Source: Getty Images and Sin Chew Daily

၂၁ ရာစု ကလေးထိန်းနည်းအသစ် ကတော့ ကလေးတွေကို smartphone တွေ၊ tablet တွေ သုံးခွင့်ပြုထားခြင်းပါပဲ။ ကလေးတွေက smartphone တွေ၊ tablet တွေနဲ့ game ကစားရရင် အလွန်ကို ပျော်ကြပါတယ် ။ ဒါပေမယ့် တချို့မိဘတွေက ကလေးတွေ အချိန်ကြာကြာ smartphone သုံးခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို မေ့နေကြပါတယ်။

တရုတ်နိုင်ငံ၊ Dongguan မြို့က ငါးနှစ်အရွယ်သာရှိသေးတဲ့ ကလေးတစ်ယောက်ဟာ တစ်ခါတရံမှာ မျက်စိက မှုန်ဝါးနေသလို ခံစားရပြီး အရာဝတ္တုတွေကို ထင်ထင်ရှားရှား မမြင်ရတော့ပါဘူး။ မျက်စိကလည်း စွေလာပါတယ်။ မိဘတွေက ကလေးလေးရဲ့အခြေအနေကို သတိထားမိတာကြောင့် မျက်စိအထူးကု ဆရာဝန်ဆီကို ခေါ်သွားပါတယ်။

ဆရာဝန်ဆီရောက်တဲ့အခါ ကလေးရဲ့မျက်လုံးက အဝေးမှုန်နေတယ်။ ကလေးရဲ့ ညာဖက်မျက်လုံးက အဝေးမှုန် ၉၇၅ ဒီဂရီနဲ့ မျက်စိဆုံချက် မညီတာက ၂၂၅ ဒီဂရီ ရှိပါတယ်။ ဘယ်ဖက်မျက်လုံးက အဝေးမှုန် ၇၅၀ ဒီဂရီနဲ့ မျက်စိဆုံချက် မညီတာက ၃၀၀ ဒီဂရီ ရှိပါတယ် ။ ကလေးရဲ့ အမြင်အာရုံက ကြာရင် ဆိုးရွားလာနိုင်တာကြောင့် သုံးလ တစ်ကြိမ် မျက်စိဆရာဝန်နဲ့ ပြရမှာပါ။

Source: Newsweek

ဒီလိုမျိုး မျက်လုံးပါဝါတွေ များလာရခြင်းရဲ့ အဓိကအချက်ကို ရှာကြည့်တဲ့အခါ မိဘတွေက ကလေးကို ၃ နှစ် အရွယ်ကတည်းက tablet ဝယ်ပေးခဲ့တာပါ။ ပြီးတော့ ကလေးက တစ်နေ့ကို ခြောက်နာရီနဲ့ အထက် tablet ကို အသုံးပြုပါတယ်။ အဲဒါကြောင့် ကလေးက ငါးနှစ်အရွယ်သာ ရှိသေးပေမယ့် အခုလို အဝေးမှုန်နေရခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ငယ်သေးတဲ့ကလေးတွေကို tablet ပေးထားပြီး ငြိမ်အောင်ထားခြင်းက အလွန်ကို အန္တရာယ်များပါတယ်။

Zombie (LoveMedia)

Ref - WorldOfBuzz

For Zawgyi

Game ကို ၂ ႏွစ္ၾကာ ကစားၿပီးေနာက္ အေဝးမႈန္ ၁၀၀၀ ပါဝါထိ ျဖစ္သြားတဲ့ ၅ ႏွစ္အ႐ြယ္ကေလး

၂၁ ရာစု ကေလးထိန္းနည္းအသစ္ ကေတာ့ ကေလးေတြကို smartphone ေတြ၊ tablet ေတြ သုံးခြင့္ျပဳထားျခင္းပါပဲ။ ကေလးေတြက smartphone ေတြ၊ tablet ေတြနဲ႔ game ကစားရရင္ အလြန္ကို ေပ်ာ္ၾကပါတယ္ ။ ဒါေပမယ့္ တခ်ိဳ႕မိဘေတြက ကေလးေတြ အခ်ိန္ၾကာၾကာ smartphone သုံးျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးကို ေမ့ေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံ၊ Dongguan ၿမိဳ႕က ငါးႏွစ္အ႐ြယ္သာရွိေသးတဲ့ ကေလးတစ္ေယာက္ဟာ တစ္ခါတရံမွာ မ်က္စိက မႈန္ဝါးေနသလို ခံစားရၿပီး အရာဝတၱဳေတြကို ထင္ထင္ရွားရွား မျမင္ရေတာ့ပါဘူး။ မ်က္စိကလည္း ေစြလာပါတယ္။ မိဘေတြက ကေလးေလးရဲ႕အေျခအေနကို သတိထားမိတာေၾကာင့္ မ်က္စိအထူးကု ဆရာဝန္ဆီကို ေခၚသြားပါတယ္။

ဆရာဝန္ဆီေရာက္တဲ့အခါ ကေလးရဲ႕မ်က္လုံးက အေဝးမႈန္ေနတယ္။ ကေလးရဲ႕ ညာဖက္မ်က္လုံးက အေဝးမႈန္ ၉၇၅ ဒီဂရီနဲ႔ မ်က္စိဆုံခ်က္ မညီတာက ၂၂၅ ဒီဂရီ ရွိပါတယ္။ ဘယ္ဖက္မ်က္လုံးက အေဝးမႈန္ ၇၅၀ ဒီဂရီနဲ႔ မ်က္စိဆုံခ်က္ မညီတာက ၃၀၀ ဒီဂရီ ရွိပါတယ္ ။ ကေလးရဲ႕ အျမင္အာ႐ုံက ၾကာရင္ ဆိုး႐ြားလာႏိုင္တာေၾကာင့္ သုံးလ တစ္ႀကိမ္ မ်က္စိဆရာဝန္နဲ႔ ျပရမွာပါ။

ဒီလိုမ်ိဳး မ်က္လုံးပါဝါေတြ မ်ားလာရျခင္းရဲ႕ အဓိကအခ်က္ကို ရွာၾကည့္တဲ့အခါ မိဘေတြက ကေလးကို ၃ ႏွစ္ အ႐ြယ္ကတည္းက tablet ဝယ္ေပးခဲ့တာပါ။ ၿပီးေတာ့ ကေလးက တစ္ေန႔ကို ေျခာက္နာရီနဲ႔ အထက္ tablet ကို အသုံးျပဳပါတယ္။ အဲဒါေၾကာင့္ ကေလးက ငါးႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္ အခုလို အေဝးမႈန္ေနရျခင္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ ငယ္ေသးတဲ့ကေလးေတြကို tablet ေပးထားၿပီး ၿငိမ္ေအာင္ထားျခင္းက အလြန္ကို အႏၲရာယ္မ်ားပါတယ္။

Zombie (LoveMedia)

Ref - WorldOfBuzz