ကိုယ်ချစ်ရတဲ့ သူဆီကို message ပို့တဲ့ အခါ reply ပြန်မလာရင် တော်တော် ဒေါသထွက်စရာ ကောင်းပါတယ်။ Reply နောက်ကျလို့ စိတ်ကောက် စိတ်ဆိုးကြတဲ့ စုံတွဲတွေလည်း မနည်းပါဘူး။

တရုတ်နိုင်ငံက software developer တယောက်က wechat မှာ သူ့ကောင်မလေး ပို့လာတဲ့ message တွေကို reply ပြန်ပေးနိုင်မယ့် application တစ်ခုကို တီထွင်ခဲ့ ပါတယ် ။ သူက အလုပ်များပြီး သူ့ကောင်မလေးရဲ့ messagr တွေကို reply မပြန်နိုင်ပါဘူး။ အဲဒါကြောင့် အလိုအလျောက် reply ပြန်နိုင်မယ့် application ကို တီထွင်ခဲ့ တာပါ။

Software enginees Li Kai Xiang က ဒီ applicationဟာ 24 နာရီလုံး၊ ခုနစ်ရက်လုံး အလုပ်လုပ်ကြောင်း၊ တစ်ဖက်က မေးလာတဲ့ မေးခွန်းတွေ၊ စကားတွေ အားလုံးကို reply ပြန်ပေးနိုင်ကြောင်း ရှင်းပြပါတယ်။

Li Kai Xing က အလုပ်တွေ လုပ်ပြီးတဲ့ အချိန်မှာ အဲဒီ application နဲ့ သူ့ကောင်မလေးက message အစောင် သုံးရာလောက် အပြန်အလှန် ပို့ထားတာတွေ့လို့ အံ့ဩသွားပါတယ်။ စကားလုံးလှလှလေးတွေကို အချိန်နဲ့အမျှ ပို့နိုင်အောင်၊ application နဲ့ reply နေတာကိုလည်း မသိအောင် ပြုလုပ်ထားကြောင်း ပြောပြ ပါတယ်။

သူ့ရဲ့ application က အလုပ်ဖြစ်ပြီး reply မြန်တာကြောင့် သူ့ကောင်မလေးက သံသယ ဝင်လာပါတယ်။ သူ့ရဲ့ post က ပျံ့နှံ့ သွားပြီး အင်တာနက် သုံးတဲ့သူတွေက application ကို share ပေးဖို့ ပြောနေကြ ပါတယ်။

Zombie (LoveMedia)

For Zawgyi

Message တွေကို အလိုအလျောက် reply ပြန်ပေးမယ့် app ကို တီထွင်






Zombie (LoveMedia)