္းက ခဏေလးနဲ႔ ပ်က္လြယ္သြားပါတယ္။ ဖုန္းကို ႏွစ္ၾကာၾကာသုံးႏိုင္မယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဖုန္းရဲ႕အားသြင္းေပါက္ကို သန႔္ရွင္းေရးလုပ္ပါ။

သြားၾကားထိုးတံကို အသုံးျပဳၿပီး ဖုန္းရဲ႕အားသြင္းေပါက္ကို သန႔္ရွင္းေရးလုပ္လို႔ ရပါတယ္။ သႏ္ြရွင္းေရးလုပ္ၿပီးတဲ့အခါ ဖုန္ေတြက်လာေအာင္ ဖုန္းကို ညင္ညင္သာသာေလး ခါလိုက္ပါ။

၂။ ျပဳတ္က်လြယ္တဲ့ ေနရာေတြမွာ ဖုန္းကို မထားသင့္ပါဘူး။

ကားထိုင္ခုံေပၚ၊ ေခ်ာ္က်ႏိုင္တဲ့ေနရာေတြမွာ ဖုန္းကို ထားမိတဲ့အခါ တိုက္မိၿပီး ႏွေျမာေနရမွာပါ။

၃။ ဖုန္းေရစိုတဲ့အခါ ဆန္ပုံးထဲ မထားသင့္ပါဘူး။

ဖုန္းေရစိုတဲ့အခါ လူအမ်ားစုက ဆန္ပုံးထဲမွာ သြားထားတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းက အလုပ္မျဖစ္ပါဘူး။ ဆန္ထဲက အမႈန္ေတြေၾကာင့္ ဖုန္းက ပိုေတာင္ဆိုးသြားႏိုင္ပါတယ္။ ဖုန္းေရဝင္တဲ့အခါ speaker ကေန ေရထြက္သြားေစမယ့္ Application ေတြ ရွိပါတယ္။ အဲဒီ Application ေတြမွာ အထူးျပဳလုပ္ထားတဲ့ အသံေတြ ပါဝင္တာေၾကာင့္ ေရက speaker ကေန ထြက္သြားတာပါ။

၄။ ဖုန္းကို Warranty services ဆိုင္ဆီ ပုံမွန္သြားျပပါ။

Warranty သက္တမ္းမကုန္ခင္မွာ Warranty services ဆိုင္ေတြကို ေရာက္တဲ့အခါ ဖုန္းရဲ႕အတြင္းအျပင္ ခ်ိဳ႕ယြင္းေနတာေတြကို ကြၽမ္းက်င္သူေတြက စစ္ေဆးေပးႏိုင္ပါတယ္။ အဲဒီအခါ ဖုန္းရဲ႕သက္တမ္းလည္း ပိုရွည္လာႏိုင္ပါတယ္။

၅။ ဖုန္းကို ေဘာင္းဘီေနာက္က အိတ္ကပ္ထဲ မထည့္ပါနဲ႔။

ဖုန္းကို ေဘာင္းဘီေနာက္က အိတ္ကပ္ထဲ ထည့္ထားၿပီး ထိုင္မိတာ၊ ဖိမိတာ၊ ျပဳတ္က်သြားတာေတြက အျဖစ္အမ်ားဆုံးပါ။

၆။ Bluetooth ကို မသုံးတဲ့အခါ ပိတ္ထားပါ။

Bluetooth က အလြန္အသုံးဝင္တဲ့ tool ပါပဲ။ Bluetooth ကို အၿမဲဖြင့္ထားရင္ အႏၲရာယ္မ်ားတဲ့ download ေတြက အၿမဲဝင္ေနမွာပါ။ အဲဒါေၾကာင့္ Bluetooth ကို မသုံးရင္ ပိတ္ထားဖို႔ ကြၽမ္းက်င္သူေတြက အႀကံ ေပးပါတယ္။

၇။ ဖုန္းလုံးဝ အားမကုန္ခင္မွာ အားသြင္းပါ။

ဖုန္းအားကို လုံးဝကုန္ၿပီး စက္ပိတ္သြားတဲ့အထိ မသုံးသင့္ပါဘူးေနာ္။ ဖုန္းကို ၁၀၀% ျပည့္တဲ့အထိ အားသြင္းၿပီး စက္ပိတ္သြားတဲ့အထိ သုံးရင္ ဓါတ္ခဲရဲ႕သက္တမ္းက ၾကာၾကာမခံေတာ့ပါဘူး။

၈။ Software ေတြကို ပုံမွန္ update လုပ္ပါ။

ဖုန္းရဲ႕ virus ေတြကို ရွင္းလင္းဖို႔အတြက္ software ေတြကို update လုပ္ေပးဖို႔ လိုအပ္ပါတယ္။ အဲဒီအခါ ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ေတြကလည္း ပိုျမန္လာပါတယ္။

၉။ ဖုန္းကို ကြန္ပ်ဴတာမွာ အားမသြင္းသင့္ပါဘူး။

ဖုန္းကို ကြန္ပ်ဴတာမွာ အားသြင္းတဲ့အခါ ဓါတ္ခဲကို ထိခိုက္ေစ႐ုံသာမက ဖုန္းထဲက အခ်က္အလက္ေတြကိုပါ ကူးယူလို႔ ရသြားေစပါတယ္။

၁၀။ ဖုန္းကို fitness armband နဲ႔ တြဲၿပီး မသုံးသင့္ပါဘူး။

ဖုန္းကို fitness armband နဲ႔တြဲသုံးတဲ့အခါ ေခြၽးေတြက ဖုန္းအားသြင္းေပါက္ထဲကို ဝင္သြားႏိုင္ပါတယ္။ ေခြၽးေတြက ဖုန္းရဲ႕ hardware ေတြကို ထိခိုက္ေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments