မင်္ဂလာပါ

2021 ခုနှစ် (1) လပိုင်းအတွက် တစ်လစာ ဟောစာတမ်း

1.1.2021 မှ 31.1.2021 ထိ မိတ်ဆွေများအားလုံးအတွက်

ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော်..

သင်၏မိတ်ဆွေသူငယ်ချင်း ဖတ်ရှု့နိုင်အောင် Like and Share ပေးကြပါ.

2021 နှစ်သစ်အတွက် မိမိကံကြမ္မာအဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သည်။

ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝပြည့်စုံကြပါစေ.. ကံဇာတာအညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ..

ဗေဒင်နှင့်လက္ခဏာ

ဆရာမင်းသုခ

၇၃လမ်း/၃၄-၃၅လမ်းကြား

ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့

Ph-09440243656

တနင်္ဂနွေသားသမီးများ

1.1.2021 မှ 31.12021 ထိ တစ်လစာဟောစာတမ်း

တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီလအတွင်း သူများကိစ္စကြားဝင် ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက် တတ်ပါတယ်။ လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှ မဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿနာရှင်းရတာက များများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများ ကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေ ကြုံနိုင်တယ်။

လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။အလုပ်မှာ ရန်ပေါ်နိုင်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ဝေးနေပါလိမ့်မယ်။ အရမ်းရင်းနှီးသူတွေနဲ့ ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံးအနေအထားကို ရောက်နေတဲ့ ကာလပါပဲ။ နောက်ဆုံးပြောချင်တာက ဘယ်သူကိုမှ မယုံသင့်ဘူးလို့ ပြောချင်ပါတယ်။

အထူးဟော = ကံညံ့နေသည်။

ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။

တနင်္လာသားသမီးများအတွက်

1.1.2021မှ 31.12021ထိ တစ်လစာဟောစာတမ်း

ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ အရာရာသတိထား ဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာ သွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ရပါလိမ့်မယ်။အထက်လူကြီးက မိမိအပေါ် အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက် အချင်းချင်းစကားအခြေအတင် များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့ အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ် အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့ အချိန်ပါပဲ။

အထူးဟော - ရွေးချယ်ရခက်နေလိမ့်မယ်။

ယတြာ - ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာ ဘုရားကပ်ပါ။

အင်္ဂါသားသမီးများအတွက်

1.1.2021မှ 31.12021ထိ တစ်လစာဟောစာတမ်း

ကံဇာတာ အထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေးဒေါင်ဒေါင်မြည် နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်း တွေ့မည်။ ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ ငွေအရမ်းရွှင်မှာပါ။

ငွေကြေးရင်းနှီးမှု လုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ ကောင်းပါပြီ။ တစ်ခုသတိထားရမှာက လူများများနဲ့ အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင် အပြင်ထွက်ခြင်းကို ဒီကာလအတွင်း လျှော့ပါ။ ပြဿနာက မဖိတ်ခေါ်ဘဲရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ရှယ်ယာအလုပ်တွေခဏဆိုင်းထားပါအုံး။

ချစ်ရသူဆီက အဖြေမတောင်းသင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။ အလုပ်စီးပွားကံကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။

အထူးဟော = ကံအထူးကောင်းသည်။

ယတြာ = ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

1.1.2021 မှ 31.12021ထိ တစ်လစာဟောစာတမ်း

မိသားစုနဲ့အလုပ်ကြား ဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲ စိတ်နှစ်မယ်ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေရမည်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့ အဆုံးသတ် မိမိသာအနိုင်ရမည်။

အလုပ်ပင်ပန်းခြင်း၊ လူမှုရေးကိစ္စတွေကြောင့်ပင်ပန်းတာတွေ စုပြီးဖျားနာတတ်တဲ့အချိန်ပါ။ စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့အကောင်းဆုံး ကာလပါပဲ။ ပညာရေးအခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။ လူငယ်တွေစာထဲ စိတ်မပါဖြစ်တတ်တယ်။

စာကျက်ဖို့ ပျင်းနေလိမ့်မယ်။ လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုး ရှိနေလိမ့်မယ်။အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူက မိမိအပေါ် ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။

အထူးဟော = စီးပွားရေးကောင်းမည်။

ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။

ရာဟုသားသမီးများအတွက်

1.1.2021မှ 31.12021 ထိ တစ်လစာဟောစာတမ်း

စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်းခံရမယ်။ ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။

အထူးဟော = အရာရာလွဲချော်နေမည်

ယတြာ = ခရေပန်း မွေးနေ့၌လှူဒါန်းပါ။

ကြာသပတေးသားသမီးများအတွက်

1.1.2021မှ 31.12021ထိ တစ်လစာဟောစာတမ်း

လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ ကိစ္စများ မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ စက်၊ကားမောင်းနှင်ခြင်း၊စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်းအထူးသတိထားပါ။ မတော်တဆ ထိခိုက်လွယ်တဲ့ ကာလတစ်ခု မို့လိုပါပဲ။

ဘာကိစ္စမဆို အဆုံးသတ်ပြီးဆုံးအောင် မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုးကြုံရမှာပါ။ ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့ပြဿနာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေ ကြုံရပါလိမ့်မယ်။ ပညာရေးက ကြိုးစာအကောင်းဆုံးကာလပါပဲ။

ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။

အထူးဟော = ထိခိုက်လွယ်နေသည်။

ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7) ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း ကပ်ပေးပါ။

သောကြာသားသမီးများအတွက်

1.1.2021 မှ 31.12021ထိ တစ်လစာဟောစာတမ်း

အဘက်ဘက်က ဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကို ရောက်မည်။ လုပ်ငန်းစီးပွား အထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း ၊နေရာကောင်းရခြင်းတွေ ရှိလာပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊ နှုတ်၏ဆောင်မခြင်းဖြင့် ထိုသူတွေအဆင်ပြေ ချောမွေ့မဲ့ကာလပါပဲ။ မိမိသြဇာညောင်းမဲ့ အချိန်ပါ။ ကောင်းသောခရီး ဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲ သွားရပါလိမ့်မယ်။

အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ (ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများ အသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ ဖြားယောင်းသွေးဆောင်ခြင်း ခံရပါလိမ့်မည်။

ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေတိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။

အထူးဟော = ပြောသမျှဖြစ်မည်။

ယတြာ = မွေးနေ့တွင် သစ်သီး (၇) မျိုးဘုရားလှူပါ။

စနေသားသမီးများအတွက်

1.1.2021မှ 31.12021ထိ တစ်လစာဟောစာတမ်း

အကောင်းအဆိုးမျှနေချိန်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကံညံလားဆိုတော့ မညံ့ဘူး။ ကောင်းနေလားဆိုတော့လဲ ထင်သလောက် မကောင်းပါဘူး။

အိမ်ထောင်ဘက်ရဲ့ အိမ်ထောင်ရေးရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့် မိမိဗျာများရတတ်တယ်။ အလုပ်စီးပွားက အတိုက်အခိုက်လေးတွေရှိပေမဲ့ တိုးတတ်မဲ့သဘော ရှိတယ်။ အဆိုးဆုံးက သူများအကြံပေးလို့ ဘာတစ်ခုမှ မလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။ မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကို ပုံဖော်သင့်တဲ့အချိန်ပါ။ ငွေကြေးကံ အတော်အသင့်ကောင်းနေသလို လာဘ်လဲရွှင်မဲ့ အချိန်ပါ ။ မူလလမ်းကြောင်းကနေ သွေဖယ်ပြီးမသွားသ၍ ဒီအပတ်ဟာ ဇာတာရှင်အတွက် ကံမညံ့ပါဘူးဗျ။ အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေမှာပါ။

ပညာရေးကံကတော့ အကောင်းအဆိုး မျှနေပါတယ်။

အထူးဟော = ဖြေးဖြေးမှန်မှန်သာ ဆောင်ရွက်ပါ။

ယတြာ = ပန်းအနီရောင် (10) ပွင့်၊ ဖယောင်းတိုင် (10) တိုင် အမွှေးတိုင် (10) တိုင် မွေးနေ့နံနက်ဘုရားလှူ ပါ။

ဆရာမင်းသုခ

For Zawgyi

ဆရာမင္းသုခ၏ 2021 ခုႏွစ္ (1) လပိုင္းအတြက္ တစ္လစာေဟာစာတမ္း

မဂၤလာပါ

2021 ခုႏွစ္ (1) လပိုင္းအတြက္ တစ္လစာေဟာစာတမ္း

1.1.2021 မွ 31.1.2021 ထိ မိတ္ေဆြမ်ားအားလုံးအတြက္

ေဟာစတမ္းအျပင္ ယၾတာေလးေတြပါလို႔ သိမ္းထားဖို႔မေမ့နဲ႔ေနာ္..

သင္၏မိတ္ေဆြသူငယ္ခ်င္း ဖတ္ရႈ႕ႏိုင္ေအာင္ Like and Share ေပးၾကပါ.

2021 ႏွစ္သစ္အတြက္ မိမိကံၾကမၼာအဆိုးအေကာင္းကို ဆရာမင္းသုခထံ ဖုန္းျဖင့္ တိုက္႐ိုက္ဆက္သြယ္ေမးျမန္းႏိုင္သည္။

ခုႏွစ္ရက္သားသမီးမ်ား အားလုံး စိတ္ခ်မ္းသာကိုယ္က်န္းမာၿပီး လိုအင္ဆႏၵ တစ္လုံးတစ္ဝျပည့္စုံၾကပါေစ.. ကံဇာတာအညံ့မ်ားလည္း ပေျပာက္ၿပီး ကံပြင့္ စန္းပြင့္ ေမတၱာေရး အခ်စ္ေရးမ်ား အဆင္ေျပၾကပါေစ..

ေဗဒင္ႏွင့္လကၡဏာ

ဆရာမင္းသုခ

၇၃လမ္း/၃၄-၃၅လမ္းၾကား

ခ်မ္းေအးသာစံၿမိဳ႕နယ္ မႏၲေလးၿမိဳ႕

Ph-09440243656

တနဂၤေႏြသားသမီးမ်ား

1.1.2021 မွ 31.12021 ထိ တစ္လစာေဟာစာတမ္း

တနဂၤေႏြသားသမီးေတြအေနနဲ႔ ဒီလအတြင္း သူမ်ားကိစၥၾကားဝင္ ကူညီျခင္း၊အာမခံျခင္း ေတြေၾကာင့္အထူးဒုကၡေရာက္ တတ္ပါတယ္။ လင္မယားၾကား မိတ္ေဆြေတြၾကား ဘယ္သူ႔ၾကားမွ မဝင္မိပါေစနဲ႔။ ဘယ္စီးပြားေရးနယ္ပယ္မွာျဖစ္ျဖစ္ အခုကာလမွာ ရတာကနည္းနည္း ၊ျပႆနာရွင္းရတာက မ်ားမ်ားျဖစ္ေနလိမ့္မယ္။ ေ႐ႊေငြလက္ဝတ္ရတနာမ်ား က်ေပ်ာက္ျခင္း သူခိုးခိုခံရျခင္းေတြ ႀကဳံႏိုင္တယ္။

လူငယ္ေတြအေနနဲ႔ စီးပြားတြက္ တြက္ေနတဲ့ခ်စ္သူေၾကာင့္စိတ္ညစ္ရမယ္။ ခ်စ္သူကိုအခ်ိန္ေပးဖို႔ထက္ ေငြေနာက္ပဲလိုက္ေနပါလိမ့္မယ္။အလုပ္မွာ ရန္ေပၚႏိုင္တဲ့ကာလပါ။ အလုပ္ရွာေနသူမ်ား အလုပ္ရဖို႔ေဝးေနပါလိမ့္မယ္။ အရမ္းရင္းႏွီးသူေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ က်န္းမာေရး သိပ္မညံ့ေပမဲ့ ပညာေရးကံၾကမၼာကေတာ့ အညံ့ဆုံးအေနအထားကို ေရာက္ေနတဲ့ ကာလပါပဲ။ ေနာက္ဆုံးေျပာခ်င္တာက ဘယ္သူကိုမွ မယုံသင့္ဘူးလို႔ ေျပာခ်င္ပါတယ္။

အထူးေဟာ = ကံညံ့ေနသည္။

ယၾတာ = သေဘၤာသီးေဖ်ာ္ရည္တစ္ခြက္ ေမြးေန႔နံနက္မွာ ဘုရားကပ္လႉလိုက္ပါ။

တနလၤာသားသမီးမ်ားအတြက္

1.1.2021မွ 31.12021ထိ တစ္လစာေဟာစာတမ္း

ဆုံးျဖတ္ရ ခက္ေနလိမ့္မယ္။ အရာရာသတိထား ေဆာင္႐ြက္ပါ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ကိစၥမ်ား မိမိဆုံးျဖတ္ခ်က္တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။ မသြားခ်င္တဲ့ေနရာ သြားရျခင္း၊ နယ္ေျပာင္းခံရျခင္းေတြ ႀကဳံေတြ႕ရပါလိမ့္မယ္။အထက္လူႀကီးက မိမိအေပၚ အျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။ စိတ္အရမ္းညစ္ရတတ္တယ္။ အိမ္ေထာင္ဘက္ အခ်င္းခ်င္းစကားအေျခအတင္ မ်ားရတတ္တယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြရဲ႕ ကူညီမႈအမ်ားႀကီးရမဲ့ အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္ အားနည္းေနပါတယ္။ ေနပူနည္းနည္းမိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳးႀကဳံတာနဲ႔ ဖ်ားနာတတ္ပါတယ္။ စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔ အေၾကာင္းဖန္လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့ အခ်ိန္ပါပဲ။

အထူးေဟာ - ေ႐ြးခ်ယ္ရခက္ေနလိမ့္မယ္။

ယၾတာ - ႀကံရည္တစ္ခြက္ ေမြးေန႔ညေနခင္းမွာ ဘုရားကပ္ပါ။

အဂၤါသားသမီးမ်ားအတြက္

1.1.2021မွ 31.12021ထိ တစ္လစာေဟာစာတမ္း

ကံဇာတာ အထူးျမင့္မားေနခ်ိန္ပါပဲ။ က်န္းမာေရးေဒါင္ေဒါင္ျမည္ ေနပါလိမ့္မယ္။ ေနမေကာင္းျဖစ္ေနသူမ်ားဒီကာလတြင္ ေဆးတိုးသြားတတ္ပါတယ္။နာတာရွည္ေရာဂါသည္မ်ား ဆရာေကာင္းသမားေကာင္း ေတြ႕မည္။ ေငြေၾကးအဘက္ဘက္က ဝင္လာမဲ့အခ်ိန္ပါပဲ။ ေငြအရမ္း႐ႊင္မွာပါ။

ေငြေၾကးရင္းႏွီးမႈ လုပ္ငန္းေတြ စတင္ျပဳလုပ္ဖို႔ ေကာင္းပါၿပီ။ တစ္ခုသတိထားရမွာက လူမ်ားမ်ားနဲ႔ အုပ္စုဖြဲ႕သြားလာျခင္း ညဥ့္နက္သန္းေခါင္ အျပင္ထြက္ျခင္းကို ဒီကာလအတြင္း ေလွ်ာ့ပါ။ ျပႆနာက မဖိတ္ေခၚဘဲေရာက္လာတတ္လို႔ပါ။ အစုစပ္အလုပ္၊ရွယ္ယာအလုပ္ေတြခဏဆိုင္းထားပါအုံး။

ခ်စ္ရသူဆီက အေျဖမေတာင္းသင့္ေသးသလို စိတ္ေကာက္ေနတဲ့ခ်စ္သူကိုလဲ မေခ်ာ့ပါနဲ႔အုံး။ အလုပ္စီးပြားကံကေတာ့ အထူးေျပာစရာမလိုေအာင္ ေကာင္းေနပါတယ္။ ပညာေရးကံ ေကာင္းေနခ်ိန္ပါပဲ။

အထူးေဟာ = ကံအထူးေကာင္းသည္။

ယၾတာ = ရဟန္းသံဃာေတြကို ေဆးလႉဒါန္းပါ။

ဗုဒၶဟူးသားသမီးမ်ားအတြက္

1.1.2021 မွ 31.12021ထိ တစ္လစာေဟာစာတမ္း

မိသားစုနဲ႔အလုပ္ၾကား ဗ်ာမ်ားရမည္ ။ အလုပ္အဆင္ေျပေနလို႔ အလုပ္ထဲ စိတ္ႏွစ္မယ္ႀကံၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ေနရမည္။ လုပ္ငန္းတူအခ်င္းခ်င္း အားၿပိဳင္မႈ တိုက္ခိုက္မႈေတြ ရွိေပမဲ့ အဆုံးသတ္ မိမိသာအႏိုင္ရမည္။

အလုပ္ပင္ပန္းျခင္း၊ လူမႈေရးကိစၥေတြေၾကာင့္ပင္ပန္းတာေတြ စုၿပီးဖ်ားနာတတ္တဲ့အခ်ိန္ပါ။ စီးပြားေရးခ်ဲ႕ထြင္ဖို႔ စပ္တူလုပ္ငန္းစတင္ဖို႔အေကာင္းဆုံး ကာလပါပဲ။ ပညာေရးအခန္းက႑ကေတာ့ အားနည္းေနပါတယ္။ လူငယ္ေတြစာထဲ စိတ္မပါျဖစ္တတ္တယ္။

စာက်က္ဖို႔ ပ်င္းေနလိမ့္မယ္။ လခစားဝန္ထမ္းမ်ား ေနရာေကာင္းရျခင္း ၊ရာထူးတိုးျခင္းမ်ိဳး ရွိေနလိမ့္မယ္။အခ်စ္ေရးကံကေတာ့ မေကာင္းႏိုင္ေသးပါဘူး။ ခ်စ္သူက မိမိအေပၚ ယုံၾကည္မႈကင္းမဲ့လာတတ္ပါတယ္။

အထူးေဟာ = စီးပြားေရးေကာင္းမည္။

ယၾတာ = ဘုရားစိန္ဖူးေတာ္ပုံအား ဓမၼဒါနလက္ေဆာင္ေပး ျဖန႔္ေဝပါ။

ရာဟုသားသမီးမ်ားအတြက္

1.1.2021မွ 31.12021 ထိ တစ္လစာေဟာစာတမ္း

စိတ္ေလေနတတ္တယ္။ ဆုံးျဖတ္ရခက္တာမ်ိဳး ႀကဳံရလိမ့္မယ္။ မိဘေတြအတြက္ ပူပန္စိတ္ညစ္ ရတတ္တယ္။ လုပ္ငန္းစီးပြားဆုတ္ယုတ္တတ္တယ္။ အလုပ္ဒဏ္ပိေနတတ္တယ္။ လူမ်ိဳးျခား၊ ဘာသာျခား ေတြရဲ႕ ကူညီမစျခင္းခံရမယ္။ ခရီးကိစၥ၊ ႏိုင္ငံရပ္ျခားနဲ႔ ဆက္သြယ္လုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးနည္းခ်ိန္ပါပဲ။ က်န္းမာေရးအထူးေကာင္းခ်ိန္ပါပဲ။အခ်စ္ရးကိစၥ ၊ စုတ္ကိစၥေတြ ရႈပ္ေထြးမႈေတြျဖစ္ႏိုင္ပါတယ္။ ပညာေရးကဏၭ၊ သင္ၾကားေရးကဏၭကေတာ့ အထူး ေကာင္းမြန္ေနပါတယ္။ ပုံမွန္အတိုင္းသာ လုပ္ေဆာင္သင့္တဲ့ အခ်ိန္ပါ။ ေရွ႕တိုးေဆာင္႐ြက္စရာ ကိစၥမ်ား တစ္ခုခုလုပ္တာနဲ႔ ပ်က္ဖို႔မ်ားပါတယ္။

အထူးေဟာ = အရာရာလြဲေခ်ာ္ေနမည္

ယၾတာ = ခေရပန္း ေမြးေန႔၌လႉဒါန္းပါ။

ၾကာသပေတးသားသမီးမ်ားအတြက္

1.1.2021မွ 31.12021ထိ တစ္လစာေဟာစာတမ္း

လူလိမ္ခံရလိမ့္မယ္။ အရမ္းရင္းႏွီးတဲ့သူေတြရဲ႕သစၥာေဖာက္ျခင္းခံရမည္။ ေအာက္လက္ငယ္သားေတြကို အရမ္းအေရးႀကီးတဲ့ ကိစၥမ်ား မ်က္ႏွာလႊဲမခိုင္းသင့္ပါ။ လူယုံဒုကၡေပးမဲ့အခ်ိန္ပါပဲ။ စက္၊ကားေမာင္းႏွင္ျခင္း၊စက္ပစၥည္းကိုင္တြယ္အသုံးျပဳျခင္းအထူးသတိထားပါ။ မေတာ္တဆ ထိခိုက္လြယ္တဲ့ ကာလတစ္ခု မို႔လိုပါပဲ။

ဘာကိစၥမဆို အဆုံးသတ္ၿပီးဆုံးေအာင္ မလုပ္ႏိုင္ျခင္း၊ စထားၿပီး တစ္ဝက္တပ်က္ျဖစ္ရျခင္းမ်ိဳးႀကဳံရမွာပါ။ ဒါေၾကာင့္ အိမ္ျပင္အိမ္ေဆာက္ျခင္း၊လုပ္ငန္းသစ္စတင္ျခင္းမ်ိဳး လုံးဝမလုပ္ပါနဲ႔။ အခ်စ္ေရးကံ အထူးညံ့ေနခ်ိန္ပါ။ ခ်စ္သူနဲ႔မ်က္ႏွာခ်င္းဆိုင္တာနဲ႔ျပႆနာတတ္ျခင္း၊ စကားအေျခအတင္ေျပာရျခင္းေတြ ႀကဳံရပါလိမ့္မယ္။ ပညာေရးက ႀကိဳးစာအေကာင္းဆုံးကာလပါပဲ။

က်န္းမာေရးေကာင္းေနေပမဲ့ ထိမိ ခိုက္မိ ျဖစ္တာမ်ိဳးရွိႏိုင္တယ္။

အထူးေဟာ = ထိခိုက္လြယ္ေနသည္။

ယၾတာ = မိမိ၏ ေမြးေန႔အပတ္တိုင္း (7) ပတ္တိတိ သက္သတ္လြတ္ စားေပးပါ။ ဘုရားမွာ ေ႐ႊဆိုင္း ကပ္ေပးပါ။

ေသာၾကာသားသမီးမ်ားအတြက္

1.1.2021 မွ 31.12021ထိ တစ္လစာေဟာစာတမ္း

အဘက္ဘက္က ေဖးမကူညီမႈေတြေၾကာင့္ လိုခ်င္ေသာပန္းတိုင္ကို ေရာက္မည္။ လုပ္ငန္းစီးပြား အထူးတိုးတတ္မည္။ ဝန္ထမ္းဆို ေနရာေပးခံရျခင္း ၊ေနရာေကာင္းရျခင္းေတြ ရွိလာပါလိမ့္မယ္။ ဒီကာလမွာပဲ အျခားသူမ်ားအား အႀကံေပးျခင္း၊ ႏႈတ္၏ေဆာင္မျခင္းျဖင့္ ထိုသူေတြအဆင္ေျပ ေခ်ာေမြ႕မဲ့ကာလပါပဲ။ မိမိၾသဇာေညာင္းမဲ့ အခ်ိန္ပါ။ ေကာင္းေသာခရီး ဘာသာေရးနဲ႔သက္ဆိုင္ေသာခရီးေတြလဲ သြားရပါလိမ့္မယ္။

အိမ္ေထာင္သည္ဆို တစိမ္း မိန္းကေလးေတြ (ေယာက်ာ္းေလးေတြ) နဲ႔ ေဝးေဝးေနပါ။ စြပ္စြဲျခင္းခံရမည္။ ငယ္႐ြယ္သူမ်ား အသက္ႀကီး၊ မလြတ္လပ္သူေတြရဲ႕ ျဖားေယာင္းေသြးေဆာင္ျခင္း ခံရပါလိမ့္မည္။

ေငြေၾကးလာဘ္လာဘေတြလဲ ဝင္လာပါလိမ့္မယ္။ မိမိဆိုင္ ေဖာက္သည္အသစ္ေတြတိုးလာပါလိမ့္မယ္။ က်န္းမာေရး ပညာေရး အေကာင္းဆုံးကာလပါပဲ။

အထူးေဟာ = ေျပာသမွ်ျဖစ္မည္။

ယၾတာ = ေမြးေန႔တြင္ သစ္သီး (၇) မ်ိဳးဘုရားလႉပါ။

စေနသားသမီးမ်ားအတြက္

1.1.2021မွ 31.12021ထိ တစ္လစာေဟာစာတမ္း

အေကာင္းအဆိုးမွ်ေနခ်ိန္လို႔ပဲ ေျပာရမလား မသိေတာ့ပါဘူး။ ကံညံလားဆိုေတာ့ မညံ့ဘူး။ ေကာင္းေနလားဆိုေတာ့လဲ ထင္သေလာက္ မေကာင္းပါဘူး။

အိမ္ေထာင္ဘက္ရဲ႕ အိမ္ေထာင္ေရးရႈပ္ေထြးမႈေလးေတြ စန္းပြင့္ေနမႈေတြေၾကာင့္ မိမိဗ်ာမ်ားရတတ္တယ္။ အလုပ္စီးပြားက အတိုက္အခိုက္ေလးေတြရွိေပမဲ့ တိုးတတ္မဲ့သေဘာ ရွိတယ္။ အဆိုးဆုံးက သူမ်ားအႀကံေပးလို႔ ဘာတစ္ခုမွ မလုပ္မိေစနဲ႔။ ဒုကၡေတြ႕လိမ့္မယ္။ မိမိဆုံးျဖတ္ခ်က္ ၊မိမိစိတ္ကူးနဲ႔သာ အနာဂတ္ကို ပုံေဖာ္သင့္တဲ့အခ်ိန္ပါ။ ေငြေၾကးကံ အေတာ္အသင့္ေကာင္းေနသလို လာဘ္လဲ႐ႊင္မဲ့ အခ်ိန္ပါ ။ မူလလမ္းေၾကာင္းကေန ေသြဖယ္ၿပီးမသြားသ၍ ဒီအပတ္ဟာ ဇာတာရွင္အတြက္ ကံမညံ့ပါဘူးဗ်။ အခ်စ္ေရးကေတာ့ စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ေနမွာပါ။

ပညာေရးကံကေတာ့ အေကာင္းအဆိုး မွ်ေနပါတယ္။

အထူးေဟာ = ေျဖးေျဖးမွန္မွန္သာ ေဆာင္႐ြက္ပါ။

ယၾတာ = ပန္းအနီေရာင္ (10) ပြင့္၊ ဖေယာင္းတိုင္ (10) တိုင္ အေမႊးတိုင္ (10) တိုင္ ေမြးေန႔နံနက္ဘုရားလႉ ပါ။

ဆရာမင္းသုခ