ထက်မြက်ခြင်းက ဘဝမှာ အောင်မြင်မှုတွေရအောင် ကူညီပေးပါတယ်။ ဒါပေမယ့် သင့်ရဲ့ဖြစ်တည်မှုမှာ ထက်မြက်မှူကို အောင်မြင်မှူက ထိန်းချုပ်ထားတယ်ဆိုတာလည်း သင်တွေ့ရမှာပါ။ သင့်တစ်ဘဝလုံး အမြဲတမ်း single ဖြစ်ခဲ့တယ် ဆိုရင်တော့ ဒီလမ်းကို သင်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီခေတ်မှာ သင့်ပတ်ဝန်းကျင်ကလူတွေက အချစ်ကိုတွေ့သွားပြီး RS တွေ ချိတ်သွားကြတာ မြင်ရမှာပါ။

သင်ကိုယ်တိုင် ကြုံနိုင်လောက်တဲ့ အရာတွေကိုတော့ သင်အံ့ဩသွားမှာပါ။ တစုံတစ်ရာကို သင်စွဲလမ်းစပြုလာပြီ ဆိုရင် သင့်ရဲ့ထက်မြက်မှု၊ ဉာဏ်ကောင်းမှုက တားဆီးတော့မှာပါပဲ။ သင်ဟာ ဉာဏ်ကောင်းသူဆိုတော့ ဘဝမှာ မပတ်သက်ချင်တဲ့ အရာတွေကို သေသေချာချာ သိပါတယ်။

အချစ်နဲ့ပတ်သက်ပြီး တစ်ခါလောက်ဆိုးဆိုး ရွားရွားခံစားဖူးတာနဲ့ သင်ဟာ နောင်တရတတ်သူပါ။ ဒီအချက်ကလည်း သင်ရည်းစားမထားရခြင်းရဲ့အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပါပဲ။ သင့်အချစ်တွေကို ဘယ်သူ့ကိုမှ မပေးချင်တဲ့အတွက် လုံးဝ perfect ဖြစ်မယ့်သူကို သင်စောင့်နေတာပါ။ အဲဒါကြောင့် သင်မျှော်လင့်ထားသလိုလူနဲ့ မဆုံမချင်း သင်ဟာ single ဘဝနဲ့ပဲ နေတော့မှာပါ။

ဉာဏ်ရည် အလွန်မြင့်တဲ့သူတွေက သူတို့ မပတ်သက်ချင်တဲ့သူတွေနဲ့ ပတ်သက်ရတဲ့အခါ သာမန်လူတွေထက်ပိုပြီး စိတ်ညစ်ရတယ်လို့ British Journal Of Psychology ဂျာနယ်မှာ ဖော်ပြထားပါတယ်။ စစ်တမ်းကောက်ယူချက်တွေအရ ဉာဏ်ရည်မြင့်တဲ့သူတွေက လူတွေနဲ့ဆက်ဆံရတဲ့အခါ သိပ်အဆင်မပြေကြပါဘူး။

သင်ဟာ လူတွေနဲ့ ရောရောထွေးထွေး မနေဘဲ သီးသန့်နေရတာ ပိုကြိုက်တယ်ဆိုရင် ဉာဏ်ကောင်းတဲ့သူလို့ ယူဆလို့ရပါတယ်။ ဉာဏ်ကောင်းနေတဲ့အချက်ကြောင့်လည်း သင့်ဘဝလက်တွဲဖော်ကို ရှာတဲ့အခါ အခက်အခဲတွေ့နိုင်ပါတယ်။ ဉာဏ်ကောင်းတဲ့သူ ခပ်များများမှာ single ဖြစ်ရခြင်းအကြောင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. သင်ဟာ ဘယ်လိုလူလဲ၊ ဘာလိုချင်လဲဆိုတာကို သိတယ်။

သင်ဟာ မျှော်လင့်ချက်မြင့်မြင့် ထားတတ်သူပါ။ သဘောမကျတဲ့သူတွေ၊ သဘောမကျတဲ့ အရာတွေကိုလည်း အားနာတတ်သူ မဟုတ်ပါဘူး။

2. သင်နဲ့ စိတ်ဓာတ်ချင်း ထပ်တူကျမယ့်သူကို ရှာဖို့ခက်နေတယ်။

သင်ဟာ ဉာဏ်အရမ်းကောင်းတော့ ပကတိအမြင်နဲ့ အတော်ကို သဘောထားကွဲလွဲပါတယ်။ အဲဒီတော့ လူတွေက သင့်ကို အထင်လွဲမှာပါ။ ပြီးတော့ သင်နဲ့ စိတ်ဓာတ်ချင်းတူတဲ့သူကို ရှာမတွေ့တဲ့အခါ single ဖြစ်သွားတတ်ပါတယ်။

3. ဉာဏ်ကောင်းမှုက သင့်ကို ဘယ်သူနဲ့မှ ချစ်ခွင့်ပေးမှာ မဟုတ်ဘူး။

သင်ဟာဘယ်လောက်တောင် smart ဖြစ်သလဲ ဆိုတာကို သင်ကိုယ်တိုင် အသိဆုံးပါ။ အဲဒီတော့ ဉာဏ်ကောင်းတဲ့သင်က ပထဆုံးရည်းစားနဲ့လည်း အဆင်မပြေလောက်ဘူးဆိုတာ သိပါတယ်။ အဲဒီတော့ သင်နဲ့သင့်တော်မယ့်သူကို ရှာရင်းရှာရင်း single ဖြစ်သွားရပါတယ်။

4. သင်ဟာ ပျင်းလွယ်တယ်။

သင်ဟာ ဉာဏ်ကောင်းသူကြီးဆိုတော့ အပျင်းကြီးတာပေါ့နော်။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနေနိုင်မယ့် နည်းလမ်းတွေကိုလည်း သင် ခဏခဏ ရှာဖွေပါတယ်။ သင်ဟာ ကိုယ့်ကိုယ်ကိုယ်တောင် စိန်ခေါ်တတ်သူဆိုတော့ single ဖြစ်ရခြင်းမှာလည်း ဒီအချက်က ပါဝင်ပါတယ်။

5. သင့်ရဲ့ထူးခြားတဲ့ အရည်အချင်းတွေနဲ့ အပြုအမူတွေကို လေးလေးနက်နက် အသိအမှတ် ပြုပေးမယ့်သူကို လိုချင်တယ်။

သင်ဟာ တခြားသူတွေထက်ကို သိသိသာသာ တော်နေတာပါ။ ပြီးတော့ အလွန့်အလွန်ထူးခြားတဲ့ အရည်အချင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သင်ထက်မြက်တယ် ဆိုတာကို လက်ခံမယ့်သူ၊ စိတ်တူကိုယ်တူဖြစ်မယ့်သူကို လိုချင်တာပါ။

6. သင်က လူအများနဲ့ရင်းနှီးပေမယ့် သူတို့ကို ဂရုမစိုက်ဘူး။

သင့်ရဲ့ဉာဏ်ကောင်းမှုတွေက လူတွေကို ဘယ်လိုရင်းနှီးအောင် ဆက်ဆံရမလဲဆိုတာ သိပါတယ်။ ဒါပေမယ့် သင်က သူတို့ကို ဂရုမစိုက်ဘူး။တခြားသူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံဖို့ကို သင့်ဘက်က စိတ်မပါတာပါ။

7. သင့်ကို အနိုင်ကျင့်မယ့်သူကို ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။

နောက်ဆုံးတစ်ခုကတော့ တကယ်ကောင်းပါတယ်။ သင်ဟာ smart ဖြစ်သူဆိုတော့ တစ်ယောက်ယောက်က သင့်ကို ကပျက်ကချော်လုပ်ဖို့ ကြည့်နေတယ်ဆိုတာ သိပါတယ်။ အဲဒီတော့ သူက သင့်ကို ကြိုးမကိုင်ခင်၊ အသုံးမချခင်၊ မစော်ကားခင်မှာ သင်ကိုယ့်သင် ကာကွယ်ပြီးသားဖြစ်နေပါပြီ။ အဲဒါကြောင့် သင်ဟာ smart ဖြစ်တဲ့ single ဖြစ်နေရတာပါ။

Zombie (LoveMedia)

For Zawgyi

ဉာဏ္ရည္ျမင့္ပီး ထက္ျမတ္တဲ့သူမ်ားဟာ Single မ်ားျဖစ္

ထက္ျမက္ျခင္းက ဘဝမွာ ေအာင္ျမင္မႈေတြရေအာင္ ကူညီေပးပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ျဖစ္တည္မႈမွာ ထက္ျမက္မႉကို ေအာင္ျမင္မႉက ထိန္းခ်ဳပ္ထားတယ္ဆိုတာလည္း သင္ေတြ႕ရမွာပါ။ သင့္တစ္ဘဝလုံး အၿမဲတမ္း single ျဖစ္ခဲ့တယ္ ဆိုရင္ေတာ့ ဒီလမ္းကို သင္ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တာပါပဲ။ ဒါေပမယ့္ ဒီေခတ္မွာ သင့္ပတ္ဝန္းက်င္ကလူေတြက အခ်စ္ကိုေတြ႕သြားၿပီး RS ေတြ ခ်ိတ္သြားၾကတာ ျမင္ရမွာပါ။

သင္ကိုယ္တိုင္ ႀကဳံႏိုင္ေလာက္တဲ့ အရာေတြကိုေတာ့ သင္အံ့ဩသြားမွာပါ။ တစုံတစ္ရာကို သင္စြဲလမ္းစျပဳလာၿပီ ဆိုရင္ သင့္ရဲ႕ထက္ျမက္မႈ၊ ဉာဏ္ေကာင္းမႈက တားဆီးေတာ့မွာပါပဲ။ သင္ဟာ ဉာဏ္ေကာင္းသူဆိုေတာ့ ဘဝမွာ မပတ္သက္ခ်င္တဲ့ အရာေတြကို ေသေသခ်ာခ်ာ သိပါတယ္။

အခ်စ္နဲ႔ပတ္သက္ၿပီး တစ္ခါေလာက္ဆိုးဆိုး ႐ြား႐ြားခံစားဖူးတာနဲ႔ သင္ဟာ ေနာင္တရတတ္သူပါ။ ဒီအခ်က္ကလည္း သင္ရည္းစားမထားရျခင္းရဲ႕အေၾကာင္းရင္း တစ္စိတ္တစ္ပိုင္းပါပဲ။ သင့္အခ်စ္ေတြကို ဘယ္သူ႔ကိုမွ မေပးခ်င္တဲ့အတြက္ လုံးဝ perfect ျဖစ္မယ့္သူကို သင္ေစာင့္ေနတာပါ။ အဲဒါေၾကာင့္ သင္ေမွ်ာ္လင့္ထားသလိုလူနဲ႔ မဆုံမခ်င္း သင္ဟာ single ဘဝနဲ႔ပဲ ေနေတာ့မွာပါ။

ဉာဏ္ရည္ အလြန္ျမင့္တဲ့သူေတြက သူတို႔ မပတ္သက္ခ်င္တဲ့သူေတြနဲ႔ ပတ္သက္ရတဲ့အခါ သာမန္လူေတြထက္ပိုၿပီး စိတ္ညစ္ရတယ္လို႔ British Journal Of Psychology ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ စစ္တမ္းေကာက္ယူခ်က္ေတြအရ ဉာဏ္ရည္ျမင့္တဲ့သူေတြက လူေတြနဲ႔ဆက္ဆံရတဲ့အခါ သိပ္အဆင္မေျပၾကပါဘူး။

သင္ဟာ လူေတြနဲ႔ ေရာေရာေထြးေထြး မေနဘဲ သီးသန႔္ေနရတာ ပိုႀကိဳက္တယ္ဆိုရင္ ဉာဏ္ေကာင္းတဲ့သူလို႔ ယူဆလို႔ရပါတယ္။ ဉာဏ္ေကာင္းေနတဲ့အခ်က္ေၾကာင့္လည္း သင့္ဘဝလက္တြဲေဖာ္ကို ရွာတဲ့အခါ အခက္အခဲေတြ႕ႏိုင္ပါတယ္။ ဉာဏ္ေကာင္းတဲ့သူ ခပ္မ်ားမ်ားမွာ single ျဖစ္ရျခင္းအေၾကာင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

1. သင္ဟာ ဘယ္လိုလူလဲ၊ ဘာလိုခ်င္လဲဆိုတာကို သိတယ္။

သင္ဟာ ေမွ်ာ္လင့္ခ်က္ျမင့္ျမင့္ ထားတတ္သူပါ။ သေဘာမက်တဲ့သူေတြ၊ သေဘာမက်တဲ့ အရာေတြကိုလည္း အားနာတတ္သူ မဟုတ္ပါဘူး။

2. သင္နဲ႔ စိတ္ဓာတ္ခ်င္း ထပ္တူက်မယ့္သူကို ရွာဖို႔ခက္ေနတယ္။

သင္ဟာ ဉာဏ္အရမ္းေကာင္းေတာ့ ပကတိအျမင္နဲ႔ အေတာ္ကို သေဘာထားကြဲလြဲပါတယ္။ အဲဒီေတာ့ လူေတြက သင့္ကို အထင္လြဲမွာပါ။ ၿပီးေတာ့ သင္နဲ႔ စိတ္ဓာတ္ခ်င္းတူတဲ့သူကို ရွာမေတြ႕တဲ့အခါ single ျဖစ္သြားတတ္ပါတယ္။

3. ဉာဏ္ေကာင္းမႈက သင့္ကို ဘယ္သူနဲ႔မွ ခ်စ္ခြင့္ေပးမွာ မဟုတ္ဘူး။

သင္ဟာဘယ္ေလာက္ေတာင္ smart ျဖစ္သလဲ ဆိုတာကို သင္ကိုယ္တိုင္ အသိဆုံးပါ။ အဲဒီေတာ့ ဉာဏ္ေကာင္းတဲ့သင္က ပထဆုံးရည္းစားနဲ႔လည္း အဆင္မေျပေလာက္ဘူးဆိုတာ သိပါတယ္။ အဲဒီေတာ့ သင္နဲ႔သင့္ေတာ္မယ့္သူကို ရွာရင္းရွာရင္း single ျဖစ္သြားရပါတယ္။

4. သင္ဟာ ပ်င္းလြယ္တယ္။

သင္ဟာ ဉာဏ္ေကာင္းသူႀကီးဆိုေတာ့ အပ်င္းႀကီးတာေပါ့ေနာ္။ လန္းလန္းဆန္းဆန္း တက္တက္ႂကြႂကြေနႏိုင္မယ့္ နည္းလမ္းေတြကိုလည္း သင္ ခဏခဏ ရွာေဖြပါတယ္။ သင္ဟာ ကိုယ့္ကိုယ္ကိုယ္ေတာင္ စိန္ေခၚတတ္သူဆိုေတာ့ single ျဖစ္ရျခင္းမွာလည္း ဒီအခ်က္က ပါဝင္ပါတယ္။

5. သင့္ရဲ႕ထူးျခားတဲ့ အရည္အခ်င္းေတြနဲ႔ အျပဳအမူေတြကို ေလးေလးနက္နက္ အသိအမွတ္ ျပဳေပးမယ့္သူကို လိုခ်င္တယ္။

သင္ဟာ တျခားသူေတြထက္ကို သိသိသာသာ ေတာ္ေနတာပါ။ ၿပီးေတာ့ အလြန႔္အလြန္ထူးျခားတဲ့ အရည္အခ်င္းေတြကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သင္ထက္ျမက္တယ္ ဆိုတာကို လက္ခံမယ့္သူ၊ စိတ္တူကိုယ္တူျဖစ္မယ့္သူကို လိုခ်င္တာပါ။

6. သင္က လူအမ်ားနဲ႔ရင္းႏွီးေပမယ့္ သူတို႔ကို ဂ႐ုမစိုက္ဘူး။

သင့္ရဲ႕ဉာဏ္ေကာင္းမႈေတြက လူေတြကို ဘယ္လိုရင္းႏွီးေအာင္ ဆက္ဆံရမလဲဆိုတာ သိပါတယ္။ ဒါေပမယ့္ သင္က သူတို႔ကို ဂ႐ုမစိုက္ဘူး။တျခားသူေတြနဲ႔ အဆင္ေျပေအာင္ ဆက္ဆံဖို႔ကို သင့္ဘက္က စိတ္မပါတာပါ။

7. သင့္ကို အႏိုင္က်င့္မယ့္သူကို ဘယ္လိုလုပ္ရမလဲဆိုတာ သိတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ တကယ္ေကာင္းပါတယ္။ သင္ဟာ smart ျဖစ္သူဆိုေတာ့ တစ္ေယာက္ေယာက္က သင့္ကို ကပ်က္ကေခ်ာ္လုပ္ဖို႔ ၾကည့္ေနတယ္ဆိုတာ သိပါတယ္။ အဲဒီေတာ့ သူက သင့္ကို ႀကိဳးမကိုင္ခင္၊ အသုံးမခ်ခင္၊ မေစာ္ကားခင္မွာ သင္ကိုယ့္သင္ ကာကြယ္ၿပီးသားျဖစ္ေနပါၿပီ။ အဲဒါေၾကာင့္ သင္ဟာ smart ျဖစ္တဲ့ single ျဖစ္ေနရတာပါ။

Zombie (LoveMedia)