မိန်းကလေးအများစုက သူတို့ချစ်ကောင်လေးတွေရဲ့ T-shirt တွေကို ယူဝတ်တတ်ကြပြီး T-shirtမှာ စွဲကျန်ခဲ့တဲ့ ကိုယ်သင်းနံ့လေးတွေကိုလည်း နှစ်သက်ကြပါတယ်။ သင်က ယောကျ်ားလေးဝတ်T-shirt တွေကို ဝတ်ရတာ မကြိုက်ဘူးဆိုရင် အဲဒီအချက်ကို ကြိုက်မှာ မဟုတ်ပါဘူး။

သင့်ချစ်သူရဲ့ ကိုယ်သင်း ရနံ့လေးတွေကို သဘောကျတယ် ဆိုရင် သင့်အတွက် အားသာချက် ပါပဲ။ အဲဒီလို ကိုယ်သင်း နံ့လေးတွေက စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင် လို့ပါ။

ဒီလေ့လာမှုမှာ အမျိုးသမီး ၉၆ ဦးက အမျိူးသားဝတ် T-shirt တွေကို အနံ့ခံခဲ့ကြ ပါတယ် ။ အဲဒီ T-shirt တွေကို အမျိုးသားတွေက ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ၊ အခြားအမွှေးနံ့ ပစ္စည်းတွေ မသုံးဘဲ ဝတ်ထားခဲ့ ပါတယ်။ ပြီးတော့ အဲဒီအမျိုးသားတွေကို T-shirt တွေ မဝတ်ခင်မှာ ကိုယ်သင်းနံ့ကို ပြောင်းစေမယ့် အစားအစာတွေ မစားဖို့၊ ဆေးလိပ်မသောက်ဖို့ တောင်းဆိုထား ပါတယ်။

© brooklynbeckham / Instagram

T-shirt တွေကို အမျိူးအစား ၃ မျိုး ခွဲထားပါတယ် ။ တစ်ထည်က သူမရဲ့ချစ်သူ ဝတ်ထားတဲ့ အင်္ကျီ၊ တစ်ထည်က သူစိမ်း ဝတ်ထားတဲ့ အင်္ကျီ၊ တစ်ထည်က ဘယ်သူမှ မဝတ်ရသေးတဲ့၊ အနံ့ မစွဲသေးတဲ့ အင်္ကျီပါ။ အမျိုးသမီး တစ်ယောက်ချင်းစီကို အင်္ကျီ ၃ ထည်စီပေးပြီး အနံ့ခံခိုင်းပါတယ်။

© IMP FEATURES/East News, © Retna/Photoshot/REPORTER

အဲဒီနောက်မှာတော့ အမျိုးသမီး ၉၆ ဦးကို ပေါ့ပေါ့ပါးပါး မေးခွန်းလေးတွေ မေးပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း level ကို တိုင်းတာဖို့ အတွက် အမျိုးသမီးတွေရဲ့ တံတွေး နမူနာတွေ ကိုလည်း ယူထား ပါတယ်။ အဲဒီအမျိုးသမီးတွေကို စိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ အကြောင်းတွေကိုလည်း မေးပါတယ်။

© The Notebook / New Line Cinema, © About Time / Universal Pictures

ရလဒ် ကတော့ အံ့သြစရာပါပဲ။ သူတို့ချစ်သူရဲ့ T-shirt ကို အနံ့ခံခဲ့တဲ့ အမျိုးသမီးတွေက သူစိမ်းတစ်ယောက်ရဲ့T-shirt ကို အနံ့ခံခဲ့တဲ့ အမျိုးသမီးတွေထက် စိတ်ဖိစီးမှုတွေ ပိုနည်းတာကို တွေ့ရပါတယ်။ သူစိမ်းတစ်ယောက်ရဲ့ T-shirt ကို အနံ့ခံခဲ့တဲ့ အမျိုးသမီးတွေက စိတ်ဖိစီးမှု ဟော်မုန်းတွေ များနေပေမယ့် စိတ်ဖိစီးတယ်လို့ မပြောတာက အံ့သြစရာ ကောင်းပါတယ်။

© 10,000 BC / Warner Bros. Pictures, © Fesenko/easyfotostock/Eastnews

ကိုယ့်ချစ်သူကောင်လေးရဲ့ အင်္ကျီနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေကို သိနေတဲ့ အခါ၊ သူ့ရဲ့ကိုယ်သင်းရနံ့လေးတွေ ရနေတဲ့ အခါ စိတ်ဖိစီးမှုတွေ နည်းလာကြောင်း တွေ့ရပါတယ်။

လူတွေက သူစိမ်းဆိုရင် အလွယ်တကူ မယုံကြည်ရဲ ကြပါဘူး။ သူစိမ်းတစ်ယောက်ရဲ့အနံ့က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုပြီးမြင့်တက်စေ ပါတယ်။ အမျိုးသမီးတွေမှာ ရှိတဲ့ ကိုယ်သင်း ရနံ့ ကလည်း ထူးခြားပါတယ်။

လောလောဆယ် မှာတော့ အမျိုးသမီးတွေရဲ့ ကိုယ်သင်းနံ့က သူတို့ချစ်သူ ကောင်လေးတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲ ဆိုတာ မလေ့လာရ သေးပါဘူး။ ဒါပေမယ့် အမျိုးသား အများစုက အမျိုးသမီးတွေရဲ့ ဆံပင်လေးတွေကို နမ်းရှိုက်ရတာ နှစ်သက်တယ်လို့ ပြောပါတယ်။

Zombie (LoveMedia)

For Zawgyi

သင့္ခ်စ္သူေကာင္ေလးရဲ႕ ကိုယ္သင္းရနံ႔က စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစႏိုင္

မိန္းကေလးအမ်ားစုက သူတို႔ခ်စ္ေကာင္ေလးေတြရဲ႕ T-shirt ေတြကို ယူဝတ္တတ္ၾကၿပီး T-shirtမွာ စြဲက်န္ခဲ့တဲ့ ကိုယ္သင္းနံ႔ေလးေတြကိုလည္း ႏွစ္သက္ၾကပါတယ္။ သင္က ေယာက်္ားေလးဝတ္T-shirt ေတြကို ဝတ္ရတာ မႀကိဳက္ဘူးဆိုရင္ အဲဒီအခ်က္ကို ႀကိဳက္မွာ မဟုတ္ပါဘူး။

သင့္ခ်စ္သူရဲ႕ ကိုယ္သင္း ရနံ႔ေလးေတြကို သေဘာက်တယ္ ဆိုရင္ သင့္အတြက္ အားသာခ်က္ ပါပဲ။ အဲဒီလို ကိုယ္သင္း နံ႔ေလးေတြက စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ လို႔ပါ။

ဒီေလ့လာမႈမွာ အမ်ိဳးသမီး ၉၆ ဦးက အမ်ိဴးသားဝတ္ T-shirt ေတြကို အနံ႔ခံခဲ့ၾက ပါတယ္ ။ အဲဒီ T-shirt ေတြကို အမ်ိဳးသားေတြက ေခြၽးနံ႔ေပ်ာက္ေဆးေတြ၊ ေရေမႊးေတြ၊ အျခားအေမႊးနံ႔ ပစၥည္းေတြ မသုံးဘဲ ဝတ္ထားခဲ့ ပါတယ္။ ၿပီးေတာ့ အဲဒီအမ်ိဳးသားေတြကို T-shirt ေတြ မဝတ္ခင္မွာ ကိုယ္သင္းနံ႔ကို ေျပာင္းေစမယ့္ အစားအစာေတြ မစားဖို႔၊ ေဆးလိပ္မေသာက္ဖို႔ ေတာင္းဆိုထား ပါတယ္။

T-shirt ေတြကို အမ်ိဴးအစား ၃ မ်ိဳး ခြဲထားပါတယ္ ။ တစ္ထည္က သူမရဲ႕ခ်စ္သူ ဝတ္ထားတဲ့ အက်ႌ၊ တစ္ထည္က သူစိမ္း ဝတ္ထားတဲ့ အက်ႌ၊ တစ္ထည္က ဘယ္သူမွ မဝတ္ရေသးတဲ့၊ အနံ႔ မစြဲေသးတဲ့ အက်ႌပါ။ အမ်ိဳးသမီး တစ္ေယာက္ခ်င္းစီကို အက်ႌ ၃ ထည္စီေပးၿပီး အနံ႔ခံခိုင္းပါတယ္။

အဲဒီေနာက္မွာေတာ့ အမ်ိဳးသမီး ၉၆ ဦးကို ေပါ့ေပါ့ပါးပါး ေမးခြန္းေလးေတြ ေမးပါတယ္။ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္း level ကို တိုင္းတာဖို႔ အတြက္ အမ်ိဳးသမီးေတြရဲ႕ တံေတြး နမူနာေတြ ကိုလည္း ယူထား ပါတယ္။ အဲဒီအမ်ိဳးသမီးေတြကို စိတ္ဖိစီးမႈနဲ႔ ပတ္သက္ၿပီး ခံစားေနရတဲ့ အေၾကာင္းေတြကိုလည္း ေမးပါတယ္။

ရလဒ္ ကေတာ့ အံ့ၾသစရာပါပဲ။ သူတို႔ခ်စ္သူရဲ႕ T-shirt ကို အနံ႔ခံခဲ့တဲ့ အမ်ိဳးသမီးေတြက သူစိမ္းတစ္ေယာက္ရဲ႕T-shirt ကို အနံ႔ခံခဲ့တဲ့ အမ်ိဳးသမီးေတြထက္ စိတ္ဖိစီးမႈေတြ ပိုနည္းတာကို ေတြ႕ရပါတယ္။ သူစိမ္းတစ္ေယာက္ရဲ႕ T-shirt ကို အနံ႔ခံခဲ့တဲ့ အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈ ေဟာ္မုန္းေတြ မ်ားေနေပမယ့္ စိတ္ဖိစီးတယ္လို႔ မေျပာတာက အံ့ၾသစရာ ေကာင္းပါတယ္။

ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ အက်ႌနဲ႔ အျခားအသုံးအေဆာင္ ပစၥည္းေတြကို သိေနတဲ့ အခါ၊ သူ႔ရဲ႕ကိုယ္သင္းရနံ႔ေလးေတြ ရေနတဲ့ အခါ စိတ္ဖိစီးမႈေတြ နည္းလာေၾကာင္း ေတြ႕ရပါတယ္။

လူေတြက သူစိမ္းဆိုရင္ အလြယ္တကူ မယုံၾကည္ရဲ ၾကပါဘူး။ သူစိမ္းတစ္ေယာက္ရဲ႕အနံ႔က စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ပိုၿပီးျမင့္တက္ေစ ပါတယ္။ အမ်ိဳးသမီးေတြမွာ ရွိတဲ့ ကိုယ္သင္း ရနံ႔ ကလည္း ထူးျခားပါတယ္။

ေလာေလာဆယ္ မွာေတာ့ အမ်ိဳးသမီးေတြရဲ႕ ကိုယ္သင္းနံ႔က သူတို႔ခ်စ္သူ ေကာင္ေလးေတြ အေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိလဲ ဆိုတာ မေလ့လာရ ေသးပါဘူး။ ဒါေပမယ့္ အမ်ိဳးသား အမ်ားစုက အမ်ိဳးသမီးေတြရဲ႕ ဆံပင္ေလးေတြကို နမ္းရႈိက္ရတာ ႏွစ္သက္တယ္လို႔ ေျပာပါတယ္။

Zombie (LoveMedia)