ကျောက်ကပ်က ခန္ဓါကိုယ်မှာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ ဆီးတွေကို စွန့်ထုတ်ပေးတာ၊ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတာ၊ အဆိပ်တွေကို စစ်ထုတ်ပေးတာ စတာတွေက ကျောက်ကပ်ရဲ့လုပ်ငန်းတွေပါပဲ။ အဲဒါကြောင့် ကျောက်ကပ်ကို ကျန်းမာအောင် အမြဲပြုမူနေထိုင်သင့်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း အချို့အစားအစာတွေကို အလွန်အကျွံ စားတဲ့အခါ ကျောက်ကပ်နဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။

၁။ ထောပတ်သီး

© silverstylus / pixabay

ထောပတ်သီးက အာဟာရနဲ့ပြည့်စုံတဲ့ အစားအစာဆိုပြီး နာမည်ကြီးပါတယ်။ ထောပတ်သီးကို အလွန်အကျွံစားတဲ့အခါ ကျောက်ကပ်အတွက် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် သင့်မှာကျောက်ကပ်ရောဂါအခံ ရှိတယ်ဆိုရင် ထောပတ်သီးကို အများကြီး မစားသင့်ပါဘူး။ ထောပတ်သီးမှာ ပိုတက်ဆီယမ်ပါဝင်မှုနှုန်းက မြင့်ပါတယ်။ လူ့ခန္ဓါကိုယ်က သတ္ထုဓါတ်တွေကို လိုအပ်တယ် ဆိုပေမယ့် သွေးထဲမှာ ပိုတက်ဆီယမ်များနေပြီဆိုရင် ကြွက်တက်တာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာပါတယ်။

၂။ အသား

© ReinhardThrainer / pixabay

အသားတွေမှာပါဝင်တဲ့ ပရိုတိန်းဓါတ်က ဇီဝကမ္မဖြစ်စဉ်တွေအတွက် အလွန်ခက်ခဲစေပါတယ်။ အသားက ယူရစ်အက်စစ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ယူရစ်အက်စစ်က ကျောက်ကပ်မှာ ကျောက်တည်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ကျောက်ကပ်ကျန်းမာရေးအတွက် အသီးအရွက်နဲ့ အစေ့အဆံကရတဲ့ ပရိုတိန်းဓါတ်ကိုသာ စားပေးသင့်ပါတယ်။

၃။ ဆား

© Hans Benn / Pixabay

ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် တစ်နေ့ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း (၂၃၀၀မီလီဂရမ်) လောက်သာ စားဖို့လိုပါတယ်။ ဆားကို အလွန်အမင်း စားမယ်ဆိုရင် ကျောက်ကပ်က ပိုပြီး အလုပ်လုပ်ရပါတယ်။ စည်သွပ်အစားအစာတွေ၊ အေးခဲအစားအစာတွေ၊ အသင့်စားအစားအစာတွေမှာ ဆားပါဝင်မှုနှုန်း များပါတယ်။

၄။ ငှက်ပျောသီး

© pxhere.com

ငှက်ပျောသီးမှာလည်း ပိုတက်ဆီယမ်အများကြီး ပါဝင်နေပါတယ်။ ကျောက်ကပ်ရဲ့အလုပ်တွေ ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင်တော့ ငှက်ပျောသီးက အန္တရာယ်ရှိပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်ဆီယမ်က ပျမ်းမျှအားဖြင့် ၁၅၀ ဂရမ် ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်က တစ်နေ့ကို ပိုတက်ဆီယမ် ၃၅၀၀ ဂရမ်ကနေ ၄၇၀၀ ဂရမ်အတွင်းသာ စားသုံးသင့်တာပါ။ သင့်မှာ ကျောက်ကပ်ရောဂါအခံ ရှိတယ်ဆိုရင်တော့ ငှက်ပျောသီးကို လျှော့စားသင့်ပါတယ်။

၅။ နို့ထွက်ပစ္စည်းများ

© pxhere.com

နို့ထွက်ပစ္စည်းတွေမှာ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ ပါဝင်ပေမယ့် အလွန်အကျူးတော့ မစားသုံးသင့်ပါဘူး။ နို့ထွက်ပစ္စည်းတွေမှာ ဖော့စဖော့ရပ်တွေ ခပ်များများပါတာကြောင့် ကျောက်ကပ်အပေါ် ဖိအားတွေ သက်ရောက်စေပါတယ်။

၆။ ပေါင်မုန့်ကြမ်း

© pxhere.com

ပေါင်မုန့်က နေ့စဉ်အစားအစာတွေထဲမှာ အမြဲပါဝင်ပါတယ်။ သူ့မှာလည်း ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ်တွေ များများပါတာကြောင့် အများကြီးတော့ မစားသင့်ပါဘူး။ ပေါင်မုန့်ကြမ်းတစ်ချပ်မှာ ပိုတက်ဆီယမ် ၈၁ မီလီဂရမ်နဲ့ ဖော့စဖောရပ် ၅၇ မီလီဂရမ် ပါဝင်ပါတယ်။

၇။ လိမ္မော်သီး၊ လိမ္မော်ဖျော်ရည်

© pxhere.com, © shutterstock.com, © shutterstock.com, © depositphotos.com

လိမ္မော်သီးမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်စီတွေ ကြွယ်ဝပါတယ်။ လိမ္မော်သီးမှာလည်း ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်။ ပုံမှန်အရွယ်အစား လိမ္မော်သီးတစ်လုံးမှာ ပိုတက်ဆီယမ် ၂၄၀ မီလီဂရမ်ပါဝင်ပြီး လိမ္မော်ဖျော်ရည်မှာတော့ ၄၇၀ မီလီဂရမ်ပါဝင်ပါတယ်။သင်က လိမ္မော်သီးကြိုက်သူ ဆိုရင်တော့ ဒီအချက်ကို မမေ့သင့်ပါဘူး။ကျောက်ကပ်အခံ မကောင်းသူဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

သင္လုံးဝမထင္ထားတဲ့ ေက်ာက္ကပ္ကို ထိခိုက္ေစတဲ့ အစားအစာ (၇)မ်ိဳး

ေက်ာက္ကပ္က ခႏၶါကိုယ္မွာ အလြန္အေရးႀကီးတဲ့ အစိတ္အပိုင္းထဲမွာ ပါဝင္ပါတယ္။ ဆီးေတြကို စြန႔္ထုတ္ေပးတာ၊ ေဟာ္မုန္းေတြကို ထုတ္လုပ္ေပးတာ၊ အဆိပ္ေတြကို စစ္ထုတ္ေပးတာ စတာေတြက ေက်ာက္ကပ္ရဲ႕လုပ္ငန္းေတြပါပဲ။ အဲဒါေၾကာင့္ ေက်ာက္ကပ္ကို က်န္းမာေအာင္ အၿမဲျပဳမူေနထိုင္သင့္ပါတယ္။ တန္ေဆးလြန္ေဘးဆိုတဲ့ စကားပုံအတိုင္း အခ်ိဳ႕အစားအစာေတြကို အလြန္အကြၽံ စားတဲ့အခါ ေက်ာက္ကပ္နဲ႔ ေက်ာက္ကပ္ရဲ႕ လုပ္ငန္းေတြကို ထိခိုက္ေစပါတယ္။

၁။ ေထာပတ္သီး

ေထာပတ္သီးက အာဟာရနဲ႔ျပည့္စုံတဲ့ အစားအစာဆိုၿပီး နာမည္ႀကီးပါတယ္။ ေထာပတ္သီးကို အလြန္အကြၽံစားတဲ့အခါ ေက်ာက္ကပ္အတြက္ အႏၲရာယ္ရွိပါတယ္။ အထူးသျဖင့္ သင့္မွာေက်ာက္ကပ္ေရာဂါအခံ ရွိတယ္ဆိုရင္ ေထာပတ္သီးကို အမ်ားႀကီး မစားသင့္ပါဘူး။ ေထာပတ္သီးမွာ ပိုတက္ဆီယမ္ပါဝင္မႈႏႈန္းက ျမင့္ပါတယ္။ လူ႔ခႏၶါကိုယ္က သတၳဳဓါတ္ေတြကို လိုအပ္တယ္ ဆိုေပမယ့္ ေသြးထဲမွာ ပိုတက္ဆီယမ္မ်ားေနၿပီဆိုရင္ ႂကြက္တက္တာ၊ ႏွလုံးခုန္ျမန္တာေတြ ျဖစ္လာပါတယ္။

၂။ အသား

အသားေတြမွာပါဝင္တဲ့ ပ႐ိုတိန္းဓါတ္က ဇီဝကမၼျဖစ္စဥ္ေတြအတြက္ အလြန္ခက္ခဲေစပါတယ္။ အသားက ယူရစ္အက္စစ္ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးပါတယ္။ ယူရစ္အက္စစ္က ေက်ာက္ကပ္မွာ ေက်ာက္တည္ေစတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုပါပဲ။ ေက်ာက္ကပ္က်န္းမာေရးအတြက္ အသီးအ႐ြက္နဲ႔ အေစ့အဆံကရတဲ့ ပ႐ိုတိန္းဓါတ္ကိုသာ စားေပးသင့္ပါတယ္။

၃။ ဆား

က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ဆိုရင္ တစ္ေန႔ကို ဆားလက္ဖက္ရည္ဇြန္းတစ္ဇြန္း (၂၃၀၀မီလီဂရမ္) ေလာက္သာ စားဖို႔လိုပါတယ္။ ဆားကို အလြန္အမင္း စားမယ္ဆိုရင္ ေက်ာက္ကပ္က ပိုၿပီး အလုပ္လုပ္ရပါတယ္။ စည္သြပ္အစားအစာေတြ၊ ေအးခဲအစားအစာေတြ၊ အသင့္စားအစားအစာေတြမွာ ဆားပါဝင္မႈႏႈန္း မ်ားပါတယ္။

၄။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာလည္း ပိုတက္ဆီယမ္အမ်ားႀကီး ပါဝင္ေနပါတယ္။ ေက်ာက္ကပ္ရဲ႕အလုပ္ေတြ ေကာင္းေကာင္း မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ ငွက္ေပ်ာသီးက အႏၲရာယ္ရွိပါတယ္။ ငွက္ေပ်ာသီးတစ္လုံးမွာ ပိုတက္ဆီယမ္က ပ်မ္းမွ်အားျဖင့္ ၁၅၀ ဂရမ္ ပါဝင္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသားလူတစ္ေယာက္က တစ္ေန႔ကို ပိုတက္ဆီယမ္ ၃၅၀၀ ဂရမ္ကေန ၄၇၀၀ ဂရမ္အတြင္းသာ စားသုံးသင့္တာပါ။ သင့္မွာ ေက်ာက္ကပ္ေရာဂါအခံ ရွိတယ္ဆိုရင္ေတာ့ ငွက္ေပ်ာသီးကို ေလွ်ာ့စားသင့္ပါတယ္။

၅။ ႏို႔ထြက္ပစၥည္းမ်ား

ႏို႔ထြက္ပစၥည္းေတြမွာ အာဟာရဓါတ္ေတြ၊ ဗီတာမင္ေတြ ပါဝင္ေပမယ့္ အလြန္အက်ဴးေတာ့ မစားသုံးသင့္ပါဘူး။ ႏို႔ထြက္ပစၥည္းေတြမွာ ေဖာ့စေဖာ့ရပ္ေတြ ခပ္မ်ားမ်ားပါတာေၾကာင့္ ေက်ာက္ကပ္အေပၚ ဖိအားေတြ သက္ေရာက္ေစပါတယ္။

၆။ ေပါင္မုန႔္ၾကမ္း

ေပါင္မုန႔္က ေန႔စဥ္အစားအစာေတြထဲမွာ အၿမဲပါဝင္ပါတယ္။ သူ႔မွာလည္း ပိုတက္ဆီယမ္နဲ႔ ေဖာ့စေဖာရပ္ေတြ မ်ားမ်ားပါတာေၾကာင့္ အမ်ားႀကီးေတာ့ မစားသင့္ပါဘူး။ ေပါင္မုန႔္ၾကမ္းတစ္ခ်ပ္မွာ ပိုတက္ဆီယမ္ ၈၁ မီလီဂရမ္နဲ႔ ေဖာ့စေဖာရပ္ ၅၇ မီလီဂရမ္ ပါဝင္ပါတယ္။

၇။ လိေမၼာ္သီး၊ လိေမၼာ္ေဖ်ာ္ရည္

လိေမၼာ္သီးမွာ ကယ္လိုရီပါဝင္မႈနည္းၿပီး ဗီတာမင္စီေတြ ႂကြယ္ဝပါတယ္။ လိေမၼာ္သီးမွာလည္း ပိုတက္ဆီယမ္ ပါဝင္မႈမ်ားပါတယ္။ ပုံမွန္အ႐ြယ္အစား လိေမၼာ္သီးတစ္လုံးမွာ ပိုတက္ဆီယမ္ ၂၄၀ မီလီဂရမ္ပါဝင္ၿပီး လိေမၼာ္ေဖ်ာ္ရည္မွာေတာ့ ၄၇၀ မီလီဂရမ္ပါဝင္ပါတယ္။သင္က လိေမၼာ္သီးႀကိဳက္သူ ဆိုရင္ေတာ့ ဒီအခ်က္ကို မေမ့သင့္ပါဘူး။ေက်ာက္ကပ္အခံ မေကာင္းသူဆိုရင္ေတာ့ ပိုၿပီးေတာ့ ဂ႐ုစိုက္သင့္ပါတယ္။

Zombie (Lovemedia)