ယနေ့ခေတ်မှာ အစားအစာအတုတွေက လက်ညှိုးထိုးမလွဲ ပေါများနေပါပြီ။ အစားအစာအတုတွေက ကျန်းမာရေးကို အလွန်ထိခိုက်နိုင်ပါတယ်။ ဝယ်လာတဲ့စားစရာတွေက အတုလား၊ အစစ်လားဆိုတာကို လွယ်လွယ်ကူကူ ခွဲခြားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Ground coffee

Ground coffee အများစုမှာ ကြိတ်ထားတဲ့ မုယောစပါး၊ ဂျုံနဲ့ ပဲပုပ်ပဲတွေကို ရောနှောကြိတ်ထားတတ်ကြပါတယ်။ တကယ့်ကော်ဖီစစ်စစ်ကို သောက်ချင်ရင်တော့ ကော်ဖီစေ့ဝယ်ပြီး ကြိတ်သောက်တာ အကောင်းဆုံးပါ။

၂။ တလည်းဖျော်ရည်

© jeepersmedia

တလည်းဖျော်ရည်ရဲ့ အိတ်ပေါ်မှာတော့ ၁၀၀% ပြည့် တလည်းဖျော်ရည်ပါဝင်ကြောင်း ဖော်ပြထားတတ်ပါတယ်။ တကယ်တော့ တလည်းဖျော်ရည်ထဲမှာ ဈေးပေါတဲ့ ပန်းသီးရှာလကာရည်နဲ့ ရေတွေ ရောစပ်ထားတတ်ပါတယ်။

၃။ သံလွင်ဆီ

ဈေးကြီးတဲ့ သံလွင်ဆီတွေထဲမှာတောင် အုန်းဆီနဲ့ ပဲဆီတွေကို ရောနှောထည့်ထားတတ်ကြပါတယ်။ သံလွင်ဆီ စစ်၊ မစစ်သိရအောင်လို့ သံလွင်ဆီ နည်းနည်းယူပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ သံလွင်ဆီစစ်ရင် အနည်ကျပါတယ်။

၄။ Parmesan ဒိန်ခဲ

ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာကတော့ ဒိန်ခဲအတုတွေပါ။ ဒိန်ခဲအတုတွေမှာ သစ်ရွေပေါ်စာ ၁၀% စာ ပါဝင်ပါတယ်။ အဲဒါကြောင့် ဒိန်ခဲစစ်စစ် လိုချင်ရင်တော့ အထုပ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးမှ ဝယ်ပါနော်။

၅။ ပျားရည်

အခုနောက်ပိုင်းမှာ ပျားရည်အတုတွေက ဈေးကွက်မှာ နေရာယူလာကြာပါပြီ။ ပျားရည်ထဲမှာ သကြားရည်တွေ ခပ်များများကို ရောနှောထည့်ထားကြတာပါ။ ပျားရည်ကို ဝယ်တဲ့အခါ ထိန်းသိမ်းပုံကို ရှာဖတ်ပါ။ သဘာဝပျားရည်စစ်စစ်က ရေခဲ သေ တ္တာထဲမှာ ထည့်သိမ်းဖို့ မလိုပါဘူး။

၆။ ဆူရှီ

© pixabay

ဆူရှီပေါ်က နီရဲနေတဲ့အသားက ဆော်လမွန်ငါး မဟုတ်ပါဘူး။ ဆော်လမွန်ငါးနဲ့လုပ်တဲ့ ဆူရှီကို မှာပေမယ့် တကယ်တမ်းကျတော့ အနည်းငယ် ဈေးသက်သာတဲ့ငါးကို အရောင်တင်ပြီး ပြုလုပ်ပေးတာပါ။ ဆော်လမွန်ငါးစစ်စစ်ကို လိုချင်ရင်တော့ ငါးကင်ကို မှာတာ ပိုကောင်းပါတယ်။

၇။ ဆန်

© Tengrinews© Gurjari Limited

အစားအစာအတုတွေထဲမှာ အန္တရာယ် အရှိဆုံးကတော့ ဆန်ပါပဲ။ ဆန်အတုကို ကော်မှုန့်နဲ့ ပလက်စတစ်နဲ့ရောပြီး ပြုလုပ်ပါတယ်။ ဆန်အတုနဲ့အစစ်ဟာ ဆန်လုံးအရွယ်အစားချင်းလည်းတူပြီး တစ်ခါတရံ ရနံ့မွေးစေဖို့ အနံ့တွေ ထည့်သွင်းပြီး ပြုလုပ်ကြပါတယ်။ ဆန်အတုက ရေထဲမှာ မနစ်သွားပါဘူး။ ပလက်စတစ်လိုပဲ လောင်ကျွမ်းပါတယ်။

Zombie (Lovemedia)

For Zawgyi

က်န္းမာေရးကို ထိခိုက္ေစတဲ့ အစားအစာ အတုနဲ႔အစစ္ကို ဘယ္လိုခြဲျခားမလဲ

ယေန႔ေခတ္မွာ အစားအစာအတုေတြက လက္ညႇိဳးထိုးမလြဲ ေပါမ်ားေနပါၿပီ။ အစားအစာအတုေတြက က်န္းမာေရးကို အလြန္ထိခိုက္ႏိုင္ပါတယ္။ ဝယ္လာတဲ့စားစရာေတြက အတုလား၊ အစစ္လားဆိုတာကို လြယ္လြယ္ကူကူ ခြဲျခားႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ Ground coffee

Ground coffee အမ်ားစုမွာ ႀကိတ္ထားတဲ့ မုေယာစပါး၊ ဂ်ဳံနဲ႔ ပဲပုပ္ပဲေတြကို ေရာေႏွာႀကိတ္ထားတတ္ၾကပါတယ္။ တကယ့္ေကာ္ဖီစစ္စစ္ကို ေသာက္ခ်င္ရင္ေတာ့ ေကာ္ဖီေစ့ဝယ္ၿပီး ႀကိတ္ေသာက္တာ အေကာင္းဆုံးပါ။

၂။ တလည္းေဖ်ာ္ရည္

တလည္းေဖ်ာ္ရည္ရဲ႕ အိတ္ေပၚမွာေတာ့ ၁၀၀% ျပည့္ တလည္းေဖ်ာ္ရည္ပါဝင္ေၾကာင္း ေဖာ္ျပထားတတ္ပါတယ္။ တကယ္ေတာ့ တလည္းေဖ်ာ္ရည္ထဲမွာ ေဈးေပါတဲ့ ပန္းသီးရွာလကာရည္နဲ႔ ေရေတြ ေရာစပ္ထားတတ္ပါတယ္။

၃။ သံလြင္ဆီ

ေဈးႀကီးတဲ့ သံလြင္ဆီေတြထဲမွာေတာင္ အုန္းဆီနဲ႔ ပဲဆီေတြကို ေရာေႏွာထည့္ထားတတ္ၾကပါတယ္။ သံလြင္ဆီ စစ္၊ မစစ္သိရေအာင္လို႔ သံလြင္ဆီ နည္းနည္းယူၿပီး ေရခဲေသတၱာထဲ ထည့္ထားလိုက္ပါ။ သံလြင္ဆီစစ္ရင္ အနည္က်ပါတယ္။

၄။ Parmesan ဒိန္ခဲ

ေဈးကြက္ထဲမွာ အမ်ားဆုံးေတြ႕ရတာကေတာ့ ဒိန္ခဲအတုေတြပါ။ ဒိန္ခဲအတုေတြမွာ သစ္ေ႐ြေပၚစာ ၁၀% စာ ပါဝင္ပါတယ္။ အဲဒါေၾကာင့္ ဒိန္ခဲစစ္စစ္ လိုခ်င္ရင္ေတာ့ အထုပ္မွာေရးထားတဲ့ ပါဝင္ပစၥည္းေတြကို ေသခ်ာဖတ္ၿပီးမွ ဝယ္ပါေနာ္။

၅။ ပ်ားရည္

အခုေနာက္ပိုင္းမွာ ပ်ားရည္အတုေတြက ေဈးကြက္မွာ ေနရာယူလာၾကာပါၿပီ။ ပ်ားရည္ထဲမွာ သၾကားရည္ေတြ ခပ္မ်ားမ်ားကို ေရာေႏွာထည့္ထားၾကတာပါ။ ပ်ားရည္ကို ဝယ္တဲ့အခါ ထိန္းသိမ္းပုံကို ရွာဖတ္ပါ။ သဘာဝပ်ားရည္စစ္စစ္က ေရခဲ ေသ တၱာထဲမွာ ထည့္သိမ္းဖို႔ မလိုပါဘူး။

၆။ ဆူရွီ

ဆူရွီေပၚက နီရဲေနတဲ့အသားက ေဆာ္လမြန္ငါး မဟုတ္ပါဘူး။ ေဆာ္လမြန္ငါးနဲ႔လုပ္တဲ့ ဆူရွီကို မွာေပမယ့္ တကယ္တမ္းက်ေတာ့ အနည္းငယ္ ေဈးသက္သာတဲ့ငါးကို အေရာင္တင္ၿပီး ျပဳလုပ္ေပးတာပါ။ ေဆာ္လမြန္ငါးစစ္စစ္ကို လိုခ်င္ရင္ေတာ့ ငါးကင္ကို မွာတာ ပိုေကာင္းပါတယ္။

၇။ ဆန္

အစားအစာအတုေတြထဲမွာ အႏၲရာယ္ အရွိဆုံးကေတာ့ ဆန္ပါပဲ။ ဆန္အတုကို ေကာ္မႈန႔္နဲ႔ ပလက္စတစ္နဲ႔ေရာၿပီး ျပဳလုပ္ပါတယ္။ ဆန္အတုနဲ႔အစစ္ဟာ ဆန္လုံးအ႐ြယ္အစားခ်င္းလည္းတူၿပီး တစ္ခါတရံ ရနံ႔ေမြးေစဖို႔ အနံ႔ေတြ ထည့္သြင္းၿပီး ျပဳလုပ္ၾကပါတယ္။ ဆန္အတုက ေရထဲမွာ မနစ္သြားပါဘူး။ ပလက္စတစ္လိုပဲ ေလာင္ကြၽမ္းပါတယ္။

Zombie (Lovemedia)