စိန်ကို မိန်းကလေးတိုင်း ကြိုက်ကြပါတယ်။ စိန်တွေကို သင်နေထိုင်တဲ့ခြံဝန်းထဲကနေ တူးဖော်ရရှိလို့ အိပ်မက်မက်ရင်တောင် ပျော်စရာကြီးပါနော်။ တကယ်သာဆိုရင်တော့ ပြောမပြတတ်အောင် ပျော်မိမှာပါပဲ။ အိန္ဒိယနိုင်ငံက လယ်သမားတစ်ယောက်ကတော့ ရူပီး၂၀၀ နဲ့ငှားထားတဲ့ လယ်ထဲကနေ စိန်တုံးကြီး တူးဖော်ရရှိခဲ့ပါတယ်။

Source: Gabriel Jimenez/ Unsplash

ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက လယ်သမားကြီး Lakan Yadav က လယ်မြေကို တူးရင်းနဲ့ ကျောက်စရစ်ခဲတွေကို တွေ့သွားပါတယ်။ ဒါပေမယ့် ကျောက်စရစ်ခဲလေးတစ်လုံးက အခြားကျောက်စရစ်ခဲတွေနဲ့ မတူဘဲ နေရောင်ထဲမှာ တလက်လက်တောက်ပနေတာကို သတိထားမိသွားပါတယ်။ ကျောက်ခဲလေးမှာကပ်နေတဲ့ မြေကြီးကို ဖယ်လိုက်တဲ့အခါမှာတော့ အံ့သြသွားပါတယ်။ ကျောက်စရစ်ခဲလေးက စိန်တုံးဖြစ်နေလို့ပါ။

လယ်သမားကြီးက စိတ်လှုပ်ရှားပြီးတော့ စိန်တုံးကို စိန်အရောင်းဆိုင်ကို သွားပြရာမှာ စိန်အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ တူးဖော်ရခဲ့တဲ့စိန်တုံးက ၁၄.၉၈ ကာရတ်အလေးချိန်ရှိပြီး ရူပီး ၆၀.၆ သိန်းတန်ကြေးရှိပါတယ်။ လယ်သမားကြီးက စိန်တုံးတူးဖော်မိတာကို ခုထိ မယုံနိုင်သေးပါဘူး။

Source: Hanny Hilary / Unsplash

လယ်သမားကြီးက သူ့ဘဝမှာ ဒီလောက် တန်ဖိုးကြီးတာကို မရဖူးသေးကြောင်း၊ သူကိုယ်တိုင်က ပညာမတတ်ပေမယ့် စိန်တုံးရောင်းရငွေကို ဘဏ်မှာအပ်ထားပြီး ကလေး ၄ ယောက်ကို ပညာတတ်အောင် သင်ပေးမည်ဖြစ်ကြောင်း ပြောပါတယ်။ အရင်ကတော့ Yadav က Panna အမျိုးသားဥယျာဉ်မှာရှိတဲ့ သူ့အိမ်ကနေ နှင်ထုတ်ခံရဖူးပါတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။

စိန်တုံးရောင်းရငွေနဲ့ ၂ ဟတ်တာရှိတဲ့ လယ်မြေ၊ ကျွဲ ၂ ကောင်နဲ့ ဆိုင်ကယ်တစ်စီး ဝယ်လိုက်ပါပြီ။ အစကတော့ Yadav က စက်ဘီးပဲ ဝယ်မလို့ပါ။ သူ့ရဲ့တူတွေက ဆိုင်ကယ်ဝယ်ဖို့ စည်းရုံးခဲ့လို့ ဆိုင်ကယ်ဝယ်ဖြစ်တာပါ။ Yadav ကတော့ လယ်မြေတစ်ဝိုက်ကို တူးပြီး စိန်တွေ ထပ်ရှာဖို့ စီစဉ်နေပါပြီ။

Zombie (Lovemedia)

Ref - World of Buzz

For Zawgyi

ငွားထားတဲ့ လယ္ထဲကေန စိန္တုံးႀကီး ေတြ႕ရွိခဲ့တဲ့ လယ္သမား

စိန္ကို မိန္းကေလးတိုင္း ႀကိဳက္ၾကပါတယ္။ စိန္ေတြကို သင္ေနထိုင္တဲ့ၿခံဝန္းထဲကေန တူးေဖာ္ရရွိလို႔ အိပ္မက္မက္ရင္ေတာင္ ေပ်ာ္စရာႀကီးပါေနာ္။ တကယ္သာဆိုရင္ေတာ့ ေျပာမျပတတ္ေအာင္ ေပ်ာ္မိမွာပါပဲ။ အိႏၵိယႏိုင္ငံက လယ္သမားတစ္ေယာက္ကေတာ့ ႐ူပီး၂၀၀ နဲ႔ငွားထားတဲ့ လယ္ထဲကေန စိန္တုံးႀကီး တူးေဖာ္ရရွိခဲ့ပါတယ္။

ဒီဇင္ဘာလ ၅ ရက္ေန႔တုန္းက လယ္သမားႀကီး Lakan Yadav က လယ္ေျမကို တူးရင္းနဲ႔ ေက်ာက္စရစ္ခဲေတြကို ေတြ႕သြားပါတယ္။ ဒါေပမယ့္ ေက်ာက္စရစ္ခဲေလးတစ္လုံးက အျခားေက်ာက္စရစ္ခဲေတြနဲ႔ မတူဘဲ ေနေရာင္ထဲမွာ တလက္လက္ေတာက္ပေနတာကို သတိထားမိသြားပါတယ္။ ေက်ာက္ခဲေလးမွာကပ္ေနတဲ့ ေျမႀကီးကို ဖယ္လိုက္တဲ့အခါမွာေတာ့ အံ့ၾသသြားပါတယ္။ ေက်ာက္စရစ္ခဲေလးက စိန္တုံးျဖစ္ေနလို႔ပါ။

လယ္သမားႀကီးက စိတ္လႈပ္ရွားၿပီးေတာ့ စိန္တုံးကို စိန္အေရာင္းဆိုင္ကို သြားျပရာမွာ စိန္အစစ္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ တူးေဖာ္ရခဲ့တဲ့စိန္တုံးက ၁၄.၉၈ ကာရတ္အေလးခ်ိန္ရွိၿပီး ႐ူပီး ၆၀.၆ သိန္းတန္ေၾကးရွိပါတယ္။ လယ္သမားႀကီးက စိန္တုံးတူးေဖာ္မိတာကို ခုထိ မယုံႏိုင္ေသးပါဘူး။

လယ္သမားႀကီးက သူ႔ဘဝမွာ ဒီေလာက္ တန္ဖိုးႀကီးတာကို မရဖူးေသးေၾကာင္း၊ သူကိုယ္တိုင္က ပညာမတတ္ေပမယ့္ စိန္တုံးေရာင္းရေငြကို ဘဏ္မွာအပ္ထားၿပီး ကေလး ၄ ေယာက္ကို ပညာတတ္ေအာင္ သင္ေပးမည္ျဖစ္ေၾကာင္း ေျပာပါတယ္။ အရင္ကေတာ့ Yadav က Panna အမ်ိဳးသားဥယ်ာဥ္မွာရွိတဲ့ သူ႔အိမ္ကေန ႏွင္ထုတ္ခံရဖူးပါတယ္။ အခုေတာ့ အဆင္ေျပသြားပါၿပီ။

စိန္တုံးေရာင္းရေငြနဲ႔ ၂ ဟတ္တာရွိတဲ့ လယ္ေျမ၊ ကြၽဲ ၂ ေကာင္နဲ႔ ဆိုင္ကယ္တစ္စီး ဝယ္လိုက္ပါၿပီ။ အစကေတာ့ Yadav က စက္ဘီးပဲ ဝယ္မလို႔ပါ။ သူ႔ရဲ႕တူေတြက ဆိုင္ကယ္ဝယ္ဖို႔ စည္း႐ုံးခဲ့လို႔ ဆိုင္ကယ္ဝယ္ျဖစ္တာပါ။ Yadav ကေတာ့ လယ္ေျမတစ္ဝိုက္ကို တူးၿပီး စိန္ေတြ ထပ္ရွာဖို႔ စီစဥ္ေနပါၿပီ။

Zombie (Lovemedia)

Ref - World of Buzz