ဆားဝက်ခြံတွေက အရေပြားပေါ်မှာ ပိတ်ဆို့နေတတ်တဲ့ အရာလေးတွေပါ။ ဒါဟာ အလွန်ကိုကြည့်ရဆိုးပြီးတော့ သင့်မျက်နှာပေါ်က ထင်ရှားပေါ်လွင်နေတဲ့ အလှတရားတွေကို ဖျက်ဆီးနေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဆားဝက်ခြံတွေကင်းပြီး Crush လေးကပြန်ကြိုက်အောင် ဘယ်လိုဖျောက်မလဲဆိုတာ တူတူလေ့လာကြမယ်။

၁ ။ သွားတိုက်ဆေး

လိုအပ်တာကတော့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ သွားပွတ်တံလေးပါပဲ။

ဘယ်လိုလုပ်ရမလဲဆိုတော့ ပထမဦးဆုံး သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးတင်လိုက်ပါ။ ပြီးရင်တော့ နှာခေါင်းနားလေးမှာ စက်ဝိုင်းပုံစံလေးဝိုင်းထားလိုက်ပြီး ၂-၃ မိနစ်လောက်ထားလိုက်ပါ။

နောက်ဆုံးအဆင့်ကတော့ အဝတ်ခြောက်လေးနဲ့ သုတ်ချလိုက်ပါနော်။

၂ ။ မီးသွေး Mask

ဘယ်လိုလုပ်ရမလဲဆိုတော့ ကော်ရည် လက်ဖက်စားဇွန်း (၃) ဇွန်းနဲ့ မီးသွေးအမှုန့်တို့ကို ခွက်တစ်ခုထဲမှာ ရောမွှေလိုက်ပါ။

ပြီးရင်တော့ သင့်မျက်နှာမှာ ကပ်ထားလိုက်ပါ။

ခြောက်သွားရင်တော့ အသာလေးခွာချလိုက်ပြီး အဝတ်ခြောက်လေးနဲ့ သုတ်လိုက်ပါ။

၃ ။ Gelatin Mask

အရင်ဆုံးသင်လိုအပ်တာကတော့ gelatin လက်ဖက်စားဇွန်း (၂) ဇွန်းခန့် နဲ့ နွားနို့လက်ဖက်စားဇွန်း (၂) ဇွန်း တို့ပဲဖြစ်ပါတယ်။

ဒါတွေကိုရောပြီးတော့ Microwave ထဲ ၁၀-၁၅ စက္ကန့်လောက် ထည့်ထားလိုက်ပါ။

ပြီးရင် အအေးခံလိုက်ပါ။ Make-up Brush နဲ့ သင့်ရဲ့နှာခေါင်း အနီးတစ်ဝိုက်မှာ လိုက်ပြီးပွတ်သပ်လိုက်ပါ။

ခြောက်သွားရင်တော့ ညင်သာစွာ ခွာချလိုက်ပါ။

၄ ။ Coffee Mask

ဘာတွေလိုလဲဆိုတော့ ကော်ဖီမှုန့်အနည်းငယ်၊ ကြက်ဥတစ်လုံးနဲ့ Paper Towel တို့ပဲဖြစ်ပါတယ်။ ပထမဆုံး Coffee မှုန့်ကို ခွက်ထဲထည့်လိုက်ပါ။

ပြီးရင် ကြက်ဥကိုခွဲထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ။

Make-up brush လေးနဲ့ နားခေါင်းနားမှာ လိမ်းလိုက်ပါ။

နောက်ဆုံးအဆင့် Paper Towel ကို ကပ်လိုက်ပါ။

ခြောက်သွားရင်တော့ ခွာချလိုက်ပြီး ကျန်တဲ့အကြွင်းအကျန်တွေကို အဝတ်ခြောက်နဲ့ သုတ်နိုင်ပါတယ်။

၅ ။ Banana Mask

Banana ဆိုတာနဲ့ ဘယ်သူ့ကိုပြေးမြင်မိပါသလဲ? Handgel နဲ့ Skin Care တဲ့ ဆရာခြိမ့်ကိုလား။ အခုကတော့ ဆရာခြိမ့်နဲ့ မဟုတ်ပါဘူးနော်။ ငှက်ပျောသီး အစစ်နဲ့လုပ်မှာပါ။ ဘာတွေလိုလဲဆိုတော့ ငှက်ပျော်သီးတစ်လုံး၊ ဆီ လက်ဖက်စားဇွန်း (၁) ဇွန်း၊ Blender တို့ပဲဖြစ်ပါတယ်။

ပထမဆုံး ငှက်ပျော်သီးကို Blender ထဲ ထည့်လိုက်ပါ။ ပြီးရင် ဆီရယ်၊ ကြက်ဥရယ်ကို ထည့်မွှေလိုက်ပါ။

မွှေပြီးရင်တော့ မျက်နှာပေါ်မှာ (၁၅) မိနစ်လောက် ကပ်ထားလိုက်ပါ။

သင့်မျက်နှာလေး အရင်ကထက် ပိုပြီးလှပလာတာကို တွေ့ရပါလိမ့်မယ်။

Zombie (Lovemedia)

For Zawgyi

ႏွာေခါင္းေပၚမွာရွိတဲ့ ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔ အေကာင္းဆုံးနည္းလမ္းမ်ား

ဆားဝက္ၿခံေတြက အေရျပားေပၚမွာ ပိတ္ဆို႔ေနတတ္တဲ့ အရာေလးေတြပါ။ ဒါဟာ အလြန္ကိုၾကည့္ရဆိုးၿပီးေတာ့ သင့္မ်က္ႏွာေပၚက ထင္ရွားေပၚလြင္ေနတဲ့ အလွတရားေတြကို ဖ်က္ဆီးေနပါတယ္။ ဒါေၾကာင့္ မ်က္ႏွာေပၚမွာ ဆားဝက္ၿခံေတြကင္းၿပီး Crush ေလးကျပန္ႀကိဳက္ေအာင္ ဘယ္လိုေဖ်ာက္မလဲဆိုတာ တူတူေလ့လာၾကမယ္။

၁ ။ သြားတိုက္ေဆး

လိုအပ္တာကေတာ့ သြားတိုက္ေဆးနဲ႔ ႏူးညံ့တဲ့ သြားပြတ္တံေလးပါပဲ။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ပထမဦးဆုံး သြားတိုက္တံေပၚမွာ သြားတိုက္ေဆးတင္လိုက္ပါ။ ၿပီးရင္ေတာ့ ႏွာေခါင္းနားေလးမွာ စက္ဝိုင္းပုံစံေလးဝိုင္းထားလိုက္ၿပီး ၂-၃ မိနစ္ေလာက္ထားလိုက္ပါ။ ေနာက္ဆုံးအဆင့္ကေတာ့ အဝတ္ေျခာက္ေလးနဲ႔ သုတ္ခ်လိုက္ပါေနာ္။

၂ ။ မီးေသြး Mask

ဘယ္လိုလုပ္ရမလဲဆိုေတာ့ ေကာ္ရည္ လက္ဖက္စားဇြန္း (၃) ဇြန္းနဲ႔ မီးေသြးအမႈန္႔တို႔ကို ခြက္တစ္ခုထဲမွာ ေရာေမႊလိုက္ပါ။ ၿပီးရင္ေတာ့ သင့္မ်က္ႏွာမွာ ကပ္ထားလိုက္ပါ။ ေျခာက္သြားရင္ေတာ့ အသာေလးခြာခ်လိုက္ၿပီး အဝတ္ေျခာက္ေလးနဲ႔ သုတ္လိုက္ပါ။

၃ ။ Gelatin Mask

အရင္ဆုံးသင္လိုအပ္တာကေတာ့ gelatin လက္ဖက္စားဇြန္း (၂) ဇြန္းခန္႔ နဲ႔ ႏြားႏို႔လက္ဖက္စားဇြန္း (၂) ဇြန္း တို႔ပဲျဖစ္ပါတယ္။ ဒါေတြကိုေရာၿပီးေတာ့ Microwave ထဲ ၁၀-၁၅ စကၠန္႔ေလာက္ ထည့္ထားလိုက္ပါ။ ၿပီးရင္ အေအးခံလိုက္ပါ။ Make-up Brush နဲ႔ သင့္ရဲ႕ႏွာေခါင္း အနီးတစ္ဝိုက္မွာ လိုက္ၿပီးပြတ္သပ္လိုက္ပါ။ ေျခာက္သြားရင္ေတာ့ ညင္သာစြာ ခြာခ်လိုက္ပါ။

၄ ။ Coffee Mask

ဘာေတြလိုလဲဆိုေတာ့ ေကာ္ဖီမႈန္႔အနည္းငယ္၊ ၾကက္ဥတစ္လုံးနဲ႔ Paper Towel တို႔ပဲျဖစ္ပါတယ္။ ပထမဆုံး Coffee မႈန္႔ကို ခြက္ထဲထည့္လိုက္ပါ။ ၿပီးရင္ ၾကက္ဥကိုခြဲထည့္ၿပီး ႏွံ႔စပ္ေအာင္ေမႊလိုက္ပါ။ Make-up brush ေလးနဲ႔ နားေခါင္းနားမွာ လိမ္းလိုက္ပါ။ ေနာက္ဆုံးအဆင့္ Paper Towel ကို ကပ္လိုက္ပါ။ ေျခာက္သြားရင္ေတာ့ ခြာခ်လိုက္ၿပီး က်န္တဲ့အႂကြင္းအက်န္ေတြကို အဝတ္ေျခာက္နဲ႔ သုတ္ႏိုင္ပါတယ္။

၅ ။ Banana Mask

Banana ဆိုတာနဲ႔ ဘယ္သူ႔ကိုေျပးျမင္မိပါသလဲ? Handgel နဲ႔ Skin Care တဲ့ ဆရာၿခိမ့္ကိုလား။ အခုကေတာ့ ဆရာၿခိမ့္နဲ႔ မဟုတ္ပါဘူးေနာ္။ ငွက္ေပ်ာသီး အစစ္နဲ႔လုပ္မွာပါ။ ဘာေတြလိုလဲဆိုေတာ့ ငွက္ေပ်ာ္သီးတစ္လုံး၊ ဆီ လက္ဖက္စားဇြန္း (၁) ဇြန္း၊ Blender တို႔ပဲျဖစ္ပါတယ္။ ပထမဆုံး ငွက္ေပ်ာ္သီးကို Blender ထဲ ထည့္လိုက္ပါ။ ၿပီးရင္ ဆီရယ္၊ ၾကက္ဥရယ္ကို ထည့္ေမႊလိုက္ပါ။ ေမႊၿပီးရင္ေတာ့ မ်က္ႏွာေပၚမွာ (၁၅) မိနစ္ေလာက္ ကပ္ထားလိုက္ပါ။ သင့္မ်က္ႏွာေလး အရင္ကထက္ ပိုၿပီးလွပလာတာကို ေတြ႕ရပါလိမ့္မယ္။

Zombie (Lovemedia)