ငွေက လူတွေရဲ့ အကျင့်စရိုက်ကို ပြောင်းလဲစေနိုင်ပါတယ်။ အချစ်ထက် ငွေကို ပိုပြီးမက်မောတဲ့ အခါ ပင်ကို စရိုက်တွေပါ ပေါ်လွင်လာပါတယ်။ အသက် ၃၄ နှစ် အရွယ် ထိုင်းအမျိုးသားနဲ့ သူ့ရဲ့ ဇနီးဖြစ်သူဟာ ထီအတူတူ ထိုးခဲ့ကြပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ ထီထွက်တဲ့ အခါ ထိုင်းဘတ် ၆ သန်း တောင် ထီပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားက ထီပေါက်တဲ့ငွေကို သူ့အမျိုးသမီးကို ခွဲမပေးချင်ပါဘူး။ သူတစ်ယောက်တည်း အကုန်ယူပြေးသွားပါတယ်။

အသက် ၂၃ နှစ် အရွယ် အမျိုးသမီး Pornthida Chamnanwet က ထီလက်မှတ်ကို ယူပြီး ထွက်ပြေးသွားတဲ့ ခင်ပွန်းဖြစ်သူကို ရဲတိုင်ခဲ့ ပါတယ်။ အဲဒီ ထီလက်မှတ်ကို သူတို့နှစ်ယောက် အတူတူ ရွေးပြီး အတူတူထိုးခဲ့ကြ တာပါ။

သူတို့နှစ်ယောက်က ထီပေါက်ခဲ့ရင် လုံခြုံ စိတ်ချရအောင်လို့ ဘန်ကောက်မြို့နားက ရဲစခန်းတစ်ခုခုကို အတူတူ သွားခဲ့ကြ ပါတယ်။ အဲဒီ ရဲစခန်းရောက်တဲ့အခါ ထီလက်မှတ်ပေါ်မှာ သူတို့နာမည်တွေရေးပြီး ထီလက်မှတ်နဲ့ ဓါတ်ပုံအတူတူ တွဲရိုက်ကြခဲ့ကြ ပါတယ် ။ ထီပေါက်တဲ့အခါ ရလာတဲ့ငွေကိုလည်း ညီတူမျှတူခွဲယူကြဖို့ သဘောတူခဲ့ ကြပါတယ်။

Pornthida က ထီပေါက်တဲ့ငွေနဲ့ တခြားလုပ်ငန်းတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ထီပေါက်ပြီးနောက်တစ်နေ့မှာတော့ Pornthida ရဲ့ အမျိုးသားက သူ့ဝေစုက နည်းနေကြောင်း၊ သူမကို ထိုင်းဘတ် ၂ သန်းသာ ပေးနိုင်မည်ဖြစ်ကြောင်း ပြောပြီး နှစ်ယောက်သား စကားများကြ ပါတယ်။ အဲဒီနောက် အမျိုးသားဖြစ်သူက ထီလက်မှတ်ကို ယူပြီး ထွက်ပြေးသွားပါတယ်။

Pornthida က ဒေါသထွက်ပြီး သူ့အမျိုးသား ထီလက်မှတ်နဲ့ ငွေထုတ်လို့မရအောင် ရဲကို တိုင်ခဲ့ပါတယ်။ ထိုင်းရှေ့နေတစ်ယောက်ရဲ့ အပြောစကားအရ သူ့မှာပြစ်မှု ထင်ရှားရင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Pornthida ရဲ့ အမျိုးသားက အိမ်ပြန်ရောက်လာပြီး သူတိူ့နှစ်ဦး ပြန်အဆင်ပြေသွားပါတယ်။

Zombie(LoveMedia)

Ref - worldofbuzz

For Zawgyi

ထီေပါက္တဲ့ေငြကို ဇနီးသည္ကို ခြဲမေပးခ်င္လို႔ ထြက္ေျပးသြားတဲ့ အမ်ိဳးသား

ေငြက လူေတြရဲ႕ အက်င့္စ႐ိုက္ကို ေျပာင္းလဲေစႏိုင္ပါတယ္။ အခ်စ္ထက္ ေငြကို ပိုၿပီးမက္ေမာတဲ့ အခါ ပင္ကို စ႐ိုက္ေတြပါ ေပၚလြင္လာပါတယ္။ အသက္ ၃၄ ႏွစ္ အ႐ြယ္ ထိုင္းအမ်ိဳးသားနဲ႔ သူ႔ရဲ႕ ဇနီးျဖစ္သူဟာ ထီအတူတူ ထိုးခဲ့ၾကၿပီး ႏိုဝင္ဘာလ ၁၇ ရက္ေန႔ ထီထြက္တဲ့ အခါ ထိုင္းဘတ္ ၆ သန္း ေတာင္ ထီေပါက္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအမ်ိဳးသားက ထီေပါက္တဲ့ေငြကို သူ႔အမ်ိဳးသမီးကို ခြဲမေပးခ်င္ပါဘူး။ သူတစ္ေယာက္တည္း အကုန္ယူေျပးသြားပါတယ္။

အသက္ ၂၃ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး Pornthida Chamnanwet က ထီလက္မွတ္ကို ယူၿပီး ထြက္ေျပးသြားတဲ့ ခင္ပြန္းျဖစ္သူကို ရဲတိုင္ခဲ့ ပါတယ္။ အဲဒီ ထီလက္မွတ္ကို သူတို႔ႏွစ္ေယာက္ အတူတူ ေ႐ြးၿပီး အတူတူထိုးခဲ့ၾက တာပါ။

သူတို႔ႏွစ္ေယာက္က ထီေပါက္ခဲ့ရင္ လုံၿခဳံ စိတ္ခ်ရေအာင္လို႔ ဘန္ေကာက္ၿမိဳ႕နားက ရဲစခန္းတစ္ခုခုကို အတူတူ သြားခဲ့ၾက ပါတယ္။ အဲဒီ ရဲစခန္းေရာက္တဲ့အခါ ထီလက္မွတ္ေပၚမွာ သူတို႔နာမည္ေတြေရးၿပီး ထီလက္မွတ္နဲ႔ ဓါတ္ပုံအတူတူ တြဲ႐ိုက္ၾကခဲ့ၾက ပါတယ္ ။ ထီေပါက္တဲ့အခါ ရလာတဲ့ေငြကိုလည္း ညီတူမွ်တူခြဲယူၾကဖို႔ သေဘာတူခဲ့ ၾကပါတယ္။

Pornthida က ထီေပါက္တဲ့ေငြနဲ႔ တျခားလုပ္ငန္းေတြလုပ္ဖို႔ အစီအစဥ္ ရွိပါတယ္။ ထီေပါက္ၿပီးေနာက္တစ္ေန႔မွာေတာ့ Pornthida ရဲ႕ အမ်ိဳးသားက သူ႔ေဝစုက နည္းေနေၾကာင္း၊ သူမကို ထိုင္းဘတ္ ၂ သန္းသာ ေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၿပီး ႏွစ္ေယာက္သား စကားမ်ားၾက ပါတယ္။ အဲဒီေနာက္ အမ်ိဳးသားျဖစ္သူက ထီလက္မွတ္ကို ယူၿပီး ထြက္ေျပးသြားပါတယ္။

Pornthida က ေဒါသထြက္ၿပီး သူ႔အမ်ိဳးသား ထီလက္မွတ္နဲ႔ ေငြထုတ္လို႔မရေအာင္ ရဲကို တိုင္ခဲ့ပါတယ္။ ထိုင္းေရွ႕ေနတစ္ေယာက္ရဲ႕ အေျပာစကားအရ သူ႔မွာျပစ္မႈ ထင္ရွားရင္ ေထာင္ဒဏ္ သုံးႏွစ္အထိ က်ခံႏိုင္ဖြယ္ ရွိပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ Pornthida ရဲ႕ အမ်ိဳးသားက အိမ္ျပန္ေရာက္လာၿပီး သူတိူ႔ႏွစ္ဦး ျပန္အဆင္ေျပသြားပါတယ္။

Zombie(LoveMedia)

Ref - worldofbuzz