ကျန်းမာရေးပတ်သက်ပြီး လူအများစု မှားယွင်းလုပ်မိတတ်တဲ့ အရာတွေ ရှိပါတယ်။ ဥပမာ နှာခေါင်းသွေးယိုရင် ခေါင်းကို မော့ထားတာမျိုး၊ ထမင်းစားပြီးရင် သွားတိုက်တတ်တာမျိုးပါ။

၁။ အစားအစာကို မှုတ်ကျွေးခြင်း

ကလေးကိုကျွေးမယ့် အစားအစာတွေက ပူနေတယ်ဆိုရင် မိဘတွေက မှုတ်ပြီးကျွေးတတ်ကြပါတယ်။ အဲဒီအခါ မိဘတွေဆီက ဘက်တီးရီးယားတွေဟာ ကလေးတွေရဲ့ သွားအခေါင်းပေါက်ထဲကို ဝင်သွားပါတယ်။ အဲဒါကြောင့် ကလေးတွေနဲ့အတူ အစားအသောက်တွေကို အတူတူစားတာ၊ အသုံးအဆောင်တွေကို အတူတူ မျှသုံးတာတွေ မလုပ်သင့်ပါဘူး။ အစားအစာတွေကို မှုတ်ကျွေးမယ့်အစား အအေးခံပြီးမှသာ စားသင့်ပါတယ်။

၂။ နှာခေါင်းသွေးယိုတဲ့အခါ ခေါင်းမော့ခြင်း

နှာခေါင်းသွေးယိုတဲ့အခါ ခေါင်းမော့ထားရင် အသက်ရှူမဝဖြစ်တတ်ပါတယ်။ အဲဒါကြောင့် နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းကို လက်မနဲ့လက်ညှိုးနဲ့ညှပ်ထားပြီး ခေါင်းကို မတ်မတ်ထားပါ။

၃။ အားနည်းနေတဲ့လူကို ပွေ့ခြင်း

သွေးဖိအားက ရုတ်တရက်ကျသွားပြီး ဦးနှောက်ထဲကို သွေးမရောက်တော့တာကြောင့် အားနည်းကာ မူးသွားတာပါ။ မူးပြီးအားနည်းနေတဲ့သူကို ပွေ့လိုက်တဲ့အခါ ဦးနှောက်ထဲကို သွေးရောက်ဖို့ နောက်ထပ်အတားအဆီးတစ်ခု ဖြစ်သွားပါတယ်။ အဲဒါကြောင့် မူးပြီးအားနည်းနေတဲ့သူကို မြေပြင်ညီတဲ့နေရာမှာ လဲလျောင်းခိုင်းတာ၊ ခေါင်းငုံ့ပြီး ထိုင်ခိုင်းတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

၄။ မြွေကိုက်ခံရသည့်အခါ အဆိပ်ကို ပါးစပ်နှင့် စုပ်ခြင်း

မြွေကိုက်ခံရတဲ့လူနာကို အဆိပ်ကို ပါးစပ်နဲ့စုပ်ထုတ်ပေးတာက အကူအညီ မဖြစ်စေဘူးလို့ သုတေသီတွေက ပြောပါတယ်။ မြွေဆိပ်ဆက်ပြီး မပျံ့နှံ့စေဖို့ လူနာကို မှောက်ခိုင်းထားပြီး နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်သင့်ပါတယ်။

၅။ အစာ စားပြီးပြီးချင်း သွားတိုက်ခြင်း

အစာ စားပြီးပြီးချင်း သွားတိုက်တာက သွားအပေါ်ယံကြွေသားတွေကို ပျက်စီးစေပါတယ်။ မနက်စာ မစားခင်မှာပဲ သွားတိုက်ပါ။ နေ့လယ်စာ စားပြီးတဲ့အခါ အရင်ဆုံး ပလုပ်ကျင်းထားပြီး မိနစ် ၄၀ ကြာမှသာ သွားတိုက်ပါ။

၆။ ဆို့နင်နေတဲ့သူကို ကျောရိုက်ခြင်း

တစ်ခုခု ဆို့နင်နေတဲ့သူကို ကျောကို ရိုက်လိုက်ခြင်းက အလုပ်မဖြစ်ပါဘူး။ ဆို့နင်နေတဲ့သူကို အရှေ့ကို ကိုင်းဖို့ပြောပြီး ချောင်းဆိုးခိုင်းပါ။

၇။ ဒဏ်ရာပေါ်ကို ရေခဲတိုက်ရိုက်အုပ်ခြင်း

အရေပြားက နူးညံ့တာကြောင့် ဒဏ်ရာပေါ်ကို ရေခဲတိုက်ရိုက်အုပ်တဲ့အခါ သွေးလည်ပတ်မှုကို နည်းသွားစေပြီး နှင်းကိုက်နာဖြစ်သွားနိုင်ပါတယ်။ ဒဏ်ရာဖြစ်တဲ့နေရာကို ရေခဲတိုက်ရိုက်မအုပ်ဘဲ ပိတ်စလေးတစ်ခု ခံပြီးမှသာ အုပ်ပါ။ ဒဏ်ရာပေါ်ကိုလည်း ရေခဲကို ၁၀ မိနစ်ထက်ကြာအောင် မအုပ်သင့်ပါဘူး။

၈။ အပူလောင်ဒဏ်ရာကို ထောပတ်လိမ်းခြင်း၊ ရေခဲအုပ်ခြင်း

အပူလောင်ဒဏ်ရာဟာ အရေပြားအတွင်းထဲအထိ ဒဏ်ရာရတာကြောင့် ထောပတ်လိမ်းရုံ၊ ရေခဲအုပ်ရုံနဲ့ မသက်သာပါဘူး။ အပူလောင်ဒဏ်ရာကို ရေအေးအေးလေးနဲ့ မိနစ် ၂၀ ခန့်သာ စိမ်ထားသင့်ပါတယ်။

၉။ နှင်းကိုက်နာကို ပွတ်ခြင်း

နှင်းကိုက်နာဖြစ်တဲ့အခါ လက်ဖဝါးအချင်းချင်းကို မပွတ်သင့်ပါဘူး။ နှင်းကိုက်နာဖြစ်တဲ့အခါ ကြက်သီးနွေးရေလေးနဲ့ စိမ်ထားတာ၊ ရေနွေးသောက်တာဆိုရင် လုံလောက်ပါတယ်။

၁၀။ ပလက်စတစ်ရေဘူးကို ရေပြန်ဖြည့်သောက်ခြင်း

ပလက်စတစ်ရေဘူးတွေမှာ ပါဝင်တဲ့ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းက ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ပြီးတော့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါတယ်။ အဲဒီဘက်တီးရီးယားတွေကနေ ကင်ဆာရောဂါဖြစ်စေပါတယ်။ ပလက်စတစ်ရေဘူးကို ရေပြန်ဖြည့်မသောက်ဘဲ ပြန်လည်အသုံးပြုနိုင်တဲ့ ရေပုလင်းတွေကိုသာ ဆောင်ထားသင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

လူအမ်ားစု မွားယြင္းလုပ္မိေနတဲ့ က်န္းမာေရးထိခိုက္ေစတဲ့ အရာ (၁၀) ခု

က်န္းမာေရးပတ္သက္ၿပီး လူအမ်ားစု မွားယြင္းလုပ္မိတတ္တဲ့ အရာေတြ ရွိပါတယ္။ ဥပမာ ႏွာေခါင္းေသြးယိုရင္ ေခါင္းကို ေမာ့ထားတာမ်ိဳး၊ ထမင္းစားၿပီးရင္ သြားတိုက္တတ္တာမ်ိဳးပါ။

၁။ အစားအစာကို မႈတ္ေကြၽးျခင္း

ကေလးကိုေကြၽးမယ့္ အစားအစာေတြက ပူေနတယ္ဆိုရင္ မိဘေတြက မႈတ္ၿပီးေကြၽးတတ္ၾကပါတယ္။ အဲဒီအခါ မိဘေတြဆီက ဘက္တီးရီးယားေတြဟာ ကေလးေတြရဲ႕သြားအေခါင္းေပါက္ထဲကို ဝင္သြားပါတယ္။ အဲဒါေၾကာင့္ ကေလးေတြနဲ႔အတူ အစားအေသာက္ေတြကို အတူတူစားတာ၊ အသုံးအေဆာင္ေတြကို အတူတူ မွ်သုံးတာေတြ မလုပ္သင့္ပါဘူး။ အစားအစာေတြကို မႈတ္ေကြၽးမယ့္အစား အေအးခံၿပီးမွသာ စားသင့္ပါတယ္။

၂။ ႏွာေခါင္းေသြးယိုတဲ့အခါ ေခါင္းေမာ့ျခင္း

ႏွာေခါင္းေသြးယိုတဲ့အခါ ေခါင္းေမာ့ထားရင္ အသက္ရႉမဝျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ ႏွာေခါင္းေသြးယိုတဲ့အခါ ႏွာေခါင္းကို လက္မနဲ႔လက္ညႇိဳးနဲ႔ညႇပ္ထားၿပီး ေခါင္းကို မတ္မတ္ထားပါ။

၃။ အားနည္းေနတဲ့လူကို ေပြ႕ျခင္း

ေသြးဖိအားက ႐ုတ္တရက္က်သြားၿပီး ဦးေႏွာက္ထဲကို ေသြးမေရာက္ေတာ့တာေၾကာင့္ အားနည္းကာ မူးသြားတာပါ။ မူးၿပီးအားနည္းေနတဲ့သူကို ေပြ႕လိုက္တဲ့အခါ ဦးေႏွာက္ထဲကို ေသြးေရာက္ဖို႔ ေနာက္ထပ္အတားအဆီးတစ္ခု ျဖစ္သြားပါတယ္။ အဲဒါေၾကာင့္ မူးၿပီးအားနည္းေနတဲ့သူကို ေျမျပင္ညီတဲ့ေနရာမွာ လဲေလ်ာင္းခိုင္းတာ၊ ေခါင္းငုံ႔ၿပီး ထိုင္ခိုင္းတာေတြ ျပဳလုပ္ေပးသင့္ပါတယ္။

၄။ ေႁမြကိုက္ခံရသည့္အခါ အဆိပ္ကို ပါးစပ္ႏွင့္ စုပ္ျခင္း

ေႁမြကိုက္ခံရတဲ့လူနာကို အဆိပ္ကို ပါးစပ္နဲ႔စုပ္ထုတ္ေပးတာက အကူအညီ မျဖစ္ေစဘူးလို႔ သုေတသီေတြက ေျပာပါတယ္။ ေႁမြဆိပ္ဆက္ၿပီး မပ်ံ႕ႏွံ႔ေစဖို႔ လူနာကို ေမွာက္ခိုင္းထားၿပီး နီးစပ္ရာ က်န္းမာေရးဌာနကို ဆက္သြယ္သင့္ပါတယ္။

၅။ အစာ စားၿပီးၿပီးခ်င္း သြားတိုက္ျခင္း

အစာ စားၿပီးၿပီးခ်င္း သြားတိုက္တာက သြားအေပၚယံေႂကြသားေတြကို ပ်က္စီးေစပါတယ္။ မနက္စာ မစားခင္မွာပဲ သြားတိုက္ပါ။ ေန႔လယ္စာ စားၿပီးတဲ့အခါ အရင္ဆုံး ပလုပ္က်င္းထားၿပီး မိနစ္ ၄၀ ၾကာမွသာ သြားတိုက္ပါ။

၆။ ဆို႔နင္ေနတဲ့သူကို ေက်ာ႐ိုက္ျခင္း

တစ္ခုခု ဆို႔နင္ေနတဲ့သူကို ေက်ာကို ႐ိုက္လိုက္ျခင္းက အလုပ္မျဖစ္ပါဘူး။ ဆို႔နင္ေနတဲ့သူကို အေရွ႕ကို ကိုင္းဖို႔ေျပာၿပီး ေခ်ာင္းဆိုးခိုင္းပါ။

၇။ ဒဏ္ရာေပၚကို ေရခဲတိုက္႐ိုက္အုပ္ျခင္း

အေရျပားက ႏူးညံ့တာေၾကာင့္ ဒဏ္ရာေပၚကို ေရခဲတိုက္႐ိုက္အုပ္တဲ့အခါ ေသြးလည္ပတ္မႈကို နည္းသြားေစၿပီး ႏွင္းကိုက္နာျဖစ္သြားႏိုင္ပါတယ္။ ဒဏ္ရာျဖစ္တဲ့ေနရာကို ေရခဲတိုက္႐ိုက္မအုပ္ဘဲ ပိတ္စေလးတစ္ခု ခံၿပီးမွသာ အုပ္ပါ။ ဒဏ္ရာေပၚကိုလည္း ေရခဲကို ၁၀ မိနစ္ထက္ၾကာေအာင္ မအုပ္သင့္ပါဘူး။

၈။ အပူေလာင္ဒဏ္ရာကို ေထာပတ္လိမ္းျခင္း၊ ေရခဲအုပ္ျခင္း

အပူေလာင္ဒဏ္ရာဟာ အေရျပားအတြင္းထဲအထိ ဒဏ္ရာရတာေၾကာင့္ ေထာပတ္လိမ္း႐ုံ၊ ေရခဲအုပ္႐ုံနဲ႔ မသက္သာပါဘူး။ အပူေလာင္ဒဏ္ရာကို ေရေအးေအးေလးနဲ႔ မိနစ္၂၀ ခန႔္သာ စိမ္ထားသင့္ပါတယ္။

၉။ ႏွင္းကိုက္နာကို ပြတ္ျခင္း

ႏွင္းကိုက္နာျဖစ္တဲ့အခါ လက္ဖဝါးအခ်င္းခ်င္းကို မပြတ္သင့္ပါဘူး။ ႏွင္းကိုက္နာျဖစ္တဲ့အခါ ၾကက္သီးေႏြးေရေလးနဲ႔ စိမ္ထားတာ၊ ေရေႏြးေသာက္တာဆိုရင္ လုံေလာက္ပါတယ္။

၁၀။ ပလက္စတစ္ေရဘူးကို ေရျပန္ျဖည့္ေသာက္ျခင္း

ပလက္စတစ္ေရဘူးေတြမွာ ပါဝင္တဲ့ BPA လို႔ေခၚတဲ့ ဓါတုပစၥည္းက ေရထဲမွာ ေပ်ာ္ဝင္ႏိုင္ပါတယ္။ ၿပီးေတာ့ အႏၲရာယ္ရွိတဲ့ ဘက္တီးရီးယားေတြ ေပါက္ဖြားလာပါတယ္။ အဲဒီဘက္တီးရီးယားေတြကေန ကင္ဆာေရာဂါျဖစ္ေစပါတယ္။ ပလက္စတစ္ေရဘူးကို ေရျပန္ျဖည့္မေသာက္ဘဲ ျပန္လည္အသုံးျပဳႏိုင္တဲ့ ေရပုလင္းေတြကိုသာ ေဆာင္ထားသင့္ပါတယ္။

Zombie (Lovemedia)