ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လှည့်စားနေတာကို သိလိုက်ရတဲ့ အချိန်က တော်တော် ခံစားရပါတယ်။ တရုတ်နိုင်ငံက အမျိုးသား တစ်ယောက်ကတော့ သူ့ကောင်မလေးက တခြား တစ်ယောက်နဲ့ တွဲနေတာကို တွေ့သွားပြီး အသည်းကွဲသွားပါတယ်။

Twitter မှာ ဒီအကြောင်းအရာလေးက အတော် ပျံ့နှံ့သွားခဲ့ပါတယ်။ Xiao နဲ့ သူကောင်မလေးက တစ်နေရာစီ နေကြတာ ဖြစ်လို့ သူချစ်ရတဲ့သူ မွေးနေ့မှာ အံ့ဩသွားအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

Source: Twitter

ပုံထဲမှာ Xiao က ဝက်ဝံဝတ်စုံကို ဝတ်ထား ပါတယ်။ သူ့ကောင်မလေး ပျော်စေဖို့အတွက် ကီလိုမီတာပေါင်း 2400 ကို ခရီးနှင်လာခဲ့ ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ Xiao အသည်းကွဲ ခဲ့ရပါတယ်။

Xiao ရဲ့ကောင်မလေးက တခြားတစ်ယောက်ရဲ့ရင်ခွင်ထဲ ရောက်နေပြီး စကားတွေပြောနေကြတာကို Xiao တွေ့လိုက်ရပါတယ်။ Xiao က ဝက်ဝံခေါင်းဆောင်းကို ချွတ်လိုက်ပြီး သူ့ကို လှည့်စားသွားတဲ့ ကောင်မလေးကို ငေးကြည့်နေခဲ့ ပါတယ်။

Source: Twitter

သူ့ကောင်မလေးက တစ်ယောက်ယောက် သူမကို စိုက်ကြည့်နေကြောင်း သတိထားမိသွားပြီ ကြည့်လိုက်တဲ့အခါ Xiao ရပ်နေတာကို တွေ့သွားပါတယ်။ Xiao က ဘာမှ မပြောဘဲ လှည့်ထွက်ခဲ့ပြီး ဝက်ဝံခေါင်းဆောင်းကို ပြန်ဆောင်းလိုက်ပါတယ်။

Source: Twitter

မိန်းကလေးက Xiao ရဲ့နောက်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့လက်တွေကို ဖယ်ထုတ်ပစ်ပြီး လမ်းဆက်လျှောက် သွားပါတယ်။ နောက်တော့ မိန်းကလေးက Xiao ကို မီသွားပြီး Xiao ကို လှမ်းဖက်လိုက်ပါတယ်။ ဒါပေမယ့် Xiao ရဲ့ ဘက်က ဘာမှမတုံ့ပြန်တဲ့ ပုံပါပဲ။

Source: Vietgaitri

သူတို့နှစ်ယောက် အဆင်ပြေသွားလားဆိုတာတော့ သေချာမသိရပါဘူး။ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ Xiao က သူ့ကောင်မလေးရဲ့မွေးနေ့မှာ surprise လုပ်ချင်လို့ သွားခဲ့ပေမယ့် အသည်းကွဲခဲ့ရပါတယ်။ ဒီဓာတ်ပုံတွေက Weibo မှာ မူရင်းတင်ထားတဲ့ ဓာတ်ပုံတွေလို့ ယူဆရပါတယ်။

Source: Twitter

အင်တာနက် အသုံးပြုသူတွေ ကတော့ Xiao ကို သနားနေကြပြီး ကောင်မလေးကို လမ်းခွဲဖို့ အကြံပေးနေကြ ပါတယ်။ ဒါပေမယ့် ကောင်မလေးက တခြားတစ်ယောက်နဲ့ တွဲနေရင်း ကနေ Xiao နောက်ကို ဘာကြောင့်လိုက်လာလဲ ဆိုတော့ လူအများက ထင်ကြေး အမျိုးမျိုး ပေးနေကြပါတယ်။

ရုပ်သံကြည့်ရန်

Zombie (LoveMedia)

For Zawgyi

ခ်စ္သူ႕ေမြးေန႔မွာ surprise လုပ္ဖို႔ လာခဲ့ေပမယ့္ အသည္းကြဲသြားတဲ့ အမ်ိဳးသား (ရုပ္သံ)

ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို လွည့္စားေနတာကို သိလိုက္ရတဲ့ အခ်ိန္က ေတာ္ေတာ္ ခံစားရပါတယ္။ တ႐ုတ္ႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ကေတာ့ သူ႔ေကာင္မေလးက တျခား တစ္ေယာက္နဲ႔ တြဲေနတာကို ေတြ႕သြားၿပီး အသည္းကြဲသြားပါတယ္။

Twitter မွာ ဒီအေၾကာင္းအရာေလးက အေတာ္ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Xiao နဲ႔ သူေကာင္မေလးက တစ္ေနရာစီ ေနၾကတာ ျဖစ္လို႔ သူခ်စ္ရတဲ့သူ ေမြးေန႔မွာ အံ့ဩသြားေအာင္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ ပါတယ္။

ပုံထဲမွာ Xiao က ဝက္ဝံဝတ္စုံကို ဝတ္ထား ပါတယ္။ သူ႔ေကာင္မေလး ေပ်ာ္ေစဖို႔အတြက္ ကီလိုမီတာေပါင္း 2400 ကို ခရီးႏွင္လာခဲ့ ရပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ Xiao အသည္းကြဲ ခဲ့ရပါတယ္။

Xiao ရဲ႕ေကာင္မေလးက တျခားတစ္ေယာက္ရဲ႕ရင္ခြင္ထဲ ေရာက္ေနၿပီး စကားေတြေျပာေနၾကတာကို Xiao ေတြ႕လိုက္ရပါတယ္။ Xiao က ဝက္ဝံေခါင္းေဆာင္းကို ခြၽတ္လိုက္ၿပီး သူ႔ကို လွည့္စားသြားတဲ့ ေကာင္မေလးကို ေငးၾကည့္ေနခဲ့ ပါတယ္။

သူ႔ေကာင္မေလးက တစ္ေယာက္ေယာက္ သူမကို စိုက္ၾကည့္ေနေၾကာင္း သတိထားမိသြားၿပီ ၾကည့္လိုက္တဲ့အခါ Xiao ရပ္ေနတာကို ေတြ႕သြားပါတယ္။ Xiao က ဘာမွ မေျပာဘဲ လွည့္ထြက္ခဲ့ၿပီး ဝက္ဝံေခါင္းေဆာင္းကို ျပန္ေဆာင္းလိုက္ပါတယ္။

မိန္းကေလးက Xiao ရဲ႕ေနာက္ကို လိုက္လာခဲ့ပါတယ္။ ဒါေပမယ့္ သူမရဲ႕လက္ေတြကို ဖယ္ထုတ္ပစ္ၿပီး လမ္းဆက္ေလွ်ာက္ သြားပါတယ္။ ေနာက္ေတာ့ မိန္းကေလးက Xiao ကို မီသြားၿပီး Xiao ကို လွမ္းဖက္လိုက္ပါတယ္။ ဒါေပမယ့္ Xiao ရဲ႕ ဘက္က ဘာမွမတုံ႔ျပန္တဲ့ ပုံပါပဲ။

သူတို႔ႏွစ္ေယာက္ အဆင္ေျပသြားလားဆိုတာေတာ့ ေသခ်ာမသိရပါဘူး။ ဒီအျဖစ္အပ်က္က တ႐ုတ္ႏိုင္ငံမွာ ျဖစ္ခဲ့တာပါ။ Xiao က သူ႔ေကာင္မေလးရဲ႕ေမြးေန႔မွာ surprise လုပ္ခ်င္လို႔ သြားခဲ့ေပမယ့္ အသည္းကြဲခဲ့ရပါတယ္။ ဒီဓာတ္ပုံေတြက Weibo မွာ မူရင္းတင္ထားတဲ့ဓာတ္ပုံေတြလို႔ ယူဆရပါတယ္။

အင္တာနက္ အသုံးျပဳသူေတြ ကေတာ့ Xiao ကို သနားေနၾကၿပီး ေကာင္မေလးကို လမ္းခြဲဖို႔ အႀကံေပးေနၾက ပါတယ္။ ဒါေပမယ့္ ေကာင္မေလးက တျခားတစ္ေယာက္နဲ႔ တြဲေနရင္း ကေန Xiao ေနာက္ကို ဘာေၾကာင့္လိုက္လာလဲ ဆိုေတာ့ လူအမ်ားက ထင္ေၾကး အမ်ိဳးမ်ိဳး ေပးေနၾကပါတယ္။

Zombie (LoveMedia)