ဖုန်းထဲကို ရေဝင်ရင် ဘာ့ကြောင့် ဆန်ပုံးထဲ မထည့်သင့်တာလဲ

ဖုန်းကိုရေဝင်တဲ့အခါ ရေခြောက်သွားဖို့ နည်းလမ်းတွေအထဲက လူသိများတဲ့ နည်းလမ်းကတော့ ဆန်ပုံးထဲ ဖုန်းထည့်ထားတဲ့ နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက ထင်သလောက် အကျိုးမရှိပါဘူး။ ဖုန်းကို ပိုပြီးတောင် ပျက်စီးစေပါတယ်။

© Mr_moncla / Reddit

ဆန်က ဖုန်းထဲက ရေတွေကို လျင်လျင်မြန်မြန် မစုပ်ယူနိုင်ပါဘူး။ ဆန်ထဲက အမှုန်တွေက ဖုန်းထဲကို ဝင်ပြီး ဖုန်းကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ဖုန်းရေဝင်တဲ့အခါ မီးဖိုထဲက စားပွဲပေါ်မှာ အခြောက်ခံတာလည်း အသုံးဝင်တဲ့ နည်းလမ်းပါပဲ။ ဆန်ပုံးထဲ ထည့်မယ့်အစား လေနဲ့သာ အခြောက်ခံပါ။

© Shutterstock.com, © Pexels.com

ရေဝင်နေတဲ့ဖုန်းကို ခြောက်သွေ့စေမယ့် နည်းလမ်းများ

- ဖုန်းကို ရေဝင်တာနဲ့ ချက်ချင်း power ပိတ်လိုက်ပါ။

© Depositphotos.com

ဖုန်းထဲကို ရေဝင်ဝင်ချင်း power ပိတ်လိုက်ရင် လျှပ်စီးပတ်လမ်းတွေ ပျက်စီးတာကို ရှောင်ရှားနိုင်သွားပါပြီ။ လျှပ်စီးပတ်လမ်းတွေ ရေဝင်သွားရင် မကောင်းပါဘူး။ ရေဝင်ဝင်ချင်း ဖုန်းကို မြန်မြန်ပိတ်နိုင်လေ လျှပ်စီးပတ်လမ်းတွေ ပျက်စီးဖို့ အခွင့်အရေးနည်းလေပါပဲ။

- ဖုန်းကို ခြောက်သွေ့တဲ့အဝတ်စနဲ့ သုတ်ပါ။

© Depositphotos.com

ဖုန်းကို power ပိတ်ပြီးတဲ့အခါ ခြောက်သွေ့တဲ့အဝတ်စနဲ့ ဖုန်းကို သုတ်ပါ။ ဖုန်းကို အဝတ်စနဲ့ သုတ်တဲ့အခါ ညင်ညင်သာသာ သုတ်ဖို့တော့ လိုအပ်ပါတယ်။

- Sim card နဲ့ memory card ကို ထုတ်ပါ။

© Shutterstock.com, © Pexels.com

ဖုန်းရေစိုတဲ့အခါ ဖုန်းမှာရှိတဲ့ ထုတ်လို့ရတဲ့ အရာမှန်သမျှကို ထုတ်လိုက်ဖို့လည်း လိုအပ်ပါတယ်။ Model နိမ့်တဲ့ဖုန်းတွေဆိုရင် sim card အိမ်နဲ့ ဖုန်းဓါတ်ခဲကိုပါ ထုတ်သင့်ပါတယ်။

- ဖုန်းအားသွင်းတဲ့အပေါက်ထဲကို ဘယ်အရာမှ မထည့်ပါနဲ့။

© Unsplash.com

ဖုန်းထဲက ရေတွေ စုပ်ယူအောင် ဖုန်းအားသွင်းပေါက်ထဲကို ပိတ်စတွေ၊ စက္ကူစတွေ မထည့်သင့်ပါဘူးနော်။ ပြီးတော့ ဖုန်းရေဝင်တဲ့အခါ ဖုန်းက ခလုပ်တွေ မနှိပ်မိဖို့၊ ဖုန်းကို မခါရမ်းဖို့လည်း သတိထားသင့်ပါတယ်နော်။

- ရေဝင်နေတဲ့ဖုန်းကို ခြောက်သွေ့တဲ့ ပိတ်စပေါ်မှာ အခြောက်ခံပါ။

© Shutterstock.com

အပေါ်က အဆင့်တွေကို ပြုလုပ်ပြီးတဲ့ခါ ဖုန်းကို ခြောက်သွေ့တဲ့ပိတ်စပေါ်မှာ အခြောက်ခံပါ။ ဖုန်း မခြောက်သွားခင်မှာ power ကို မဖွင့်ဖို့ လိုပါတယ်နော်။ ဖုန်းကို ၂၄ နာရီကနေ ၃၆ နာရီကြာအောင် အခြောက်ခံဖို့ အကြံပေးကြပါတယ်။

© Pexels.com

ဖုန်းကို အခြောက်ခံပြီးလို့ ဖုန်းက ပြန်အလုပ်လုပ်နိုင်ရင်တောင် ရေဝင်သွားတဲ့အတွက် သုံးရတာ အဆင်မပြေနိုင်သေးပါဘူး။ ဖုန်းရဲ့အခြေအနေကိုကြည့်ပြီး ဖုန်းမှန်ထဲမှာ ရေကွက်တွေ၊ ရေငွေ့ပြန်တာတွေတွေ့ရင် ကျွမ်းကျင်သူထံမှာ သွားရောက်ပြင်ဆင်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းထဲကို ေရဝင္ရင္ ဘာ့ေၾကာင့္ ဆန္ပုံးထဲ မထည့္သင့္တာလဲ

ဖုန္းကိုေရဝင္တဲ့အခါ ေရေျခာက္သြားဖို႔ နည္းလမ္းေတြအထဲက လူသိမ်ားတဲ့ နည္းလမ္းကေတာ့ ဆန္ပုံးထဲ ဖုန္းထည့္ထားတဲ့ နည္းလမ္းပါပဲ။ ဒါေပမယ့္ ဒီနည္းလမ္းက ထင္သေလာက္ အက်ိဳးမရွိပါဘူး။ ဖုန္းကို ပိုၿပီးေတာင္ ပ်က္စီးေစပါတယ္။

ဆန္က ဖုန္းထဲက ေရေတြကို လ်င္လ်င္ျမန္ျမန္ မစုပ္ယူႏိုင္ပါဘူး။ ဆန္ထဲက အမႈန္ေတြက ဖုန္းထဲကို ဝင္ၿပီး ဖုန္းကိုေတာင္ ပ်က္စီးေစႏိုင္ပါတယ္။ ဖုန္းေရဝင္တဲ့အခါ မီးဖိုထဲက စားပြဲေပၚမွာ အေျခာက္ခံတာလည္း အသုံးဝင္တဲ့ နည္းလမ္းပါပဲ။ ဆန္ပုံးထဲ ထည့္မယ့္အစား ေလနဲ႔သာ အေျခာက္ခံပါ။

ေရဝင္ေနတဲ့ဖုန္းကို ေျခာက္ေသြ႕ေစမယ့္ နည္းလမ္းမ်ား

- ဖုန္းကို ေရဝင္တာနဲ႔ ခ်က္ခ်င္း power ပိတ္လိုက္ပါ။

ဖုန္းထဲကို ေရဝင္ဝင္ခ်င္း power ပိတ္လိုက္ရင္ လွ်ပ္စီးပတ္လမ္းေတြ ပ်က္စီးတာကို ေရွာင္ရွားႏိုင္သြားပါၿပီ။ လွ်ပ္စီးပတ္လမ္းေတြ ေရဝင္သြားရင္ မေကာင္းပါဘူး။ ေရဝင္ဝင္ခ်င္း ဖုန္းကို ျမန္ျမန္ပိတ္ႏိုင္ေလ လွ်ပ္စီးပတ္လမ္းေတြ ပ်က္စီးဖို႔ အခြင့္အေရးနည္းေလပါပဲ။

- ဖုန္းကို ေျခာက္ေသြ႕တဲ့အဝတ္စနဲ႔ သုတ္ပါ။

ဖုန္းကို power ပိတ္ၿပီးတဲ့အခါ ေျခာက္ေသြ႕တဲ့အဝတ္စနဲ႔ ဖုန္းကို သုတ္ပါ။ ဖုန္းကို အဝတ္စနဲ႔ သုတ္တဲ့အခါ ညင္ညင္သာသာ သုတ္ဖို႔ေတာ့ လိုအပ္ပါတယ္။

- Sim card နဲ႔ memory card ကို ထုတ္ပါ။

ဖုန္းေရစိုတဲ့အခါ ဖုန္းမွာရွိတဲ့ ထုတ္လို႔ရတဲ့ အရာမွန္သမွ်ကို ထုတ္လိုက္ဖို႔လည္း လိုအပ္ပါတယ္။ Model နိမ့္တဲ့ဖုန္းေတြဆိုရင္ sim card အိမ္နဲ႔ ဖုန္းဓါတ္ခဲကိုပါ ထုတ္သင့္ပါတယ္။

- ဖုန္းအားသြင္းတဲ့အေပါက္ထဲကို ဘယ္အရာမွ မထည့္ပါနဲ႔။

ဖုန္းထဲက ေရေတြ စုပ္ယူေအာင္ ဖုန္းအားသြင္းေပါက္ထဲကို ပိတ္စေတြ၊ စကၠဴစေတြ မထည့္သင့္ပါဘူးေနာ္။ ၿပီးေတာ့ ဖုန္းေရဝင္တဲ့အခါ ဖုန္းက ခလုပ္ေတြ မႏွိပ္မိဖို႔၊ ဖုန္းကို မခါရမ္းဖို႔လည္း သတိထားသင့္ပါတယ္ေနာ္။

- ေရဝင္ေနတဲ့ဖုန္းကို ေျခာက္ေသြ႕တဲ့ ပိတ္စေပၚမွာ အေျခာက္ခံပါ။

အေပၚက အဆင့္ေတြကို ျပဳလုပ္ၿပီးတဲ့ခါ ဖုန္းကို ေျခာက္ေသြ႕တဲ့ပိတ္စေပၚမွာ အေျခာက္ခံပါ။ ဖုန္း မေျခာက္သြားခင္မွာ power ကို မဖြင့္ဖို႔ လိုပါတယ္ေနာ္။ ဖုန္းကို ၂၄ နာရီကေန ၃၆ နာရီၾကာေအာင္ အေျခာက္ခံဖို႔ အႀကံေပးၾကပါတယ္။

ဖုန္းကို အေျခာက္ခံၿပီးလို႔ ဖုန္းက ျပန္အလုပ္လုပ္ႏိုင္ရင္ေတာင္ ေရဝင္သြားတဲ့အတြက္ သုံးရတာ အဆင္မေျပႏိုင္ေသးပါဘူး။ ဖုန္းရဲ႕အေျခအေနကိုၾကည့္ၿပီး ဖုန္းမွန္ထဲမွာ ေရကြက္ေတြ၊ ေရေငြ႕ျပန္တာေတြေတြ႕ရင္ ကြၽမ္းက်င္သူထံမွာ သြားေရာက္ျပင္ဆင္သင့္ပါတယ္။

Zombie (Lovemedia)