အသားမစားတော့တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူး (10) ခု

နေ့စဉ်စားနေတဲ့ အစားအသောက်တွေ ထဲမှာ အသားထည့်မစားတော့ဘူး ဆိုရင် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့် အရာတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။

10. ကိုယ်အလေးချိန် ကျလာပါတယ်။

အသားမစားတဲ့ လူတွေက အသားစားတဲ့ လူတွေထက် ဆယ်ပေါင်လောက် ပိုပြီး ပိန်ပါတယ်။ ပြီးတော့ အသားမစားတော့တဲ့ အခါ ကယ်လိုရီလည်း သိပ်မတက်လာတော့ ပါဘူး။ အသီးအရွက်တွေ ကိုပဲ စားခြင်းက ခန္ဓာကိုယ် အတွက် လုံးဝ ကောင်းမွန်စေပါတယ်။

9. အူတွေထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ များလာပါတယ်။

အသီးအရွက်စားတဲ့ သူရဲ့ အူနဲ့ အသားစားတဲ့ သူရဲ့ အူက မတူပါဘူး။ အသီးအရွက်ပဲ စားတဲ့သူတွေမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ ဘက်တီးရီးယားတွေ ပိုများလာ ပါတယ်။ ဒါပေမယ့် အသီးအရွက်ပဲ စားနေရင် ဗိုက်ထဲမှာ လေပွတာ၊ ဝမ်းဖောဝမ်းရောင် ဖြစ်တာတွေ ကြုံရနိုင်ပါတယ်။

8. အသားအရေ ပိုလှလာပါတယ်။

အသားမစားတဲ့ သူတွေရဲ့ အသားအရေမှာ ဝက်ခြံ၊ ဆားဝက်ခြံတွေ မရှိဘဲ မျက်နှာ ကြည်လင်နေတတ်ပါတယ်။ အသားတွေအစား အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့အခါ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ကင်းသွားပါတယ်။ အဲဒါကြောင့် အသားအရေလည်း လှသွားပါတယ်။

7. စွမ်းအင်တွေ ပိုရှိလာပါတယ်။

အသားမစားဘဲ နေတဲ့ အခါ ရက်အနည်းငယ် အတွင်းမှာပဲ ပင်ပန်းနွမ်းနယ်မှု နည်းလာတာကို တွေ့ရမှာပါ။ ခန္ဓာကိုယ်က အဆီပိုနဲ့ အဆိပ်အတောက်တွေ ကင်းသွားမှာပါ။

6. နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ နည်းလာပါတယ်။

အသားနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါက ဆက်စပ်နေပါတယ်။ အနီရောင် ရှိတဲ့ အသားတွေက နှလုံးကျန်းမာရေး အတွက် မကောင်းပါဘူး။ အသီးအရွက်ပဲ စားတဲ့ သူတွေက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ် ကင်ဆာ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

5. ကိုလက်စထရော level သုံးပုံ တစ်ပုံ လျော့သွား ပါတယ်။

အသား မစားတော့တဲ့ အခါ သွေးထဲမှာရှိတဲ့ ကိုလက်စထရော levelက ကျသွားပါတယ်။ ကိုလက်စထရော ကျသွားတာ ပိုကျန်းမာလာတာပါ။

4. ကောင်းတဲ့ မျိုးရိုး ဗီဇတွေက ပိုပြီး အလုပ် လုပ်လာနိုင် ပါတယ်။

ပတ်ဝန်းကျင် အခြေအနေက မျိုးရိုးဗီဇတွေရဲ့ အလုပ်ကို သက်ရောက်မှု ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကောင်းတဲ့ မျိုးရိုးဗီဇနဲ့ မကောင်းတဲ့မျိုးရိုး ဗီဇ ဆိုပြီး နှစ်မျိုးရှိပါတယ်။ နေထိုင်စားသောက်မှု ပုံစံက ကျန်းမာရေးနဲ့ မညီညွတ်ရင် မကောင်းတဲ့ မျိုးရိုး ဗီဇတွေက အလုပ်မြန်မြန် လုပ်လာမှာပါ။ အဲဒီအခါ နာတာရှည်ရောဂါနဲ့ အဝလွန်ရောဂါ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်တဲ့နေထိုင်စားသောက်မှု ပုံစံ ရှိတဲ့အခါ မျိုးရိုးဗီဇတွေရဲ့ အလုပ်လုပ်ပုံလည်း ပြောင်းလဲသွားပါတယ်။ အသီးအရွက်စားခြင်းက ခန္ဓာကိုယ်ရဲ့ အလုပ်တွေကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

3. အသားမစားရင် အာဟာရချို့တဲ့မှုကို ကြုံရနိုင်ပါတယ်။

အသားမစားတော့တဲ့ အခါ အိုင်အိုဒင်း၊ သံဓာတ်၊ ဗီတာမင်ဒီ၊ B12 ချို့တဲ့သွားမှာပါ။ ပဲအမျိုးမျိုး၊ ပဲနီကလေး၊ မြေပဲ၊ ဂျုံနဲ့ပြုလုပ်တဲ့ အစားအစာများ၊ နှံစားပင်နဲ့ ပြုလုပ်ထားတဲ့ အစားအစာများ၊ အစိမ်းရောင်ရှိတဲ့ အသီးတွေက အသားဓာတ်၊ ဗီတာမင်ဓာတ်တွေ ရစေပြီး အာဟာရ ဖြစ်စေပါတယ်။

2. အရသာခံစားနိုင်မှု နည်းလာနိုင်ပါတယ်။

အရသာခံစားနိုင်ဖို့အတွက် ဇင့်ဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဇင့်ဓာတ်က မုတ်ကောင်နဲ့ အနီရောင်ရှိတဲ့အသားတွေမှာ အများကြီး ပါ ပါတယ်။ ပဲ၊ မြေပဲ၊ ဂျုံ ၊ နို့ထွက်ပစ္စည်းတွေ မှာလည်း ဇင့်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်စားတဲ့ သူတွေက နေ့စဉ်အစားအစာတွေ ထဲမှာ ဇင့်ဓာတ်ပါအောင် စားပေးသင့် ပါတယ်။

1. ကြွက်သားတွေ သန်မာပြီး ပြန်ကောင်းလာဖို့ အချိန်ပိုကြာတတ် ပါတယ်။

အားကစားလုပ်ပြီးတဲ့ အခါ ကြွက်သားတွေ သန်မာဖို့၊ ပြန်ကောင်းလာဖို့ အတွက် ပရိုတိန်းဓာတ်က လိုအပ်ပါတယ်။ အပင်ကနေ ရတဲ့ ပရိုတိန်းက ခန္ဓာကိုယ် လှုပ်ရှားတဲ့အခါမှာ ပိုလိုအပ် ပါတယ်။ အသီးအရွက်တွေကိုပဲ စားတဲ့ အားကစားသမားတွေက ပရိုတိန်းဓာတ်ကို ပိုစားဖို့ လိုကြောင်း အာဟာပညာရှင်တွေက တိုက်တွန်းပါတယ်။

Zombie (LoveMedia)

ref - brightside

For Zawgyi























Zombie (LoveMedia)

ref - brightside

Post a Comment

0 Comments