လူတစ်ယောက်ဟာ တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ သွားကိုက်ဖူးကြပါတယ်။ စစ်တမ်းကောက်ယူချက်အရ အရွယ်ရောက်ပြီးသူ 90 ရာခိုင်နှုန်းဟာ သွားပိုးစားဖူး ကြပါတယ်။ သွားကိုက်ပြီဆိုရင် အိမ်မှာတင် လွယ်လွယ်ကူကူ ကုသလို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်သူ၊ ကလေးနို့တိုက်နေတဲ့ မိခင်တွေ၊ အခြားဆေးဝါးတွေ အသုံးပြုနေသူ ဆိုရင် ဒီနည်းလမ်းလေးတွေ မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

၁။ ဆားရည်

ဆားရည်က သဘာဝ ပိုးသတ်ဆေးဖြစ်ပြီး သွားကိုက်ခြင်းကို လွယ်လွယ်ကူကူ သက်သာစေတဲ့ ဆေးပါပဲ။ ဆားစားပွဲတင်ဇွန်း 2 ဇွန်းလောက်ကို ရေနွေးထဲထည့်ပြီး ပလုတ်ကျင်းပေးရမှာပါ။ ဆားရည်က သွားဖုံးရောင်ခြင်းနဲ့ သွားကိုက်ခြင်းကို သက်သာစေပါတယ်။

၂။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်

© eastnews

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်က သွားကိုက်ခြင်း၊ သွားနာခြင်းကို သက်သာစေပါတယ်။ သွားချေးတွေကိုလည်း ပြောင်စေပြီး သွားဖုံးသွေးထွက်ခြင်းကိုလည်း ပျောက်ကင်းစေလို့ အလွန်အဆင်ပြေပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်ကို ဆားရည်လိုမျိုး ပလုတ်ကျင်းပေးလို့ ရပါတယ်။ ရေ 100 ရာခိုင်နှုန်းမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် အရည် 3 ရာခိုင်နှုန်းပဲ သုံးရမှာပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်ကို မြိုချလို့ မရပါဘူးနော်။

၃။ လေးညှင်းပွင့် သို့မဟုတ် လေးညှင်းဆီ

သွားကိုက်ခြင်းကို ကုသတဲ့နေရာမှာ လေးညှင်းပွင့်ကို အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သွားကိုက်ပြီဆိုရင် လေးညှင်းပွင့်အမှုန့်ကို သွားကိုက်တဲ့နေရာပေါ် တင်ပေးလို့ရသလို လေးညှင်းပွင့်ကို ဆီထွက်လာအောင်လည်း ဝါးပေးလို့လည်း ရပါတယ်။ ဒါမှမဟုတ် လေးညှင်းဆီ နှစ်စက်လောက်ကို သွားကိုက်တဲ့နေရာကို ထည့်ပေးရင် သွားကိုက်သက်သာသွားမှာပါ။

၄။ ရေခဲကပ်ခြင်း

ရေခဲကပ်ခြင်းက ဘယ်နာကျင်မှုကိုမဆို သက်သာစေပါတယ်။ ရေခဲတုံး သေးသေးလေးတွေကို ပလက်စတစ်အိတ် သို့မဟုတ် အဝတ်စထဲမှာထည့်ပြီး သွားကိုက်တဲ့ဘက်ရဲ့ ပါးပေါ်မှာ 15 မိနစ်ကြာ တင်ပေးရမှာပါ။ ရေခဲကပ်ခြင်းက သွားဖုံးရောင်ခြင်းကိုလည်း သက်သာစေပါတယ်။

၅။ ကြက်သွန်ဖြူ

© Pixabay

ဆေးဝါးတွေမှာ ကြက်သွန်ဖြူကို သုံးကြပါတယ်။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူထောင်းထားတာကို သွားကိုက်တဲ့နေရာပေါ်မှာ ကပ်ထားပေးလို့ ရသလို ကြက်သွန်ဖြူကို ဖြည်းဖြည်းချင်း ဝါးစားပေးလို့လည်း ရပါတယ်။ ရက်အနည်းငယ် ကြာအောင် ပြုလုပ်ပေးရင်တော့ သွားကိုက်ပျောက်သွားမှာ အသေအချာပါပဲ။

၆။ မာလကာရွက်

© eastnews

မာလကာရွက်ကလည်း ဘက်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။ မာလကာရွက်က သွားကိုက်ပျောက်စေရုံမက ပါးစပ်အတွင်း ပြည်တည်တာ၊ သွားဖုံးရောင်တာကိုလည်း သက်သာစေပါတယ်။ မာလကာရွက်ကို အရည်ထွက်အောင် ဝါးစားပေးရမှာပါ။ ဒါမှမဟုတ် မာလကာရွက်ကို ဆားနဲ့ရောပြုတ်ပြီး ပလုတ်ကျင်းပေးရင်လည်း ရပါတယ်။

၇။ ဂျုံရွက်

© depositphotos

ဂျုံရွက်က သွားပိုးစားခြင်းနဲ့ သွားနာခြင်းကို မဖြစ်စေတော့ပါဘူး။ ဂျုံရွက်ကို အရည်ထွက်အောင် ကြိတ်ပြီး ပလုတ်ကျင်းပေးခြင်းက အကောင်းဆုံးနည်းလမ်းပါ။ ဂျုံရွက်အရည်က သွားဖုံးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေ ရှင်သန်မှုကို ဟန့်တားပေးပါတယ်။

၈။ ကြက်သွန်နီ

ကြက်သွန်နီက သွားအတွင်းထဲကို ရောဂါတွေ မဝင်ရောက်အောင် ကာကွယ်ပေးပြီး သွားကိုက်ခြင်းကို မြန်မြန် သက်သာစေပါတယ်။ ကြက်သွန်နီကို အကွင်းလိုက်လှီးပြီး ဝါးစားပေးရမှာပါ။

Zombie (LoveMedia)

For Zawgyi

သြားျပသနာကို အလြယ္တကူ သက္သာေစမယ့္ နည္းလမ္းမ်ား

လူတစ္ေယာက္ဟာ တစ္သက္မွာ အနည္းဆုံးတစ္ခါေတာ့ သြားကိုက္ဖူးၾကပါတယ္။ စစ္တမ္းေကာက္ယူခ်က္အရ အ႐ြယ္ေရာက္ၿပီးသူ 90 ရာခိုင္ႏႈန္းဟာ သြားပိုးစားဖူးၾက ပါတယ္။ သြားကိုက္ၿပီဆိုရင္ အိမ္မွာတင္ လြယ္လြယ္ကူကူ ကုသလို႔ရမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။ ကိုယ္ဝန္ေဆာင္သူ၊ ကေလးႏို႔တိုက္ေနတဲ့ မိခင္ေတြ၊ အျခားေဆးဝါးေတြ အသုံးျပဳေနသူ ဆိုရင္ ဒီနည္းလမ္းေလးေတြ မသုံးခင္မွာ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္သင့္ပါတယ္။

၁။ ဆားရည္

ဆားရည္က သဘာဝပိုးသတ္ေဆးျဖစ္ၿပီး သြားကိုက္ျခင္းကို လြယ္လြယ္ကူကူ သက္သာေစတဲ့ ေဆးပါပဲ။ ဆားစားပြဲတင္ဇြန္း 2 ဇြန္းေလာက္ကို ေရေႏြးထဲထည့္ၿပီး ပလုတ္က်င္းေပးရမွာပါ။ ဆားရည္က သြားဖုံးေရာင္ျခင္းနဲ႔ သြားကိုက္ျခင္းကို သက္သာေစပါတယ္။

၂။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္

ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္က သြားကိုက္ျခင္း၊ သြားနာျခင္းကို သက္သာေစပါတယ္။ သြားေခ်းေတြကိုလည္း ေျပာင္ေစၿပီး သြားဖုံးေသြးထြက္ျခင္းကိုလည္း ေပ်ာက္ကင္းေစလို႔ အလြန္အဆင္ေျပပါတယ္။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္ကို ဆားရည္လိုမ်ိဳး ပလုတ္က်င္းေပးလို႔ ရပါတယ္။ ေရ 100 ရာခိုင္ႏႈန္းမွာ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္ အရည္ 3 ရာခိုင္ႏႈန္းပဲ သုံးရမွာပါ။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္အရည္ကို ၿမိဳခ်လို႔ မရပါဘူးေနာ္။

၃။ ေလးညႇင္းပြင့္ သို႔မဟုတ္ ေလးညႇင္းဆီ

သြားကိုက္ျခင္းကို ကုသတဲ့ေနရာမွာ ေလးညႇင္းပြင့္ကို အသုံးျပဳခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါၿပီ။ သြားကိုက္ၿပီဆိုရင္ ေလးညႇင္းပြင့္အမႈန႔္ကို သြားကိုက္တဲ့ေနရာေပၚ တင္ေပးလို႔ရသလို ေလးညႇင္းပြင့္ကို ဆီထြက္လာေအာင္လည္း ဝါးေပးလို႔လည္း ရပါတယ္။ ဒါမွမဟုတ္ ေလးညႇင္းဆီ ႏွစ္စက္ေလာက္ကို သြားကိုက္တဲ့ေနရာကို ထည့္ေပးရင္ သြားကိုက္သက္သာသြားမွာပါ။

၄။ ေရခဲကပ္ျခင္း

ေရခဲကပ္ျခင္းက ဘယ္နာက်င္မႈကိုမဆို သက္သာေစပါတယ္။ ေရခဲတုံး ေသးေသးေလးေတြကို ပလက္စတစ္အိတ္ သို႔မဟုတ္ အဝတ္စထဲမွာထည့္ၿပီး သြားကိုက္တဲ့ဘက္ရဲ႕ ပါးေပၚမွာ 15 မိနစ္ၾကာ တင္ေပးရမွာပါ။ ေရခဲကပ္ျခင္းက သြားဖုံးေရာင္ျခင္းကိုလည္း သက္သာေစပါတယ္။

၅။ ၾကက္သြန္ျဖဴ

ေဆးဝါးေတြမွာ ၾကက္သြန္ျဖဴကို သုံးၾကပါတယ္။ ၾကက္သြန္ျဖဴက ဘက္တီးရီးယားေတြကို ကာကြယ္ေပးပါတယ္။ ၾကက္သြန္ျဖဴေထာင္းထားတာကို သြားကိုက္တဲ့ေနရာေပၚမွာ ကပ္ထားေပးလို႔ ရသလို ၾကက္သြန္ျဖဴကို ျဖည္းျဖည္းခ်င္း ဝါးစားေပးလို႔လည္း ရပါတယ္။ ရက္အနည္းငယ္ ၾကာေအာင္ ျပဳလုပ္ေပးရင္ေတာ့ သြားကိုက္ေပ်ာက္သြားမွာ အေသအခ်ာပါပဲ။

၆။ မာလကာ႐ြက္

မာလကာ႐ြက္ကလည္း ဘက္တီးရီးယားေတြကို ကာကြယ္ေပးပါတယ္။ မာလကာ႐ြက္က သြားကိုက္ေပ်ာက္ေစ႐ုံမက ပါးစပ္အတြင္း ျပည္တည္တာ၊ သြားဖုံးေရာင္တာကိုလည္း သက္သာေစပါတယ္။ မာလကာ႐ြက္ကို အရည္ထြက္ေအာင္ ဝါးစားေပးရမွာပါ။ ဒါမွမဟုတ္ မာလကာ႐ြက္ကို ဆားနဲ႔ေရာျပဳတ္ၿပီး ပလုတ္က်င္းေပးရင္လည္း ရပါတယ္။

၇။ ဂ်ဳံ႐ြက္

ဂ်ဳံ႐ြက္က သြားပိုးစားျခင္းနဲ႔ သြားနာျခင္းကို မျဖစ္ေစေတာ့ပါဘူး။ ဂ်ဳံ႐ြက္ကို အရည္ထြက္ေအာင္ ႀကိတ္ၿပီး ပလုတ္က်င္းေပးျခင္းက အေကာင္းဆုံးနည္းလမ္းပါ။ ဂ်ဳံ႐ြက္အရည္က သြားဖုံးက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး ဘက္တီးရီးယားေတြ ရွင္သန္မႈကို ဟန႔္တားေပးပါတယ္။

၈။ ၾကက္သြန္နီ

ၾကက္သြန္နီက သြားအတြင္းထဲကို ေရာဂါေတြ မဝင္ေရာက္ေအာင္ ကာကြယ္ေပးၿပီး သြားကိုက္ျခင္းကို ျမန္ျမန္ သက္သာေစပါတယ္။ ၾကက္သြန္နီကို အကြင္းလိုက္လွီးၿပီး ဝါးစားေပးရမွာပါ။

Zombie (LoveMedia)