ယနေ့ခေတ်မှာ နည်းပညာတွေက လျှင်လျှင်မြန်မြန်ပဲ တိုးတက်လာနေပါတယ်။ ပါးလွှာတဲ့ ဖုန်းအတုကနေအစ တကယ်အစစ်လို့ ထင်ရလောက်တဲ့အထိ သားရေအိတ်အတုတွေကို ထုတ်လုပ်နေကြပါတယ်။ ဒါကြောင့် သင်ဝယ်ယူတဲ့အခါမှာ ဂျင်းမမိအောင် အတုအစစ် ဘယ်လိုခွဲခြားလဲ ဆိုတာကို ဖော်ပြပေးသွားပါမယ်။
၁ ။ အားသွင်းကြိုး
![]() |
© shutterstock.com |
အတုတွေက အရည်အသွေး ညံ့ဖျင်းပြီးတော့ မှန်ကန်တဲ့ စစ်ဆေးမှုတွေကို မလုပ်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ သင့်လက်ထဲမှာ ရှိနေတဲ့အရာက အတုလားအစစ်လား ဆိုတာ အောက်မှာကြည့်လိုက်ရအောင်။
1 ။ ပစ္စည်းပေါ်က အမှတ်အသားတွေ စာလုံးပေါင်းတွေက မှားနေပြီးတတ်ပါတယ်။ တခြားဖုန်းမှာပါတဲ့ ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။
2 ။ အရမ်းကို ပေါ့နေပါလိမ့်မယ်။
3 ။ အဖြူအစား အဝါရောင်ကို သုံးထားပါတယ်။
4 ။ ပလတ်စတစ် အမျိုးအစားကလည်း ညံ့ဖျင်းပါတယ်။
၂ ။ စျေးကြီးနာရီတွေရဲ့ အတုနဲ့အစစ်
![]() |
© Coloneljessecuster / reddit |
ပစ္စည်းဟောင်းဆိုင်တွေမှာ စျေးကြီးတဲ့ နာရီတွေကို ရှာရတာ လွယ်ကူပါတယ်။ ကိုယ်ကအစစ်လို့ထင်ပြီး ဝယ်လိုက်တဲ့အရာက အတုဖြစ်နေရင်တော့ အဆင်မပြေပါဘူး။ ဒါဆို အတုနဲ့အစစ်ကို ဘယ်လိုခွဲခြားမလဲ။
1 ။ အစစ်တွေမှာ ချောမွေ့တဲ့ မျက်နှာပြင်နဲ့ သေသပ်တဲ့ ယန္တရားတွေ ပါဝင်ပါတယ်။ သင့်ရဲ့ နားနားကို ကပ်ပြီးနားထောင်ရင်လည်း အသံကိုပြတ်သားစွာကြားရမှာပါ။
2 ။ လှပပြီး သေသပ်လွန်း၊ လှပလွန်းတဲ့ အက္ခရာတွေ၊ ဂဏန်းတွေပဲ သုံးထားတယ်။
3 ။ အတုတွေက အစစ်တွေထက်ပိုပြီးတော့ စျေးသက်သာတယ်။
၃ ။ အဝတ်နဲ့ ဖိနပ်တွေမှာပါတဲ့ ချုပ်ရိုး
![]() |
© legitcheckapp / reddit |
အတုနဲ့အစစ်ရဲ့အရည်အသွေးတွေက အမြဲပဲ ကွာခြားပါတယ်။ အစစ်တွေမှာ ချူပ်ရိုးတွေက လှပပြီးတော့ သေသပ်ပါတယ်။ ပြီးတော့ ချုပ်ရိုးတွေရဲ့ အကွာအဝေးကလည်း လက်မ ညီပါတယ်။ အတုတွေမှာ ဒါမျိုးမပါဝင်တဲ့အပြင် ချူပ်ရိုးတွေက မသေမသပ် ဖြစ်နေတတ်ပါတယ်။
၄ ။ အင်္ကျီမှာပါတဲ့ တံဆိပ်များ၊ ကတ်ပြားများ
![]() |
© yung-malibu / reddit, © dylonsim / reddit |
အင်္ကျီဝယ်တော့မယ် ဆိုရင် တံဆိပ်တွေ၊ ကတ်ပြားတွေကို အရင်ကြည့်ပါ။
- အတုတွေမှာက တံဆိပ်ကို အရည်အသွေးနိမ့်တဲ့ အရာများနဲ့ သုံးထားပါတယ်။
- အစစ်နဲ့ နှိုင်းယှဉ်ရင် အရောင်ကကွာခြားပြီး တော့ အရွယ်အစားလဲကွာပါတယ်။
- စျေးကြီးတဲ့ ကုန်တံဆိပ်တွေမှာက serial number တွေ ပါဝင်ပါတယ်။
၅ ။ အလှကုန်နဲ့ ရေမွှေးများရဲ့ ထုတ်ပိုးမှုပုံစံ
အလှကုန်ပစ္စည်းတွေကို ပေါ့တိပေါ့ဆ မဝယ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခုခုမှားယွင်းခဲ့ရင် ခန္ဓါကိုယ်နဲ့မျက်နှာကို ထိခိုက်နိုင်လို့ပါ။ ဒါကြောင့်မို့ ယုံကြည်စိတ်ချရပြီး အန္တရာယ်ကင်းစေတဲ့ ပစ္စည်းမျိူးပဲ သုံးသင့်ပါတယ်။ ဒါဆို အတုအစစ် ဘယ်လိုခွဲခြားကြမလဲ?။
- အတုတွေက သေချာမထုပ်ပိုးထားဘဲ စာလုံးတံဆိပ်တွေကလည်း ကွာခြားနေပါတယ်။
- ကုန်ပစ္စည်းရဲ့ သက်တမ်းကုန်ဆုံးရက်ထက်ပိုပြီး ရေးသားထားတယ်။
- ကုန်ပစ္စည်းက တခြား ၊ တံဆိပ်ကတခြား ဖြစ်နေပါတယ်။
၆ ။ ကြယ်သီးများ
သင်ဟာ အင်္ကျီတစ်ထည် ဝယ်ယူမယ်ဆိုရင် အတွင်းနဲ့ အပြင်မှာပါတဲ့ ကြယ်သီးတွေကို အရင်ကြည့်သင့်ပါတယ်။ ကောင်းမွန်ပြီး စစ်မှန်တဲ့ ပစ္စည်းတွေမှာတော့ ကုမ္ပဏီတံဆိပ် ရိုက်နှိပ်ထားပြီးတော့ ကြယ်သီးတွေဟာလည်း အမျိုးအစား ကောင်းပါတယ်။ အတုမှာတော့ ဒါတွေနဲ့ တခြားစီပါပဲ။
၇ ။ ဖုန်းဝယ်တဲ့အခါမှာ Screen ရဲ့ အရည်အသွေးကို စစ်ဆေးပါ။
![]() |
© TechSmartt / youtube |
တချို့ဖုန်းအတုတွေက အစစ်လို့ ထင်ရလောက်အောင် ကောင်းကောင်းမွန်မွန် လိုက်တုကြပါတယ်။ အတုနဲ့အစစ် ဘယ်လိုကွာလဲ?။
- ဖုန်းကိုဖွင့်ဖွင့်ချင်းမှာ Screen က တောက်ပမနေပါဘူး။
- ပြက္ခဒိန်မှာပါတဲ့ စာလုံး Font တွေကလည်း မတူညီပါဘူး။
- မှန်ပြင်ဟာလည်း ကြမ်းတမ်းနေပါတယ်။ အစစ်ရဲ့မှန်ဟာ ချောမွေ့ပါတယ်။
- ပုံတွေကလည်း မှုန်မှုန်ဝါးဝါးဖြစ်နေပါတယ်။
၈။ အတုတွေကိုရှာဖွေဖို့အတွက် အထူးအက်ပလီကေးရှင်းကို Download လုပ်လိုက်ပါ။
![]() |
© legitcheckapp / reddit |
အကယ်၍ သင်ဟာအဝတ်အတု၊ ဖိနပ်နှင့် ဆက်စပ်ပစ္စည်းအတုတွေကို ထပ်ပြီးမဝယ်မိအောင် အထူးမှတ်သားထားသော App မှာ Upload လုပ်နိုင်ပါတယ်။ ဒီနည်းဟာ ပစ္စည်းအတုတွေကို ထပ်မဝယ်စေတော့ဘဲ သင့်အတွက် ငွေပိုစုလို့ ရစေပါတယ်။။ ဒီ app က အပေါ်ကပုံတွေမှာလို အသေးစိတ်သေးသေးလေးတွေကို စစ်ဆေးပေးပါတယ်။
Zombie (Lovemedia)
For Zawgyi
ပစ္စည်းအတုနဲ့အစစ်ကို အလွယ်ဆုံးခွဲနည်း (၈)နည်း
၁ ။ အားသွင်းကြိုး
၂ ။ ဈေးကြီးနာရီတွေရဲ့ အတုနဲ့အစစ်
၃ ။ အတုတွေက အစစ်တွေထက်ပိုပြီးတော့ ဈေးသက်သာတယ်။
- ဈေးကြီးတဲ့ ကုန်တံဆိပ်တွေမှာက serial number တွေ ပါဝင်ပါတယ်။
၆ ။ ကြယ်သီးများ
Zombie (Lovemedia)
0 Comments