အိပ်စက်ခြင်းက ကလေးတွေရဲ့ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ အိပ်ရေးမဝခြင်းက ဘာသာစကားနဲ့ အဖတ်စွမ်းရည်တွေကို လေ့လာရာမှာ ထိခိုက်စေပါတယ်။ မိဘတွေ သတိမထားမိတဲ့ တချို့အချက်တွေကြောင့် ကလေးတွေက လွယ်လွယ်နဲ့ အိပ်မပျော်တတ်ကြပါဘူး။

၁။ ကလေးတွေရဲ့ အိပ်ချိန်မမှန်ခြင်း

© Depositphotos.com

ကလေးတွေအတွက် အိပ်ချိန်မှန်ဖို့ လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ စိတ်တည်ငြိမ်ပြီး ကလေးလည်း မြန်မြန်အိပ်ပျော်မှာပါ။ အဲဒါကြောင့် ကလေးကို အချိန်အတိအကျ သိပ်ဖို့လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ ကလေးတွေက အချိန်ကျရင် အိပ်ချင်လာပါတယ်။ အဲဒီအခါ မြန်မြန်လည်း အိပ်ပျော်လွယ်ပါတယ်။

၂။ ကလေးတွေနိုးနေတဲ့အချိန်မှာ သီချင်းဆိုမပြခြင်း

လူကြီးတွေကလည်း တစ်နေကုန် အလုပ်လုပ်ပြီးရင် ပင်ပန်းပြီး အိပ်ချင်လာပါတယ်။ ကလေးတွေကလည်း တစ်နေကုန် လှုပ်လှုပ်ရှားရှားနေပြီးရင် အိပ်ချင်လာပါတယ်။ ကလေးကို စကားပြောတာ၊ သီချင်းဆိုပြတာ၊ ကခိုင်းတာက ပျော်ရွှင်စေတဲ့အပြင် မြန်မြန်လည်း အိပ်ပျော်လွယ်မှာပါ။

၃။ ကလေးတွေရဲ့အမူအရာကို မမှတ်မိခြင်း

© Depositphotos.com

တစ်ခါတရံမှာ မိဘတွေက ကလေးအိပ်ဖို့ အကြာကြီးသိပ်ရပါတယ်။ ကလေးအိပ်ချင်လာတဲ့အခါ လက္ခဏာတွေ ပြပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ လက်သီးဆုပ်ခြင်း၊ အဝေးကိုငေးနေခြင်း၊ နားနဲ့မျက်လုံးများကို ပွတ်ခြင်းတို့က ကလေးတွေ အိပ်ချင်နေကြောင်းပြတဲ့ လက္ခဏာပါ။

၄။ ကလေးကို အလွန်ချော့ခြင်း

© Halfpoint / iStock / Getty Images Plus / Getty Images, © FluxFactory / E+ / Getty Images

ကလေးကို ပွတ်သပ်ပေးခြင်းက အိပ်ပျော်လွယ်စေပါတယ်။ တစ်ခါတရံမှာ ကလေးကို မချော့ဘဲ သူ့ဘာသာသူ အိပ်ပျော်သွားအောင် ထားသင့်ပါတယ်။

၅။ ကလေးကို မီးလင်းနေတဲ့အခန်းမှာ သိပ်ထားခြင်း

တချို့မိဘတွေက ကလေးကို နေ့လယ်မှာ တစ်ရေးသိပ်ပါတယ်။ အဲဒီအခါ ကလေးက နေ့နဲ့ည ခွဲသွားတတ်ပါတယ်။ ဒါပေမယ့် ကလေးကို နည်းနည်းမှောင်တဲ့အခန်းမှာ သိပ်တဲ့အခါ အိပ်စက်မှုကို ပုံမှန်ဖြစ်စေတဲ့ melatonin ဟော်မုန်းထွက်တာကြောင့် ကလေးက အိပ်ပျော်လွယ်မှာပါ။

၆။ ကလေးကို ပုခက်နှင့် မသိပ်ခြင်း

© Depositphotos.com

ကလေးအများစုက ပုခက်မှာ အသက်တစ်နှစ်ခွဲကနေ ၃ နှစ်ခွဲအထိ အိပ်ပါတယ်။ ကလေးကို ပုခက်နဲ့ မသိပ်တော့တဲ့အခါ ကလေးအတွက် နေရထိုင်ရ အဆင်မပြေပါဘူး။ ညဆိုရင်လည်း အိပ်မပျော်ဘဲ အိမ်ထဲမှာ လျှောက်သွားတတ်ပါတယ်။ ကလေးပုခက်ဘေးမှာ အကာတွေ ပါတာကြောင့် ညဆို အိမ်ထဲလျှောက်မသွားတော့ပါဘူး။ လမ်းလျှောက်တတ်စကလေးက ပုခက်ထဲကနေ ထွက်တတ်ပြီဆိုရင် အိပ်ရာထဲ ပြောင်းသိပ်သင့်ပါတယ်။

၇။ ဆူညံနေခြင်း

© Depositphotos.com

ကလေးက လုံးဝတိတ်ဆိတ်မှ အိပ်တတ်တယ် ဆိုရင် နောက်ပိုင်းမှ အိပ်ပျော်ဖို့ ခက်လာပါတယ်။ အဲဒီအခါ ငှက်သံ၊ စမ်းချောင်းက ရေသံ စတဲ့ချိုသာတဲ့ အသံလေးတွေကို ကလေးနားမှာ ဖွင့်ပေးတဲ့အခါ ကလေးက အိပ်ပျော်လွယ်မှာပါ။

၈။ ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းခြင်း

© Depositphotos.com

ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းရင် ညဘက်မှာ အိပ်ပျော်လွယ်တယ်လို့ တချို့မိဘတွေက ထင်ပါတယ်။ တကယ်တောွ ကလေးကို နေ့လယ်မှာ အချိန်ခဏလေးမသိပ်ခြင်းက ကလေးရဲ့အိပ်စက်မှုစက်ဝန်းကို ကမောက်ကမဖြစ်စေပါတယ်။

၉။ ကလေးကို မိဘနှင့်အတူသိပ်ခြင်း

© Tim Clayton / Corbis News / Getty Images, © Depositphotos.com

တချို့မိဘတွေက ကလေးတွေနဲ့ အတူတူ အိပ်ပါတယ်။ အဲဒီအခါ ကလေးက မိဘတွေမရှိတဲ့အခါ အိပ်ပျော်ဖို့ ခက်ပါတယ်။

၁၀။ ကလေးတွေကို နေ့လယ်မှာ အချိန်ကြာမြင့်စွာ အိပ်ခိုင်းခြင်း

© Depositphotos.com

မွေးကင်းစကလေးတွေအတွက် တစ်နေ့ကို ၁၃ နာရီ ကနေ ၁၅ နာရီကြာ အိပ်တာက ပုံမှန်အိပ်ချိန်ပါပဲ။ ဒါပေမယ့် လမ်းလျှောက်တတ်စ ကလေးက နေ့လယ်မှာ ၃ နာရီထက် ပိုပြီး မအိပ်သင့်ပါဘူး။

Zombie (LoveMedia)

For Zawgyi

မိဘေတြသတိမထားမိတဲ့ ကေလးေတြ အိပ္မေပ်ာ္ရျခင္း အေၾကာင္းရင္း (၁၀) ခ်က္

အိပ္စက္ျခင္းက ကေလးေတြရဲ႕ဦးေႏွာက္ကို ဖြံ႕ၿဖိဳးေစပါတယ္။ အိပ္ေရးမဝျခင္းကဘာသာစကားနဲ႔ အဖတ္စြမ္းရည္ေတြကို ေလ့လာရာမွာ ထိခိုက္ေစပါတယ္။ မိဘေတြ သတိမထားမိတဲ့ တခ်ိဳ႕အခ်က္ေတြေၾကာင့္ ကေလးေတြက လြယ္လြယ္နဲ႔ အိပ္မေပ်ာ္တတ္ၾကပါဘူး။

၁။ ကေလးေတြရဲ႕ အိပ္ခ်ိန္မမွန္ျခင္း

ကေလးေတြအတြက္ အိပ္ခ်ိန္မွန္ဖို႔ လိုပါတယ္။ အိပ္ခ်ိန္မွန္တဲ့အခါ စိတ္တည္ၿငိမ္ၿပီး ကေလးလည္း ျမန္ျမန္အိပ္ေပ်ာ္မွာပါ။ အဲဒါေၾကာင့္ ကေလးကို အခ်ိန္အတိအက် သိပ္ဖို႔လိုပါတယ္။ အိပ္ခ်ိန္မွန္တဲ့အခါ ကေလးေတြက အခ်ိန္က်ရင္ အိပ္ခ်င္လာပါတယ္။ အဲဒီအခါ ျမန္ျမန္လည္း အိပ္ေပ်ာ္လြယ္ပါတယ္။

၂။ ကေလးေတြႏိုးေနတဲ့အခ်ိန္မွာ သီခ်င္းဆိုမျပျခင္း

လူႀကီးေတြကလည္း တစ္ေနကုန္ အလုပ္လုပ္ၿပီးရင္ ပင္ပန္းၿပီး အိပ္ခ်င္လာပါတယ္။ ကေလးေတြကလည္း တစ္ေနကုန္ လႈပ္လႈပ္ရွားရွားေနၿပီးရင္ အိပ္ခ်င္လာပါတယ္။ ကေလးကို စကားေျပာတာ၊ သီခ်င္းဆိုျပတာ၊ ကခိုင္းတာက ေပ်ာ္႐ႊင္ေစတဲ့အျပင္ ျမန္ျမန္လည္း အိပ္ေပ်ာ္လြယ္မွာပါ။

၃။ ကေလးေတြရဲ႕အမူအရာကို မမွတ္မိျခင္း

တစ္ခါတရံမွာ မိဘေတြက ကေလးအိပ္ဖို႔ အၾကာႀကီးသိပ္ရပါတယ္။ ကေလးအိပ္ခ်င္လာတဲ့အခါ လကၡဏာေတြ ျပပါတယ္။ မ်က္ေမွာင္က်ဳံ႕ျခင္း၊ လက္သီးဆုပ္ျခင္း၊ အေဝးကိုေငးေနျခင္း၊ နားနဲ႔မ်က္လုံးမ်ားကို ပြတ္ျခင္းတို႔က ကေလးေတြ အိပ္ခ်င္ေနေၾကာင္းျပတဲ့ လကၡဏာပါ။

၄။ ကေလးကို အလြန္ေခ်ာ့ျခင္း

ကေလးကို ပြတ္သပ္ေပးျခင္းက အိပ္ေပ်ာ္လြယ္ေစပါတယ္။ တစ္ခါတရံမွာ ကေလးကို မေခ်ာ့ဘဲ သူ႔ဘာသာသူ အိပ္ေပ်ာ္သြားေအာင္ ထားသင့္ပါတယ္။

၅။ ကေလးကို မီးလင္းေနတဲ့အခန္းမွာ သိပ္ထားျခင္း

တခ်ိဳ႕မိဘေတြက ကေလးကို ေန႔လယ္မွာ တစ္ေရးသိပ္ပါတယ္။ အဲဒီအခါ ကေလးက ေန႔နဲ႔ည ခြဲသြားတတ္ပါတယ္။ ဒါေပမယ့္ ကေလးကို နည္းနည္းေမွာင္တဲ့အခန္းမွာ သိပ္တဲ့အခါ အိပ္စက္မႈကို ပုံမွန္ျဖစ္ေစတဲ့ melatonin ေဟာ္မုန္းထြက္တာေၾကာင့္ ကေလးက အိပ္ေပ်ာ္လြယ္မွာပါ။

၆။ ကေလးကို ပုခက္ႏွင့္ မသိပ္ျခင္း

ကေလးအမ်ားစုက ပုခက္မွာ အသက္တစ္ႏွစ္ခြဲကေန ၃ ႏွစ္ခြဲအထိ အိပ္ပါတယ္။ ကေလးကို ပုခက္နဲ႔ မသိပ္ေတာ့တဲ့အခါ ကေလးအတြက္ ေနရထိုင္ရ အဆင္မေျပပါဘူး။ ညဆိုရင္လည္း အိပ္မေပ်ာ္ဘဲ အိမ္ထဲမွာ ေလွ်ာက္သြားတတ္ပါတယ္။ ကေလးပုခက္ေဘးမွာ အကာေတြ ပါတာေၾကာင့္ ညဆို အိမ္ထဲေလွ်ာက္မသြားေတာ့ပါဘူး။ လမ္းေလွ်ာက္တတ္စကေလးက ပုခက္ထဲကေန ထြက္တတ္ၿပီဆိုရင္ အိပ္ရာထဲ ေျပာင္းသိပ္သင့္ပါတယ္။

၇။ ဆူညံေနျခင္း

ကေလးက လုံးဝတိတ္ဆိတ္မွ အိပ္တတ္တယ္ ဆိုရင္ ေနာက္ပိုင္းမွ အိပ္ေပ်ာ္ဖို႔ ခက္လာပါတယ္။ အဲဒီအခါ ငွက္သံ၊ စမ္းေခ်ာင္းက ေရသံ စတဲ့ခ်ိဳသာတဲ့ အသံေလးေတြကို ကေလးနားမွာ ဖြင့္ေပးတဲ့အခါ ကေလးက အိပ္ေပ်ာ္လြယ္မွာပါ။

၈။ ကေလးကို ေန႔လယ္မွာ မအိပ္ခိုင္းျခင္း

ကေလးကို ေန႔လယ္မွာ မအိပ္ခိုင္းရင္ ညဘက္မွာ အိပ္ေပ်ာ္လြယ္တယ္လို႔ တခ်ိဳ႕မိဘေတြက ထင္ပါတယ္။ တကယ္ေတာြ ကေလးကို ေန႔လယ္မွာ အခ်ိန္ခဏေလးမသိပ္ျခင္းက ကေလးရဲ႕အိပ္စက္မႈစက္ဝန္းကို ကေမာက္ကမျဖစ္ေစပါတယ္။

၉။ ကေလးကို မိဘႏွင့္အတူသိပ္ျခင္း

တခ်ိဳ႕မိဘေတြက ကေလးေတြနဲ႔ အတူတူ အိပ္ပါတယ္။ အဲဒီအခါ ကေလးက မိဘေတြမရွိတဲ့အခါ အိပ္ေပ်ာ္ဖို႔ ခက္ပါတယ္။

၁၀။ ကေလးေတြကို ေန႔လယ္မွာ အခ်ိန္ၾကာျမင့္စြာ အိပ္ခိုင္းျခင္း

ေမြးကင္းစကေလးေတြအတြက္ တစ္ေန႔ကို ၁၃ နာရီ ကေန ၁၅ နာရီၾကာ အိပ္တာက ပုံမွန္အိပ္ခ်ိန္ပါပဲ။ ဒါေပမယ့္ လမ္းေလွ်ာက္တတ္စ ကေလးက ေန႔လယ္မွာ ၃ နာရီထက္ ပိုၿပီး မအိပ္သင့္ပါဘူး။

Zombie (LoveMedia)