မိန်းမတွေရဲ့စကားကို ယောကျ်ားတွေ နားလည်ဖို့ခက်ရတဲ့ အကြောင်းရင်း

ယောကျ်ားလေးအများစုက မိန်းကလေးတွေပြောတဲ့ စကားတွေကိုဆိုရင် သိပ်ပြီး နားမထောင်လို၊ လက်မခံလိုကြပါဘူး။ မိန်းကလေးတွေရဲ့စကားကို နားထောင်ရတာ ငြီးငွေ့လို့ မဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ ဦးနှောက်က အမျိုးသမီးတွေရဲ့အသံကို တစ်မျိုးထူးခြားပြီး ကြားနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကို ဖော်ပြပေးပါမယ်နော်။

အမျိုးသမီးတွေရဲ့အသံက အမျိုးသားတွေရဲ့ဦးနှောက်ကို ခက်ခက်ခဲခဲ အလုပ်လုပ်စေပါတယ်။

© Pexels.com

အမျိုးသမီးတွေရဲ့အသံကို ကြားတဲ့အခါ အမျိုးသားတွေရဲ့ ပြုမူပုံတွေက ပြောင်းလဲသွားပါတယ်။ အမျိုးသမီးတွေပြောတဲ့ ခက်ခဲတဲ့၊ သွယ်ဝိုက်တဲ့ အဓိပ္ပါယ်တွေ၊ ခံစားချက်တွေကို နားလည်ဖို့ ခက်တာကြောင့်ပါ။

အမျိုးသမီးအများစုရဲ့ အသံတွေက လူအများကို မလွှမ်းမိုးနိုင်ပါဘူး။

© Pixabay.com, © Shutterstock.com

ဘာ့ကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ အသံကြိုးနဲ့ အသံအိုးကြောင့်ပါ။ အချို့အမျိုးသမီးတွေက အသံကျယ်ကျယ်နဲ့ စကားတွေအများကြီး ပြောတဲ့အခါ လိုရင်းမရောက်တော့ပါဘူး။ လေ့လာချက်တွေအရ လူတွေက လေသံအေးတဲ့သူကိုသာ ပိုသဘောကျကြပါတယ်။ အသံကျယ်တဲ့သူဆိုရင် အမျိုးသမီးအချင်းချင်းတောင် နားမထောင်လိုကြပါဘူး။

အမျိုးသမီးတွေရဲ့အသံက ရှုပ်ထွေးပါတယ်။

အမျိုးသားတွေရဲ့အသံနဲ့ အမျိုးသမီးတွေရဲ့အသံ ခြားနားချက်ကတော့ ဒီအချက်ပါပဲ။ အမျိုးသမီးတွေက စကားများများ ပြောတတ်ပြီး အသံမျိုးစုံကို အသုံးပြုတတ်ကြပါတယ်။ အဲဒီအသံမျိုးစုံကြောင့် အမျိုးသားတွေရဲ့ဦးနှောက်က လွယ်လွယ်နဲ့ နားမလည်နိုင်တော့တာပါ။

အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောပါတယ်။

© Pixabay.com

ဆိုလိုတဲ့အဓိပ္ပါယ် အတူတူချင်းတောင်မှ အမျိုးသမီးတွေပြောတဲ့ စကားလုံးရေက ပိုများပါတယ်။ အမျိုးသားတွေက တတွတ်တွတ်ပြောတာကို သဘောမကျကြပါဘူး။ အဲဒါကြောင့်လည်း အမျိုးသမီးတွေ ပြောသမျှ စကားအကုန်လုံးက နားထဲမရောက်တာပါ။

Zombie (Lovemedia)

For Zawgyi

မိန္းမေတြရဲ႕စကားကို ေယာက်္ားေတြ နားလည္ဖို႔ခက္ရတဲ့ အေၾကာင္းရင္း

ေယာက်္ားေလးအမ်ားစုက မိန္းကေလးေတြေျပာတဲ့ စကားေတြကိုဆိုရင္ သိပ္ၿပီး နားမေထာင္လို၊ လက္မခံလိုၾကပါဘူး။ မိန္းကေလးေတြရဲ႕စကားကို နားေထာင္ရတာ ၿငီးေငြ႕လို႔ မဟုတ္ပါဘူး။ အမ်ိဳးသားေတြရဲ႕ ဦးေႏွာက္က အမ်ိဳးသမီးေတြရဲ႕အသံကို တစ္မ်ိဳးထူးျခားၿပီး ၾကားေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဘာ့ေၾကာင့္ ဒီလိုျဖစ္ရလဲဆိုတဲ့ အေၾကာင္းရင္းကို ေဖာ္ျပေပးပါမယ္ေနာ္။

အမ်ိဳးသမီးေတြရဲ႕အသံက အမ်ိဳးသားေတြရဲ႕ဦးေႏွာက္ကို ခက္ခက္ခဲခဲ အလုပ္လုပ္ေစပါတယ္။

အမ်ိဳးသမီးေတြရဲ႕အသံကို ၾကားတဲ့အခါ အမ်ိဳးသားေတြရဲ႕ ျပဳမူပုံေတြက ေျပာင္းလဲသြားပါတယ္။ အမ်ိဳးသမီးေတြေျပာတဲ့ ခက္ခဲတဲ့၊ သြယ္ဝိုက္တဲ့ အဓိပၸါယ္ေတြ၊ ခံစားခ်က္ေတြကို နားလည္ဖို႔ ခက္တာေၾကာင့္ပါ။

အမ်ိဳးသမီးအမ်ားစုရဲ႕ အသံေတြက လူအမ်ားကို မလႊမ္းမိုးႏိုင္ပါဘူး။

ဘာ့ေၾကာင့္လဲ ဆိုေတာ့ အမ်ိဳးသမီးေတြရဲ႕ အသံႀကိဳးနဲ႔ အသံအိုးေၾကာင့္ပါ။ အခ်ိဳ႕အမ်ိဳးသမီးေတြက အသံက်ယ္က်ယ္နဲ႔ စကားေတြအမ်ားႀကီး ေျပာတဲ့အခါ လိုရင္းမေရာက္ေတာ့ပါဘူး။ ေလ့လာခ်က္ေတြအရ လူေတြက ေလသံေအးတဲ့သူကိုသာ ပိုသေဘာက်ၾကပါတယ္။ အသံက်ယ္တဲ့သူဆိုရင္ အမ်ိဳးသမီးအခ်င္းခ်င္းေတာင္ နားမေထာင္လိုၾကပါဘူး။

အမ်ိဳးသမီးေတြရဲ႕အသံက ရႈပ္ေထြးပါတယ္။

အမ်ိဳးသားေတြရဲ႕အသံနဲ႔ အမ်ိဳးသမီးေတြရဲ႕အသံ ျခားနားခ်က္ကေတာ့ ဒီအခ်က္ပါပဲ။ အမ်ိဳးသမီးေတြက စကားမ်ားမ်ား ေျပာတတ္ၿပီး အသံမ်ိဳးစုံကို အသုံးျပဳတတ္ၾကပါတယ္။ အဲဒီအသံမ်ိဳးစုံေၾကာင့္ အမ်ိဳးသားေတြရဲ႕ဦးေႏွာက္က လြယ္လြယ္နဲ႔ နားမလည္ႏိုင္ေတာ့တာပါ။

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ စကားပိုေျပာပါတယ္။

ဆိုလိုတဲ့အဓိပၸါယ္ အတူတူခ်င္းေတာင္မွ အမ်ိဳးသမီးေတြေျပာတဲ့ စကားလုံးေရက ပိုမ်ားပါတယ္။ အမ်ိဳးသားေတြက တတြတ္တြတ္ေျပာတာကို သေဘာမက်ၾကပါဘူး။ အဲဒါေၾကာင့္လည္း အမ်ိဳးသမီးေတြ ေျပာသမွ် စကားအကုန္လုံးက နားထဲမေရာက္တာပါ။

Zombie (Lovemedia)

Post a Comment

0 Comments