Diet လုပ်ခြင်းက အလွန်ကိုခက်ခဲပြီး အချိန်ကုန်စေတဲ့အပြင် မကြာခဏဆိုသလိုပဲ ဗိုက်ဆာခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် သင်ဟာယခုအချိန်မှာ Diet ပြုလုပ်နေသူတစ်ဦး ဆိုရင်တော့ သတင်းကောင်းရှိပါတယ်။ သင့်ရဲ့ စားသောက်မှုအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေကို အောက်မှာ လေ့လာကြည့်လိုက်ကြ ရအောင်နော်။

၁ ။ အစပ်ပါသော အစားအစာများကို ပိုစားပါ။

သင်ကြိုက်နှစ်သက်တဲ့ အစားအစာပေါ်မှာ ငရုတ်သီးမှုန့်တွေကို ဖြူးစားပါ။ ဒါမှမဟုတ် ငရုတ်သီးစိမ်းမျိုးတွေနဲ့ တွဲစားပါ။ လေ့လာမှုတွေအရ အစပ်စားခြင်းဟာ အစားအစာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ ငရုတ်သီးကို စားခြင်းက အစားစားချင်စိတ်ကို ထိန်းညှိပေးပြီး ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

၂ ။ ဖန်ခွက်ရှည်နဲ့ သောက်ပါ။

သကြားပါတဲ့ ဖျော်ရည်တွေကို Diet လုပ်တဲ့အခါ မသောက်သင့်ပါဘူး။ အကယ်၍ သင်ဟာ အချိုပါတဲ့ အဖျော်ယမကာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် သေးငယ်တဲ့ ဖန်ခွက်ရှည်နဲ့သောက်ဖို့ အကြံပေးလိုပါတယ်။ ဒါဆိုရင် သင့်အတွက် ပိုများလာတယ်လို့လဲ ခံစားရပါလိမ့်မယ်။

၃ ။ ပူဒီနာကို စားသုံးပါ။

ငရုတ်သီးမှာပါတဲ့ ရနံ့နဲ့ အရသာက ကိုယ်စားထားတဲ့ အစားအသောက်ကို ချေဖျက်ပေးတာကြောင့် ကိုယ်အလေးချိန် ကျစေပါတယ်။ သရေစာတွေစားပြီးတဲ့အခါမှာလည်း ပူဒီနာကိုစားခြင်းဖြင့် ချေဖျက်နိုင်သလို ပူဒီနာအနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းခြင်း (သို့) ပူဒီနာလက်ဖက်ရည်သောက်ခြင်းဟာလည်း သင့်ကို အကျိုးရှိစေပါလိမ့်မယ်။

၄ ။ သင်ဟာညာသန်ဖြစ်ပါက ဘယ်နဲ့စားပါ။ ဘယ်သန်ဖြစ်ပါက ညာနဲ့စားပါ။

လေ့လာမှုတွေအရ လက်ကိုပြောင်းစားခြင်းဟာ စားသောက်တာကို နှေးကွေးစေပြီး အစားအစာရဲ့အရသာကို ပိုမိုအရသာ ခံနိုင်စေတဲ့အပြင် ရောင့်ရဲနိုင်ကြောင်းလည်း သိရပါတယ်။

၅ ။ ရောင်စုံပန်းကန်ပြားများ ဝယ်ယူထားပါ။

ရောင်စုံပန်းကန်ပြားတွေနဲ့ စားသောက်ခြင်းကလည်း သင်နဲ့အစားအသောက်ကြား ထူးခြားတဲ့ ဆက်နွယ်မှုတွေကို ပေးနိင်ပါတယ်။ လေ့လာမှုများအရ အနီရောင်ပန်းကန်နဲ့စားခြင်းက အစားစားချင်စိတ်ကို လျော့နည်းစေတယ်လို့ သိရပါတယ်။

၆ ။ ပန်းကန်ပြား သေးသေးလေးတွေနဲ့စားပါ။

သင်ဟာ ပန်းကန်ပြားအကြီးနဲ့ စားလေ့ရှိသူဆိုရင် မစားဖို့အတွက် အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုကြီးတဲ့ပန်းကန်နဲ့ စားတဲ့အခါ ၃၁% ပိုစားမိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သင်ဟာ ဝိတ်ကျချင်တယ်ဆိုရင် ပန်းကန်ပြားသေးသေးလေးတွေ ဝယ်ထားသင့်ပါတယ်နော်။

၇ ။ အစာစားပြီးတဲ့အခါ အချိုပွဲများကို လျှော့စားပါ။

လူအများစုက အချိုပွဲတွေ သရေစာတွေကို ညစာစားပြီးတာနဲ့ စားတတ်ကြပါတယ်။ ဒီလိုစားခြင်းဟာ မကောင်းဘူး ဆိုတာကိုလည်း သိကြပါတယ်။ ဒါကြောင့် ညစာစားပြီးတိုင်း လက်ဖက်ရည်ကြမ်းတစ်ခွက်ပဲ သောက်စေလိုပါတယ်။

၈ ။ အစာမစားခင်မှာ ရေတစ်ခွက်ကြိုသောက်ပါ။

ရေမသောက်ပဲနေခြင်းဟာလည်း သင့်ကိုပိုပြီး ဗိုက်ဆာစေနိုင်ပါတယ်။ ဒါကြောင့် ရေနဲ့အခြား အသီးအရွက်ဖျော်ရည်များကို သောက်ခြင်းကလည်း သင့်အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ဝိတ္ခ်ေနခ်ိန္မွာ ဗိုက္မဆာေအာင္ ထိန္းခ်ဳပ္ႏိုင္နည့္ နည္းလမ္းမ်ား

Diet လုပ္ျခင္းက အလြန္ကိုခက္ခဲၿပီး အခ်ိန္ကုန္ေစတဲ့အျပင္ မၾကာခဏဆိုသလိုပဲ ဗိုက္ဆာျခင္းေတြကို ျဖစ္ေပၚေစပါတယ္။ ဒါေပမယ့္ သင္ဟာယခုအခ်ိန္မွာ Diet ျပဳလုပ္ေနသူတစ္ဦး ဆိုရင္ေတာ့ သတင္းေကာင္းရွိပါတယ္။ သင့္ရဲ႕ စားေသာက္မႈအတြက္ အေကာင္းဆုံးနဲ႔ အလြယ္ကူဆုံး နည္းလမ္းေတြကို ေအာက္မွာ ေလ့လာၾကည့္လိုက္ၾက ရေအာင္ေနာ္။

၁ ။ အစပ္ပါေသာ အစားအစာမ်ားကို ပိုစားပါ။

သင္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာေပၚမွာ င႐ုတ္သီးမႈန႔္ေတြကို ျဖဴးစားပါ။ ဒါမွမဟုတ္ င႐ုတ္သီးစိမ္းမ်ိဳးေတြနဲ႔ တြဲစားပါ။ ေလ့လာမႈေတြအရ အစပ္စားျခင္းဟာ အစားအစာရဲ႕အရသာကို ပိုမိုေကာင္းမြန္ေစၿပီး ကိုယ္အေလးခ်ိန္ကို က်ေစပါတယ္။ င႐ုတ္သီးကို စားျခင္းက အစားစားခ်င္စိတ္ကို ထိန္းညႇိေပးၿပီး ကယ္လိုရီေတြကိုလည္း ေလာင္ကြၽမ္းေစပါတယ္။

၂ ။ ဖန္ခြက္ရွည္နဲ႔ ေသာက္ပါ။

သၾကားပါတဲ့ ေဖ်ာ္ရည္ေတြကို Diet လုပ္တဲ့အခါ မေသာက္သင့္ပါဘူး။ အကယ္၍ သင္ဟာ အခ်ိဳပါတဲ့ အေဖ်ာ္ယမကာေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ေသးငယ္တဲ့ ဖန္ခြက္ရွည္နဲ႔ေသာက္ဖို႔ အႀကံေပးလိုပါတယ္။ ဒါဆိုရင္ သင့္အတြက္ ပိုမ်ားလာတယ္လို႔လဲ ခံစားရပါလိမ့္မယ္။

၃ ။ ပူဒီနာကို စားသုံးပါ။

င႐ုတ္သီးမွာပါတဲ့ ရနံ႔နဲ႔ အရသာက ကိုယ္စားထားတဲ့ အစားအေသာက္ကို ေခ်ဖ်က္ေပးတာေၾကာင့္ ကိုယ္အေလးခ်ိန္ က်ေစပါတယ္။ သေရစာေတြစားၿပီးတဲ့အခါမွာလည္း ပူဒီနာကိုစားျခင္းျဖင့္ ေခ်ဖ်က္ႏိုင္သလို ပူဒီနာအနံ႔ပါတဲ့ ဖေယာင္းတိုင္ထြန္းျခင္း (သို႔) ပူဒီနာလက္ဖက္ရည္ေသာက္ျခင္းဟာလည္း သင့္ကို အက်ိဳးရွိေစပါလိမ့္မယ္။

၄ ။ သင္ဟာညာသန္ျဖစ္ပါက ဘယ္နဲ႔စားပါ။ ဘယ္သန္ျဖစ္ပါက ညာနဲ႔စားပါ။

ေလ့လာမႈေတြအရ လက္ကိုေျပာင္းစားျခင္းဟာ စားေသာက္တာကို ေႏွးေကြးေစၿပီး အစားအစာရဲ႕အရသာကို ပိုမိုအရသာ ခံႏိုင္ေစတဲ့အျပင္ ေရာင့္ရဲႏိုင္ေၾကာင္းလည္း သိရပါတယ္။

၅ ။ ေရာင္စုံပန္းကန္ျပားမ်ား ဝယ္ယူထားပါ။

ေရာင္စုံပန္းကန္ျပားေတြနဲ႔ စားေသာက္ျခင္းကလည္း သင္နဲ႔အစားအေသာက္ၾကား ထူးျခားတဲ့ ဆက္ႏြယ္မႈေတြကို ေပးနိင္ပါတယ္။ ေလ့လာမႈမ်ားအရ အနီေရာင္ပန္းကန္နဲ႔စားျခင္းက အစားစားခ်င္စိတ္ကို ေလ်ာ့နည္းေစတယ္လို႔ သိရပါတယ္။

၆ ။ ပန္းကန္ျပား ေသးေသးေလးေတြနဲ႔စားပါ။

သင္ဟာ ပန္းကန္ျပားအႀကီးနဲ႔ စားေလ့ရွိသူဆိုရင္ မစားဖို႔အတြက္ အႀကံေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပိုႀကီးတဲ့ပန္းကန္နဲ႔ စားတဲ့အခါ ၃၁% ပိုစားမိတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ သင္ဟာ ဝိတ္က်ခ်င္တယ္ဆိုရင္ ပန္းကန္ျပားေသးေသးေလးေတြ ဝယ္ထားသင့္ပါတယ္ေနာ္။

၇ ။ အစာစားၿပီးတဲ့အခါ အခ်ိဳပြဲမ်ားကို ေလွ်ာ့စားပါ။

လူအမ်ားစုက အခ်ိဳပြဲေတြ သေရစာေတြကို ညစာစားၿပီးတာနဲ႔ စားတတ္ၾကပါတယ္။ ဒီလိုစားျခင္းဟာ မေကာင္းဘူး ဆိုတာကိုလည္း သိၾကပါတယ္။ ဒါေၾကာင့္ ညစာစားၿပီးတိုင္း လက္ဖက္ရည္ၾကမ္းတစ္ခြက္ပဲ ေသာက္ေစလိုပါတယ္။

၈ ။ အစာမစားခင္မွာ ေရတစ္ခြက္ႀကိဳေသာက္ပါ။

ေရမေသာက္ပဲေနျခင္းဟာလည္း သင့္ကိုပိုၿပီး ဗိုက္ဆာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေရနဲ႔အျခား အသီးအ႐ြက္ေဖ်ာ္ရည္မ်ားကို ေသာက္ျခင္းကလည္း သင့္အတြက္ အေထာက္အပံ့ ျဖစ္ေစႏိုင္ပါတယ္။

Zombie (Lovemedia)