တနင်္ဂနွေ

ဒီကာလဟာ အထူးအသိအမှတ်ပြုခြင်း ခံရတတ်တဲ့ နေ့ရက်တွေပါပဲ။ မိမိလုပ်ဆောင်သမျှ အများကအတုယူရတဲ့ အထိဖြစ်တတ်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို အထက်ကို တင်ပြတောင်းခံလို့ အထူးကောင်းတဲ့ကာလ ပါပဲ။ အလုပ် လျှောက်ထားတာတွေရှိရင် ဒီကာလမှာအလုပ် ရတတ်ပါတယ်။ ငွေကုန်နေတာတွေရှိရင် ရပ်တန့်သွားပါ လိမ့်မယ်။ မိမိတို့အတွက် အဘက်ဘက်က အခက်အခဲတွေနည်းပါးပါတယ်။

လုပ်သမျှအဆင်ပြေခြင်း၊ ကြံ စည်သမျှ အောင်မြင်ခြင်းတွေကို အထူးကြုံရပါလိမ့်မယ်။ မိတ်ဆွေပေါများ ပါလိမ့်မယ်။ ဝေးကွာနေတဲ့သူငယ်ချင်း တွေနဲ့ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြန့်ကျဲနေတဲ့ ငွေကြေးတွေကို ကောင်းစွာပြန်စုနိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်များ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို အထူးအလေးပေး ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဌာနဆိုင် ရာနှင့် ပတ်သက်သောကိစ္စများ လိုက်ပါဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆို းနည်းပါ တယ်။ ရောဂါကင်းပြီးစိတ်ချမ်းသာ ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအကြောင်းကို မိဘတွေအား ဖွင့်ပြောသင့် တဲ့နေ့ ပါပဲ။ အိမ်ထောင်ရေး ကိစ္စတွေမှာတော့ အထူးညံ့တာမျိုး ရှိနေပါလိမ့်မယ်။ ပညာရေးနဲ့ ပက်သက်ပြီးတော့လဲ အထူးကံ ကောင်းနေပါလိမ့်မယ်။ ကြိုးစားထားသည်ထက် ပိုမိုအောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/ 5/ 8

အထူးဟော - ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ - လူကြီးမိဘတွေကို လက်ဖက်ခြောက်တစ်ထုပ် လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း စိတ်ကူးတွေသစ်ဆန်း နေတတ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်လုပ်ရတဲ့ ကိစ္စမှန်သမျှ ကောင်း သော အကျိုးဆက်တွေရလာတတ်ပါတယ်။ မိမိမသိနားမလည်တဲ့ ကိစ္စတွေကို သိခွင့်ရလာပါလိမ့် မယ်။ လုပ်ငန်းခွင်အတွင်း နေရာကောင်းရတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ကျန်းမာရေးကိုတော့ အညံ့မရှိသလောက်ကို နည်းပါ တယ်။ ကိုယ်ကျန်းမာ စိတ်ချမ်းသာနေပါလိမ့်မယ်။ စပ်တူအလုပ်များရှယ်ယာအလုပ်များ ဒီထက် ကောင်းမွန်ပါ လိမ့် မယ်။

စိတ်လွတ်လက်လွတ် နေချင်မိနေတတ်ပါတယ်။ ဒါကလဲ ကောင်းပါတယ်။ ဒီကာလက အလုပ်တွေကိုခဏ မေ့ပြီး အနားယူချိန်ကို သပ်သပ်ပေးလိုက်ဖို့ လိုပါတယ်။ ဒါမှပဲ စိတ်လန်း၊ လူလန်းပါလိမ့်မယ်။ စန်းပွင့်နေတဲ့နေ့ရက်လဲ ဖြစ်ပါ တယ်။ လူချစ်လူခင်များပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးခြင်း၊ငွေယူခြင်းတွေ ငွေကြေးရင်းနှီးမြုပ် နှံခြင်း တွေ စတင်လို့ကောင်းတဲ့ကာလပါပဲ။ အနုပညာလုပ်ငန်း လုပ်ကိုင်သူများ ဖန်တီးမှုအသစ်တွေကို လုပ်ကိုင်နိုင် ပါလိမ့် မယ်။

အပျော်ခရီးသွားခြင်းတွေ အထူးကောင်းပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး လိုင်းပေါ်ကနေ ချစ်သူသစ်ရည်းစားသစ် ရတတ်ပါတယ်။ အိမ်ထောင်ရေးလဲ အထူးကံကောင်းနေချိန် ကာလပါပဲ။ ပညာရေးကတော့ ဆရာကောင်းတွေဆီမှာ သင်ယူခွင့်တွေ ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/ 5/ 6

အထူးဟော - ပျော်စရာတွေ များနေပါလိမ့်မယ်။

ယတြာ - ခရမ်းသီးနှပ်ချက်ပြီး ဘုရားဆွမ်းကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ထင်သမျှ လွဲနေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား လုပ်ငန်းအသေးစားများ အလုပ်တွေ ပါးနေ တတ် ပါ တယ်။ စိတ်မညစ်ပါနဲ့။ ခဏတာ အဆင်မပြေခြင်းလို့ပဲ မှတ်ယူပါ။ လိင်မတူသူတွေနဲ့ ဆက်ဆံရေးကိုလိုတာထက် မပိုပါစေနဲ့။ ဘေးအမြင်မှာ ကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေကို ပြုပြင်ခြင်း၊ထိန်း သိမ်းခြင်း တွေ ကိုအထူးဆောင်ရွက်သင့်တဲ့ ကာလပါပဲ။

အောက်လက်ငယ်သားတွေရဲ့အဆင်မပြေမှုလေးတွေကိုလဲ မိမိတတ်နိုင်တဲ့ဘက်က ကူညီခွင့် တွေရလာတတ်ပါတယ်။ မိမိယုံကြည်ရတဲ့သူတွေက မိမိကို သစ္စာဖောက်သွားတတ် ပါတယ်။ လိုတာထက်ပိုပြီး အတွင်းရေးတွေကို သူများကို ထုတ်မပြောလိုက်ပါနဲ့။ ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင်လဲ နားလည်တတ်ကျွမ်းသူတွေနဲ့တိုင်ပင် ကြည့် စေချင်ပါတယ်။

မိမိစိတ်ကူးအတိုင်း ချွန်ပြီးလုပ် လေအမှားများလေ ဖြစ်ရတတ်ပါတယ်။ ခြေလွန်လက်လွန် ပေးကမ်းမှုတွေကို ရှောင်ပါ။ တစ်ခုခုကို ပေးလိုက်ပြီးမှ နှမျောနေသလို ဖြစ်ရတတ်တဲ့ ကာလပါပဲ။ ကျန်းမာရေး ကတော့ မတ်တပ်ဖျား၊ မတ်တပ်နာလောက်ပါပဲ။ အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေ ရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ဖေးဖေးမမနဲ့ သာယာ ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းနေတတ်တာကို တွေ့ရ ပါတယ်။

အကျိုးပေးဂဏန်း 3/ 6 /0

အထူးဟော - အရာရာချင့်ချင့်ချိန်ချိန် လုပ်ပါ။

ယတြာ - မီးချောင်း၊ မီးလုံးအကျွမ်း၊ မီးကြိုးအပြတ်တွေရှိရင် စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ ရာဟု

ဒီကာလအတွင်း အရင်ကတည်းက စကားပြောမကောင်းသူဆို တတ်နိုင်သမျှ စကားနည်းပါစေ။ တစ်ဖက်သား က ဆက်ဆံရေး ညံ့တယ်လို့ထင်သွားတတ်တဲ့ ကာလတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာရေးကိုတော့ အထူးအာရုံစိုက်ပါ။ စိတ်ကြည်လင်လန်းဆန်းနေပေမဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေတတ်ပါ တယ်။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေ တတ် ပါတယ်။ စိတ်ကူးထားတာလေးတွေကို အကောင်အထည်ဖော်ပါ။

အရေးကြီးတာတွေကို ဦးစားပေးလုပ်တတ် လေ အဆင်ပြေလေပါပဲ။ တတ်သိထားသမျှတွေကို အခြေခံပြီး ဒီကာလ မှာအားထည့်လုပ်ကိုင်စေချင်ပါတယ်။ မိတ်ဆွေ နယ်ပယ်၊ အပေါင်းအသင်း နယ်ပယ်ကျယ်ပြန့် ကြီးမားနေတတ်ပါ တယ်။ ရန်အတိုက်အခံနဲ့ ယှဉ်တဲ့ အောင် မြင် မှုတွေ ရတတ်ပါတယ်။ အဆင်ပြေတိုးတတ်လေလေ ရန်များလေပါပဲ။ တိုက်ခိုက်သူတွေကို ဂရုမစိုက်ဘဲ မိမိလုပ် သင့်တာ ကိုလုပ် ကိုင်ဆောင်ရွက်သွားလိုက်ပါ။

အလုပ်နဲ့ ပတ်သက်ပြီး လက်ရှိအနေအထားထက် မြင့်တဲ့နေရာမျိုး ရတတ်ပါတယ်။ ကံကြောင့်မဟုတ်ဘဲ ဉာဏ်ဝီရိယတွေကို စိုက်ထုတ်လုပ်ကိုင်လို့ အဆင်ပြေတဲ့ကာလပါ။ ပျင်းနေ တဲ့သူတွေကတော့ အခက်အခဲများနိုင်တဲ့ ကာလပါပဲ။ အချစ်ရေးမှာ မချစ်သင့်သူကို ချစ်မိတတ်ပါတယ်။ အိမ်ထောင် ရေးမှာ အညံ့မရှိပေမဲ့ အစေးမကပ်သလို ဖြစ်ရ တတ်ပါတယ်။ ပညာကံ အထူးကောင်းနေမည်။

အကျိုးပေးဂဏန်း 1/ 0/ 4

အထူးဟော - ကြိုးစားသမျှ အရာထင်သည်

ယတြာ - ၂၄ ပစ္စည်းကို နေ့စဉ်သက်စေ့ ရွတ်ပွားပါ။

ကြာသပတေး

ဒီကာလအတွင်း မူလတစ်ကြိမ်တစ်ခါမှ ရရှိခဲ့ဖူးခြင်းမရှိသော အခွင့်အရေးကောင်းများ ရရှိမည်။ အလုပ်ပို၊ ကိစ္စပိုများကြုံမည်။ ရပ်ဝေးမြေခြား၊ ပြည်ပသို့ တိုင်အောင် ခရီး သွားရကိန်းများ ရှိနေပါသည်။ အလုပ်နဲ့ပတ်သက်ပြီး လက်ထဲငွေရှိရင် အဆင်ပြေမဲ့ ပစ္စည်းတစ်ခုခုကိုရင်းနှီးမြုပ်နှံလိုက်ပါ။ အခြားကံထက် အလုပ်ကံကသိသိသာသာ ကောင်းနေတတ်ပါတယ်။ ဒွိဟတွေ၊ တွေဝေခြင်းတွေကို ရင်ထဲမထည့် ထားမိဖို့ လိုအပ်ပါတယ်။

လုပ်ချင်တာတွေကို ရဲရဲရှေ့တိုးလုပ်ကိုင်လေအောင်မြင်မှုတိုးလေပါပဲ။ အလုပ်အစည်းအဝေးကျင်းပတာမျိုးတွေ၊ ရှယ်ယာ ဝင် တွေနဲ့တိုင်ပင်ပြီး လုပ်ငန်းတိုးချဲ့တာမျိုးတွေ ဆောင်ရွက်လို့ကောင်းတဲ့ ကာလပါပဲ။ အောက်ခြေဝန်ထမ်းတွေ အတွက် လိုအပ်တဲ့ သင်တန်းတွေပေးသင့်တဲ့ ကာလပါပဲ။ ပွဲစားအလုပ်များ ၊မီဒီယာအလုပ်များလုပ်ကိုင် နေသူတွေ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ဆရာအဖြစ် အသက်မွေးသူဆို သင်တန်း သစ်၊ တန်းခွဲသစ် စတင်ဖွင့်လှစ်လို့ကောင်း တဲ့ကာလပါပဲ။

မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေအများကြီး ရပါလိမ့်မယ်။ ဆရာသမား အထက်လူကြီးတွေ ဆီကနေ ဖေးမကူညီပေးမှုတွေကို ရရှိပါလိမ့်မယ်။ ကျန်းမာရေး အလွန်ကောင်းပါတယ်။ အချစ်ရေးမှာတော့ စိတ်ရှုပ်စရာတွေ များနေတတ်ပါတယ်။ ပညာရေးမှာတော့ စီးပွားရေး နွယ်သောပညာတွေ သင်ယူပါ။

အကျိုးပေးဂဏန်း 1/ 2/ 5

အထူးဟော - အလုပ်တွေ ကောင်းနေပါလိမ့်မယ်။

ယတြာ - ပဲကပ်ကြော်ငါးခု ဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်း မိမိအပေါ် နှောက်ယှက်သူများ၊ ချောက်ချတိုက်ခိုက်သောသူများနှင့် ရင်ဆိုင်ဖြေရှင်းရခြင်း မျိုး ကြုံလိမ့်မည်။ ကျွမ်းကျင်၊ နားလည်၊ ပိုင်နိုင်မှု မရှိသောသူများ၏ ဆရာလုပ် အမိန့်ပေးခြင်းကို ခံရမည်။ မိမိအတွက် ခရီးကိစ္စတွေ စီစဉ်ထားရင် ရက်ရွှေ့ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကြောင့် မိမိငွေကုန်ရတတ်ပါ တယ်။ ကုန်သွယ်စီးပွားများ အမြတ်အစွန်း နည်းနေပါလိမ့်မယ်။ တစ်ပါးသူဆီက အကူအညီတွေ ရခဲတဲ့ကာလပါပဲ။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားသင့်တဲ့ ကာလပါပဲ။

အလုပ်နဲ့ပက်သက်ရင် အခက်အခဲကြုံပြီးမှ အဆင်ပြေတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် နယ်ဝေးက အလုပ်တွေ အညံ့များနေလိမ့်မယ်။ ခရီးသွားလုပ်ငန်းများ အညံ့များနေပါလိမ့် မယ်။ အနုပညာနဲ့ ပတ်သက်ပြီး တိုးတတ်ပါလိမ့်မယ်။ လူငယ်တွေဆို မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး အပျော်နောက် လိုက်နေမိပါတယ်။ ကာမ မကြူးသင့်တဲ့နေ့ပါ။ ရန်များတတ်ပါတယ်။ အရင်က ရန်စရှိသူတွေနဲ့ ပြန်တွေ့ရတတ်ပါ တယ်။

စိတ်ချမ်းသာစရာတွေရဖို့ တရားနဲ့ပျော်တတ်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုး နည်းနေ တတ်ပါတယ်။ အလွန်ဆုံး ချောင်းဆိုးခေါင်းကိုက်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလဲ ချစ်သူချင်း အဆင် ပြေပေမဲ့ တွေ့ဖို့ဆုံဖို့ မအားလပ် ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် အဆင်ပြေချော မွေ့ပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အကူအညီတွေရပါလိမ့်မယ်။ ပညာရေးကံ အားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 2 /3 /6

အထူးဟော - စကားနည်းလေ ကံကောင်းလေပါ။

ယတြာ - ခေါက်ဆွဲလေးကြော်ပြီး ဘုရားကပ်ပါ

စနေ

ဒီကာလအတွင်း အခက်အခဲများ ပြေလည်မည်။ အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အပြိုင် အဆိုင်အားလုံးကို ကျော်လွှား၍ စိတ်ကူးသစ်များ လက်တွေ့ဆောင်ရွက်နိုင်မည်။ ရပ်ဝေးက ဧည့်သည်တွေရောက် လာတတ်ပါတယ်။ အလုပ်ကလဲများ၊ အိမ်ကိစ္စတွေကလဲများ ဆိုတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ် သက် ပြီးတော့လဲ ရစရာရှိတာတွေက ကြန့်ကြာနေတတ်ပါတယ်။ ပစ္စည်းတစ်ခုခုကို တစ်ပတ်ရစ်ဝယ်မယ်ဆို နားလည်သူ တွေနဲ့ တိုင်ပင်ပြီးမှ ဝယ်စေချင်ပါတယ်။

ကျန်းမာရေး ကတော့ ဒီကာလမှာ အားနည်းနေတာတွေ့ရပါတယ်။ အဘက်ဘက်က ကျန်းမာရေး ခြူခြာနေတတ်ပါတယ်။ ရောဂါ ဖြစ်လာရင် ဆေးမြီးတိုနဲ့ မကုဖို့မှာချင်ပါတယ်။ ငွေကြေးကို အလွယ် ချေးငှားလိုက်တာမျိုးတွေ မလုပ် မိပါစေနဲ့။ လူမျိုးခြား၊ဘာသာခြားတွေရဲ့ ချောက်ချခြင်းကို ခံရနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ ကံကောင်း ခြင်းတွေ ရှိပါလိမ့်မယ်။

ဒါပေမဲ့ အလုပ်များနေတာကြောင့် ပင်ပန်းရတာမျိုး တွေတော့ ရှိတတ်ပါတယ်။ ကိုယ်ပိုင်စီးပွား အလုပ်များအလုပ်များ အလုပ်နဲ့ပတ်သက်ပြီး အချိတ်အဆက်တွေရလာ တတ်ပါတယ်။ အချစ်ရေးမှာတော့ နားလည် မှုတွေကိုအချိန်ပေး တည်ဆောက်ရပါလိမ့်မယ်။ အိမ်ထောင်ရေး သာယာမှု အားနည်းနေတာတွေ့ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/ 4 /6

အထူးဟော - အနည်းငယ် အလုပ်များရတတ်ပါတယ်။

ယတြာ - ဖိနပ်ပြတ်နေတာတွေရှိရင် စွန့်ပစ်လိုက်ပါ။

၇ ရက်သားသမီးများ ကျန်းမာလာဘ်ရွှင်ပြီး လိုရာဆန္ဒပြည့်ပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

For Zawgyi

ဆရာျငိမ္း၏ 12.11.2020 မွ 18.11.2020 အထိ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလဟာ အထူးအသိအမွတ္ျပဳျခင္း ခံရတတ္တဲ့ ေန႔ရက္ေတြပါပဲ။ မိမိလုပ္ေဆာင္သမွ် အမ်ားကအတုယူရတဲ့ အထိျဖစ္တတ္ပါတယ္။ လုပ္ငန္းအတြက္ လိုအပ္ခ်က္ေတြကို အထက္ကို တင္ျပေတာင္းခံလို႔ အထူးေကာင္းတဲ့ကာလ ပါပဲ။ အလုပ္ ေလွ်ာက္ထားတာေတြရွိရင္ ဒီကာလမွာအလုပ္ ရတတ္ပါတယ္။ ေငြကုန္ေနတာေတြရွိရင္ ရပ္တန႔္သြားပါ လိမ့္မယ္။ မိမိတို႔အတြက္ အဘက္ဘက္က အခက္အခဲေတြနည္းပါးပါတယ္။

လုပ္သမွ်အဆင္ေျပျခင္း၊ ႀကံ စည္သမွ် ေအာင္ျမင္ျခင္းေတြကို အထူးႀကဳံရပါလိမ့္မယ္။ မိတ္ေဆြေပါမ်ား ပါလိမ့္မယ္။ ေဝးကြာေနတဲ့သူငယ္ခ်င္း ေတြနဲ႔ျပန္လည္ ဆုံဆည္းရတတ္ပါတယ္။ ျပန႔္က်ဲေနတဲ့ ေငြေၾကးေတြကို ေကာင္းစြာျပန္စုႏိုင္ပါလိမ့္မယ္။ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္မ်ား၊ အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာမ်ားကို အထူးအေလးေပး ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ဌာနဆိုင္ ရာႏွင့္ ပတ္သက္ေသာကိစၥမ်ား လိုက္ပါေဆာင္႐ြက္လို႔ အထူးေကာင္းပါတယ္။

က်န္းမာေရးကေတာ့ အညံ့အဆို းနည္းပါ တယ္။ ေရာဂါကင္းၿပီးစိတ္ခ်မ္းသာ ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူအေၾကာင္းကို မိဘေတြအား ဖြင့္ေျပာသင့္ တဲ့ေန႔ ပါပဲ။ အိမ္ေထာင္ေရး ကိစၥေတြမွာေတာ့ အထူးညံ့တာမ်ိဳး ရွိေနပါလိမ့္မယ္။ ပညာေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ အထူးကံ ေကာင္းေနပါလိမ့္မယ္။ ႀကိဳးစားထားသည္ထက္ ပိုမိုေအာင္ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/ 5/ 8

အထူးေဟာ - ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ - လူႀကီးမိဘေတြကို လက္ဖက္ေျခာက္တစ္ထုပ္ လႉလိုက္ပါ။

တနလၤာ

ဒီကာလအတြင္း စိတ္ကူးေတြသစ္ဆန္း ေနတတ္ပါတယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လုပ္ရတဲ့ ကိစၥမွန္သမွ် ေကာင္း ေသာ အက်ိဳးဆက္ေတြရလာတတ္ပါတယ္။ မိမိမသိနားမလည္တဲ့ ကိစၥေတြကို သိခြင့္ရလာပါလိမ့္ မယ္။ လုပ္ငန္းခြင္အတြင္း ေနရာေကာင္းရတာမ်ိဳးေတြ အထူးႀကဳံရတတ္ပါတယ္။ က်န္းမာေရးကိုေတာ့ အညံ့မရွိသေလာက္ကို နည္းပါ တယ္။ ကိုယ္က်န္းမာ စိတ္ခ်မ္းသာေနပါလိမ့္မယ္။ စပ္တူအလုပ္မ်ားရွယ္ယာအလုပ္မ်ား ဒီထက္ ေကာင္းမြန္ပါ လိမ့္ မယ္။

စိတ္လြတ္လက္လြတ္ ေနခ်င္မိေနတတ္ပါတယ္။ ဒါကလဲ ေကာင္းပါတယ္။ ဒီကာလက အလုပ္ေတြကိုခဏ ေမ့ၿပီး အနားယူခ်ိန္ကို သပ္သပ္ေပးလိုက္ဖို႔ လိုပါတယ္။ ဒါမွပဲ စိတ္လန္း၊ လူလန္းပါလိမ့္မယ္။ စန္းပြင့္ေနတဲ့ေန႔ရက္လဲ ျဖစ္ပါ တယ္။ လူခ်စ္လူခင္မ်ားပါလိမ့္မယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး ေငြေပးျခင္း၊ေငြယူျခင္းေတြ ေငြေၾကးရင္းႏွီးျမဳပ္ ႏွံျခင္း ေတြ စတင္လို႔ေကာင္းတဲ့ကာလပါပဲ။ အႏုပညာလုပ္ငန္း လုပ္ကိုင္သူမ်ား ဖန္တီးမႈအသစ္ေတြကို လုပ္ကိုင္ႏိုင္ ပါလိမ့္ မယ္။

အေပ်ာ္ခရီးသြားျခင္းေတြ အထူးေကာင္းပါတယ္။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး လိုင္းေပၚကေန ခ်စ္သူသစ္ရည္းစားသစ္ ရတတ္ပါတယ္။ အိမ္ေထာင္ေရးလဲ အထူးကံေကာင္းေနခ်ိန္ ကာလပါပဲ။ ပညာေရးကေတာ့ ဆရာေကာင္းေတြဆီမွာ သင္ယူခြင့္ေတြ ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/ 5/ 6

အထူးေဟာ - ေပ်ာ္စရာေတြ မ်ားေနပါလိမ့္မယ္။

ယၾတာ - ခရမ္းသီးႏွပ္ခ်က္ၿပီး ဘုရားဆြမ္းကပ္လႉလိုက္ပါ။

အဂၤါ

ဒီကာလအတြင္း ထင္သမွ် လြဲေနတတ္ပါတယ္။ ကိုယ္ပိုင္စီးပြား လုပ္ငန္းအေသးစားမ်ား အလုပ္ေတြ ပါးေန တတ္ ပါ တယ္။ စိတ္မညစ္ပါနဲ႔။ ခဏတာ အဆင္မေျပျခင္းလို႔ပဲ မွတ္ယူပါ။ လိင္မတူသူေတြနဲ႔ ဆက္ဆံေရးကိုလိုတာထက္ မပိုပါေစနဲ႔။ ေဘးအျမင္မွာ ကဲ့ရဲ႕စရာျဖစ္တတ္ပါတယ္။ လက္ဝယ္ရွိတဲ့ စက္ပစၥည္းေတြကို ျပဳျပင္ျခင္း၊ထိန္း သိမ္းျခင္း ေတြ ကိုအထူးေဆာင္႐ြက္သင့္တဲ့ ကာလပါပဲ။

ေအာက္လက္ငယ္သားေတြရဲ႕အဆင္မေျပမႈေလးေတြကိုလဲ မိမိတတ္ႏိုင္တဲ့ဘက္က ကူညီခြင့္ ေတြရလာတတ္ပါတယ္။ မိမိယုံၾကည္ရတဲ့သူေတြက မိမိကို သစၥာေဖာက္သြားတတ္ ပါတယ္။ လိုတာထက္ပိုၿပီး အတြင္းေရးေတြကို သူမ်ားကို ထုတ္မေျပာလိုက္ပါနဲ႔။ ေရွ႕တိုးေဆာင္႐ြက္စရာကိစၥေတြကို တတ္ႏိုင္သေလာက္ ေရွာင္ေစခ်င္ပါတယ္။ မလုပ္မျဖစ္ လုပ္ရမယ္ဆိုရင္လဲ နားလည္တတ္ကြၽမ္းသူေတြနဲ႔တိုင္ပင္ ၾကည့္ ေစခ်င္ပါတယ္။

မိမိစိတ္ကူးအတိုင္း ခြၽန္ၿပီးလုပ္ ေလအမွားမ်ားေလ ျဖစ္ရတတ္ပါတယ္။ ေျခလြန္လက္လြန္ ေပးကမ္းမႈေတြကို ေရွာင္ပါ။ တစ္ခုခုကို ေပးလိုက္ၿပီးမွ ႏွေမ်ာေနသလို ျဖစ္ရတတ္တဲ့ ကာလပါပဲ။ က်န္းမာေရး ကေတာ့ မတ္တပ္ဖ်ား၊ မတ္တပ္နာေလာက္ပါပဲ။ အခ်စ္ေရးမွာေတာ့ ၾကားဝင္ေႏွာက္ယွက္သူေတြ ရွိေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ ေဖးေဖးမမနဲ႔ သာယာ ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အားနည္းေနတတ္တာကို ေတြ႕ရ ပါတယ္။

အက်ိဳးေပးဂဏန္း 3/ 6 /0

အထူးေဟာ - အရာရာခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္ပါ။

ယၾတာ - မီးေခ်ာင္း၊ မီးလုံးအကြၽမ္း၊ မီးႀကိဳးအျပတ္ေတြရွိရင္ စြန႔္ပစ္လိုက္ပါ။

ဗုဒၶဟူး/ ရာဟု

ဒီကာလအတြင္း အရင္ကတည္းက စကားေျပာမေကာင္းသူဆို တတ္ႏိုင္သမွ် စကားနည္းပါေစ။ တစ္ဖက္သား က ဆက္ဆံေရး ညံ့တယ္လို႔ထင္သြားတတ္တဲ့ ကာလတစ္ခုပဲျဖစ္ပါတယ္။ က်န္းမာေရးကိုေတာ့ အထူးအာ႐ုံစိုက္ပါ။ စိတ္ၾကည္လင္လန္းဆန္းေနေပမဲ့ ခႏၶာကိုယ္ပင္ပန္းႏြမ္းနယ္ေနတတ္ပါ တယ္။ တစ္ကိုယ္လုံး ေညာင္းညာကိုက္ခဲေန တတ္ ပါတယ္။ စိတ္ကူးထားတာေလးေတြကို အေကာင္အထည္ေဖာ္ပါ။

အေရးႀကီးတာေတြကို ဦးစားေပးလုပ္တတ္ ေလ အဆင္ေျပေလပါပဲ။ တတ္သိထားသမွ်ေတြကို အေျခခံၿပီး ဒီကာလ မွာအားထည့္လုပ္ကိုင္ေစခ်င္ပါတယ္။ မိတ္ေဆြ နယ္ပယ္၊ အေပါင္းအသင္း နယ္ပယ္က်ယ္ျပန႔္ ႀကီးမားေနတတ္ပါ တယ္။ ရန္အတိုက္အခံနဲ႔ ယွဥ္တဲ့ ေအာင္ ျမင္ မႈေတြ ရတတ္ပါတယ္။ အဆင္ေျပတိုးတတ္ေလေလ ရန္မ်ားေလပါပဲ။ တိုက္ခိုက္သူေတြကို ဂ႐ုမစိုက္ဘဲ မိမိလုပ္ သင့္တာ ကိုလုပ္ ကိုင္ေဆာင္႐ြက္သြားလိုက္ပါ။

အလုပ္နဲ႔ ပတ္သက္ၿပီး လက္ရွိအေနအထားထက္ ျမင့္တဲ့ေနရာမ်ိဳး ရတတ္ပါတယ္။ ကံေၾကာင့္မဟုတ္ဘဲ ဉာဏ္ဝီရိယေတြကို စိုက္ထုတ္လုပ္ကိုင္လို႔ အဆင္ေျပတဲ့ကာလပါ။ ပ်င္းေန တဲ့သူေတြကေတာ့ အခက္အခဲမ်ားႏိုင္တဲ့ ကာလပါပဲ။ အခ်စ္ေရးမွာ မခ်စ္သင့္သူကို ခ်စ္မိတတ္ပါတယ္။ အိမ္ေထာင္ ေရးမွာ အညံ့မရွိေပမဲ့ အေစးမကပ္သလို ျဖစ္ရ တတ္ပါတယ္။ ပညာကံ အထူးေကာင္းေနမည္။

အက်ိဳးေပးဂဏန္း 1/ 0/ 4

အထူးေဟာ - ႀကိဳးစားသမွ် အရာထင္သည္

ယၾတာ - ၂၄ ပစၥည္းကို ေန႔စဥ္သက္ေစ့ ႐ြတ္ပြားပါ။

ၾကာသပေတး

ဒီကာလအတြင္း မူလတစ္ႀကိမ္တစ္ခါမွ ရရွိခဲ့ဖူးျခင္းမရွိေသာ အခြင့္အေရးေကာင္းမ်ား ရရွိမည္။ အလုပ္ပို၊ ကိစၥပိုမ်ားႀကဳံမည္။ ရပ္ေဝးေျမျခား၊ ျပည္ပသို႔ တိုင္ေအာင္ ခရီး သြားရကိန္းမ်ား ရွိေနပါသည္။ အလုပ္နဲ႔ပတ္သက္ၿပီး လက္ထဲေငြရွိရင္ အဆင္ေျပမဲ့ ပစၥည္းတစ္ခုခုကိုရင္းႏွီးျမဳပ္ႏွံလိုက္ပါ။ အျခားကံထက္ အလုပ္ကံကသိသိသာသာ ေကာင္းေနတတ္ပါတယ္။ ဒြိဟေတြ၊ ေတြေဝျခင္းေတြကို ရင္ထဲမထည့္ ထားမိဖို႔ လိုအပ္ပါတယ္။

လုပ္ခ်င္တာေတြကို ရဲရဲေရွ႕တိုးလုပ္ကိုင္ေလေအာင္ျမင္မႈတိုးေလပါပဲ။ အလုပ္အစည္းအေဝးက်င္းပတာမ်ိဳးေတြ၊ ရွယ္ယာ ဝင္ ေတြနဲ႔တိုင္ပင္ၿပီး လုပ္ငန္းတိုးခ်ဲ႕တာမ်ိဳးေတြ ေဆာင္႐ြက္လို႔ေကာင္းတဲ့ ကာလပါပဲ။ ေအာက္ေျခဝန္ထမ္းေတြ အတြက္ လိုအပ္တဲ့ သင္တန္းေတြေပးသင့္တဲ့ ကာလပါပဲ။ ပြဲစားအလုပ္မ်ား ၊မီဒီယာအလုပ္မ်ားလုပ္ကိုင္ ေနသူေတြ အဆင္ေျပတိုးတတ္ပါလိမ့္မယ္။ ဆရာအျဖစ္ အသက္ေမြးသူဆို သင္တန္း သစ္၊ တန္းခြဲသစ္ စတင္ဖြင့္လွစ္လို႔ေကာင္း တဲ့ကာလပါပဲ။

မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီေတြအမ်ားႀကီး ရပါလိမ့္မယ္။ ဆရာသမား အထက္လူႀကီးေတြ ဆီကေန ေဖးမကူညီေပးမႈေတြကို ရရွိပါလိမ့္မယ္။ က်န္းမာေရး အလြန္ေကာင္းပါတယ္။ အခ်စ္ေရးမွာေတာ့ စိတ္ရႈပ္စရာေတြ မ်ားေနတတ္ပါတယ္။ ပညာေရးမွာေတာ့ စီးပြားေရး ႏြယ္ေသာပညာေတြ သင္ယူပါ။

အက်ိဳးေပးဂဏန္း 1/ 2/ 5

အထူးေဟာ - အလုပ္ေတြ ေကာင္းေနပါလိမ့္မယ္။

ယၾတာ - ပဲကပ္ေၾကာ္ငါးခု ဘုရားကပ္လႉပါ။

ေသာၾကာ

ဒီကာလအတြင္း မိမိအေပၚ ေႏွာက္ယွက္သူမ်ား၊ ေခ်ာက္ခ်တိုက္ခိုက္ေသာသူမ်ားႏွင့္ ရင္ဆိုင္ေျဖရွင္းရျခင္း မ်ိဳး ႀကဳံလိမ့္မည္။ ကြၽမ္းက်င္၊ နားလည္၊ ပိုင္ႏိုင္မႈ မရွိေသာသူမ်ား၏ ဆရာလုပ္ အမိန႔္ေပးျခင္းကို ခံရမည္။ မိမိအတြက္ ခရီးကိစၥေတြ စီစဥ္ထားရင္ ရက္ေ႐ႊ႕ရတတ္ပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြေၾကာင့္ မိမိေငြကုန္ရတတ္ပါ တယ္။ ကုန္သြယ္စီးပြားမ်ား အျမတ္အစြန္း နည္းေနပါလိမ့္မယ္။ တစ္ပါးသူဆီက အကူအညီေတြ ရခဲတဲ့ကာလပါပဲ။ ကိုယ့္ဒူးကိုယ္ခြၽန္ ႀကိဳးစားသင့္တဲ့ ကာလပါပဲ။

အလုပ္နဲ႔ပက္သက္ရင္ အခက္အခဲႀကဳံၿပီးမွ အဆင္ေျပတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ရင္ နယ္ေဝးက အလုပ္ေတြ အညံ့မ်ားေနလိမ့္မယ္။ ခရီးသြားလုပ္ငန္းမ်ား အညံ့မ်ားေနပါလိမ့္ မယ္။ အႏုပညာနဲ႔ ပတ္သက္ၿပီး တိုးတတ္ပါလိမ့္မယ္။ လူငယ္ေတြဆို မိဘေတြနဲ႔ အတိုက္အခံလုပ္ၿပီး အေပ်ာ္ေနာက္ လိုက္ေနမိပါတယ္။ ကာမ မၾကဴးသင့္တဲ့ေန႔ပါ။ ရန္မ်ားတတ္ပါတယ္။ အရင္က ရန္စရွိသူေတြနဲ႔ ျပန္ေတြ႕ရတတ္ပါ တယ္။

စိတ္ခ်မ္းသာစရာေတြရဖို႔ တရားနဲ႔ေပ်ာ္တတ္ဖို႔ အေရးႀကီးပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုး နည္းေန တတ္ပါတယ္။ အလြန္ဆုံး ေခ်ာင္းဆိုးေခါင္းကိုက္ေလာက္ပဲ ျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးမွာလဲ ခ်စ္သူခ်င္း အဆင္ ေျပေပမဲ့ ေတြ႕ဖို႔ဆုံဖို႔ မအားလပ္ ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ရင္ အဆင္ေျပေခ်ာ ေမြ႕ပါလိမ့္မယ္။ အိမ္ေထာင္ဘက္ရဲ႕ အကူအညီေတြရပါလိမ့္မယ္။ ပညာေရးကံ အားနည္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2 /3 /6

အထူးေဟာ - စကားနည္းေလ ကံေကာင္းေလပါ။

ယၾတာ - ေခါက္ဆြဲေလးေၾကာ္ၿပီး ဘုရားကပ္ပါ

စေန

ဒီကာလအတြင္း အခက္အခဲမ်ား ေျပလည္မည္။ အေရးပါေသာဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရမည္။ အၿပိဳင္ အဆိုင္အားလုံးကို ေက်ာ္လႊား၍ စိတ္ကူးသစ္မ်ား လက္ေတြ႕ေဆာင္႐ြက္ႏိုင္မည္။ ရပ္ေဝးက ဧည့္သည္ေတြေရာက္ လာတတ္ပါတယ္။ အလုပ္ကလဲမ်ား၊ အိမ္ကိစၥေတြကလဲမ်ား ဆိုတာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္ သက္ ၿပီးေတာ့လဲ ရစရာရွိတာေတြက ၾကန႔္ၾကာေနတတ္ပါတယ္။ ပစၥည္းတစ္ခုခုကို တစ္ပတ္ရစ္ဝယ္မယ္ဆို နားလည္သူ ေတြနဲ႔ တိုင္ပင္ၿပီးမွ ဝယ္ေစခ်င္ပါတယ္။

က်န္းမာေရး ကေတာ့ ဒီကာလမွာ အားနည္းေနတာေတြ႕ရပါတယ္။ အဘက္ဘက္က က်န္းမာေရး ျခဴျခာေနတတ္ပါတယ္။ ေရာဂါ ျဖစ္လာရင္ ေဆးၿမီးတိုနဲ႔ မကုဖို႔မွာခ်င္ပါတယ္။ ေငြေၾကးကို အလြယ္ ေခ်းငွားလိုက္တာမ်ိဳးေတြ မလုပ္ မိပါေစနဲ႔။ လူမ်ိဳးျခား၊ဘာသာျခားေတြရဲ႕ ေခ်ာက္ခ်ျခင္းကို ခံရႏိုင္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လဲ ကံေကာင္း ျခင္းေတြ ရွိပါလိမ့္မယ္။

ဒါေပမဲ့ အလုပ္မ်ားေနတာေၾကာင့္ ပင္ပန္းရတာမ်ိဳး ေတြေတာ့ ရွိတတ္ပါတယ္။ ကိုယ္ပိုင္စီးပြား အလုပ္မ်ားအလုပ္မ်ား အလုပ္နဲ႔ပတ္သက္ၿပီး အခ်ိတ္အဆက္ေတြရလာ တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ နားလည္ မႈေတြကိုအခ်ိန္ေပး တည္ေဆာက္ရပါလိမ့္မယ္။ အိမ္ေထာင္ေရး သာယာမႈ အားနည္းေနတာေတြ႕ရပါတယ္။ ပညာေရးနဲ႔ပတ္သက္ၿပီး စိတ္ခ်မ္းသာရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/ 4 /6

အထူးေဟာ - အနည္းငယ္ အလုပ္မ်ားရတတ္ပါတယ္။

ယၾတာ - ဖိနပ္ျပတ္ေနတာေတြရွိရင္ စြန႔္ပစ္လိုက္ပါ။

၇ ရက္သားသမီးမ်ား က်န္းမာလာဘ္႐ႊင္ၿပီး လိုရာဆႏၵျပည့္ပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)