လူတွေမှာ အောင်မြင်လာတာနဲ့အမျှ တိုက်ခိုက်မှုတွေက ပိုပိုများများလာပါတယ်။ K-Pop idol တွေမှာလည်း တစ်ခါတရံ အခက်အခဲကြီးကြီးမားမားတွေနဲ့ ကြုံတွေ့ရပါတယ်။ အဲဒီလို အခက်အခဲတွေထဲက တစ်ခုကတော့ Hacker တွေပါပဲ။ ၂၀၂၀ ခုနှစ်အတွင်းမှာ hack ခံခဲ့ရတဲ့ K-Pop idol ၆ ယောက် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Gongchan (B1A4)

၂၀၂၀ ခုနှစ်အစပိုင်းတုန်းက B1A4 အဖွဲ့က Gongchanရဲ့ Instagram account hack ခံခဲ့ရပါတယ်။ Hacker က Gongchan ရဲ့ account ကို ရက်ပေါင်းများစွာကြာ ရယူထားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Gongchan ရဲ့ ပုံတွေကို ဖျက်ပစ်ပြီး အမည်မဖော်နိုင်တဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံတွေကို တင်ခဲ့ပါတယ်။

Gongchan က account hack ခံရကြောင်း သတိထားမိတဲ့အခါ ပရိသတ်တွေကို Twitter ကနေ တောင်းပန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ Instagram account ကို ပြန်ရသွားပါတော့တယ်။

၂။ Youngjae (GOT7)

Youngjae ဟာလည်း ၂၀၂၀ ခုနှစ်မှာ hacker တစ်ယောက်ရဲ့ရန်ကို ခံခဲ့ရပါသေးတယ်။ Youngjae ကတော့ hacker ကို နောက်တစ်ကြိမ် ဒီလိုထပ်လုပ်ရင် အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

၃။ Gain (Brown Eyed Girls)

၂၀၂၀ ခုနှစ် မတ်လမှာ Gain က သူမရဲ့ Instagram account လပေါင်းများစွာ hack ခံရကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ဇန်နဝါရီကတည်းက hack ခံခဲ့ရတာဖြစ်ပြီး hacker တွေက တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာပါ။ Gain က သူမရဲ့ account မှာ ပုံအနည်းငယ်သာ တင်ခဲ့ပါတယ်။

၄။ Yuri (Girls' Generation)

ဒီနှစ်အစပိုင်းမှာတော့ Instagram account hack ခံရတာကြောင့် Yuri တစ်ယောက် ဝမ်းနည်းခဲ့ရပါတယ်။ သူမရဲ့ account မှာ အခြားသူတွေကို follow လုပ်ထားတာတွေကို တွေ့ခဲ့ရပါတယ်။ Hacker က SEVENTEEN ရဲ့ fan တစ်ယောက်ဖြစ်ပုံရပါတယ်။ SEVEENTEEN အဖွဲ့က Hoshi ကို follow လုပ်ထားတာတွေ့ရပြီး Hoshi ရဲ့ ပုံတွေ တက်လာပါတယ်။ Yuri ကတော့ စိတ်တွေ အရမ်းမွန်းကြပ် လာတာကြောင့် account ကို မ hack ဖို့ ခပ်တင်းတင်းသတိပေးလိုက်ပါတယ်။

၅။ IU

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ IU ရဲ့ Instagram account hack ခံရကြောင်း သူမရဲ့ SNS မှာ ဖော်ပြခဲ့ပါတယ်။ Hacker က အခြားသူတွေကို follow လုပ်ထားတာကို တွေ့ရတာပါ။ IU ရဲ့ instagram account ကို လူများစွာက hack ဖို့ ကြိုးစားနေတဲ့ message တွေကိုပါ ရရှိခဲ့တာပါ။ သူမရဲ့ account ကို ထပ်ပြီး မ hack ဖို့ IU က ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့ပါတယ်။

၆။ Jennie (Blackpink)

Jennie ရဲ့ နောက်ထပ် Instagram account ဖြစ်တဲ့ lesyeuxdenini hack ခံရကြောင်း မကြာခင်က ပြောပြခဲ့ပါတယ်။ အဲဒီ account ကို ပြန်ရဖို့ လပေါင်းများစွာ အချိန်ယူခဲ့ရတာပါ။ သူမရဲ့ ကိုယ်ရေးကိုယ်တာကို မနှောင့်ယှက်ဖို့အတွက် Jennie က မေတ္တာရပ်ခံ ခဲ့ပါတယ်။

Zombie (Lovemedia)

ref - koreaboo

For Zawgyi

၂၀၂၀ ခုနှစ်အတွင်း အကောင့်ခိုးခံခဲ့ရတဲ့ နာမည်ကြီး K-Pop idol ၆ ယောက်


၁။ Gongchan (B1A4)


၂။ Youngjae (GOT7)


၃။ Gain (Brown Eyed Girls)


၎။ Yuri (Girls' Generation)


၅။ IU


၆။ Jennie (Blackpink)


Zombie (Lovemedia)

ref - koreaboo