ကိုယ်သဘောကျရတဲ့ လူနဲ့ နီးစပ်ဖို့ ဆိုတာ တစ်ခါတလေတော့လည်း ထင်သလောက် မလွယ်ကူပါဘူး။ အခက်အခဲတွေလည်း အများကြီး တွေ့နိုင်ပါတယ်။ ထိုင်ဝမ်က အမျိုးသား တစ်ယောက်ဟာ သူ့အိမ်နားမှာ ရှိတဲ့ 7-Eleven ဆိုင်က ကောင်မလေး တစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကောင်မလေးနဲ့ရင်းနှီးဖို့ ဘယ်လို ချဉ်းကပ်ရမလဲ ဆိုတာ သူ မသိပါဘူး။ သူက အဲဒီကောင်မလေးကို လွန်ခဲ့တဲ့နှစ်နှစ်က စတွေ့ခဲ့တာပါ။ သူရဲ့ post မှာ "မိန်းကလေး တစ်ယောက်က ကိုယ့်ကို ပြန်ချစ်ဖို့ဆိုတာ ကိုယ့်ရဲ့မဆုတ်မနစ် ကြိုးပမ်း အားထုတ်မှုပေါ်မှာ မူတည်တယ်လို့" တင်ထားပါတယ်။

Source: PSFK

အဲဒီနောက်မှာတော့ သူ့မှ အကြံတစ်ခု ရလာပါတယ်။ သူ့ကို သတိထားမိ သွားအောင် ကောင်မလေးအလုပ်လုပ်တဲ့ ဆိုင်က ကော်ဖီကို နေ့တိုင်း ဝယ်ဖို့ဖြစ်ပါတယ်။ သူချစ်ရတဲ့ မိန်းကလေးက သူ့ကို သတိထားမိ အောင်လို့ တစ်ခုခုထူးခြားအောင် လုပ်ရမယ်လို့လည်း အကြံရပါတယ်။ အဲဒါကြောင့် သူကော်ဖီမှာတိုင်း ကော်ဖီထဲကို သကြားငါးဇွန်း အပြည့် ထည့်ပေးဖို့ ပြောပါတယ်။

Source: Focus Taiwan

မိန်းကလေးက သူမှာတဲ့ ကော်ဖီကို အတော် အံ့အားသင့် သွားပါတယ်။ အဲဒါကြောင့် "ကော်ဖီက အရမ်း ချိုသွားလိမ့်မယ်" လို့ မိန်းကလေးက သူ့ကိုပြောပါတယ်။ "ကော်ဖီက မင်းလောက်တော့ မချိုဘူး" လို့ သူက ပြန်ဖြေလိုက် ပါတယ်။ မိန်းကလေးက သူပြန်ဖြေတာကို ကြားပြီး ရှက်ပြုံးလေး ပြုံးသွားပါတယ်။ သူလည်း ပျော်ပြီး ပြန်သွားပါတယ်။

Source: Eater

အဲဒီနေ့ကစလို့ ကောင်မလေး အလုပ်လုပ်တဲ့ ဆိုင်က ကော်ဖီကို သူ နေ့တိုင်း ဝယ်ပါတော့တယ်။ ဝယ်တိုင်းလည်း သကြားငါးဇွန်း အပြည့် ထည့်ပေးဖို့ မပျက်မကွက် ပြောပါတယ်။ တချို့ကတော့ သူတို့ ဇာတ်လမ်းလေးက ပျော်စရာ ဇာတ်သိမ်းလေး ဖြစ်မယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် နှစ်နှစ်အကြာမှာ သူ့မှာ ဆီးချိုရောဂါ ရသွားကြောင်း သူ့ post မှာ တင်ထားတဲ့ အခါ လူတွေက အတော် အံ့ဩသွားပါတယ်။

သကြားတွေကို နှစ်နဲ့ ချီပြီး အများကြီး စားတဲ့အခါ သွေးထဲမှာ သကြားဓာတ် များပြီး ဆီးချိုရောဂါ ဖြစ်လာမှာပါ။ အချစ်နဲ့ စစ်က တရားတယ် ဆိုပေမယ့် ကျန်းမာရေး ကိုတော့ ဂရုစိုက်သင့်ပါတယ်နော်။

Zombie (LoveMedia)

Ref - World of Buzz

For Zawgyi

ေကာ္ဖီဆိုင္က ေကာင္မေလးကို ခ်စ္မိလို႔ ဆီးခ်ိဳေရာဂါျဖစ္သြားတဲ့ အမ်ိဳးသား

ကိုယ္သေဘာက်ရတဲ့ လူနဲ႔ နီးစပ္ဖို႔ ဆိုတာ တစ္ခါတေလေတာ့လည္း ထင္သေလာက္ မလြယ္ကူပါဘူး။ အခက္အခဲေတြလည္း အမ်ားႀကီး ေတြ႕ႏိုင္ပါတယ္။ ထိုင္ဝမ္က အမ်ိဳးသား တစ္ေယာက္ဟာ သူ႔အိမ္နားမွာ ရွိတဲ့ 7-Eleven ဆိုင္က ေကာင္မေလး တစ္ေယာက္ကို ခ်စ္မိသြားခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီေကာင္မေလးနဲ႔ရင္းႏွီးဖို႔ ဘယ္လို ခ်ဥ္းကပ္ရမလဲ ဆိုတာ သူ မသိပါဘူး။ သူက အဲဒီေကာင္မေလးကို လြန္ခဲ့တဲ့ႏွစ္ႏွစ္က စေတြ႕ခဲ့တာပါ။ သူရဲ႕ postမွာ "မိန္းကေလး တစ္ေယာက္က ကိုယ့္ကို ျပန္ခ်စ္ဖို႔ဆိုတာ ကိုယ့္ရဲ႕မဆုတ္မနစ္ ႀကိဳးပမ္း အားထုတ္မႈေပၚမွာ မူတည္တယ္လို႔" တင္ထားပါတယ္။

အဲဒီေနာက္မွာေတာ့ သူ႔မွ အႀကံတစ္ခု ရလာပါတယ္။ သူ႔ကို သတိထားမိ သြားေအာင္ ေကာင္မေလးအလုပ္လုပ္တဲ့ ဆိုင္က ေကာ္ဖီကို ေန႔တိုင္း ဝယ္ဖို႔ျဖစ္ပါတယ္။ သူခ်စ္ရတဲ့ မိန္းကေလးက သူ႔ကို သတိထားမိ ေအာင္လို႔ တစ္ခုခုထူးျခားေအာင္ လုပ္ရမယ္လို႔လည္း အႀကံရပါတယ္။ အဲဒါေၾကာင့္ သူေကာ္ဖီမွာတိုင္း ေကာ္ဖီထဲကို သၾကားငါးဇြန္း အျပည့္ ထည့္ေပးဖို႔ ေျပာပါတယ္။

မိန္းကေလးက သူမွာတဲ့ ေကာ္ဖီကို အေတာ္ အံ့အားသင့္ သြားပါတယ္။ အဲဒါေၾကာင့္ "ေကာ္ဖီက အရမ္း ခ်ိဳသြားလိမ့္မယ္" လို႔ မိန္းကေလးက သူ႔ကိုေျပာပါတယ္။ "ေကာ္ဖီက မင္းေလာက္ေတာ့ မခ်ိဳဘူး" လို႔ သူက ျပန္ေျဖလိုက္ ပါတယ္။ မိန္းကေလးက သူျပန္ေျဖတာကို ၾကားၿပီး ရွက္ၿပဳံးေလး ၿပဳံးသြားပါတယ္။ သူလည္း ေပ်ာ္ၿပီး ျပန္သြားပါတယ္။

အဲဒီေန႔ကစလို႔ ေကာင္မေလး အလုပ္လုပ္တဲ့ ဆိုင္က ေကာ္ဖီကို သူ ေန႔တိုင္း ဝယ္ပါေတာ့တယ္။ ဝယ္တိုင္းလည္း သၾကားငါးဇြန္း အျပည့္ ထည့္ေပးဖို႔ မပ်က္မကြက္ ေျပာပါတယ္။ တခ်ိဳ႕ကေတာ့ သူတို႔ ဇာတ္လမ္းေလးက ေပ်ာ္စရာ ဇာတ္သိမ္းေလး ျဖစ္မယ္လို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ ႏွစ္ႏွစ္အၾကာမွာ သူ႔မွာ ဆီးခ်ိဳေရာဂါ ရသြားေၾကာင္း သူ႔ post မွာ တင္ထားတဲ့ အခါ လူေတြက အေတာ္ အံ့ဩသြားပါတယ္။

သၾကားေတြကို ႏွစ္နဲ႔ ခ်ီၿပီး အမ်ားႀကီး စားတဲ့အခါ ေသြးထဲမွာ သၾကားဓာတ္ မ်ားၿပီး ဆီးခ်ိဳေရာဂါ ျဖစ္လာမွာပါ။ အခ်စ္နဲ႔ စစ္က တရားတယ္ ဆိုေပမယ့္ က်န္းမာေရး ကိုေတာ့ ဂ႐ုစိုက္သင့္ပါတယ္ေနာ္။

Zombie (LoveMedia)

Ref - World of Buzz