လက်ထပ်ဖို့ အချိန်ဆွဲလွန်းတဲ့ချစ်သူကို တရားစွဲလိုက်တဲ့ အမျိုးသမီး

ချစ်သူတွေ ဖြစ်လာကြပြီဆိုရင် လက်ထပ်ဖို့အတွက် နှစ်ယောက်အတူတူ ကြိုးစားကြရပါပြီ။ ကြိုးစားနေရင်းနဲ့ အချိန်တွေက ကြာမှန်းမသိ ကြာသွားနိုင်ပါတယ်။ တွဲလာတဲ့နှစ်တွေ ကြာလာတဲ့အခါ မိန်းကလေးဘက်ကလည်း လက်ထပ်ချင်လာပါပြီ။ ကင်ညာနိုင်ငံက အမျိုးသမီးကတော့ သူမရဲ့ချစ်သူနဲ့ ၈ နှစ်ကြာ တွဲခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ချစ်သူကို လက်ထပ်ဖို့ အချိန်တွေ အရမ်းဆွဲတယ်ဆိုပြီး တရားစွဲလိုက်ပါတော့တယ်။ ကင်ညာနိုင်ငံက အသက်၂၆ နှစ်အရွယ်အမျိုးသမီး Gertrude Ngoma ဟာ သူမရဲ့ချစ်သူ အသက် ၂၈ နှစ်အရွယ် Herbert Salaliki ကို လက်ထပ်ဖို့ ကတိဖောက်ဖျက်မှုနဲ့ တရားစွဲလိုက်ပါတယ်။ Herbert က သူမကို လက်ထပ်မယ်ဆိုပြီး ကတိပေးခဲ့တာကြောင့် စောင့်နေခဲ့ခြင်းဖြစ်ကြောင်း Gertrude က Zambian တရားရုံးကို ပြောပါတယ်။

Source: Unsplash

သူတို့စုံတွဲမှာ ကလေးတစ်ယောက် ရှိပေမယ့် Gertrudeက မိဘတွေနဲ့အတူ နေပါတယ်။ Herbert ကတော့ တစ်ယောက်တည်းပဲ နေပါတယ်။ Salaliki က သတို့သမီးဘက်က တင်တောင်းတဲ့ ပစ္စည်းဥစ္စာတွေကို ယူပြီးဖြစ်ပေမယ့်လည်း သတို့သမီးကို ခုထိ လက်မထပ်ရသေးပါဘူး။ Herbert က အခြားအမျိုးသမီးတစ်ယောက်နဲ့ တွဲဖို့ကြိုးစားနေတာကြောင့် Gertrude ကလည်း သံသယတွေ တိုးသထက် တိုးတိုးလာပါတယ်။

" သူက လက်ထပ်ဖို့ ဘယ်တုန်းကမှ စိတိမပါခဲ့ဘူး။ အဲဒါကြောင့် သူ့ကို တရားစွဲပြီး သူ့အနာဂါတ်ကို ပြသချင်တာ" လို့ Gertrude က ပြောပါတယ်။ Herbert ကလည်း လောလောဆယ်မှာ ငွေကြေး အဆင်မပြေတာကြောင့် လက်ထပ်ဖို့ အဆင်မပြေသေးကြောင်း ပြန်လည်ချေပပါတယ်။ သူတို့နှစ်ယောက်တွဲတုန်းကလည်း Gertrude က ဆွဲဆောင်မှုမရှိခဲ့ဘူးလို့ Herbert က ပြောပါသေးတယ်။

Source: iStock

တရားသူကြီးကတော့ သူတို့နှစ်ယောက်အတွက် ပြန်လည်စေ့စပ်ညှိနှိုင်းတာက အကောင်းဆုံးလို့ ပြောကြားခဲ့ပါတယ်။ သတို့သမီးဘက်က ခန်းဝင်ပစ္စည်းတွေ ပေးပြီးပေမယ့်လည်း အခုထိ လက်ထပ်ဖို့ကို ရွှေ့ဆိုင်းနေတုန်းပါပဲ။

Zombie (Lovemedia)

For Zawgyi

လက္ထပ္ဖို႔ အခ်ိန္ဆြဲလြန္းတဲ့ခ်စ္သူကို တရားစြဲလိုက္တဲ့ အမ်ိဳးသမီး

ခ်စ္သူေတြ ျဖစ္လာၾကၿပီဆိုရင္ လက္ထပ္ဖို႔အတြက္ ႏွစ္ေယာက္အတူတူ ႀကိဳးစားၾကရပါၿပီ။ ႀကိဳးစားေနရင္းနဲ႔ အခ်ိန္ေတြက ၾကာမွန္းမသိ ၾကာသြားႏိုင္ပါတယ္။ တြဲလာတဲ့ႏွစ္ေတြ ၾကာလာတဲ့အခါ မိန္းကေလးဘက္ကလည္း လက္ထပ္ခ်င္လာပါၿပီ။ ကင္ညာႏိုင္ငံက အမ်ိဳးသမီးကေတာ့ သူမရဲ႕ခ်စ္သူနဲ႔ ၈ ႏွစ္ၾကာ တြဲခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ သူမရဲ႕ခ်စ္သူကို လက္ထပ္ဖို႔ အခ်ိန္ေတြ အရမ္းဆြဲတယ္ဆိုၿပီး တရားစြဲလိုက္ပါေတာ့တယ္။ ကင္ညာႏိုင္ငံက အသက္၂၆ ႏွစ္အ႐ြယ္အမ်ိဳးသမီး Gertrude Ngoma ဟာ သူမရဲ႕ခ်စ္သူ အသက္ ၂၈ ႏွစ္အ႐ြယ္ Herbert Salaliki ကို လက္ထပ္ဖို႔ ကတိေဖာက္ဖ်က္မႈနဲ႔ တရားစြဲလိုက္ပါတယ္။ Herbert က သူမကို လက္ထပ္မယ္ဆိုၿပီး ကတိေပးခဲ့တာေၾကာင့္ ေစာင့္ေနခဲ့ျခင္းျဖစ္ေၾကာင္း Gertrude က Zambian တရား႐ုံးကို ေျပာပါတယ္။

သူတို႔စုံတြဲမွာ ကေလးတစ္ေယာက္ ရွိေပမယ့္ Gertrudeက မိဘေတြနဲ႔အတူ ေနပါတယ္။ Herbert ကေတာ့ တစ္ေယာက္တည္းပဲ ေနပါတယ္။ Salaliki က သတို႔သမီးဘက္က တင္ေတာင္းတဲ့ ပစၥည္းဥစၥာေတြကို ယူၿပီးျဖစ္ေပမယ့္လည္း သတို႔သမီးကို ခုထိ လက္မထပ္ရေသးပါဘူး။ Herbert က အျခားအမ်ိဳးသမီးတစ္ေယာက္နဲ႔ တြဲဖို႔ႀကိဳးစားေနတာေၾကာင့္ Gertrude ကလည္း သံသယေတြ တိုးသထက္ တိုးတိုးလာပါတယ္။

" သူက လက္ထပ္ဖို႔ ဘယ္တုန္းကမွ စိတိမပါခဲ့ဘူး။ အဲဒါေၾကာင့္ သူ႔ကို တရားစြဲၿပီး သူ႔အနာဂါတ္ကို ျပသခ်င္တာ" လို႔ Gertrude က ေျပာပါတယ္။ Herbert ကလည္း ေလာေလာဆယ္မွာ ေငြေၾကး အဆင္မေျပတာေၾကာင့္ လက္ထပ္ဖို႔ အဆင္မေျပေသးေၾကာင္း ျပန္လည္ေခ်ပပါတယ္။ သူတို႔ႏွစ္ေယာက္တြဲတုန္းကလည္း Gertrude က ဆြဲေဆာင္မႈမရွိခဲ့ဘူးလို႔ Herbert က ေျပာပါေသးတယ္။

တရားသူႀကီးကေတာ့ သူတို႔ႏွစ္ေယာက္အတြက္ ျပန္လည္ေစ့စပ္ညႇိႏႈိင္းတာက အေကာင္းဆုံးလို႔ ေျပာၾကားခဲ့ပါတယ္။ သတို႔သမီးဘက္က ခန္းဝင္ပစၥည္းေတြ ေပးၿပီးေပမယ့္လည္း အခုထိ လက္ထပ္ဖို႔ကို ေ႐ႊ႕ဆိုင္းေနတုန္းပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments