လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ အထိ ကျွတ်ပါတယ်။ ဒါက ပုံမှန်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် နေ့စဉ်နေထိုင်မှူပုံစံတွေကြောင့် ဆံပင်က ဒီထက်မက ကျွတ်နိုင်ပါသေးတယ်။

၁။ အစားလျှော့စားခြင်း

© shutterstock.com

သင့်မှာ လုံလောက်တဲ့ ကယ်လိုရီမရှိတဲ့အခါ ခန္ဓါကိုယ်က စွမ်းအင်အားလုံးကို အသည်း၊ ဦးနှောက်နဲ့ ဦးရေပြားဆီ တိုက်ရိုက်ပို့ဆောင်ရပါတယ်။ အစားလျှော့စားခြင်းကြောင့် ဟော်မုန်းကမောက်ကမဖြစ်ပြီး ဆံပင်တွေ ကျွတ်လာပါတယ်။ အဲဒါကြောင့် ဆံပင်ကျန်းမာရေးအတွက် ပရိုတိန်းနဲ့အဆီဓါတ်ကို လုံလုံလောက်လောက် စားပေးသင့်ပါတယ်။

၂။ နေရောင်နှင့် အထိများခြင်း

© depositphotos.com

အပြင်သွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေက ဆံပင်တွေပေါ်ကို ကျရောက်လာပါတယ်။ ပူပြင်းတဲ့ နေရောင်ခြည်ကြောင့် ဆံပင်တွေ ခြောက်သွေ့ပြီး ကြမ်းတမ်းလာပါတယ်။ အဲဒါကြောင့် အပြင်သွားတဲ့အခါတိုင်း ဦးထုပ်၊ ထီးဆောင်းဖို့၊ sunscreen လိမ်းဖို့၊ ဦးရေပြားကို ရေဓါတ်ပြည့်အောင်နေဖို့ လိုအပ်ပါတယ်။

၃။ ဆံပင်ကို တင်းတင်းစည်းခြင်း

© pexels.com, © depositphotos.com, © pixabay.com

ဆံပင်ကို ခပ်တင်းတင်းစည်းတဲ့အခါ ဦးရေပြားတွေ တင်းပြီး ဆံပင်တွေ ပိုကျွတ်ပါတယ်။ မွေးညှင်းပေါက်တွေလည်း အားနည်းလာတတ်ပါတယ်။ အိပ်တဲ့အခါမှာ ဆံပင်ကို စည်းမအိပ်သင့်ပါဘူး။ ဆံပင်စည်းတဲ့အခါမှာလည်း မလျော့မတင်းအနေအထားလောက်ပဲ စည်းသင့်ပါတယ်နော်။

၄။ ခေါင်းကို ကြာကြာနေမှ လျှော်ခြင်း

© depositphotos.com

ဆံပင်မကျွတ်ဖို့ဆိုရင် ပုံမှန်ခေါင်းလျှော်ပေးဖို့လည်း လိုအပ်ပါတယ်။ ဆံပင်မှာ အညစ်အကြေးတွေ စုလာတဲ့အခါ မွေးညှင်းပေါက်တွေမှာ အဆီတွေ ပိတ်နေမှာပါ။ အဲဒီအခါ ဆံပင်လည်း မသန်နိုင်တော့ပါဘူး။ ဆံပင်အနေအထားပေါ်မူတည်ပြီး တစ်ပတ်ကို ၂ခါခန့် ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။

၅။ ဆံပင်ကို ပုံမှန်မညှပ်ခြင်း

© depositphotos.com

ဆံပင်ကို ပုံမှန်ညှပ်ပေးတဲ့အခါ ဆံပင်တွေ ပိုသန်လာပြီး ဆံပင်ပါးတာကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ခြောက်သွေ့ပြီး နှစ်ခွဖြစ်နေတဲ့ဆံပင်တွေ၊ ကြမ်းတမ်းနေတဲ့ဆံပင်တွေကို ညှပ်ချဖို့ မတွေဝေပါနဲ့နော်။ ဆံပင်ပညာရှင်တွေကတော့ ၃လတစ်ခါ ဆံပင်အဖျားတွေညှပ်ဖို့ အကြံပေးပါတယ်။

၆။ ရေနွေးနှင့် ရေချိုးခြင်း

© unsplash.com, © depositphotos.com

ရေနွေးက ဆံပင်တွေကို ရေဓါတ်ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် ဆံပင်ကြွပ်ဆတ်တာ၊ ကျွတ်တာ၊ ကြမ်းတာ၊ နှစ်ခွဖြစ်တာတွေကိုလည်း ကြုံတွေ့လာရစေပါတယ်။ ရေနွေးက ဆံပင်ပေါ်က ဘက်တီးရီးယားတွေကို ပိုပြီးပွားလာစေပါတယ်။

၇။ ခေါင်းကုတ်ခြင်း

© depositphotos.com

ခေါင်းယားလာလို့ ကုတ်တဲ့အခါ ဆံပင်မှိုစွဲတာ၊ ပိုးဝင်တာတွေ ဖြစ်လာပါတယ်။ အဲဒီကနေလည်း ဆံပင်တွေ ကျွတ်လာပါတယ်။ ခေါင်းကုတ်မယ့်အစား ခေါင်းကို နှိပ်နယ်ပေးလို့ရပါတယ်။ ခေါင်းယားတာ ပျောက်ဖို့ selenium၊ zinc နဲ့ မှိုကာကွယ်ပေးတဲ့ပစ္စည်းတွေပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုသာ အသုံးပြုပါ။

၈။ ဆံပင်ပုံသွင်းကိရိယာများကို သုံးခြင်း

© depositphotos.com

ဆံပင်လိပ်စက်၊ လေမှုတ်စက်၊ ညှပ်၊ ကောက်စက်၊ ဖြောင့်စက်တွေကို ခဏခဏ အသုံးပြုတဲ့အခါ ဆံပင်တွေကျွတ်ပြီး ပါးလာပါတယ်။ အဲဒီပစ္စည်းတွေရဲ့ မြင့်မားတဲ့အပူချိန်ကြောင့် ဆံပင်ရဲ့အဆီနဲ့ ပရိုတိန်းတွေ ခမ်းခြောက်သွားပါတယ်။ ဆံပင်မှာလည်း ရေဓါတ်ခမ်းခြောက်တာကြောင့် ဆံပင်တွေ မကြာခဏ ကျိုးလာမှာပါ။

၉။ ဆံပင်ကို ကစားခြင်း

© depositphotos.com

ဆံပင်ကို ဆွဲတာ၊ လိမ်တာ၊ ပွတ်တာ စတာတွေကို အမှတ်မဲ့ လုပ်မိတတ်ကြပါတယ်။ အဲဒီကနေ ဆံပင်တွေ ကျွတ်ပြီး ပါးလာစေပါတယ်။ လက်မှာပါလာတတ်တဲ့ပိုးတွေကလည်း ဆံပင်ဆီရောက်သွားနိုင်ပါတယ်။

၁၀။ ဆံပင်စိုနေချိန်မှာ ခေါင်းဖြီးခြင်း

© depositphotos.com

ဆံပင်ရေစိုနေချိန်မှာ ဆံပင်က အားအနည်းဆုံးပါပဲ။ အချို့က ခေါင်းလျှော်ရင်းနဲ့ ခေါင်းဖြီးတတ်ကြပါတယ်။ အဲဒီကနေ ဆံပင်တွေ ခပ်များများ ကျွတ်သွားပါတော့တယ်။ ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးသင့်သလို ဆံပင်အစိုကိုလည်း ဖြည်းဖြည်းချင်းသာ သုတ်ပေးသင့်ပါတယ်နော်။

Zombie (Lovemedia)

For Zawgyi

သင္ ဒီအခ်က္ေတြေၾကာင့္ ဆံပင္ေတြကြၽတ္ၿပီး ပါးေနရတာပါ

လူတစ္ေယာက္ဟာ တစ္ေန႔ကို ဆံပင္ အပင္ ၅၀ ကေန ၁၀၀ အထိ ကြၽတ္ပါတယ္။ ဒါက ပုံမွန္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ ေန႔စဥ္ေနထိုင္မႉပုံစံေတြေၾကာင့္ ဆံပင္က ဒီထက္မက ကြၽတ္ႏိုင္ပါေသးတယ္။

၁။ အစားေလွ်ာ့စားျခင္း

သင့္မွာ လုံေလာက္တဲ့ ကယ္လိုရီမရွိတဲ့အခါ ခႏၶါကိုယ္က စြမ္းအင္အားလုံးကို အသည္း၊ ဦးေႏွာက္နဲ႔ ဦးေရျပားဆီ တိုက္႐ိုက္ပို႔ေဆာင္ရပါတယ္။ အစားေလွ်ာ့စားျခင္းေၾကာင့္ ေဟာ္မုန္းကေမာက္ကမျဖစ္ၿပီး ဆံပင္ေတြ ကြၽတ္လာပါတယ္။ အဲဒါေၾကာင့္ ဆံပင္က်န္းမာေရးအတြက္ ပ႐ိုတိန္းနဲ႔အဆီဓါတ္ကို လုံလုံေလာက္ေလာက္ စားေပးသင့္ပါတယ္။

၂။ ေနေရာင္ႏွင့္ အထိမ်ားျခင္း

အျပင္သြားတဲ့အခါ ခရမ္းလြန္ေရာင္ျခည္ေတြက ဆံပင္ေတြေပၚကို က်ေရာက္လာပါတယ္။ ပူျပင္းတဲ့ ေနေရာင္ျခည္ေၾကာင့္ ဆံပင္ေတြ ေျခာက္ေသြ႕ၿပီး ၾကမ္းတမ္းလာပါတယ္။ အဲဒါေၾကာင့္ အျပင္သြားတဲ့အခါတိုင္း ဦးထုပ္၊ ထီးေဆာင္းဖို႔၊ sunscreen လိမ္းဖို႔၊ ဦးေရျပားကို ေရဓါတ္ျပည့္ေအာင္ေနဖို႔ လိုအပ္ပါတယ္။

၃။ ဆံပင္ကို တင္းတင္းစည္းျခင္း

ဆံပင္ကို ခပ္တင္းတင္းစည္းတဲ့အခါ ဦးေရျပားေတြ တင္းၿပီး ဆံပင္ေတြ ပိုကြၽတ္ပါတယ္။ ေမြးညႇင္းေပါက္ေတြလည္း အားနည္းလာတတ္ပါတယ္။ အိပ္တဲ့အခါမွာ ဆံပင္ကို စည္းမအိပ္သင့္ပါဘူး။ ဆံပင္စည္းတဲ့အခါမွာလည္း မေလ်ာ့မတင္းအေနအထားေလာက္ပဲ စည္းသင့္ပါတယ္ေနာ္။

၄။ ေခါင္းကို ၾကာၾကာေနမွ ေလွ်ာ္ျခင္း

ဆံပင္မကြၽတ္ဖို႔ဆိုရင္ ပုံမွန္ေခါင္းေလွ်ာ္ေပးဖို႔လည္း လိုအပ္ပါတယ္။ ဆံပင္မွာ အညစ္အေၾကးေတြ စုလာတဲ့အခါ ေမြးညႇင္းေပါက္ေတြမွာ အဆီေတြ ပိတ္ေနမွာပါ။ အဲဒီအခါ ဆံပင္လည္း မသန္ႏိုင္ေတာ့ပါဘူး။ ဆံပင္အေနအထားေပၚမူတည္ၿပီး တစ္ပတ္ကို ၂ခါခန႔္ ေခါင္းေလွ်ာ္ေပးဖို႔ လိုအပ္ပါတယ္။

၅။ ဆံပင္ကို ပုံမွန္မညႇပ္ျခင္း

ဆံပင္ကို ပုံမွန္ညႇပ္ေပးတဲ့အခါ ဆံပင္ေတြ ပိုသန္လာၿပီး ဆံပင္ပါးတာကိုလည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။ ေျခာက္ေသြ႕ၿပီး ႏွစ္ခြျဖစ္ေနတဲ့ဆံပင္ေတြ၊ ၾကမ္းတမ္းေနတဲ့ဆံပင္ေတြကို ညႇပ္ခ်ဖို႔ မေတြေဝပါနဲ႔ေနာ္။ ဆံပင္ပညာရွင္ေတြကေတာ့ ၃လတစ္ခါ ဆံပင္အဖ်ားေတြညႇပ္ဖို႔ အႀကံေပးပါတယ္။

၆။ ေရေႏြးႏွင့္ ေရခ်ိဳးျခင္း

ေရေႏြးက ဆံပင္ေတြကို ေရဓါတ္ဆုံးရႈံးေစပါတယ္။ ဒါ့အျပင္ ဆံပင္ႂကြပ္ဆတ္တာ၊ ကြၽတ္တာ၊ ၾကမ္းတာ၊ ႏွစ္ခြျဖစ္တာေတြကိုလည္း ႀကဳံေတြ႕လာရေစပါတယ္။ ေရေႏြးက ဆံပင္ေပၚက ဘက္တီးရီးယားေတြကို ပိုၿပီးပြားလာေစပါတယ္။

၇။ ေခါင္းကုတ္ျခင္း

ေခါင္းယားလာလို႔ ကုတ္တဲ့အခါ ဆံပင္မႈိစြဲတာ၊ ပိုးဝင္တာေတြ ျဖစ္လာပါတယ္။ အဲဒီကေနလည္း ဆံပင္ေတြ ကြၽတ္လာပါတယ္။ ေခါင္းကုတ္မယ့္အစား ေခါင္းကို ႏွိပ္နယ္ေပးလို႔ရပါတယ္။ ေခါင္းယားတာ ေပ်ာက္ဖို႔ selenium၊ zinc နဲ႔ မႈိကာကြယ္ေပးတဲ့ပစၥည္းေတြပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ကိုသာ အသုံးျပဳပါ။

၈။ ဆံပင္ပုံသြင္းကိရိယာမ်ားကို သုံးျခင္း

ဆံပင္လိပ္စက္၊ ေလမႈတ္စက္၊ ညႇပ္၊ ေကာက္စက္၊ ေျဖာင့္စက္ေတြကို ခဏခဏ အသုံးျပဳတဲ့အခါ ဆံပင္ေတြကြၽတ္ၿပီး ပါးလာပါတယ္။ အဲဒီပစၥည္းေတြရဲ႕ ျမင့္မားတဲ့အပူခ်ိန္ေၾကာင့္ ဆံပင္ရဲ႕အဆီနဲ႔ ပ႐ိုတိန္းေတြ ခမ္းေျခာက္သြားပါတယ္။ ဆံပင္မွာလည္း ေရဓါတ္ခမ္းေျခာက္တာေၾကာင့္ ဆံပင္ေတြ မၾကာခဏ က်ိဳးလာမွာပါ။

၉။ ဆံပင္ကို ကစားျခင္း

ဆံပင္ကို ဆြဲတာ၊ လိမ္တာ၊ ပြတ္တာ စတာေတြကို အမွတ္မဲ့ လုပ္မိတတ္ၾကပါတယ္။ အဲဒီကေန ဆံပင္ေတြ ကြၽတ္ၿပီး ပါးလာေစပါတယ္။ လက္မွာပါလာတတ္တဲ့ပိုးေတြကလည္း ဆံပင္ဆီေရာက္သြားႏိုင္ပါတယ္။

၁၀။ ဆံပင္စိုေနခ်ိန္မွာ ေခါင္းၿဖီးျခင္း

ဆံပင္ေရစိုေနခ်ိန္မွာ ဆံပင္က အားအနည္းဆုံးပါပဲ။ အခ်ိဳ႕က ေခါင္းေလွ်ာ္ရင္းနဲ႔ ေခါင္းၿဖီးတတ္ၾကပါတယ္။ အဲဒီကေန ဆံပင္ေတြ ခပ္မ်ားမ်ား ကြၽတ္သြားပါေတာ့တယ္။ ဆံပင္စိုေနခ်ိန္မွာ ေခါင္းမၿဖီးသင့္သလို ဆံပင္အစိုကိုလည္း ျဖည္းျဖည္းခ်င္းသာ သုတ္ေပးသင့္ပါတယ္ေနာ္။

Zombie (Lovemedia)