လူတစ်ယောက်ဟာ သက်တောင့်သက်သာ အိပ်နိုင်ဖို့အတွက် အိပ်ရာထဲမှာခေါင်းအုံး ၆ လုံးကနေ ၁၀ လုံးအထိ ထားသင့်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ လူတစ်ယောက်ကို ခေါင်းအုံး ၂ လုံးပဲ ထားကြပါတယ်။ ခေါင်းအုံးက ခေါင်းအတွက်သာမက အခြားသော ကျန်းမာရေးတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ညအိပ်တဲ့အခါ ခေါင်းအုံးကို ခြေထောက်နှစ်ဖက်ကြားမှာ ထားအိပ်ခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ခန္ဓါကိုယ်အတွင်း သွေးလည်ပတ်မှုကောင်းစေခြင်း
![]() |
© depositphotos.com |
ခေါင်းအုံးကို ခြေထောက်နှစ်ချောင်းကြားမှာ ထားပြီးအိပ်တဲ့အခါ ခန္ဓါကိုယ်ထဲက သွေးလည်ပတ်မှုတွေ ကောင်းလာပါတယ်။ သွေးပြန်ကြောတွေအပေါ် သက်ရောက်နေတဲ့ ဖိအားတွေလျော့သွားပြီး ကိုယ်အင်္ဂါတွေရဲ့လုပ်ဆောင်မှုတွေကို တိုးတက်လာစေပါတယ်။ အထူးသဖြင့် ခြေသလုံး သွေးကြောထုံးခြင်းကို သက်သာစေတာပါတယ်။
၂။ ညအိပ်တဲ့အခါ မဟောက်ခြင်း
![]() |
© depositphotos.com |
သင်က ညဘက်ဟောက်တတ်သူဆိုရင် ဘယ်ဘက်ကို စောင်းအိပ်တာအကောင်းဆုံးလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောကြပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကို စောင်းအိပ်တဲ့အခါ ကျောနဲ့တင်ပါးကို ဖိအားတွေ သက်ရောက်လာပါတယ်။ အဲဒါကြောင့် ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးထားအိပ်ရင် အိပ်ရတာ သက်တောင့်သက်သာဖြစ်ပြီး အရင်ကလို မဟောက်တော့ပါဘူး။
၃။ ဒူးပေါ်တွင်သက်ရောက်သော ဖိအားများလျော့ပါးစေခြင်း
![]() |
© shutterstock.com |
သင်က ညဘက်မှာ ဒူးနာတတ်သူဆိုရင်တော့ ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးတစ်လုံးထားပြီး အိပ်သင့်ပါတယ်။ ခေါင်းအုံးက ခန္ဓါကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး နာကျင်မှုတွေကို လျော့ပါးသွားစေပါတယ်။ သင်က ပက်လက်အိပ်တတ်သူဆိုရင်လည်း ဒူးအောက်မှာ ခေါင်းအုံးတစ်လုံးထား အိပ်ကြည့်ပါ။
၄။ အိပ်ပုံအိပ်နည်း မှန်စေခြင်း
![]() |
© amazon.es |
အိပ်ပုံအိပ်နည်းမမှန်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရင် ကျောနာတာ၊ တင်ပါးနာတာ၊ အဆစ်နာတာတွေ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ခေါင်းအုံးရှိနေရင် စိတ်ပူစရာမလိုတော့ပါဘူး။ ခေါင်းအုံးကို ခြေထောက်နှစ်ဘက်ကြား ထားအိပ်လိုက်ရင် ကျောအောက်လက်နဲ့ ကျောရိုးမကြီးမှာ သက်ရောက်နေတဲ့ဖိအားတွေ လျော့သွားပါတယ်။ သင်က ပက်လက်အိပ်တတ်သူဆိုရင် ကျောရိုးအောက်မှာ ခေါင်းအုံးသေးသေးလေးတစ်အုံး ထားအိပ်ပါ။ အဲဒီလိုအိပ်ခြင်း ခန္ဓါကိုယ်အနေအထားလည်း မှန်သွားဖို့ ကူညီပေးပါတယ်။
Zombie (Lovemedia)
For Zawgyi
ေျခေထာက္ႏွစ္ဘက္ၾကား ေခါင္းအုံးထားအိပ္တဲ့အခါ ရရွိမယ့္အက်ိဳးေက်းဇူးမ်ား
လူတစ္ေယာက္ဟာ သက္ေတာင့္သက္သာ အိပ္ႏိုင္ဖို႔အတြက္ အိပ္ရာထဲမွာေခါင္းအုံး ၆ လုံးကေန ၁၀ လုံးအထိ ထားသင့္ပါတယ္။ ပ်မ္းမွ်အားျဖင့္ေတာ့ လူတစ္ေယာက္ကို ေခါင္းအုံး ၂ လုံးပဲ ထားၾကပါတယ္။ ေခါင္းအုံးက ေခါင္းအတြက္သာမက အျခားေသာ က်န္းမာေရးေတြအတြက္လည္း အသုံးဝင္ပါေသးတယ္။ ညအိပ္တဲ့အခါ ေခါင္းအုံးကို ေျခေထာက္ႏွစ္ဖက္ၾကားမွာ ထားအိပ္ျခင္းျဖင့္ ရရွိလာမယ့္အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ ခႏၶါကိုယ္အတြင္း ေသြးလည္ပတ္မႈေကာင္းေစျခင္း
ေခါင္းအုံးကို ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွာ ထားၿပီးအိပ္တဲ့အခါ ခႏၶါကိုယ္ထဲက ေသြးလည္ပတ္မႈေတြ ေကာင္းလာပါတယ္။ ေသြးျပန္ေၾကာေတြအေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြေလ်ာ့သြားၿပီး ကိုယ္အဂၤါေတြရဲ႕လုပ္ေဆာင္မႈေတြကို တိုးတက္လာေစပါတယ္။ အထူးသျဖင့္ ေျခသလုံး ေသြးေၾကာထုံးျခင္းကို သက္သာေစတာပါတယ္။
၂။ ညအိပ္တဲ့အခါ မေဟာက္ျခင္း
သင္က ညဘက္ေဟာက္တတ္သူဆိုရင္ ဘယ္ဘက္ကို ေစာင္းအိပ္တာအေကာင္းဆုံးလို႔ ကြၽမ္းက်င္ပညာရွင္ေတြက ေျပာၾကပါတယ္။ ဒါေပမယ့္ တစ္ဖက္တည္းကို ေစာင္းအိပ္တဲ့အခါ ေက်ာနဲ႔တင္ပါးကို ဖိအားေတြ သက္ေရာက္လာပါတယ္။ အဲဒါေၾကာင့္ ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွာ ေခါင္းအုံးထားအိပ္ရင္ အိပ္ရတာ သက္ေတာင့္သက္သာျဖစ္ၿပီး အရင္ကလို မေဟာက္ေတာ့ပါဘူး။
၃။ ဒူးေပၚတြင္သက္ေရာက္ေသာ ဖိအားမ်ားေလ်ာ့ပါးေစျခင္း
သင္က ညဘက္မွာ ဒူးနာတတ္သူဆိုရင္ေတာ့ ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွာ ေခါင္းအုံးတစ္လုံးထားၿပီး အိပ္သင့္ပါတယ္။ ေခါင္းအုံးက ခႏၶါကိုယ္ကို သက္ေတာင့္သက္သာျဖစ္ေစၿပီး နာက်င္မႈေတြကို ေလ်ာ့ပါးသြားေစပါတယ္။ သင္က ပက္လက္အိပ္တတ္သူဆိုရင္လည္း ဒူးေအာက္မွာ ေခါင္းအုံးတစ္လုံးထား အိပ္ၾကည့္ပါ။
၄။ အိပ္ပုံအိပ္နည္း မွန္ေစျခင္း
အိပ္ပုံအိပ္နည္းမမွန္ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားရင္ ေက်ာနာတာ၊ တင္ပါးနာတာ၊ အဆစ္နာတာေတြ ျဖစ္လာပါေတာ့တယ္။ ဒါေပမယ့္ ေခါင္းအုံးရွိေနရင္ စိတ္ပူစရာမလိုေတာ့ပါဘူး။ ေခါင္းအုံးကို ေျခေထာက္ႏွစ္ဘက္ၾကား ထားအိပ္လိုက္ရင္ ေက်ာေအာက္လက္နဲ႔ ေက်ာ႐ိုးမႀကီးမွာ သက္ေရာက္ေနတဲ့ဖိအားေတြ ေလ်ာ့သြားပါတယ္။ သင္က ပက္လက္အိပ္တတ္သူဆိုရင္ ေက်ာ႐ိုးေအာက္မွာ ေခါင္းအုံးေသးေသးေလးတစ္အုံး ထားအိပ္ပါ။ အဲဒီလိုအိပ္ျခင္း ခႏၶါကိုယ္အေနအထားလည္း မွန္သြားဖို႔ ကူညီေပးပါတယ္။
Zombie (Lovemedia)
0 Comments