စစ်တမ်းကောက်ယူချက်တွေအရ ၄၄% သော လက်ထပ်ပြီးစုံတွဲတွေက တစ်ပတ်တစ်ခါ ရန်ဖြစ်စကားများရင် အချိန်ကြာကြာ ပိုချစ်ကြတယ်လို့ ပြောပါတယ်။ တကယ်တော့ စကားများတတ်တဲ့ စုံတွဲတွေက ပိုပြီးမြဲကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြားမှာအထင်လွဲစရာတွေ နည်းသွားပြီး တစ်ယောက်အကြောင်း တစ်ယောက်က ပိုသိလာကြပါတယ်။

၉။ ရန်ဖြစ်တယ်ဆိုတာ ရင့်ကျက်တဲ့အချစ်ရေးရဲ့ လက္ခဏာတွေပါ။

© The Lake House / Village Roadshow Pictures

စကားမများ၊ ရန်မဖြစ်ပဲနေတာက တကယ့်တော့ မကောင်းပါဘူး။ စကားများရန်ဖြစ်နေတဲ့ အချိန်မှာ စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ အဲဒီလိုစိတ်ထဲ မရှင်းလင်းသမျှကို ပြောချလိုက်လို့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားပါတယ်။ ရင့်ကျက်သွားတဲ့သူတွေက ကိုယ်ရေးကိုယ်တာကိစ္စတွေကို မတိုက်ခိုက်တတ်သလို အော်ဟစ်ပြီးလည်းမပြောပါဘူး။ စကားများပြီးတော့ အဆင်ပြေအောင်ညှိနှိုင်းယူမယ်ဆိုရင် သင်တို့အချစ်ရေးက ပျော်စရာကောင်းမှာပါ။

၈။ ရန်ဖြစ်တယ်ဆိုတာ ဂရုစိုက်ပေးတာပါ။

© The Office / Universal Television

သင့်ချစ်သူရဲ့အပြုအမှုလေးတွေကို ဥပေက္ခာ ဂရုမစိုက်တတ်တာဟာ မကောင်းပါဘူး။ တစ်ကယ်ဆို တစ်ယောက်ရဲ့ နာကျင်မှုကို တစ်ယောက်ကလည်း မျှဝေခံစားပေးရမှာပါ။ အဲဒါကြောင့် သင့်ချစ်သူရဲ့ အကြောင်းကို ဂရုပြုမိပြီး စကားများရန်ဖြစ်တာက အချစ်စစ်ကိုဖြစ်ပေါ်စေပါတယ်။ စကားများတာကပိုချစ်လို့ပါ။ မောင်နှမတွေနဲ့ စကားများတာကလည်း ချစ်လို့ပါ။ အဲဒီလိုပါပဲ။ စုံတွဲတွေ စကားများ ရန်ဖြစ်တာက တစ်ယောက်ကို တစ်ယောက် ဂရုစိုက်လို့ပါ။

၇။ ရန်ဖြစ်ခြင်းက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကို ပြေပြစ်စေတယ်။

© Love & Other Drugs / 20th Century Fox

သင့်ချစ်သူသင့်ကို ယုံကြည်စေချင်ရင် အေးတိအေးစက် မနေပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သူပြောတာကို သေချာနားထောင်ပေးတာကလည်း ချစ်ခြင်းတစ်မျိူးပါပဲ။ ငြင်းဆိုပြီးကြပြီ ဆိုရင် ရင်းနှီးမှု၊ ယုံကြည်မှုတွေ တိုးလာပါတယ်။ ပြီးတော့ နောက်ထပ် အဆင်ပြေအောင် ဘယ်လိုနေကြမလဲ ဆိုတာပါ သိလာပါတယ်။

၆။ ရန်ဖြစ်စကားများတယ်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးပါ။

© New Girl / 20th Century Fox Television

စိတ်ပညာရှင်တွေပြောပြတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရဲ့လက္ခဏာတွေထဲမှာ ရန်ဖြစ်စကားများတာလည်း ပါဝင်ပါတယ်။ တစ်ခါမှရန်မဖြစ်ဘူး ဆိုရင်တော့ တစ်ခုခုမှားနေလို့ပါ။ ရန်ဖြစ်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပြန်ပြီးသုံးသပ်လာနိုင်ပါတယ်။ နားလည်မှုလွဲနေတာတွေ ပျောက်ကင်းသွားဖို့ကအဓိကပါ။ ဒါပေမယ့် အေးအေးဆေးဆေးစကားများတာပဲ ဖြစ်သင့်ပြီး မခေါ်မပြောပဲနေတာ၊ အသံကျယ်ကျယ် ပြောတာတွေက ပိုပြီး စိတ်ထိခိုက်စေပါတယ်။

၅။ ရန်ဖြစ်စကားများခြင်းက သင်တို့အချစ်ရေးကို ခိုင်မာစေတယ်။

© The Twilight Saga: New Moon / Temple Hill Entertainment

ရန်ဖြစ်စကားများရင် အနိုင်၊ အရှုံးဆိုတာ အရေးမကြီးပါဘူး။ သူ့ကိုနားလည်ပေးနိုင်ဖို့ပဲအရေးကြီးပါတယ်။ အသေးအဖွဲစကားများတာက သင်တို့ရဲ့ ဇာတိရုပ်အစစ်ကိုပေါ်လာစေတာပါ။ ရှေ့ဖြစ်လာမယ့်စိန်ခေါ်မှုတွေကို ဖြေရှင်းလာနိုင်ပါတယ်။ စကားများခြင်းက သင်တို့နှစ်ယောက်ကို ပိုပြီးခိုင်မြဲစေမယ့် နည်းလမ်းတွေ သိလာမှာပါ။

၄။ ရန်ဖြစ်စကားများခြင်းက မကျေချမ်းမှုတွေကို ပြေလျော့စေပါတယ်။

© Gigli / Revolution Studios

ရည်းစားထားရတာလည်း မလွယ်လှပါဘူး။ သူ့ကိုတကယ်ချစ်ရင် အလေးထားဖို့လဲလိုပါတယ်။ အလေးထားရင်မကျေချမ်းမှုတွေ လျော့လာပါလိမ့်မယ်။ မကျေချမ်းမှုတွေကိုမဖြေရှင်းရင် ပိုပြီးကြီးထွားလာမှာပါ။ အဲဒီအခါ သင်တို့အချစ်ရေးလည်း အဆင်မပြေတော့ပါဘူး။ အကောင်းဆုံးဖြေရှင်းဖို့က သူမကျေနပ်တာတွေ၊ သင့်လိုအပ်ချက်တွေ ကိုပြောခွင့်ပေးလိုက်ပါ။

၃။ ရန်ဖြစ်စကားများခြင်းက ချစ်သူသက်တမ်း ပိုကြာစေတယ်။

© Love, Rosie / Constantin Film

တစ်ခုခုမှားနေတယ်ဆိုတာ သိပေမယ့် မပြောဘဲ သူ့ကိုရှောင်နေတာ အကြီးဆုံးအမှားပါ။ လမ်းခွဲတာအထိလည်း ဖြစ်နိုင်ပါတယ်။ စုံတွဲအများစုက ပြဿနာဖြစ်စေမယ့် အကြောင်းအရာတွေကို မပြောသင့်ဘူးလို့ ထင်ကြပါတယ်။ ပြဿနာတွေကို မဖြေရှင်းရင် ပိုပြီးကြီးလာမှာပါ။ အဲ့တာကြောင့် ပြဿနာတွေကို စိတ်ထဲ မထားဘဲ ဖြေရှင်းရင်း စကားများသွားတာက ပိုပြီးတော့ မြဲစေပါတယ်။

၂။ ရန်ဖြစ်ချင်းက သင့်အချစ်တွေကိုဖော်ပြပေးတယ်။

© Revolutionary Road / BBC Films

ရန်ဖြစ်တယ်ဆိုတာအချစ်ကြီးလို့ပါ။ သင့်ချစ်သူနဲ့ အချိန်အကြာကြီး ဖြတ်သန်းချင်ရင် သံသယတွေ မထားပါနဲ့။ သံသယတွေပျောက်သွားဖို့ စကားများလိုက်တာက အကောင်းဆုံးပဲဆိုတာ မမေ့ပါနဲ့နော်။

၁။ ရန်ဖြစ်စကားများတာက ပျင်းရိငြီးငွေ့တာကိုပျောက်စေတယ်။

© Eternal Sunshine of the Spotless Mind / Anonymous Content

နှစ်တွေအကြာကြီး တွဲလာပြီဆိုရင် သူ့အပေါ်မှာ သဘောမကျတဲ့ အချက်တွေကို ထုတ်ပြောလိုက်ပါ။ နှစ်ယောက်လုံး စိတ်ကူကိုယ်တူ ဖြစ်တယ်ဆိုရင် ပျော်စရာကောင်းမှာပါ။ အဲဒါကြောင့် နောက်တစ်ခါ ရန်ဖြစ်ရမှာကိုလည်း မကြောက်ပါနဲ့။ ရန်ဖြစ်ခြင်းက သင်တို့အချစ်ရေးမှာ အကျိုးရှိစေပါတယ်။

© The Notebook / New Line Cinema

Zombie (LoveMedia)

For Zawgyi

ရန္ျဖစ္စကားမ်ားတဲ့ စုံတြဲေတြက တကယ္ခ်စ္တဲ့ ခ်စ္သူမ်ားျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားေတြ႕ရွိ

စစ္တမ္းေကာက္ယူခ်က္ေတြအရ ၄၄% ေသာ လက္ထပ္ၿပီးစုံတြဲေတြက တစ္ပတ္တစ္ခါ ရန္ျဖစ္စကားမ်ားရင္ အခ်ိန္ၾကာၾကာ ပိုခ်စ္ၾကတယ္လို႔ ေျပာပါတယ္။ တကယ္ေတာ့ စကားမ်ားတတ္တဲ့ စုံတြဲေတြက ပိုၿပီးၿမဲၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားမွာအထင္လြဲစရာေတြ နည္းသြားၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္က ပိုသိလာၾကပါတယ္။

၉။ ရန္ျဖစ္တယ္ဆိုတာ ရင့္က်က္တဲ့အခ်စ္ေရးရဲ႕ လကၡဏာေတြပါ။

စကားမမ်ား၊ ရန္မျဖစ္ပဲေနတာက တကယ့္ေတာ့ မေကာင္းပါဘူး။ စကားမ်ားရန္ျဖစ္ေနတဲ့ အခ်ိန္မွာ စိတ္ထဲရွိသမွ်ကို ပြင့္ပြင့္လင္းလင္း ေျပာႏိုင္ပါတယ္။ အဲဒီလိုစိတ္ထဲ မရွင္းလင္းသမွ်ကို ေျပာခ်လိုက္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီးသြားပါတယ္။ ရင့္က်က္သြားတဲ့သူေတြက ကိုယ္ေရးကိုယ္တာကိစၥေတြကို မတိုက္ခိုက္တတ္သလို ေအာ္ဟစ္ၿပီးလည္းမေျပာပါဘူး။ စကားမ်ားၿပီးေတာ့ အဆင္ေျပေအာင္ညႇိႏႈိင္းယူမယ္ဆိုရင္ သင္တို႔အခ်စ္ေရးက ေပ်ာ္စရာေကာင္းမွာပါ။

၈။ ရန္ျဖစ္တယ္ဆိုတာ ဂ႐ုစိုက္ေပးတာပါ။

သင့္ခ်စ္သူရဲ႕အျပဳအမႈေလးေတြကို ဥေပကၡာ ဂ႐ုမစိုက္တတ္တာဟာ မေကာင္းပါဘူး။ တစ္ကယ္ဆို တစ္ေယာက္ရဲ႕ နာက်င္မႈကို တစ္ေယာက္ကလည္း မွ်ေဝခံစားေပးရမွာပါ။ အဲဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ အေၾကာင္းကို ဂ႐ုျပဳမိၿပီး စကားမ်ားရန္ျဖစ္တာက အခ်စ္စစ္ကိုျဖစ္ေပၚေစပါတယ္။ စကားမ်ားတာကပိုခ်စ္လို႔ပါ။ ေမာင္ႏွမေတြနဲ႔ စကားမ်ားတာကလည္း ခ်စ္လို႔ပါ။ အဲဒီလိုပါပဲ။ စုံတြဲေတြ စကားမ်ား ရန္ျဖစ္တာက တစ္ေယာက္ကို တစ္ေယာက္ ဂ႐ုစိုက္လို႔ပါ။

၇။ ရန္ျဖစ္ျခင္းက သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးေတြကို ေျပျပစ္ေစတယ္။

သင့္ခ်စ္သူသင့္ကို ယုံၾကည္ေစခ်င္ရင္ ေအးတိေအးစက္ မေနပါနဲ႔။ တစ္ေယာက္နဲ႔ တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ေျပာသင့္ပါတယ္။ သူေျပာတာကို ေသခ်ာနားေထာင္ေပးတာကလည္း ခ်စ္ျခင္းတစ္မ်ိဴးပါပဲ။ ျငင္းဆိုၿပီးၾကၿပီ ဆိုရင္ ရင္းႏွီးမႈ၊ ယုံၾကည္မႈေတြ တိုးလာပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ အဆင္ေျပေအာင္ ဘယ္လိုေနၾကမလဲ ဆိုတာပါ သိလာပါတယ္။

၆။ ရန္ျဖစ္စကားမ်ားတယ္ဆိုတာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ေရးပါ။

စိတ္ပညာရွင္ေတြေျပာျပတဲ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ရဲ႕လကၡဏာေတြထဲမွာ ရန္ျဖစ္စကားမ်ားတာလည္း ပါဝင္ပါတယ္။ တစ္ခါမွရန္မျဖစ္ဘူး ဆိုရင္ေတာ့ တစ္ခုခုမွားေနလို႔ပါ။ ရန္ျဖစ္ၿပီဆိုရင္ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ျပန္ၿပီးသုံးသပ္လာႏိုင္ပါတယ္။ နားလည္မႈလြဲေနတာေတြ ေပ်ာက္ကင္းသြားဖို႔ကအဓိကပါ။ ဒါေပမယ့္ ေအးေအးေဆးေဆးစကားမ်ားတာပဲ ျဖစ္သင့္ၿပီး မေခၚမေျပာပဲေနတာ၊ အသံက်ယ္က်ယ္ ေျပာတာေတြက ပိုၿပီး စိတ္ထိခိုက္ေစပါတယ္။

၅။ ရန္ျဖစ္စကားမ်ားျခင္းက သင္တို႔အခ်စ္ေရးကို ခိုင္မာေစတယ္။

ရန္ျဖစ္စကားမ်ားရင္ အႏိုင္၊ အရႈံးဆိုတာ အေရးမႀကီးပါဘူး။ သူ႔ကိုနားလည္ေပးႏိုင္ဖို႔ပဲအေရးႀကီးပါတယ္။ အေသးအဖြဲစကားမ်ားတာက သင္တို႔ရဲ႕ ဇာတိ႐ုပ္အစစ္ကိုေပၚလာေစတာပါ။ ေရွ႕ျဖစ္လာမယ့္စိန္ေခၚမႈေတြကို ေျဖရွင္းလာႏိုင္ပါတယ္။ စကားမ်ားျခင္းက သင္တို႔ႏွစ္ေယာက္ကို ပိုၿပီးခိုင္ၿမဲေစမယ့္ နည္းလမ္းေတြ သိလာမွာပါ။

၄။ ရန္ျဖစ္စကားမ်ားျခင္းက မေက်ခ်မ္းမႈေတြကို ေျပေလ်ာ့ေစပါတယ္။

ရည္းစားထားရတာလည္း မလြယ္လွပါဘူး။ သူ႔ကိုတကယ္ခ်စ္ရင္ အေလးထားဖို႔လဲလိုပါတယ္။ အေလးထားရင္မေက်ခ်မ္းမႈေတြ ေလ်ာ့လာပါလိမ့္မယ္။ မေက်ခ်မ္းမႈေတြကိုမေျဖရွင္းရင္ ပိုၿပီးႀကီးထြားလာမွာပါ။ အဲဒီအခါ သင္တို႔အခ်စ္ေရးလည္း အဆင္မေျပေတာ့ပါဘူး။ အေကာင္းဆုံးေျဖရွင္းဖို႔က သူမေက်နပ္တာေတြ၊ သင့္လိုအပ္ခ်က္ေတြ ကိုေျပာခြင့္ေပးလိုက္ပါ။

၃။ ရန္ျဖစ္စကားမ်ားျခင္းက ခ်စ္သူသက္တမ္း ပိုၾကာေစတယ္။

တစ္ခုခုမွားေနတယ္ဆိုတာ သိေပမယ့္ မေျပာဘဲ သူ႔ကိုေရွာင္ေနတာ အႀကီးဆုံးအမွားပါ။ လမ္းခြဲတာအထိလည္း ျဖစ္ႏိုင္ပါတယ္။ စုံတြဲအမ်ားစုက ျပႆနာျဖစ္ေစမယ့္ အေၾကာင္းအရာေတြကို မေျပာသင့္ဘူးလို႔ ထင္ၾကပါတယ္။ ျပႆနာေတြကို မေျဖရွင္းရင္ ပိုၿပီးႀကီးလာမွာပါ။ အဲ့တာေၾကာင့္ ျပႆနာေတြကို စိတ္ထဲ မထားဘဲ ေျဖရွင္းရင္း စကားမ်ားသြားတာက ပိုၿပီးေတာ့ ၿမဲေစပါတယ္။

၂။ ရန္ျဖစ္ခ်င္းက သင့္အခ်စ္ေတြကိုေဖာ္ျပေပးတယ္။

ရန္ျဖစ္တယ္ဆိုတာအခ်စ္ႀကီးလို႔ပါ။ သင့္ခ်စ္သူနဲ႔ အခ်ိန္အၾကာႀကီး ျဖတ္သန္းခ်င္ရင္ သံသယေတြ မထားပါနဲ႔။ သံသယေတြေပ်ာက္သြားဖို႔ စကားမ်ားလိုက္တာက အေကာင္းဆုံးပဲဆိုတာ မေမ့ပါနဲ႔ေနာ္။

၁။ ရန္ျဖစ္စကားမ်ားတာက ပ်င္းရိၿငီးေငြ႕တာကိုေပ်ာက္ေစတယ္။

ႏွစ္ေတြအၾကာႀကီး တြဲလာၿပီဆိုရင္ သူ႔အေပၚမွာ သေဘာမက်တဲ့ အခ်က္ေတြကို ထုတ္ေျပာလိုက္ပါ။ ႏွစ္ေယာက္လုံး စိတ္ကူကိုယ္တူ ျဖစ္တယ္ဆိုရင္ ေပ်ာ္စရာေကာင္းမွာပါ။ အဲဒါေၾကာင့္ ေနာက္တစ္ခါ ရန္ျဖစ္ရမွာကိုလည္း မေၾကာက္ပါနဲ႔။ ရန္ျဖစ္ျခင္းက သင္တို႔အခ်စ္ေရးမွာ အက်ိဳးရွိေစပါတယ္။

Zombie (LoveMedia)