နေ့ခင်းဘက် တစ်ရေးအိပ်စက်ခြင်း၏ အကျိုးကျေးဇူးများ

 

တချို့နိုင်ငံတွေမှာ နေ့လယ်ဘက် တစ်ရေးအိပ်စက်ခြင်းကို ပျင်းရိတတ်တဲ့ လက္ခဏာလို့ ယူဆကြပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုရင် အလုပ်ကိုပဲ စူးစူးစိုက်စိုက် လုပ်စေချင်တာကြောင့် တစ်ရေးအိပ်ခြင်းကို ပျင်းရိတယ်လို့ သတ်မှတ်ပါတယ်။ တစ်ရေးတမော အိပ်ပြီးရင် စိတ်လန်းဆန်းသွားပါတယ်။

10-20 မိနစ်ခန့် တစ်ရေးအိပ်ခြင်း

© Depositphotos.com

10-20 မိနစ်ခန့် တစ်ရေးအိပ်ခြင်းက အကောင်းဆုံး လန်းဆန်းမှုကို ပေးပါတယ်။ ခဏကြာ အိပ်ခြင်းက ခန္ဓာကိုယ်ကို စွမ်းအင် တိုးမြင့်ပေးပါတယ်။ ညနေ 3 နာရီနဲ့ 4 နာရီကြားမှာ ခဏတဖြုတ် အိပ်ခြင်းက စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အလေးချိန်ကိုလည်း ကျစေပါတယ်။

မိနစ် 30 ခန့် တစ်ရေးအိပ်ခြင်း

© Depositphotos.com

မိနစ်30 ခန့် ခဏတာ အိပ်ခြင်းက မှတ်ဉာဏ်တွေ တိုးတက်စေပါတယ်။ စိတ်ဖိအားတွေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကို ပိုမိုစူးစိုက် နိုင်စေပါတယ်။ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး စိတ်ဖောက်ပြန်မှုကို ကာကွယ်ပေးပါတယ်။ နေ့လယ်ဘက် မိနစ် 30 ခန့် အိပ်ခြင်းက ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ 8 နာရီခန့် နိုးကြားစေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

မိနစ် 60 ခန့် တရေးအိပ်ခြင်း

© Depositphotos.com

အလုပ်ထဲမှာ စိတ်နှစ်ထားပြီးရင် ခဏလောက်နားဖို့ လိုပါတယ်။ နေ့လယ်ဘက်မှာ တစ်နာရီကြာကြာ အိပ်ရေးဝဝ အိပ်ရုံဖြင့် ဦးနှောက်က အချက်အလက်တွေကိုလည်း မှတ်မိလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကသိကအောက် ဖြစ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ မိနစ် 60 လောက် အိပ်ပျော်သွားပြီး နိုးလာရင်တော့ မူးနောက်နောက် ဖြစ်နေပါလိမ့်မယ်။

မိနစ် 90 ခန့် တရေးအိပ်ခြင်း

© Depositphotos.com

မိနစ် 90 ခန့် တစ်ရေးတမောအိပ်ပြီးရင် အိပ်ရေးဝသွားပါလိမ့်မယ်။ အိပ်မက်မက်တဲ့ အဆင့်ထိ ရောက်သွားတတ်ပါတယ်။ အိပ်စက်ခြင်း သုတေသနပညာရှင် Dr.Data Mendnick က မိနစ် 90 ခန့် တစ်ရေးအိပ်ခြင်းက ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အကျိုးရှိစေတယ်လို့ ပြောပါတယ်။ ဖန်တီးနိုင်စွမ်းကို အားကောင်းစေပါတယ်။ မိနစ် 90 ခန့် အိပ်ပြီးရင်တော့ အိပ်ယာထရင် မူးနောက်နောက် မဖြစ်ပါဘူး။

တစ်ရေးတမော အိပ်ခြင်း၏ အကျိုးကျေးဇူးများ

- နှလုံးနှင့်သက်ဆိုင်သော ရောဂါများဖြစ်နိုင်ခြေကို သိသိသာသာ လျော့နည်းစေခြင်း

- နှလုံးသွေးကြောကျဉ်းရောဂါကို လျှော့ချပေးခြင်း

- သွေးတိုးရောဂါကို လျှော့ချပေးခြင်း

- ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့နည်းစေခြင်း

- ကိုယ်အလေးချိန်ကျစေခြင်း

- ဦးနှောက်နှင့် သက်ဆိုင်သောရောဂါများကို ကာကွယ်ပေးခြင်းတို့ ဖြစ်ပါတယ်။

Zombie (LoveMedia)

For Zawgyi

နေ့လယ်ဘက် တစ်ရေးအိပ်စက်ခြင်း၏ အကျိုးကျေးဇူးများ

















Zombie (LoveMedia)

Post a Comment

0 Comments