ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးသန်းတစ်ဝက်ကျော်ဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းသုံးပစ္စည်းတွေကိုလည်း ဝယ်ဖို့ မတတ်နိုင်ပါဘူး။ အဲဒီကနေတစ်ဆင့် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့လာရပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးသောနိုင်ငံကတော့ စကော့တလန်နိုင်ငံ ဖြစ်လာပါတယ်။

စကော့တလန်အစိုးရက အမျိုးသမီး လစဉ်သုံးပစ္စည်း tampon နဲ့ pad တွေကို ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်ကနေစပြီးတော့ အမျိုးသမီးတိုင်းကို အခမဲ့ ပေးဝေခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ဘဝမှာ လစဉ်သုံးပစ္စည်းတွေဝယ်ဖို့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၆၀၀၀ ခန့် အသုံးပြုရပါတယ်။ အသက် ၁၈ နှစ် နဲ့ ၅၅ နှစ်ကြား အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းတွေအတွက် တစ်နှစ်ကို ၁၆၂ ဒေါ်လာကုန်ကျပါတယ်။

စစ်တမ်းတွေအရ အမျိုးသမီး ၇၂% ဟာ လစဉ်သုံးပစ္စည်းတွေကို အခမဲ့ ထောက်ပံ့သင့်တယ်တို့ ယူဆကြတာကို တွေ့ရပါတယ်။ အမျိုးသမီး ၆၉% ကတော့ အဲဒီပစ္စည်းတွေဟာ အလွန်ဈေးကြီးတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက်က အစားအသောက် ဝယ်ရမလား၊ အမျိုးသမီး သန့်ရှင်းရေးသုံးပစ္စည်း ဝယ်ရမလားဆိုတာကို ဗျာများနေရဆဲပါပဲ။ ဒါပေမယ့် စကော့တလန်နိုင်ငံမှာတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို အခမဲ့ ထောက်ပံ့ပေးလိုက်ပါပြီ။

© The Period Blog / Wikimedia Commons

ဒီလိုအခမဲ့ ထောက်ပံ့ဖို့ အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ကတည်းက စတင်မိတ်ဆက်ခဲ့တာပါ။ နောက်ဆုံးမှာတော့ အစိုးရရဲ့အစီအစဉ်က အောင်မြင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ချခဲ့တဲ့ Monica နဲ့ အခြားသူတွေကတော့ ကျေးဇူးတင်စရာပါပဲ။ အခုဆိုရင် လူများတဲ့နေရာတွေမှာ လစဉ်သုံးပစ္စည်းတွေ ထားပေးနေတာကြောင့် အခမဲ့ ယူဆောင်လို့ရပါပြီ။

© EndSJWandMSM / reddit

"ဒီအစီအစဉ်က ဓမ္မတာလာတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီးကို ဖြစ်စေပါတယ်။ လူထုကြားမှာ ဒီလိုအခမဲ့ဖြန့်ဝေမှုက အောင်မြင်နေပါပြီ" လို့ Monica က ပြောပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက စကော့တလန်နိုင်ငံရဲ့ ဝန်ကြီး Nicola Sturgeon က တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို သန့်စင်ခန်းတွေမှာ အခမဲ့ထားပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

© MonicaLennon7 / twitter

အခုတော့ ဒီထက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခဲ့ပါပြီ။ ဒီအစီအစဉ် အတည်မပြုခင်ကတည်းက အချို့စီးပွားရေးလုပ်ငန်းရှင်တွေက လစဉ်သုံးပစ္စည်းတွေကို အခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်။ အရင်ကတည်းကအချို့သော စားသောက်ဆိုင်၊ ဘောလုံးအသင်းတွေမှာလည်း အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခမဲ့ထားပေးကြပါတယ်။ အခုတော့ တစ်နိုင်ငံလုံးမှာ အခမဲ့ရယူနိုင်သွားပါပြီ။ တစ်ကမ္ဘာလုံးကလည်း စကော့တလနိုင်ငံရဲ့ စာနာတတ်တဲ့ အစီအစဉ်ကို စောင့်ကြည့်နေကြပြီဖြစ်ကြောင်း Lennon က ပြောပါတယ်။

Zombie (Lovemedia)

For Zawgyi

အမ်ိဳးသမီးလစဥ္သုံးေတြကို တစ္ႏိုင္ငံလုံး အခမဲ့ေထာက္ပံ့ေပးေတာ့မယ့္ စေကာ့တလန္

ကမာၻေပၚမွာရွိတဲ့ အမ်ိဳးသမီးသန္းတစ္ဝက္ေက်ာ္ဟာ အမ်ိဳးသမီးလစဥ္သုံးပစၥည္းေတြကို ဝယ္ဖို႔ မတတ္ႏိုင္သလို တစ္ကိုယ္ေရသန႔္ရွင္းသုံးပစၥည္းေတြကိုလည္း ဝယ္ဖို႔ မတတ္ႏိုင္ပါဘူး။ အဲဒီကေနတစ္ဆင့္ အမ်ိဳးမ်ိဳးေသာ က်န္းမာေရးျပႆနာေတြကို ႀကဳံေတြ႕လာရပါတယ္။ အဲဒီျပႆနာကို ေျဖရွင္းႏိုင္တဲ့ ပထမဆုံးေသာႏိုင္ငံကေတာ့ စေကာ့တလန္ႏိုင္ငံ ျဖစ္လာပါတယ္။

စေကာ့တလန္အစိုးရက အမ်ိဳးသမီး လစဥ္သုံးပစၥည္း tampon နဲ႔ pad ေတြကို ၂၀၂၀ခုႏွစ္၊ ႏိုဝင္ဘာ ၂၄ ရက္ကေနစၿပီးေတာ့ အမ်ိဳးသမီးတိုင္းကို အခမဲ့ ေပးေဝခဲ့ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ဘဝမွာ လစဥ္သုံးပစၥည္းေတြဝယ္ဖို႔ ပ်မ္းမွ်အားျဖင့္ ေဒၚလာ ၆၀၀၀ ခန႔္ အသုံးျပဳရပါတယ္။ အသက္ ၁၈ ႏွစ္ နဲ႔ ၅၅ ႏွစ္ၾကား အမ်ိဳးသမီးေတြဟာ လစဥ္သုံးပစၥည္းေတြအတြက္ တစ္ႏွစ္ကို ၁၆၂ ေဒၚလာကုန္က်ပါတယ္။

စစ္တမ္းေတြအရ အမ်ိဳးသမီး ၇၂% ဟာ လစဥ္သုံးပစၥည္းေတြကို အခမဲ့ ေထာက္ပံ့သင့္တယ္တို႔ ယူဆၾကတာကို ေတြ႕ရပါတယ္။ အမ်ိဳးသမီး ၆၉% ကေတာ့ အဲဒီပစၥည္းေတြဟာ အလြန္ေဈးႀကီးတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီး ၄ ေယာက္မွာ ၁ ေယာက္က အစားအေသာက္ ဝယ္ရမလား၊ အမ်ိဳးသမီး သန႔္ရွင္းေရးသုံးပစၥည္း ဝယ္ရမလားဆိုတာကို ဗ်ာမ်ားေနရဆဲပါပဲ။ ဒါေပမယ့္ စေကာ့တလန္ႏိုင္ငံမွာေတာ့ အမ်ိဳးသမီးလစဥ္သုံးပစၥည္းနဲ႔ သန႔္ရွင္းေရးသုံးပစၥည္းေတြကို အခမဲ့ ေထာက္ပံ့ေပးလိုက္ပါၿပီ။

ဒီလိုအခမဲ့ ေထာက္ပံ့ဖို႔ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၃ ရက္ေန႔ကတည္းက စတင္မိတ္ဆက္ခဲ့တာပါ။ ေနာက္ဆုံးမွာေတာ့ အစိုးရရဲ႕အစီအစဥ္က ေအာင္ျမင္ခဲ့ပါတယ္။ ဒီဆုံးျဖတ္ခ်က္ကို ခ်ခဲ့တဲ့ Monica နဲ႔ အျခားသူေတြကေတာ့ ေက်းဇူးတင္စရာပါပဲ။ အခုဆိုရင္ လူမ်ားတဲ့ေနရာေတြမွာ လစဥ္သုံးပစၥည္းေတြ ထားေပးေနတာေၾကာင့္ အခမဲ့ ယူေဆာင္လို႔ရပါၿပီ။

"ဒီအစီအစဥ္က ဓမၼတာလာတဲ့ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြအတြက္ ႀကီးမားတဲ့ေျပာင္းလဲမႈႀကီးကို ျဖစ္ေစပါတယ္။ လူထုၾကားမွာ ဒီလိုအခမဲ့ျဖန႔္ေဝမႈက ေအာင္ျမင္ေနပါၿပီ" လို႔ Monica က ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက စေကာ့တလန္ႏိုင္ငံရဲ႕ ဝန္ႀကီး Nicola Sturgeon က တကၠသိုလ္ေတြ၊ ေကာလိပ္ေတြ၊ ေက်ာင္းေတြမွာ အမ်ိဳးသမီးလစဥ္သုံး ပစၥည္းေတြကို သန႔္စင္ခန္းေတြမွာ အခမဲ့ထားေပးဖို႔ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အခုေတာ့ ဒီထက္ကို ပိုၿပီးက်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္လာႏိုင္ခဲ့ပါၿပီ။ ဒီအစီအစဥ္ အတည္မျပဳခင္ကတည္းက အခ်ိဳ႕စီးပြားေရးလုပ္ငန္းရွင္ေတြက လစဥ္သုံးပစၥည္းေတြကို အခမဲ့ျဖန႔္ေဝေပးခဲ့ပါတယ္။ အရင္ကတည္းကအခ်ိဳ႕ေသာ စားေသာက္ဆိုင္၊ ေဘာလုံးအသင္းေတြမွာလည္း အမ်ိဳးသမီး လစဥ္သုံးပစၥည္းေတြကို အခမဲ့ထားေပးၾကပါတယ္။ အခုေတာ့ တစ္ႏိုင္ငံလုံးမွာ အခမဲ့ရယူႏိုင္သြားပါၿပီ။ တစ္ကမာၻလုံးကလည္း စေကာ့တလႏိုင္ငံရဲ႕ စာနာတတ္တဲ့ အစီအစဥ္ကို ေစာင့္ၾကည့္ေနၾကၿပီျဖစ္ေၾကာင္း Lennon က ေျပာပါတယ္။

Zombie (Lovemedia)