သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အမူအကျင့် (၈) ခု

၁။ နှာမချေအောင် ကာကွယ်ခြင်း

© onedio

နှာမချေအောင် ပါးစပ်ပိတ်ခြင်း၊ နှာခေါင်းကိုလက်မနှင့် လက်ညှိုးဖြင့် ဖိညှပ်ခြင်းက ဦးခေါင်းခွံအတွင်း ဖိအားတွေကို သိသိသာသာမြင့်သွားစေပါတယ်။ ဦးနှောက်ကို စီးဆင်းစေတဲ့ သွေးတွေကို နှောင့်ယှက်ပါတယ်။ သွေးကြောတွေနဲ့ အာရုံကြောတစ်သျှူးတွေဟာ ဖိသိပ်ခြင်းခံရပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်ခြင်း၊ သွေးကြောများပျက်ဆီးခြင်း၊ နားနဲ့ပတ်သက်ပြီး ပြဿနာများဖြစ်ပေါ်ခြင်းတို့ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒါကြောင့် နှာချေရင် လူမရှိတဲ့ဘက်ကို ပွင့်ပွင့်လင်းလင်း ချေချလိုက်တာဟာ အကောင်းဆုံးပါပဲ။

၂။ ရေမွှေးများသုံးခြင်း

© Constantin Film

ရေမွှေးမှာ ရနံ့မွှေးပျံ့အောင်လို့သုံးတဲ့ အမွှေးနံ့အတုတွေက ရနံ့ဆီတွေထက် ဈေးပေါပါတယ်။ အဲဒီအမွှေးနံ့အတုတွေက ခေါင်းမူးခြင်း၊ ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒါအပြင် မျက်လုံး၊ လည်ချောင်း၊ အရေပြားကိုလည်း ထိခိုက်စေပါတယ်။ အဲဒါကြောင့် ရေမွှေးအစား ရနံ့ဆီကိုသုံးတာ ပိုကောင်းပါတယ်။

၃။ Smartphone ကို အိပ်ယာမဝင်ခင်သုံးခြင်း

ဖုန်းကထွက်တဲ့ အလင်းရောင်တွေက အိပ်စက်မှုလုပ်ငန်းကို လည်ပတ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်စက်မှု စက်ဝန်းကိုလည်ပတ်စေတဲ့ ဟော်မုန်းနည်းလာတဲ့အခါ စိတ်ဓာတ်ကျရောဂါ၊ ကင်ဆာ၊ အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ကိုယ်ခံအားနည်းခြင်းတွေကို ဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ညမအိပ်ခင် ဖုန်းမသုံးခြင်း၊ စောစောအိပ်ခြင်းက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

၄။ ပလတ်စတစ်ဘူးများထဲတွင် အစားအစာများ ထည့်ထားတတ်ခြင်း

© depositphotos

ပလတ်စတစ်ဘူးတွေကို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ပလတ်စတစ်ဘူးထဲမှာ အစားအစာတွေကို ကြာမြင့်စွာထားရင် ပလတ်စတစ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက အစားအစာတွေထဲကို စိမ့်ဝင်နိုင်ပါတယ်။ ဖန်၊ စတီး၊ ကြွေထည်မြေထည် ပစ္စည်းတွေထဲမှာပဲ အစားအစာတွေကို သိမ်းထားသင့်ပါတယ်။

၅။ အစာစားပြီးတိုင်း သွားတိုက်ခြင်း

© Warner Bros

အစာစားပြီး အနည်းဆုံး မိနစ် ၃၀ အကြာမှ သွားတိုက်ဖို့ သွားဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ အစာစားပြီး တစ်နာရီကြာမှ သွားတိုက်ရင် ပိုကောင်းပါတယ်။ အက်ဆစ်ဓာတ် ပါဝင်တဲ့ အစားအစာနဲ့ အရည်တွေက သွားအပေါ်ကြွေသားတွေ အတွက် အကျိုးရှိပါတယ်။ အစားစားပြီးသွားတိုက်တဲ့အခါ အက်ဆစ်ဓာတ်တွေ ပျောက်သွားပြီး သွားအပေါ်ယံကြွေသွားတွေကို ထိခိုက်စေပါတယ်။

၆။ ဘတ်တီးရီးယားတွေ ကာကွယ်သော ဆပ်ပြာများကို မကြာခဏအသုံးပြုခြင်း

© Mike Mozart

ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘတ်တီးရီးယားတွေက အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာ နေကြပါတယ်။ ဘတ်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ဆပ်ပြာတွေက မကြာခဏသုံးရင် အန္တရာယ်ပေးမယ့် ဘတ်တီးရီးယားတွေက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ ဓားရှရာ၊ ခြစ်ရာတွေရှိမှသာ ဘတ်တီးရီးယားတွေ ကာကွယ်ပေးတဲ့ဆပ်ပြာကို သုံးသင့်ပါတယ်။ ဘတ်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ဆပ်ပြာကို တစ်ပတ်မှာ ၂ ကြိမ်ထက် ပိုပြီး မသုံးသင့်ပါဘူး။

၇။ တင်းကျပ်နေသော ဘောင်းဘီများကိုဝတ်ခြင်း

© Tony Meadows

တင်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေက ဖက်ရှင်ကျပေမယ့် အရေပြားနာဗ့်တွေကို နာကျင်စေပါတယ်။ အာရုံကြောစနစ်ကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ လေဝင်မှုနည်းပြီး ခြေထောက်ယားခြင်း၊ ထုံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၈။ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ သစ်သီးဖျော်ရည်များ သောက်ခြင်း

© HannahWebb

လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ သစ်သီးဖျော်ရည်တွေက ကျန်းမာရေး အတွက် အနည်းငယ်သာ အကျိုးပြုပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါ ရှိသူတွေက စပျစ်သီးဖျော်ရည်ကို မသောက်သင့်ပါဘူး။ ကလေးတွေ ဆိုရင်လည်း အရည်သာ ညှစ်ယူထားတဲ့ သစ်သီးဖျော်ရည်တွေကို နည်းနည်းပဲ သောက်သင့်ပါတယ်။

Zombie (LoveMedia)

For Zawgyi

သင့္က်န္းမာေရးကို ထိခိုက္ေစတဲ့ အမူအက်င့္ (၈) ခု

၁။ ႏွာမေခ်ေအာင္ ကာကြယ္ျခင္း

ႏွာမေခ်ေအာင္ ပါးစပ္ပိတ္ျခင္း၊ ႏွာေခါင္းကိုလက္မႏွင့္ လက္ညႇိဳးျဖင့္ ဖိညႇပ္ျခင္းက ဦးေခါင္းခြံအတြင္း ဖိအားေတြကို သိသိသာသာျမင့္သြားေစပါတယ္။ ဦးေႏွာက္ကို စီးဆင္းေစတဲ့ ေသြးေတြကို ေႏွာင့္ယွက္ပါတယ္။ ေသြးေၾကာေတြနဲ႔ အာ႐ုံေၾကာတစ္သွ်ဴးေတြဟာ ဖိသိပ္ျခင္းခံရပါတယ္။ အဲဒါေၾကာင့္ ေခါင္းကိုက္ျခင္း၊ ေသြးေၾကာမ်ားပ်က္ဆီးျခင္း၊ နားနဲ႔ပတ္သက္ၿပီး ျပႆနာမ်ားျဖစ္ေပၚျခင္းတို႔ ေပၚေပါက္လာႏိုင္ပါတယ္။ အဲဒါေၾကာင့္ ႏွာေခ်ရင္ လူမရွိတဲ့ဘက္ကို ပြင့္ပြင့္လင္းလင္း ေခ်ခ်လိုက္တာဟာ အေကာင္းဆုံးပါပဲ။

၂။ ေရေမႊးမ်ားသုံးျခင္း

ေရေမႊးမွာ ရနံ႔ေမႊးပ်ံ႕ေအာင္လို႔သုံးတဲ့ အေမႊးနံ႔အတုေတြက ရနံ႔ဆီေတြထက္ ေဈးေပါပါတယ္။ အဲဒီအေမႊးနံ႔အတုေတြက ေခါင္းမူးျခင္း၊ ပ်ိဳ႕ခ်င္အန္ခ်င္စိတ္ျဖစ္ျခင္း၊ အိပ္ငိုက္ျခင္းေတြ ျဖစ္ေပၚေစပါတယ္။ အဲဒါအျပင္ မ်က္လုံး၊ လည္ေခ်ာင္း၊ အေရျပားကိုလည္း ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ ေရေမႊးအစား ရနံ႔ဆီကိုသုံးတာ ပိုေကာင္းပါတယ္။

၃။ Smartphone ကို အိပ္ယာမဝင္ခင္သုံးျခင္း

ဖုန္းကထြက္တဲ့ အလင္းေရာင္ေတြက အိပ္စက္မႈလုပ္ငန္းကို လည္ပတ္ေစတဲ့ ေဟာ္မုန္းထုတ္လုပ္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အိပ္စက္မႈ စက္ဝန္းကိုလည္ပတ္ေစတဲ့ ေဟာ္မုန္းနည္းလာတဲ့အခါ စိတ္ဓာတ္က်ေရာဂါ၊ ကင္ဆာ၊ အဝလြန္ေရာဂါ၊ ႏွလုံးေရာဂါ၊ ကိုယ္ခံအားနည္းျခင္းေတြကို ျဖစ္ေပၚလာပါတယ္။ အဲဒါေၾကာင့္ ညမအိပ္ခင္ ဖုန္းမသုံးျခင္း၊ ေစာေစာအိပ္ျခင္းက သင့္က်န္းမာေရးအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈပါပဲ။

၄။ ပလတ္စတစ္ဘူးမ်ားထဲတြင္ အစားအစာမ်ား ထည့္ထားတတ္ျခင္း

ပလတ္စတစ္ဘူးေတြကို ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားပါတယ္။ ပလတ္စတစ္ဘူးထဲမွာ အစားအစာေတြကို ၾကာျမင့္စြာထားရင္ ပလတ္စတစ္မွာပါဝင္တဲ့ ဓာတုပစၥည္းေတြက အစားအစာေတြထဲကို စိမ့္ဝင္ႏိုင္ပါတယ္။ ဖန္၊ စတီး၊ ေႂကြထည္ေျမထည္ ပစၥည္းေတြထဲမွာပဲ အစားအစာေတြကို သိမ္းထားသင့္ပါတယ္။

၅။ အစာစားၿပီးတိုင္း သြားတိုက္ျခင္း

အစာစားၿပီး အနည္းဆုံး မိနစ္ ၃၀ အၾကာမွ သြားတိုက္ဖို႔ သြားဆရာဝန္ေတြက ၫႊန္ၾကားထားပါတယ္။ အစာစားၿပီး တစ္နာရီၾကာမွ သြားတိုက္ရင္ ပိုေကာင္းပါတယ္။ အက္ဆစ္ဓာတ္ ပါဝင္တဲ့ အစားအစာနဲ႔ အရည္ေတြက သြားအေပၚေႂကြသားေတြ အတြက္ အက်ိဳးရွိပါတယ္။ အစားစားၿပီးသြားတိုက္တဲ့အခါ အက္ဆစ္ဓာတ္ေတြ ေပ်ာက္သြားၿပီး သြားအေပၚယံေႂကြသြားေတြကို ထိခိုက္ေစပါတယ္။

၆။ ဘတ္တီးရီးယားေတြ ကာကြယ္ေသာ ဆပ္ျပာမ်ားကို မၾကာခဏအသုံးျပဳျခင္း

ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဘတ္တီးရီးယားေတြက အေရျပားရဲ႕ မ်က္ႏွာျပင္ေပၚမွာ ေနၾကပါတယ္။ ဘတ္တီးရီးယားေတြကို ကာကြယ္ေပးတဲ့ဆပ္ျပာေတြက မၾကာခဏသုံးရင္ အႏၲရာယ္ေပးမယ့္ ဘတ္တီးရီးယားေတြက ခႏၶာကိုယ္ထဲကို ဝင္ေရာက္လာႏိုင္ပါတယ္။ ဓားရွရာ၊ ျခစ္ရာေတြရွိမွသာ ဘတ္တီးရီးယားေတြ ကာကြယ္ေပးတဲ့ဆပ္ျပာကို သုံးသင့္ပါတယ္။ ဘတ္တီးရီးယားေတြကို ကာကြယ္ေပးတဲ့ ဆပ္ျပာကို တစ္ပတ္မွာ ၂ ႀကိမ္ထက္ ပိုၿပီး မသုံးသင့္ပါဘူး။

၇။ တင္းက်ပ္ေနေသာေဘာင္းဘီမ်ားကိုဝတ္ျခင္း

တင္းက်ပ္တဲ့ ဂ်င္းေဘာင္းဘီေတြက ဖက္ရွင္က်ေပမယ့္ အေရျပားနာဗ့္ေတြကို နာက်င္ေစပါတယ္။ အာ႐ုံေၾကာစနစ္ကိုလည္း အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ေလဝင္မႈနည္းၿပီး ေျခေထာက္ယားျခင္း၊ ထုံျခင္းေတြကို ျဖစ္ေပၚေစပါတယ္။

၈။ လတ္လတ္ဆတ္ဆတ္ အရည္ညႇစ္ထားတဲ့ သစ္သီးေဖ်ာ္ရည္မ်ား ေသာက္ျခင္း

လတ္လတ္ဆတ္ဆတ္ အရည္ညႇစ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ေတြက က်န္းမာေရး အတြက္ အနည္းငယ္သာ အက်ိဳးျပဳပါတယ္။ ဥပမာအားျဖင့္ ဆီးခ်ိဳေရာဂါ ရွိသူေတြက စပ်စ္သီးေဖ်ာ္ရည္ကို မေသာက္သင့္ပါဘူး။ ကေလးေတြ ဆိုရင္လည္း အရည္သာ ညႇစ္ယူထားတဲ့ သစ္သီးေဖ်ာ္ရည္ေတြကို နည္းနည္းပဲ ေသာက္သင့္ပါတယ္။

Zombie (LoveMedia)

Post a Comment

0 Comments