တရုပ်အမျိုးသမီးတွေရဲ့ နုပျိုနေရတဲ့ လျှို့ဝှက်ချက် ၁၀ ခု

တရုတ်အမျိုးသမီးတွေဟာ သူတို့ရဲ့အလှအပနဲ့ နုပျိုတဲ့သွင်ပြင်ကြောင့် ထင်ရှားပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အသက်ကို သူ့ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး မှန်းဆလို့ မလွယ်ကူပါဘူး။ တရုတ်အမျိုးသမီးတွေက ခန္ဓာကိုယ်အပြင်ပိုင်း အလှအပသာမက ခန္ဓာ ကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါဂရုစိုက်ကြပါတယ်။

သူတို့ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့အကြောင်းရင်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်နော်။ ပုံထဲက အမျိုးသမီးတွေက တကယ်ကို ကျက်သရေရှိလှပါတယ်။ တစ်ယောက်က 1955 ခုနှစ်မှာ မွေးဖွားခဲ့တဲ့တရုတ်မင်းသမီး Liu Xiaoaing ဖြစ်ပါတယ်။ နောက်တစ်ယောက် ကတော့ Instagram blogger Liu Xiaoqing ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကို အားလုံးက အသက် ၂၀ ကျော်လေးတွေလို့ပဲ ထင်ကြပါတယ်။

၁။ ရေများများသောက်ခြင်း

© pexels

ရေဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ တရုတ်အမျိုးသမီးတွေက ရေများများ သောက်ကြပါတယ်။ အသက်ရှင်ဖို့အတွက် အလိုအပ်ဆုံး အရာကဘာလဲ လို့မေးရင် သူတို့အများစုက ရေလို့ဖြေကြပါတယ်။ တရုတ်နိုင်ငံက လူအများရှိတဲ့ နေရာမှာတွေမှာ Water Cooler တွေ ရှိကြပါတယ်။

၂။ နေရောင်အနည်းငယ်ခံခြင်း

© pexels

အသားညိုတာက ဆွဲဆောင်မှုရှိပါတယ်။ ရှေးတုန်းကတရုတ်တွေက အသားဖြူခြင်းက အထက်တန်းလွှာတွေရဲ့ ဂုဏ်တစ်ရပ်လို့ သတ်မှတ်ကြပါတယ်။ ယနေ့ တရုတ်အမျိုးသမီးတွေက အသက်အရွယ်အိုမင်းလာတာကို ကာကွယ်ဖို့အတွက် နေရောင်ကာကွယ်ခရင်မ် လိမ်းပြီး နေပူစာလှုံကြပါတယ်။

၃။ အခြားဖျော်ရည်များအစား လက်ဖက်ရည်စိမ်းသောက်ခြင်း

© pixabay

တရုတ်အမျိုးသမီးတွေက လက်ဖက်ရည်စိမ်းကို အများကြီးသောက်ကြပါတယ်။ လက်ဖက်ရည်စိမ်း၊ စံပယ်ပန်းရေနွေးကြမ်း၊ GOJI အနီရောင်ရေနွေးကြမ်း စတဲ့ ရေနွေးတွေကို သောက်ပါတယ်။

၄။ တစ်နေ့တာအတွက် အချိန်ဇယားဆွဲထားခြင်း

© pexels

တရုတ်နိုင်ငံမှာ တစ်နေ့တာအတွက် အချိန်ဇယားက အရေးကြီးပါတယ်။ တရုတ်အမျိုးသမီးတွေဟာ စားချိန်နဲ့ အိပ်ချိန်ကို ဂရုစိုက်ပါတယ်။ အလုပ်ခွင်မှာလည်း နေ့လယ်ဘက် တစ်ရေးလောက် အိပ်ပါတယ်။ ကျောင်းသူတွေကလည်း နေ့လယ်မှာ တစ်ရေးလောက်အိပ်ဖို့ စာကြည့်တိုက်ကို သွားပါတယ်။

၅။ ကယ်လိုရီမြင့်မားသော အချိုပွဲများကို ရှောင်ခြင်း

© pexels

တရုတ်အစားအစာတွေက အနောက်တိုင်း အစားအစာတွေနဲ့ မတူပါဘူး။ တရုတ်အချိုပွဲတွေမှာ သကြားပါတာ ရှားပါတယ်။ ပြီးတော့ တရုတ်လူမျိူးတွေက အချိုပွဲတွေကိုလည်း သိပ်မစားပါဘူး။

၆။ ကိုယ်အလေးချိန်လျှော့ရာတွင် ပင်လယ်ရေညှိကိုစားခြင်း

© pexels

ပင်လယ်ရေညှိက ပိုနေတဲ့အားတွေကို စုပ်ယူပေးပါတယ်။ ပင်လယ်ရေညှိမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာဖြစ်လို့ ကိုယ်အလေးချိန် ကျစေပါတယ်။ ကလိုရိုဖီလ်းတွေနဲ့ ဗီတာမင်တွေလည်း ပါဝင်တာကြောင့် အသားအရေကိုလှပစေပါတယ်။ ပင်လယ်ရေညှိမှာပါတဲ့ ပရိုတိန်းဓာတ်က အသက်အရွယ် အိုမင်းလာမှုကို နှေးစေပါတယ်။

၇။ စိတ်ငြိမ်ငြိမ်ထားခြင်း

© pixabay

စိတ်ခံစားမှုတွေကို မျက်နှာမှာထုတ်မပြတာကလည်း တရုတ်အမျိုးသမီးတွေ နုပျိုရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ အဲဒီအခါမျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်တော့ဘဲ စိတ်ကျန်းမာရေးကိုလည်း ကောင်းလာစေပါတယ်။

၈။ မိတ်ကပ်အမျိုးအစား တစ်မျိုးတည်းကိုသာသုံးခြင်း

© pixabay

တရုတ်သမီးတွေက သဘာဝ အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ အသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေကိုသာ အမြဲသုံးပါတယ်။ သဘာဝဆီ၊ ပုလဲမှုန့်၊ ဂျင်ဆင်း၊ သဘာဝသစ်ဥ၊သစ်ဖု၊ ပင်လယ်ရေညှိနဲ့ပြုလုပ်ထားတဲ့ အလှအပပစ္စည်းတွေကိုပဲ ရွေးချယ်ပါတယ်။ အဲဒါကြောင့် အသားအရေမှာ ဘေးအန္တရာယ်မဖြစ်စေဘဲ ချောမွေ့လှပနေတာပါ။

၉။ ခြေထောက်ကို နှိပ်နယ်ပေးခြင်း

© depositphotos

တရုတ်အမျိူးသမီးတွေက San Yin Jao ဆိုတဲ့ အမှတ်လေးကို နှိပ်နယ်ပေးပါတယ်။ အဲ့တာလေးဟာ ခြေကျင်းဝတ်နဲ့ လက်လေးလုံးအကွာမှာ ရှိပါတယ်။

၁၀။ ကျောက်စိမ်းလှိမ့်တုံးနဲ့ မျက်နှာကိုနှိပ်နယ်ပေးခြင်း

© pixabay

ကျောက်စိမ်းလှိမ့်တုံးက မျက်နှာအပေါ်က သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။

Zombie (LoveMedia)

For Zawgyi

တ႐ုပ္အမ်ိဳးသမီးေတြရဲ႕ ႏုပ်ိဳေနရတဲ့ လွ်ိဳ႕ဝွက္ခ်က္ ၁၀ ခု

တ႐ုတ္အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕အလွအပနဲ႔ ႏုပ်ိဳတဲ့သြင္ျပင္ေၾကာင့္ ထင္ရွားပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသက္ကို သူ႔ရဲ႕႐ုပ္ရည္သြင္ျပင္ကိုၾကည့္ၿပီး မွန္းဆလို႔ မလြယ္ကူပါဘူး။ တ႐ုတ္အမ်ိဳးသမီးေတြက ခႏၶာကိုယ္အျပင္ပိုင္း အလွအပသာမက ခႏၶာ ကိုယ္တစ္ခုလုံးရဲ႕ က်န္းမာေရးကိုပါဂ႐ုစိုက္ၾကပါတယ္။

သူတို႔ရွိရင္းစြဲအသက္ထက္ ႏုပ်ိဳေနရတဲ့အေၾကာင္းရင္း လွ်ိဳ႕ဝွက္ခ်က္ေလးေတြ ရွိပါတယ္ေနာ္။ ပုံထဲက အမ်ိဳးသမီးေတြက တကယ္ကို က်က္သေရရွိလွပါတယ္။ တစ္ေယာက္က 1955 ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့တ႐ုတ္မင္းသမီး Liu Xiaoaing ျဖစ္ပါတယ္။ ေနာက္တစ္ေယာက္ ကေတာ့ Instagram blogger Liu Xiaoqing ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးကို အားလုံးက အသက္ ၂၀ ေက်ာ္ေလးေတြလို႔ပဲ ထင္ၾကပါတယ္။

၁။ ေရမ်ားမ်ားေသာက္ျခင္း

ေရဓာတ္က ခႏၶာကိုယ္တစ္ခုလုံးအတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။ တ႐ုတ္အမ်ိဳးသမီးေတြက ေရမ်ားမ်ား ေသာက္ၾကပါတယ္။ အသက္ရွင္ဖို႔အတြက္ အလိုအပ္ဆုံး အရာကဘာလဲ လို႔ေမးရင္ သူတို႔အမ်ားစုက ေရလို႔ေျဖၾကပါတယ္။ တ႐ုတ္ႏိုင္ငံက လူအမ်ားရွိတဲ့ ေနရာမွာေတြမွာ Water Cooler ေတြ ရွိၾကပါတယ္။

၂။ ေနေရာင္အနည္းငယ္ခံျခင္း

အသားညိဳတာက ဆြဲေဆာင္မႈရွိပါတယ္။ ေရွးတုန္းကတ႐ုတ္ေတြက အသားျဖဴျခင္းက အထက္တန္းလႊာေတြရဲ႕ ဂုဏ္တစ္ရပ္လို႔ သတ္မွတ္ၾကပါတယ္။ ယေန႔ တ႐ုတ္အမ်ိဳးသမီးေတြက အသက္အ႐ြယ္အိုမင္းလာတာကို ကာကြယ္ဖို႔အတြက္ ေနေရာင္ကာကြယ္ခရင္မ္ လိမ္းၿပီး ေနပူစာလႈံၾကပါတယ္။

၃။ အျခားေဖ်ာ္ရည္မ်ားအစား လက္ဖက္ရည္စိမ္းေသာက္ျခင္း

တ႐ုတ္အမ်ိဳးသမီးေတြက လက္ဖက္ရည္စိမ္းကို အမ်ားႀကီးေသာက္ၾကပါတယ္။ လက္ဖက္ရည္စိမ္း၊ စံပယ္ပန္းေရေႏြးၾကမ္း၊ GOJI အနီေရာင္ေရေႏြးၾကမ္း စတဲ့ ေရေႏြးေတြကို ေသာက္ပါတယ္။

၄။ တစ္ေန႔တာအတြက္ အခ်ိန္ဇယားဆြဲထားျခင္း

တ႐ုတ္ႏိုင္ငံမွာ တစ္ေန႔တာအတြက္ အခ်ိန္ဇယားက အေရးႀကီးပါတယ္။ တ႐ုတ္အမ်ိဳးသမီးေတြဟာ စားခ်ိန္နဲ႔ အိပ္ခ်ိန္ကို ဂ႐ုစိုက္ပါတယ္။ အလုပ္ခြင္မွာလည္း ေန႔လယ္ဘက္ တစ္ေရးေလာက္ အိပ္ပါတယ္။ ေက်ာင္းသူေတြကလည္း ေန႔လယ္မွာ တစ္ေရးေလာက္အိပ္ဖို႔ စာၾကည့္တိုက္ကို သြားပါတယ္။

၅။ ကယ္လိုရီျမင့္မားေသာ အခ်ိဳပြဲမ်ားကို ေရွာင္ျခင္း

တ႐ုတ္အစားအစာေတြက အေနာက္တိုင္း အစားအစာေတြနဲ႔ မတူပါဘူး။ တ႐ုတ္အခ်ိဳပြဲေတြမွာ သၾကားပါတာ ရွားပါတယ္။ ၿပီးေတာ့ တ႐ုတ္လူမ်ိဴးေတြက အခ်ိဳပြဲေတြကိုလည္း သိပ္မစားပါဘူး။

၆။ ကိုယ္အေလးခ်ိန္ေလွ်ာ့ရာတြင္ ပင္လယ္ေရညႇိကိုစားျခင္း

ပင္လယ္ေရညႇိက ပိုေနတဲ့အားေတြကို စုပ္ယူေပးပါတယ္။ ပင္လယ္ေရညႇိမွာ အမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္တာျဖစ္လို႔ ကိုယ္အေလးခ်ိန္ က်ေစပါတယ္။ ကလို႐ိုဖီလ္းေတြနဲ႔ ဗီတာမင္ေတြလည္း ပါဝင္တာေၾကာင့္ အသားအေရကိုလွပေစပါတယ္။ ပင္လယ္ေရညႇိမွာပါတဲ့ ပ႐ိုတိန္းဓာတ္က အသက္အ႐ြယ္ အိုမင္းလာမႈကို ေႏွးေစပါတယ္။

၇။ စိတ္ၿငိမ္ၿငိမ္ထားျခင္း

စိတ္ခံစားမႈေတြကို မ်က္ႏွာမွာထုတ္မျပတာကလည္း တ႐ုတ္အမ်ိဳးသမီးေတြ ႏုပ်ိဳရတဲ့အေၾကာင္းရင္းျဖစ္ပါတယ္။ အဲဒီအခါမ်က္ႏွာမွာ အေရးအေၾကာင္းေတြ မျဖစ္ေတာ့ဘဲ စိတ္က်န္းမာေရးကိုလည္း ေကာင္းလာေစပါတယ္။

၈။ မိတ္ကပ္အမ်ိဳးအစားတစ္မ်ိဳးတည္းကိုသာသုံးျခင္း

တ႐ုတ္သမီးေတြက သဘာဝ အသီးအႏွံေတြနဲ႔ ျပဳလုပ္ထားတဲ့ အသားအေရ ထိန္းသိမ္းေရးပစၥည္းေတြကိုသာ အၿမဲသုံးပါတယ္။ သဘာဝဆီ၊ ပုလဲမႈန႔္၊ ဂ်င္ဆင္း၊ သဘာဝသစ္ဥ၊သစ္ဖု၊ ပင္လယ္ေရညႇိနဲ႔ျပဳလုပ္ထားတဲ့ အလွအပပစၥည္းေတြကိုပဲ ေ႐ြးခ်ယ္ပါတယ္။ အဲဒါေၾကာင့္ အသားအေရမွာ ေဘးအႏၲရာယ္မျဖစ္ေစဘဲ ေခ်ာေမြ႕လွပေနတာပါ။

၉။ ေျခေထာက္ကို ႏွိပ္နယ္ေပးျခင္း

တ႐ုတ္အမ်ိဴးသမီးေတြက San Yin Jao ဆိုတဲ့ အမွတ္ေလးကို ႏွိပ္နယ္ေပးပါတယ္။ အဲ့တာေလးဟာ ေျခက်င္းဝတ္နဲ႔ လက္ေလးလုံးအကြာမွာ ရွိပါတယ္။

၁၀။ ေက်ာက္စိမ္းလွိမ့္တုံးနဲ႔ မ်က္ႏွာကိုႏွိပ္နယ္ေပးျခင္း

ေက်ာက္စိမ္းလွိမ့္တုံးက မ်က္ႏွာအေပၚက ေသြးလည္ပတ္မႈကို တိုးတက္ေစပါတယ္။

Zombie (LoveMedia)

Post a Comment

0 Comments