ကျောက်တုံးလေးတွေကို ဆင့်စီထားတဲ့အလေ့အထက ဟိုးရှေးယခင်ကတည်းက ရှိခဲ့တာပါ။ အချို့လူတွေကတော့ လူတွေသေဆုံးလို့ မြေမြှုပ်သင်္ဂြိုဟ်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျောက်တုံးလေးတွေကို ဆင့်စီကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ကျောက်တုံးလေးတွေ ဆင့်စီတာကို အနုပညာတစ်ခုအဖြစ် ပြုလုပ်လာကြပါပြီ။

တောင်ရိုင်းတိရစ္ဆာန် ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီအလေ့အထကို စိုးရိမ်ပူပန်နေကြပါတယ်။ ကျောက်တုံးစီတဲ့ အလေ့အထက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးလို့ လူအများက ထင်နေကြလို့ပါပဲ။ တကယ်တော့ ကျောက်တုံးလေးတွေ ဆင့်စီတဲ့အလေ့အထဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။

၁။ တိရစ္ဆာန်နဲ့ အပင်များကို ထိခိုက်စေခြင်း

© depositphotos.com

ကျောက်တုံးလေးတွေဟာ တောက်တဲ့၊ ဂဏန်းတွေနဲ့ အခြားတိရစ္ဆာန်သေးသေးတွေအတွက် အိမ်ပါပဲ။ ဒါပေမယ့် ကျောက်တုံးလေးတွေကို လူတွေက ရွှေ့လိုက်တဲ့အခါ သူတို့အတွက် မှီခိုနေထိုင်ရာအိမ်ပြောင်းသွားပါတယ်။ ရာသီဥတုတွေ ဆိုးရွားလာတဲ့အခါ တိရစ္ဆာန်လေးတွေက ကျောက်တုံးလေးအောက်မှာ ခိုနားရပါတယ်။ ရေအရင်းအမြစ်အချို့ကိုလည်း ကျောက်တုံးကနေ ရယူရတာဖြစ်နေလို့ပါ။

၂။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း

© depositphotos.com

ကျောက်တုံးကျောက်ခဲတွေက ရေတိုက်စားခြင်းနဲ့ မြေပြိုခြင်းတို့ကို ကာကွယ်ပေးပါတယ်။ မြစ်ထဲက ကျောက်တုံးတွေက တဖြည်းဖြည်းလျော့လာတဲ့အခါ ရေတိုက်စားခြင်းတွေဖြစ်လာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်လာပါတော့တယ်။

၃။ တောင်တက်သမားတွေကို ဇဝေဇဝါဖြစ်စေခြင်း

© depositphotos.com, © shutterstock.com

သဘာဝဥယျာဉ်တွေမှာ ကျောက်တုံးတွေကို တောင်တက်သမားတွေကို လမ်းပြဖို့အတွက် ဆင့်စီထားကြပါတယ်။ ဒါ့ပေမယ့် ခရီးသွားခရီးလာတွေက ကျောက်တုံးလေးတွေကို အမှတ်တရအဖြစ် စီခဲ့တဲ့အခါ အမှတ်အသားတွေရောပြီး တောင်တက်သမားတွေအတွက် လမ်းမှားတာ၊ အချိန်ကုန်တာတွေ ဖြစ်စေနိုင်ပါတယ်။

၄။ သဘာဝအလှအပများ ပျက်စီးခြင်း

© depositphotos.com

သဘာဝရဲ့အလှအပဆိုတာ နှစ်ခါပြန်ရဖို့ မလွယ်ကူနိုင်ပါဘူး။ သဘာဝအလှအပကို ခံစားဖို့အတွက် တကူးတက ခရီးထွက်ကြတာပါ။ ဒါပေမယ့် အချို့တွေက ကျောက်တုံးတွေကို ဆေးခြယ်တာ၊ ဆေးမှုတ်တာတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီအခါ သဘာဝရဲ့အလှတွေက နဂိုအတိုင်းမရှိနိုင်တော့ဘဲ ပျက်စီးသွားပါတယ်။

Zombie (Lovemedia)

For Zawgyi

အထိမ္းအမွတ္ေက်ာက္ပုံေလးေတြ မစီသင့္တဲ့ အေၾကာင္းအရင္း (၄) ခ်က္

ေက်ာက္တုံးေလးေတြကို ဆင့္စီထားတဲ့အေလ့အထက ဟိုးေရွးယခင္ကတည္းက ရွိခဲ့တာပါ။ အခ်ိဳ႕လူေတြကေတာ့ လူေတြေသဆုံးလို႔ ေျမျမႇဳပ္သၿဂႋဳဟ္တဲ့ အထိမ္းအမွတ္အေနနဲ႔ ေက်ာက္တုံးေလးေတြကို ဆင့္စီၾကပါတယ္။ ဒါေပမယ့္ ယေန႔ေခတ္မွာေတာ့ ေက်ာက္တုံးေလးေတြ ဆင့္စီတာကို အႏုပညာတစ္ခုအျဖစ္ ျပဳလုပ္လာၾကပါၿပီ။

ေတာင္႐ိုင္းတိရစာၦန္ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ ဒီအေလ့အထကို စိုးရိမ္ပူပန္ေနၾကပါတယ္။ ေက်ာက္တုံးစီတဲ့ အေလ့အထက သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစဘူးလို႔ လူအမ်ားက ထင္ေနၾကလို႔ပါပဲ။ တကယ္ေတာ့ ေက်ာက္တုံးေလးေတြ ဆင့္စီတဲ့အေလ့အထဟာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစပါတယ္။

၁။ တိရစာၦန္နဲ႔ အပင္မ်ားကို ထိခိုက္ေစျခင္း

ေက်ာက္တုံးေလးေတြဟာ ေတာက္တဲ့၊ ဂဏန္းေတြနဲ႔ အျခားတိရစာၦန္ေသးေသးေတြအတြက္ အိမ္ပါပဲ။ ဒါေပမယ့္ ေက်ာက္တုံးေလးေတြကို လူေတြက ေ႐ႊ႕လိုက္တဲ့အခါ သူတို႔အတြက္ မွီခိုေနထိုင္ရာအိမ္ေျပာင္းသြားပါတယ္။ ရာသီဥတုေတြ ဆိုး႐ြားလာတဲ့အခါ တိရစာၦန္ေလးေတြက ေက်ာက္တုံးေလးေအာက္မွာ ခိုနားရပါတယ္။ ေရအရင္းအျမစ္အခ်ိဳ႕ကိုလည္း ေက်ာက္တုံးကေန ရယူရတာျဖစ္ေနလို႔ပါ။

၂။ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစျခင္း

ေက်ာက္တုံးေက်ာက္ခဲေတြက ေရတိုက္စားျခင္းနဲ႔ ေျမၿပိဳျခင္းတို႔ကို ကာကြယ္ေပးပါတယ္။ ျမစ္ထဲက ေက်ာက္တုံးေတြက တျဖည္းျဖည္းေလ်ာ့လာတဲ့အခါ ေရတိုက္စားျခင္းေတြျဖစ္လာၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္လာပါေတာ့တယ္။

၃။ ေတာင္တက္သမားေတြကို ဇေဝဇဝါျဖစ္ေစျခင္း

သဘာဝဥယ်ာဥ္ေတြမွာ ေက်ာက္တုံးေတြကို ေတာင္တက္သမားေတြကို လမ္းျပဖို႔အတြက္ ဆင့္စီထားၾကပါတယ္။ ဒါ့ေပမယ့္ ခရီးသြားခရီးလာေတြက ေက်ာက္တုံးေလးေတြကို အမွတ္တရအျဖစ္ စီခဲ့တဲ့အခါ အမွတ္အသားေတြေရာၿပီး ေတာင္တက္သမားေတြအတြက္ လမ္းမွားတာ၊ အခ်ိန္ကုန္တာေတြ ျဖစ္ေစႏိုင္ပါတယ္။

၄။ သဘာဝအလွအပမ်ား ပ်က္စီးျခင္း

သဘာဝရဲ႕အလွအပဆိုတာ ႏွစ္ခါျပန္ရဖို႔ မလြယ္ကူႏိုင္ပါဘူး။ သဘာဝအလွအပကို ခံစားဖို႔အတြက္ တကူးတက ခရီးထြက္ၾကတာပါ။ ဒါေပမယ့္ အခ်ိဳ႕ေတြက ေက်ာက္တုံးေတြကို ေဆးျခယ္တာ၊ ေဆးမႈတ္တာေတြ ျပဳလုပ္တတ္ၾကပါတယ္။ အဲဒီအခါ သဘာဝရဲ႕အလွေတြက နဂိုအတိုင္းမရွိႏိုင္ေတာ့ဘဲ ပ်က္စီးသြားပါတယ္။

Zombie (Lovemedia)