![]() |
© Depositphotos.com |
Lafayette ကောလိပ်နဲ့ Johns Hopkin တက္ကသိုလ်တို့ရဲ့ 2006 ခုနှစ်တုန်းက လေ့လာချက်တွေ အရ ဘယ်သန်တွေက ညာသန်တွေ ထက် 15 ရာခိုင်နှုန်းကျော် ပိုပြီး သင်ယူ မှတ်သား နိုင်ကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ 10 ရာခိုင်နှုန်းသာ ရှိတဲ့ ဘယ်သန်တွေဟာ တစ်နေရာရာမှာ ပြောင်ပြောင်မြောက်မြောက် ထူးချွန်နေတတ် ကြပါတယ်။
- ကမ္ဘာပေါ်က ပါရမီရှင်တွေက ဘယ်သန်တွေဖြစ်ကြပါတယ်။
![]() |
© Henri Manuel / Wikimedia Commons, © Unknown / Wikimedia Commons |
Albert Einstein နဲ့ Marie Curieကလည်း ဘယ်သန်တွေပါပဲ။ IQ မြင့်တဲ့ လူတွေပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ သက်တမ်း အရှည်ကြာဆုံး အဖွဲ့အစည်း MENSA မှာဆိုရင် အဖွဲ့ဝင် 20 ရာခိုင်နှုန်းဟာ ဘယ်သန်တွေ ဖြစ်ကြ ပါတယ်။
- ဘယ်သန်တွေက လက်ရာမြောက်တဲ့ အနုပညာတွေကို ပိုပြီး ဖန်တီးနိုင်ကြ ပါတယ်။
![]() |
© Rijksmuseum / Wikimedia Commons, © Metropolitan Museum of Art / Wikimedia Commons |
ဘယ်သန်တွေက အနုပညာတွေကို ဖန်တီးနိုင်စွမ်း ပိုမြင့်တယ်လို့ အမေရိကန် စိတ်ပညာဂျာနယ်ရဲ့ သုတေသနတစ်ခုမှာ ဖော်ပြထား ပါတယ်။ ဘယ်သန်တွေက ဖောက်ထွက် စဉ်းစားတတ် တာကြောင့် ပြဿနာတစ်ခုကို ကြုံရပြီဆိုရင် ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင် ပါတယ်။ ပန်းချီ ၊ ဂီတ၊ အားကစားနဲ့ နည်းပညာနယ်ပယ်တွေမှာ ပိုပြီး ထူးချွန်ကြ ပါတယ်။
-ဘယ်သန်တွေက ပိုပြီးထက်မြက်တဲ့ အမေရိကန် သမ္မတတွေ ဖြစ်ဖူးကြပါတယ်။
အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Obama, Bill Clinton, George H.W.Just, Gerald Does, James Garfield နဲ့ Harry Truman တို့ဟာ ဘယ်သန်တွေပါ။ တီဗွီကနေ ထုတ်လွှင့်တဲ့ စကားစစ်ထိုး ပွဲတွေမှာ ဘယ်သန် နိုင်ငံရေးသမားတွေက ပိုပြီးပါးနပ်ပြီး ထက်မြက်တယ်လို့ Dutch report မှာ ဖော်ပြထား ပါတယ်။ ညာသန်တွေရဲ့ ကိုယ်ဟန် အမူအရာက သာမန်အားဖြင့် အပြုသဘောဆောင်ပြီး ဘယ်သန်တွေရဲ့ အမူအရာတွေက အပျက်သဘော ဆောင်နေလို့ပါ။
- ဘယ်သန်တွေက အားကစားမှာလည်း ထူးချွန်ကြပါတယ်။
![]() |
© Christopher Johnson / Wikimedia Commons |
ဘယ်သန်တွေက တင်းနစ်၊ဘတ်မင်တံ၊ လက်ဝှေ့တို့လို နှစ်ယောက်တည်းပြိုင်ရတဲ့ အားကစားတွေမှာ ထူးချွန်ကြပါတယ်။ " ညာသန်ကစားသမားတွေက အမြဲတမ်း ညာသန် ပြိုင်ဘက် ကစားသမားတွေနဲ့ လေ့ကျင့်ရသလို ဘယ်သန်ကစားသမားတွေ ကလည်း ညာသန် ကစားသမားတွေနဲ့ပဲ လေ့ကျင့်ရပါတယ်။ ညာသန် ကစားသမားက ဘယ်သန် ကစားသမားနဲ့ ယှဉ်ပြိုင်ရတဲ့ အခါ အခက်တွေ့ပါတယ်။ ဘယ်သန် ကစားသမားတွေကျတော့ ညာသန် ကစားသမားတွေနဲ့ လေ့ကျင့်လာရတဲ့ အတွက် ညာသန် ကစားသမားနဲ့ ယှဉ်ပြိုင်ရတဲ့ အခါ ကျင့်သားရပြီးသားဖြစ်လို့ အဆင်ပြေတယ် " လို့ Rik Smits က ရှင်းပြပါတယ်။
- ဘယ်သန်တွေက ဖိုက်တာကြီးတွေလည်း ဖြစ်ကြပါတယ်။
![]() |
© Rocky Balboa / Metro-Goldwyn-Mayer |
2005 ခုနှစ်တုန်းက ပြင်သစ်က စာတမ်းတစ်ခုမှာ ဘယ်သန် 3 ရာခိုင်နှုန်းက အေးအေးဆေးဆေး နေတတ်ကြပြီး 27 ရာခိုင်နှုန်းက တိုက်ရ ခိုက်ရတာကို သဘောကျတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်သန်တွေရဲ့ ဝိုက်လက်သီးက အားပြင်းတာကြောင့် တိုက်ခိုက်ရာမှာ ကျွမ်းကျင်ရခြင်းဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ် ။
Zombie (LoveMedia)
For Zawgyi
ဘယ္သန္ေတြ ထူးခြၽန္ေနရတဲ့ လွ်ိဳ႕ဝွက္ခ်က္
Lafayette ေကာလိပ္နဲ႔ Johns Hopkin တကၠသိုလ္တို႔ရဲ႕ 2006 ခုႏွစ္တုန္းက ေလ့လာခ်က္ေတြ အရ ဘယ္သန္ေတြက ညာသန္ေတြ ထက္ 15 ရာခိုင္ႏႈန္းေက်ာ္ ပိုၿပီး သင္ယူ မွတ္သား ႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။ ကမာၻ႔လူဦးေရရဲ႕ 10 ရာခိုင္ႏႈန္းသာ ရွိတဲ့ ဘယ္သန္ေတြဟာ တစ္ေနရာရာမွာ ေျပာင္ေျပာင္ေျမာက္ေျမာက္ ထူးခြၽန္ေနတတ္ ၾကပါတယ္။
- ကမာၻေပၚက ပါရမီရွင္ေတြက ဘယ္သန္ေတြျဖစ္ၾကပါတယ္။
Albert Einstein နဲ႔ Marie Curieကလည္း ဘယ္သန္ေတြပါပဲ။ IQ ျမင့္တဲ့ လူေတြပါဝင္တဲ့ ကမာၻ႔အႀကီးဆုံးနဲ႔ သက္တမ္း အရွည္ၾကာဆုံး အဖြဲ႕အစည္း MENSA မွာဆိုရင္ အဖြဲ႕ဝင္ 20 ရာခိုင္ႏႈန္းဟာ ဘယ္သန္ေတြ ျဖစ္ၾက ပါတယ္။
- ဘယ္သန္ေတြက လက္ရာေျမာက္တဲ့ အႏုပညာေတြကို ပိုၿပီး ဖန္တီးႏိုင္ၾက ပါတယ္။
ဘယ္သန္ေတြက အႏုပညာေတြကို ဖန္တီးႏိုင္စြမ္း ပိုျမင့္တယ္လို႔ အေမရိကန္ စိတ္ပညာဂ်ာနယ္ရဲ႕ သုေတသနတစ္ခုမွာ ေဖာ္ျပထား ပါတယ္။ ဘယ္သန္ေတြက ေဖာက္ထြက္ စဥ္းစားတတ္ တာေၾကာင့္ ျပႆနာတစ္ခုကို ႀကဳံရၿပီဆိုရင္ ပိုင္ပိုင္ႏိုင္ႏိုင္ ေျဖရွင္းႏိုင္ ပါတယ္။ ပန္းခ်ီ ၊ ဂီတ၊ အားကစားနဲ႔ နည္းပညာနယ္ပယ္ေတြမွာ ပိုၿပီး ထူးခြၽန္ၾက ပါတယ္။
-ဘယ္သန္ေတြက ပိုၿပီးထက္ျမက္တဲ့ အေမရိကန္ သမၼတေတြ ျဖစ္ဖူးၾကပါတယ္။
အေမရိကန္ သမၼတေဟာင္းေတြ ျဖစ္ၾကတဲ့ Obama, Bill Clinton, George H.W.Just, Gerald Does, James Garfield နဲ႔ Harry Truman တို႔ဟာ ဘယ္သန္ေတြပါ။ တီဗြီကေန ထုတ္လႊင့္တဲ့ စကားစစ္ထိုး ပြဲေတြမွာ ဘယ္သန္ ႏိုင္ငံေရးသမားေတြက ပိုၿပီးပါးနပ္ၿပီး ထက္ျမက္တယ္လို႔ Dutch report မွာ ေဖာ္ျပထား ပါတယ္။ ညာသန္ေတြရဲ႕ ကိုယ္ဟန္ အမူအရာက သာမန္အားျဖင့္ အျပဳသေဘာေဆာင္ၿပီး ဘယ္သန္ေတြရဲ႕ အမူအရာေတြက အပ်က္သေဘာ ေဆာင္ေနလို႔ပါ။
- ဘယ္သန္ေတြက အားကစားမွာလည္း ထူးခြၽန္ၾကပါတယ္။
ဘယ္သန္ေတြက တင္းနစ္၊ဘတ္မင္တံ၊ လက္ေဝွ႔တို႔လို ႏွစ္ေယာက္တည္းၿပိဳင္ရတဲ့ အားကစားေတြမွာ ထူးခြၽန္ၾကပါတယ္။ " ညာသန္ကစားသမားေတြက အၿမဲတမ္း ညာသန္ ၿပိဳင္ဘက္ ကစားသမားေတြနဲ႔ ေလ့က်င့္ရသလို ဘယ္သန္ကစားသမားေတြ ကလည္း ညာသန္ ကစားသမားေတြနဲ႔ပဲ ေလ့က်င့္ရပါတယ္။ ညာသန္ ကစားသမားက ဘယ္သန္ ကစားသမားနဲ႔ ယွဥ္ၿပိဳင္ရတဲ့ အခါ အခက္ေတြ႕ပါတယ္။ ဘယ္သန္ ကစားသမားေတြက်ေတာ့ ညာသန္ ကစားသမားေတြနဲ႔ ေလ့က်င့္လာရတဲ့ အတြက္ ညာသန္ ကစားသမားနဲ႔ ယွဥ္ၿပိဳင္ရတဲ့ အခါ က်င့္သားရၿပီးသားျဖစ္လို႔ အဆင္ေျပတယ္ " လို႔ Rik Smits က ရွင္းျပပါတယ္။
- ဘယ္သန္ေတြက ဖိုက္တာႀကီးေတြလည္း ျဖစ္ၾကပါတယ္။
2005 ခုႏွစ္တုန္းက ျပင္သစ္က စာတမ္းတစ္ခုမွာ ဘယ္သန္ 3 ရာခိုင္ႏႈန္းက ေအးေအးေဆးေဆး ေနတတ္ၾကၿပီး 27 ရာခိုင္ႏႈန္းက တိုက္ရ ခိုက္ရတာကို သေဘာက်တယ္လို႔ ေဖာ္ျပထားပါတယ္။ ဘယ္သန္ေတြရဲ႕ ဝိုက္လက္သီးက အားျပင္းတာေၾကာင့္ တိုက္ခိုက္ရာမွာ ကြၽမ္းက်င္ရျခင္းျဖစ္တယ္လို႔ ပညာရွင္ေတြက သုံးသပ္ပါတယ္ ။
Zombie (LoveMedia)
0 Comments