ခရစ္စမတ်အချိန်မှာ တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေးကြပါတယ်။ ခေတ်သစ် Robin Hood ကတော့ ခရစ္စမတ်နေ့မှာ လူတွေကို လက်ဆောင်အများကြီး ပေးလိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက အသက် ၆၅ နှစ်အရွယ် David Wayne ဟာ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ်က Academy ဘဏ်ထဲကို ဝင်သွားပါတယ်။

အဲဒီနောက် သူ့မှာ လက်နက်ပါလာကြောင်း ပြောပြီး ဓါးပြတိုက်ပါတယ်။ သူ့ကို ဘဏ်က မရေမတွက်နိုင်လောက်အောင်များတဲ့ ပိုက်ဆံတွေ ပေးလိုက်ပါတယ်။ အဲဒီနောက် David က ဘဏ်အပြင်ဘက်ကို ထွက်သွားပြီး ပိုက်ဆံတွေကို လေထဲမှာ ကြဲချလိုက်ပါတယ် ။ အဲဒီနောက် " Merry Christmas " လို့ အော်လိုက်ပါသေးတယ်။

David Oliver (photo courtesy of CSPD)

"သူက ဘဏ်ကို ဓါးပြတိုက်ပြီး ပိုက်ဆံတွေကို နေရာတိုင်းမှာ ကြဲခဲ့တယ်" လို့ သက်သေတစ်ယောက်ဖြစ်တဲ့ Dion Pascale က ပြောပါတယ်။ သက်သေတွေ အားလုံးရဲ့ စကားတွေကိုတော့ အတည်မပြုရသေးပါဘူး ။

ဒီအဖြစ်အပျက်ကို မြင်လိုက်ရသူတွေကတော့ ပိုက်ဆံတွေကို လိုက်ကောက်ပြီး David ဓါးပြတိုက်လာခဲ့တဲ့ ဘဏ်ကို ပြန်ပေးလိုက်ကြပါတယ်။ David ကတော့ ပိုက်ဆံတွေကို ကြဲပြီးနောက်မှာ ရဲတွေအလာကို ထိုင်စောင့်နေပါတယ်။ တချို့တွေကတော့ David ဟာ Santa လို ကြင်နာတတ်သူလို့ ပြောနေကြပါတယ်။

Zombie (LoveMedia)

Ref - worldofbuzz

For Zawgyi

ဘဏ္ဓါးျပတိုက္ပီး ပိုက္ဆံေတြကို ခရစၥမတ္လက္ေဆာင္အျဖစ္ ႀကဲခဲ့တဲ့သူ

ခရစၥမတ္အခ်ိန္မွာ တစ္ေယာက္ကို တစ္ေယာက္ လက္ေဆာင္ေပးၾကပါတယ္။ ေခတ္သစ္ Robin Hood ကေတာ့ ခရစၥမတ္ေန႔မွာ လူေတြကို လက္ေဆာင္အမ်ားႀကီး ေပးလိုက္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတုန္းက အသက္ ၆၅ ႏွစ္အ႐ြယ္ David Wayne ဟာ အေမရိကန္ႏိုင္ငံ၊ Colorado ျပည္နယ္က Academy ဘဏ္ထဲကို ဝင္သြားပါတယ္။

အဲဒီေနာက္ သူ႔မွာ လက္နက္ပါလာေၾကာင္း ေျပာၿပီး ဓါးျပတိုက္ပါတယ္။ သူ႔ကို ဘဏ္က မေရမတြက္ႏိုင္ေလာက္ေအာင္မ်ားတဲ့ ပိုက္ဆံေတြ ေပးလိုက္ပါတယ္။ အဲဒီေနာက္ David က ဘဏ္အျပင္ဘက္ကို ထြက္သြားၿပီး ပိုက္ဆံေတြကို ေလထဲမွာ ႀကဲခ်လိုက္ပါတယ္ ။ အဲဒီေနာက္ " Merry Christmas " လို႔ ေအာ္လိုက္ပါေသးတယ္။

"သူက ဘဏ္ကို ဓါးျပတိုက္ၿပီး ပိုက္ဆံေတြကို ေနရာတိုင္းမွာ ႀကဲခဲ့တယ္" လို႔ သက္ေသတစ္ေယာက္ျဖစ္တဲ့ Dion Pascale က ေျပာပါတယ္။ သက္ေသေတြ အားလုံးရဲ႕ စကားေတြကိုေတာ့ အတည္မျပဳရေသးပါဘူး ။

ဒီအျဖစ္အပ်က္ကို ျမင္လိုက္ရသူေတြကေတာ့ ပိုက္ဆံေတြကို လိုက္ေကာက္ၿပီး David ဓါးျပတိုက္လာခဲ့တဲ့ ဘဏ္ကို ျပန္ေပးလိုက္ၾကပါတယ္။ David ကေတာ့ ပိုက္ဆံေတြကို ႀကဲၿပီးေနာက္မွာ ရဲေတြအလာကို ထိုင္ေစာင့္ေနပါတယ္။ တခ်ိဳ႕ေတြကေတာ့ David ဟာ Santa လို ၾကင္နာတတ္သူလို႔ ေျပာေနၾကပါတယ္။

Zombie (LoveMedia)

Ref - worldofbuzz