စိတ်ဆိုးဒေါသထွက်ခြင်းက ကိုယ်အလေးချိန် တက်စေနိုင်

ဒေါသဟာ လူသားတွေ အတွက် ကောင်းကျိုးမရှိပါဘူး။ ဒေါသက သုံးမျိုး ရှိပါတယ်။ တစ်မျိုးစီမှာလည်း သူရဲ့လက္ခဏာရပ်တွေ အသီးသီး ရှိပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း၊ ရန်မူခြင်း၊ ငိုခြင်း စတဲ့ လက္ခဏာတွေ ပါပဲ။

ဒေါသထွက်ခြင်းက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသလို ရုပ်ပိုင်းဆိုင်ရာ ကိုလည်း ထိခိုက်စေပါတယ်။ ဒေါသထွက်ရင် ကိုယ်အလေးချိန် တက်လာနိုင်တာကြောင့် ဒေါသကို လျှော့သင့် ပါတယ်နော်။

- ဒေါသထွက်လာရင် အဒရီနလင်ဟော်မုန်း ထွက်ပါတယ်။

ဒေါသက စိတ်ကို ခံစားရစေရုံမက ခန္ဓာကိုယ်ကိုပါ ဆိုးကျိုးပေးပါတယ်။ ဒေါသဖြစ်ရင် ထွက်လာတဲ့ အဒရီနလင်ဟော်မုန်းက စိုးရိမ်မှုတွေကနေ ရန်ဖြစ်ဖို့အထိ အားပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကနေ ကြွက်သားတွေဆီသွားတဲ့ သွေးတွေကြောင့် ဒေါသထွက်နေစဉ်မှာ ဗိုက်ဆာတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်မဆာတဲ့ ခံစားချက်က ခဏတာပါပဲ။

အဒရီနလင်ဟော်မုန်း လျော့သွားတဲ့အခါမှာ ကုန်သွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ဖို့ လိုလာ ပါတယ်။အဲဒီအခါ ဗိုက်ဆာလာပြီး စားပါတော့တယ်။ ဒေါသထွက်နေချိန်မှာ အစားစားတဲ့ အခါ ကျန်းမာရေးနဲ့ သင့်တော်လား ဆိုတာကို မစဉ်းစားနိုင်တော့ဘဲ အလွန်အကျွံလည်း စားမိသွားနိုင် ပါတယ်။ စိတ်ညစ်တိုင်းလည်း မစားသင့်ပါဘူး။ ဗိုက်ပြည့်တယ်လို့ ခံစားလာရရင် ဆက်မစား ပါနဲ့တော့။ အဲဒီအခါ ဒေါသထွက်တိုင်း၊ စိတ်ညစ်တိုင်း ကိုယ်အလေးချိန် မတက်တော့ ပါဘူး။

- စိုးရိမ်မှုတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပါတယ်။

စိုးရိမ်မှုတွေ ဖြစ်တဲ့အခါ ကော်တီဇုန်း ဟော်မုန်း မြင့်လာပါတယ်။ အဲဒီဟော်မုန်းက နှလုံးနဲ့သွေးဖိအားကို အန္တရာယ်ရှိစေတဲ့ အပြင် ကိုယ်အလေးချိန်လည်း တက်စေပါတယ်။ ကော်တီဇုန်းဟော်မုန်းက သွေးတွင်း သကြားဓာတ်တွေကို အဆီအဖြစ် ပြောင်းလဲပစ်ပြီး အစာချေမှု ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။

ရလဒ်အနေနဲ့က ကိုယ်အလေးချိန် တက်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် စိုးရိမ်စရာ၊ စိတ်အနှောင့်အယှက် ဖြစ်လာပြီဆိုရင် လေ့ကျင့်ခန်း ပြုလုပ်သင့် ပါတယ်။ Gym သွားတာတို့၊ လမ်းလျှောက်ထွက် တာတို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြင် စိတ်ဖိစီးမှု ကိုလည်း လျော့နည်းစေပါတယ်။ ပျံ့လွင့်နေတဲ့ စိတ်တွေလည်း စုစည်းလာ နိုင်မှာပါ။

- စိတ်ညစ်တဲ့အခါ အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ အတွက်

စိတ်ဖိစီးမှုက အိပ်စက်မှုကို နှောင့်ယှက်ပါတယ်။ အိပ်ရေးမဝဘူး ဆိုရင် စွမ်းအင်တွေ မရနိုင်ပါဘူး။ ကုန်သွားတဲ့စွမ်းအင်တွေကို အချိုရေ၊ အချိုပါဝင်မှုများတဲ့ အစားအစာတွေနဲ့ ဖြည့်ကြ ပါတယ်။ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းကို အိပ်ရေးမဝခြင်းက အနှောင့်အယှက် ပေးပါတယ်။

အဲဒါကြောင့် ဘဝမှာ ဒေါသကို တတ်နိုင်သလောက် လျှော့ပြီး ပျော်ပျော်ရွှင်ရွှင် နေသင့်ပါတယ်။ စာဖတ်ခြင်း၊ မိတ်ဆွေတွေနဲ့တွေ့ခြင်း၊ ဝါသနာပါတဲ့ အရာတွေကို ပြုလုပ်ခြင်းက စိုးရိမ်မှုတွေကို ပျောက်စေပြီး စိတ်ချမ်းသာစေ မှာပါ။

Zombie (LoveMedia)

ref - Brightside

For Zawgyi

စိတ္ဆိုးေဒါသထြက္ျခင္းက ကိုယ္အေလးခ်ိန္ တက္ေစႏိုင္

ေဒါသဟာ လူသားေတြ အတြက္ ေကာင္းက်ိဳးမရွိပါဘူး။ ေဒါသက သုံးမ်ိဳး ရွိပါတယ္။ တစ္မ်ိဳးစီမွာလည္း သူရဲ႕လကၡဏာရပ္ေတြ အသီးသီး ရွိပါတယ္။ ကိုယ့္ကိုယ္ကို အျပစ္တင္ျခင္း၊ ရန္မူျခင္း၊ ငိုျခင္း စတဲ့ လကၡဏာေတြ ပါပဲ။

ေဒါသထြက္ျခင္းက စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစသလို ႐ုပ္ပိုင္းဆိုင္ရာ ကိုလည္း ထိခိုက္ေစပါတယ္။ ေဒါသထြက္ရင္ ကိုယ္အေလးခ်ိန္ တက္လာႏိုင္တာေၾကာင့္ ေဒါသကို ေလွ်ာ့သင့္ ပါတယ္ေနာ္။

- ေဒါသထြက္လာရင္ အဒရီနလင္ေဟာ္မုန္း ထြက္ပါတယ္။

ေဒါသက စိတ္ကို ခံစားရေစ႐ုံမက ခႏၶာကိုယ္ကိုပါ ဆိုးက်ိဳးေပးပါတယ္။ ေဒါသျဖစ္ရင္ ထြက္လာတဲ့ အဒရီနလင္ေဟာ္မုန္းက စိုးရိမ္မႈေတြကေန ရန္ျဖစ္ဖို႔အထိ အားေပးပါတယ္။ ကိုယ္တြင္းအဂၤါေတြ ကေန ႂကြက္သားေတြဆီသြားတဲ့ ေသြးေတြေၾကာင့္ ေဒါသထြက္ေနစဥ္မွာ ဗိုက္ဆာတယ္လို႔ ခံစားရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဗိုက္မဆာတဲ့ ခံစားခ်က္က ခဏတာပါပဲ။

အဒရီနလင္ေဟာ္မုန္း ေလ်ာ့သြားတဲ့အခါမွာ ကုန္သြားတဲ့ စြမ္းအင္ေတြကို ျပန္ျဖည့္ဖို႔ လိုလာ ပါတယ္။အဲဒီအခါ ဗိုက္ဆာလာၿပီး စားပါေတာ့တယ္။ ေဒါသထြက္ေနခ်ိန္မွာ အစားစားတဲ့ အခါ က်န္းမာေရးနဲ႔ သင့္ေတာ္လား ဆိုတာကို မစဥ္းစားႏိုင္ေတာ့ဘဲ အလြန္အကြၽံလည္း စားမိသြားႏိုင္ ပါတယ္။ စိတ္ညစ္တိုင္းလည္း မစားသင့္ပါဘူး။ ဗိုက္ျပည့္တယ္လို႔ ခံစားလာရရင္ ဆက္မစား ပါနဲ႔ေတာ့။ အဲဒီအခါ ေဒါသထြက္တိုင္း၊ စိတ္ညစ္တိုင္း ကိုယ္အေလးခ်ိန္ မတက္ေတာ့ ပါဘူး။

- စိုးရိမ္မႈေတြေၾကာင့္ စိတ္ဖိစီးမႈေတြ ျဖစ္ပါတယ္။

စိုးရိမ္မႈေတြ ျဖစ္တဲ့အခါ ေကာ္တီဇုန္း ေဟာ္မုန္း ျမင့္လာပါတယ္။ အဲဒီေဟာ္မုန္းက ႏွလုံးနဲ႔ေသြးဖိအားကို အႏၲရာယ္ရွိေစတဲ့ အျပင္ ကိုယ္အေလးခ်ိန္လည္း တက္ေစပါတယ္။ ေကာ္တီဇုန္းေဟာ္မုန္းက ေသြးတြင္း သၾကားဓာတ္ေတြကို အဆီအျဖစ္ ေျပာင္းလဲပစ္ၿပီး အစာေခ်မႈ ကိုလည္း ကေမာက္ကမ ျဖစ္ေစပါတယ္။

ရလဒ္အေနနဲ႔က ကိုယ္အေလးခ်ိန္ တက္ေစၿပီး က်န္းမာေရးကို ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ စိုးရိမ္စရာ၊ စိတ္အေႏွာင့္အယွက္ ျဖစ္လာၿပီဆိုရင္ ေလ့က်င့္ခန္း ျပဳလုပ္သင့္ ပါတယ္။ Gym သြားတာတို႔၊ လမ္းေလွ်ာက္ထြက္ တာတို႔က က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အျပင္ စိတ္ဖိစီးမႈ ကိုလည္း ေလ်ာ့နည္းေစပါတယ္။ ပ်ံ႕လြင့္ေနတဲ့ စိတ္ေတြလည္း စုစည္းလာ ႏိုင္မွာပါ။

- စိတ္ညစ္တဲ့အခါ အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ဖို႔ အတြက္

စိတ္ဖိစီးမႈက အိပ္စက္မႈကို ေႏွာင့္ယွက္ပါတယ္။ အိပ္ေရးမဝဘူး ဆိုရင္ စြမ္းအင္ေတြ မရႏိုင္ပါဘူး။ ကုန္သြားတဲ့စြမ္းအင္ေတြကို အခ်ိဳေရ၊ အခ်ိဳပါဝင္မႈမ်ားတဲ့ အစားအစာေတြနဲ႔ ျဖည့္ၾက ပါတယ္။ အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးတဲ့ ေဟာ္မုန္းကို အိပ္ေရးမဝျခင္းက အေႏွာင့္အယွက္ ေပးပါတယ္။

အဲဒါေၾကာင့္ ဘဝမွာ ေဒါသကို တတ္ႏိုင္သေလာက္ ေလွ်ာ့ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနသင့္ပါတယ္။ စာဖတ္ျခင္း၊ မိတ္ေဆြေတြနဲ႔ေတြ႕ျခင္း၊ ဝါသနာပါတဲ့ အရာေတြကို ျပဳလုပ္ျခင္းက စိုးရိမ္မႈေတြကို ေပ်ာက္ေစၿပီး စိတ္ခ်မ္းသာေစ မွာပါ။

Zombie (LoveMedia)

ref - Brightside

Post a Comment

0 Comments