ပျမ်းမျှအားဖြင့် လူတွေဟာ တစ်နေ့ကို ၁၅ ခါခန့်လေလည်ကြပါတယ်။ တချို့တွေဆို တစ်ရက်ကို အခါ ၄၀ အထိ လေလည်ကြပါတယ်။ ခန္ဓါကိုယ်ထဲက ပိတ်မိနေတဲ့လေတွေနဲ့ ဓါတ်ငွေ့တွေကြောင့် လေလည်ရခြင်းဖြစ်ပါတယ်။ လေလည်သံဟာ တစ်ခါတရံမှာ ကျယ်သွားနိုင်တာကြောင့် ရှက်ပြီး အောင့်ထားတတ်ကြပါတယ်။ လေလည်တာကို အောင့်ထားတာက တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

၁။ ခန္ဓါကိုယ်က မကောင်းတဲ့လေတွေကို ပြန်လည်စုပ်ယူနိုင်ခြင်း

လေလည်တာကို အောင့်ဖို့ ခန္ဓါကိုယ်ကို ဖိအားပေးလိုက်တဲ့အချိန်မှာ ခန္ဓါကိုယ်အတွက် ရွေးချယ်စရာမရှိတော့ဘဲ လေတွေကိုသာ ပြန်လည်စုပ်လိုက်ရပါတော့တယ်။ လေတွေက ခန္ဓါကိုယ်ထဲကို ပြန်ရောက်သွားပြီး လေတက်လာပါတယ်။

၂။ ရင်ပူခြင်း

လေမလည်ဖို့အတွက် ခန္ဓါက ကြွက်သားတွေကို ကျုံ့လိုက်ချိန်မှာ ခန္ဓါကိုယ်ထဲမှာ ဖိအားဖြစ်ပေါ်လာပြီး အစာမကြေတာ၊ မအီမသာဖြစ်တာ၊ ရင်ပူတာတွေ ဖြစ်လာပါတယ်။ လေလည်ချင်တာကို အမြဲတမ်းအောင့်ထားမယ် ဆိုရင် အစာချေလမ်းကြောင်းမှာ ရောင်ရမ်းနာကျင်တာဖြစ်လာပါတယ်။

၃။ အူမ ကျန်းမာရေးထိခိုက်ခြင်း

© depositphotos.com

လေလည်တာက အူမ ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ လေလည်ချင်တာကို အမြဲအောင့်ထားရင် လိပ်ခေါင်းရောဂါအထိ ဖြစ်ပါတယ်။

၄။ လေပွသလို ခံစားရခြင်း

© shutterstock.com

လေလည်တာကို အောင့်ထားရင် သိသာထင်ရှားလာမယ့် အရာကတော့ ဗိုက်ထဲမှာ လေပွလာတာပါ။ ဗိုက်ထဲမှာ လေတွေ သွားနေတဲ့အသံကို တစ်ခါတရံမှာ ကြားရတတ်ပါတယ်။

၅။ လေလည်တဲ့အနံ့က ကျန်းမာရေးအခြေအနေကို သိနိုင်ပါတယ်။

လေလည်တာက ကျန်းမာရေး ပုံမှန်ဖြစ်တဲ့ လက္ခဏာပါ။ ဒါပေမယ့် လေလည်တဲ့အနံ့က အစားများတာနဲ့ အစာချေလမ်းကြောင်း ပြဿနာတွေကို သိနိုင်ပါတယ်။ အလွန်ကို ဆိုးရွားတဲ့လေလည်နံ့က ခန္ဓါကိုယ်ထဲမှာ ဆာလဖာ ပါဝင်တာများနေကြောင်း ဖော်ပြတာပါ။ လေလည်တာအခါ နာကျင်သလိုခံစားရရင်၊ ဒါမှမဟုတ် ပုံမှန်နဲ့မတူရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အနံ့ဆိုးရွားပြီး အသံကျယ်ကျယ် လေမလည်စေဖို့

© Pixabay.com

- ကာဘွန်ဒိုင်အောက်ဆိုဒ် ထည့်ထားတဲ့အချိုရည်တွေ၊ သောက်စရာတွေကို ရှောင်ပါ။ အဲဒါတွေ သောက်ပြီးတဲ့အခါ ခန္ဓါကိုယ်ထဲမှာ gas တွေ ပိုများလာပါတယ်။

- အစားအစာတွေကို နည်းနည်းချင်းစားပြီး ဖြည်းဖြည်းချင်းဝါးပါ။

- ငှက်ပျောသီး၊ အာလူး၊ ဂျုံနဲ့ပြုလုပ်ထားသော အစားအစာတွေကို ပုံမှန်စားရင် လေလည်ရင် အနံ့အသက်ဆိုးရွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ေလလည္ခ်င္တာကို ေအာင့္ထားရင္ ခႏၶါကိုယ္ကို ဘယ္လိုထိခိုက္ႏိုင္သလဲ

ပ်မ္းမွ်အားျဖင့္ လူေတြဟာ တစ္ေန႔ကို ၁၅ ခါခန္႔ေလလည္ၾကပါတယ္။ တခ်ိဳ႕ေတြဆို တစ္ရက္ကို အခါ ၄၀ အထိ ေလလည္ၾကပါတယ္။ ခႏၶါကိုယ္ထဲက ပိတ္မိေနတဲ့ေလေတြနဲ႔ ဓါတ္ေငြ႕ေတြေၾကာင့္ ေလလည္ရျခင္းျဖစ္ပါတယ္။ ေလလည္သံဟာ တစ္ခါတရံမွာ က်ယ္သြားႏိုင္တာေၾကာင့္ ရွက္ၿပီး ေအာင့္ထားတတ္ၾကပါတယ္။ ေလလည္တာကို ေအာင့္ထားတာက တကယ္ေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္ပါဘူး။

၁။ ခႏၶါကိုယ္က မေကာင္းတဲ့ေလေတြကို ျပန္လည္စုပ္ယူႏိုင္ျခင္း

ေလလည္တာကို ေအာင့္ဖို႔ ခႏၶါကိုယ္ကို ဖိအားေပးလိုက္တဲ့အခ်ိန္မွာ ခႏၶါကိုယ္အတြက္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ေလေတြကိုသာ ျပန္လည္စုပ္လိုက္ရပါေတာ့တယ္။ ေလေတြက ခႏၶါကိုယ္ထဲကို ျပန္ေရာက္သြားၿပီး ေလတက္လာပါတယ္။

၂။ ရင္ပူျခင္း

ေလမလည္ဖို႔အတြက္ ခႏၶါက ႂကြက္သားေတြကို က်ဳံ႕လိုက္ခ်ိန္မွာ ခႏၶါကိုယ္ထဲမွာ ဖိအားျဖစ္ေပၚလာၿပီး အစာမေၾကတာ၊ မအီမသာျဖစ္တာ၊ ရင္ပူတာေတြ ျဖစ္လာပါတယ္။ ေလလည္ခ်င္တာကို အၿမဲတမ္းေအာင့္ထားမယ္ ဆိုရင္ အစာေခ်လမ္းေၾကာင္းမွာ ေရာင္ရမ္းနာက်င္တာျဖစ္လာပါတယ္။

၃။ အူမ က်န္းမာေရးထိခိုက္ျခင္း

ေလလည္တာက အူမ က်န္းမာေရးကိုလည္း ေကာင္းေစပါတယ္။ ေလလည္ခ်င္တာကို အၿမဲေအာင့္ထားရင္ လိပ္ေခါင္းေရာဂါအထိ ျဖစ္ပါတယ္။

၄။ ေလပြသလို ခံစားရျခင္း

ေလလည္တာကို ေအာင့္ထားရင္ သိသာထင္ရွားလာမယ့္ အရာကေတာ့ ဗိုက္ထဲမွာ ေလပြလာတာပါ။ ဗိုက္ထဲမွာ ေလေတြ သြားေနတဲ့အသံကို တစ္ခါတရံမွာ ၾကားရတတ္ပါတယ္။

၅။ ေလလည္တဲ့အနံ႔က က်န္းမာေရးအေျခအေနကို သိႏိုင္ပါတယ္။

ေလလည္တာက က်န္းမာေရး ပုံမွန္ျဖစ္တဲ့ လကၡဏာပါ။ ဒါေပမယ့္ ေလလည္တဲ့အနံ႔က အစားမ်ားတာနဲ႔ အစာေခ်လမ္းေၾကာင္း ျပႆနာေတြကို သိႏိုင္ပါတယ္။ အလြန္ကို ဆိုး႐ြားတဲ့ေလလည္နံ႔က ခႏၶါကိုယ္ထဲမွာ ဆာလဖာ ပါဝင္တာမ်ားေနေၾကာင္း ေဖာ္ျပတာပါ။ ေလလည္တာအခါ နာက်င္သလိုခံစားရရင္၊ ဒါမွမဟုတ္ ပုံမွန္နဲ႔မတူရင္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

အနံ႔ဆိုး႐ြားၿပီး အသံက်ယ္က်ယ္ ေလမလည္ေစဖို႔

- ကာဘြန္ဒိုင္ေအာက္ဆိုဒ္ ထည့္ထားတဲ့အခ်ိဳရည္ေတြ၊ ေသာက္စရာေတြကို ေရွာင္ပါ။ အဲဒါေတြ ေသာက္ၿပီးတဲ့အခါ ခႏၶါကိုယ္ထဲမွာ gas ေတြ ပိုမ်ားလာပါတယ္။

- အစားအစာေတြကို နည္းနည္းခ်င္းစားၿပီး ျဖည္းျဖည္းခ်င္းဝါးပါ။

- ငွက္ေပ်ာသီး၊ အာလူး၊ ဂ်ဳံနဲ႔ျပဳလုပ္ထားေသာ အစားအစာေတြကို ပုံမွန္စားရင္ ေလလည္ရင္ အနံ႔အသက္ဆိုး႐ြားတာကို ကာကြယ္ေပးႏိုင္ပါတယ္။

Zombie (Lovemedia)