21 ရာစုမှာတော့ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးတာ အရေးပါမှန်း နောက်ဆုံးတော့ သိသွားပါပြီ။ ဒါပေမယ့် ခန္ဓာကိုယ်က လက္ခဏာတွေကိုတော့ ဂရုစိုက်စောင့်ကြည့်ဖို့ မကြာခဏ မေ့နေတတ်ပါတယ်။ သင့်ရဲ့ အီအီးတွေကို စိစစ်ကြည့်ဖူးပါသလား။ သင့်အီအီးတွေရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်တွေက သင့်ကျန်းမာရေးကို ပြောပြပါလိမ့်မယ်။
အရောင်
ပုံမှန်အရောင်ကတော့ အညိုရောင်ပါပဲ။ သင်စားအပေါ်မူတည်ပြီး အနည်းငယ်တော့ အရောင်ပြောင်းပါလိမ့်မယ်။ ဒါပေမယ့် ထင်ရှားတဲ့အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရောင်ပြောင်းသွားတာက သတိပေးတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
1. အဖြူရောင်
အဖြူရောင်၊ မီးခိုးရောင်၊ ရွှံ့ရောင်ဖြစ်နေရင် သည်းခြေရည်ချို့တဲ့တာကို ပြတာပါ။ သည်းခြေရည်ထုတ်ပေးတဲ့ အသည်းနဲ့ သည်းခြေအိတ်မှာ ပြဿနာရှိနိုင်ပါတယ်။ သည်းခြေပြွန်က ပိတ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းရောဂါဖြစ်တဲ့အခါ တွေ့ရတဲ့ သည်းခြေကျောက်ကြောင့်လည်း အဖြူရောင်ကို တွေ့ရပါတယ်။ အဖြူရောင်အချွဲတွေ ကပ်နေခြင်းက အူမကြီးရောင်ရမ်းမှုကြောင့် ဖြစ်နိုင်ပါတယ်။
2. အစိမ်းရောင်
ကလိုရိုဖီးလ်ကြွယ်ဝတဲ့ အစိမ်းရောင်အသီးအနှံတွေ၊ အစိမ်းရောင်ပါတဲ့ သောက်စရာတွေနဲ့ သံဓာတ်အားဖြည့်ပေးတဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အစိမ်းရောင် အစားအစာတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ အစာခြေဖျက်တာမြန်ပြီး သည်းခြေရည်နဲ့ Bilirubin ဆဲလ်တို့အတွက် အချိန်လုံလောက်စွာမရလို့ ဖြစ်ပါတယ်။
3. အဝါရောင်
အဝါရောင်ကတော့ သည်းခြေပြွန်ပိတ်နေခြင်းနဲ့ အဆီဓာတ်စုပ်ယူမှု နည်းခြင်းကြောင့် ဖြစ်ပါတယ်။ ပန်ကရိယက ထုတ်ပေးတဲ့ အင်ဇိုင်းချို့တဲ့တဲ့အခါလည်း ဖြစ်နိုင်ပါတယ်။ အရမ်းလည်း လန့်မသွားပါနဲ့ဦး။ မုန်လာဥဝါတွေ အစားများလို့ ဒါမှမဟုတ် အဝါရောင်ပါတဲ့ အရည်တွေ သောက်တာများလို့လည်း ဖြစ်နိုင်ပါတယ်။
4. အနက်ရောင်
Aspririn, ibuorofen နဲ့ သံဓာတ်ပါတဲ့ ဆေးတဲ့သောက်တာများရင် ဒါမှမဟုတ် အူသိမ်မှာ သွေးထွက်နေရင် အနက်ရောင်ကို တွေ့ရပါတယ်။ထပ်ပြီး တွေ့နေရသေးရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားလိုက်ပါတော့။ ဘလူးဘယ်ရီသီး၊ နွယ်ချိုလိုမျိုး အနက်ရောင်ပါတဲ့ အစားအစာတွေ စားရင်လည်း ဖြစ်တတ်ပါတယ်။
5. အနီရောင်
အနီရောင်ကတော့ သင်စားတဲ့ အစားအစာနဲ့ ဆိုင်ပါတယ်။ မုန်လာဥနီ၊ အရောင်ပါတဲ့အချိုရည်၊ ခရမ်းချဉ်သီး စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် မကြာသေးခင်က စားထားတဲ့ အစားအစာတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ အစားအစာတွေကြောင့် မဟုတ်ရင်တော့ ဆရာဝန်ဆီ သွားလိုက်ပါ။ အနီရောင်တွေ့ရတာ သတိပေးတဲ့ လက္ခဏာပါ။ စအိုမှာ ပြဿာနာရှိလို့လည်း ဖြစ်နိုင်ပါတယ်။အစာဟောင်းအိမ်က သွေးကြောပေါက်ခြင်း၊ အူမကြီးနဲ့ဆိုင်တဲ့ရောဂါ၊ ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပုံသဏ္ဍာန်တွေနဲ့လည်း သင့်ကျန်းမာရေးကို ခန့်မှန်းကြည့်လို့ရပါတယ်။
1. အလွန်အမင်းဝမ်းချုပ်နေခြင်း
သင့်ခန္ဓာကိုယ်မှာ အမျှင်ဓာတ် အားနည်းနေတာပါ။ ဂျုံနဲ့လုပ်ထားတဲ့ခေါက်ဆွဲ၊ ငါးဥဆူးသီး၊ ပဲနီကလေးစတဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားပါ။
2. ဝမ်းချုပ်ခြင်း
အမျှင်ချို့တဲ့နေလို့ပါ။ ဝမ်းပိတ်ဆေးများကို ကြာရှည်သောက်သုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ လုပ်ပါတယ်။
3. ပုံမှန်
ဒီလိုပုံစံဆိုရင်တော့ ကောင်းပါတယ်။ လမ်းလျှောက်ပြီး ရေများများသောက်ဖို့ မမေ့ပါနဲ့။
4. အကောင်းဆုံးပါ။
အာဟာရမျှတအောင်စားပြီး စိတ်ဖိစီးစေမယ့် အခြေအနေတွေကို ရှောင်ပါ။
5. ဝမ်းလျှောနေခြင်း ဆိုရုံမျှ
အူမကြီးမှာ အခြေအနေဆိုးနေတဲ့ လက္ခဏာပါပဲ။ အမျှင်ဓာတ်နည်းတဲ့ ငှက်ပျောသီး၊ ဘီစကွတ်နဲ့ အာလူးတွေစားတာ ပိုကောင်းပါတယ်။
6. အနည်းငယ် ဝမ်းလျှောနေခြင်း
သင်စားတဲ့အစားအစာထဲမှာ အမျှင်ဓာတ်အလွန်များနေလို့ ဖြစ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းနေလို့ ရေများများသောက်ပေးပါ။ အာလူးပြုတ်နဲ့ ငှက်ပျောသီးပြုတ်ကို စားပေးပါ။ OTC, Imodium နဲ့ Pepto-Bismol ဆေးတွေ သောက်လို့ရပါတယ်။ 2 ရက်ထက် ပိုလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
7. အလွန်အမင်းဝမ်းလျှောခြင်း
အစားမှားခြင်း၊ အူသိမ်မှာ သဘာဝသကြားဓာတ်ကို မချေဖျက်နိုင်ခြင်း၊ ဘက်တီးရီးယားများ ဝင်ရောက်ခြင်း လက္ခဏာတွေပါပဲ။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေလို့ ရေများများသောက်ပါ။ OTC ဆေးတွေလည်း သောက်ကြည့်ပါ။ 2 ရက်ထက်ပိုလာရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။
သင့်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲနေပြီလဲ။ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုနေပြီလား။
Zombie (LoveMedia)
source - brightside
For Zawgyi
အီးတုံးပုံစံ ၁၂ မ်ိဳးက ေျပာျပေနတဲ့ သင့္က်န္းမာေရး
21 ရာစုမွာေတာ့ က်န္းမာေရးကို ေစာင့္ၾကည့္စစ္ေဆးတာ အေရးပါမွန္း ေနာက္ဆုံးေတာ့ သိသြားပါၿပီ။ ဒါေပမယ့္ ခႏၶာကိုယ္က လကၡဏာေတြကိုေတာ့ ဂ႐ုစိုက္ေစာင့္ၾကည့္ဖို႔ မၾကာခဏ ေမ့ေနတတ္ပါတယ္။ သင့္ရဲ႕ အီအီးေတြကို စိစစ္ၾကည့္ဖူးပါသလား။ သင့္အီအီးေတြရဲ႕ အေရာင္နဲ႔ ပုံသ႑ာန္ေတြက သင့္က်န္းမာေရးကို ေျပာျပပါလိမ့္မယ္။
အေရာင္
ပုံမွန္အေရာင္ကေတာ့ အညိဳေရာင္ပါပဲ။ သင္စားအေပၚမူတည္ၿပီး အနည္းငယ္ေတာ့ အေရာင္ေျပာင္းပါလိမ့္မယ္။ ဒါေပမယ့္ ထင္ရွားတဲ့အေၾကာင္းရင္းမရွိဘဲ ႐ုတ္တရက္ အေရာင္ေျပာင္းသြားတာက သတိေပးတဲ့ လကၡဏာျဖစ္ႏိုင္ပါတယ္။
1. အျဖဴေရာင္
အျဖဴေရာင္၊ မီးခိုးေရာင္၊ ႐ႊံ႕ေရာင္ျဖစ္ေနရင္ သည္းေျခရည္ခ်ိဳ႕တဲ့တာကို ျပတာပါ။ သည္းေျခရည္ထုတ္ေပးတဲ့ အသည္းနဲ႔ သည္းေျခအိတ္မွာ ျပႆနာရွိႏိုင္ပါတယ္။ သည္းေျခႁပြန္က ပိတ္ေနျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အသည္းေရာဂါျဖစ္တဲ့အခါ ေတြ႕ရတဲ့ သည္းေျခေက်ာက္ေၾကာင့္လည္း အျဖဴေရာင္ကို ေတြ႕ရပါတယ္။ အျဖဴေရာင္အခြၽဲေတြ ကပ္ေနျခင္းက အူမႀကီးေရာင္ရမ္းမႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
2. အစိမ္းေရာင္
ကလို႐ိုဖီးလ္ႂကြယ္ဝတဲ့ အစိမ္းေရာင္အသီးအႏွံေတြ၊ အစိမ္းေရာင္ပါတဲ့ ေသာက္စရာေတြနဲ႔ သံဓာတ္အားျဖည့္ေပးတဲ့ အစားအစာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အစိမ္းေရာင္ အစားအစာေတြေၾကာင့္ မဟုတ္ဘူးဆိုရင္ေတာ့ အစာေျခဖ်က္တာျမန္ၿပီး သည္းေျခရည္နဲ႔ Bilirubin ဆဲလ္တို႔အတြက္ အခ်ိန္လုံေလာက္စြာမရလို႔ ျဖစ္ပါတယ္။
3. အဝါေရာင္
အဝါေရာင္ကေတာ့ သည္းေျခႁပြန္ပိတ္ေနျခင္းနဲ႔ အဆီဓာတ္စုပ္ယူမႈ နည္းျခင္းေၾကာင့္ ျဖစ္ပါတယ္။ ပန္ကရိယက ထုတ္ေပးတဲ့ အင္ဇိုင္းခ်ိဳ႕တဲ့တဲ့အခါလည္း ျဖစ္ႏိုင္ပါတယ္။ အရမ္းလည္း လန႔္မသြားပါနဲ႔ဦး။ မုန္လာဥဝါေတြ အစားမ်ားလို႔ ဒါမွမဟုတ္ အဝါေရာင္ပါတဲ့ အရည္ေတြ ေသာက္တာမ်ားလို႔လည္း ျဖစ္ႏိုင္ပါတယ္။
4. အနက္ေရာင္
Aspririn, ibuorofen နဲ႔ သံဓာတ္ပါတဲ့ ေဆးတဲ့ေသာက္တာမ်ားရင္ ဒါမွမဟုတ္ အူသိမ္မွာ ေသြးထြက္ေနရင္ အနက္ေရာင္ကို ေတြ႕ရပါတယ္။ထပ္ၿပီး ေတြ႕ေနရေသးရင္ေတာ့ ဆရာဝန္ဆီ ခ်က္ခ်င္းသြားလိုက္ပါေတာ့။ ဘလူးဘယ္ရီသီး၊ ႏြယ္ခ်ိဳလိုမ်ိဳး အနက္ေရာင္ပါတဲ့ အစားအစာေတြ စားရင္လည္း ျဖစ္တတ္ပါတယ္။
5. အနီေရာင္
အနီေရာင္ကေတာ့ သင္စားတဲ့ အစားအစာနဲ႔ ဆိုင္ပါတယ္။ မုန္လာဥနီ၊ အေရာင္ပါတဲ့အခ်ိဳရည္၊ ခရမ္းခ်ဥ္သီး စတာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒါမွမဟုတ္ မၾကာေသးခင္က စားထားတဲ့ အစားအစာေတြကို ျပန္စဥ္းစားၾကည့္လိုက္ပါ။ အစားအစာေတြေၾကာင့္ မဟုတ္ရင္ေတာ့ ဆရာဝန္ဆီ သြားလိုက္ပါ။ အနီေရာင္ေတြ႕ရတာ သတိေပးတဲ့ လကၡဏာပါ။ စအိုမွာ ျပႆာနာရွိလို႔လည္း ျဖစ္ႏိုင္ပါတယ္။အစာေဟာင္းအိမ္က ေသြးေၾကာေပါက္ျခင္း၊ အူမႀကီးနဲ႔ဆိုင္တဲ့ေရာဂါ၊ ကင္ဆာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ပုံသ႑ာန္ေတြနဲ႔လည္း သင့္က်န္းမာေရးကို ခန႔္မွန္းၾကည့္လို႔ရပါတယ္။
1. အလြန္အမင္းဝမ္းခ်ဳပ္ေနျခင္း
သင့္ခႏၶာကိုယ္မွာ အမွ်င္ဓာတ္ အားနည္းေနတာပါ။ ဂ်ဳံနဲ႔လုပ္ထားတဲ့ေခါက္ဆြဲ၊ ငါးဥဆူးသီး၊ ပဲနီကေလးစတဲ့ အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြကို ပိုစားပါ။
2. ဝမ္းခ်ဳပ္ျခင္း
အမွ်င္ခ်ိဳ႕တဲ့ေနလို႔ပါ။ ဝမ္းပိတ္ေဆးမ်ားကို ၾကာရွည္ေသာက္သုံးျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈနည္းလို႔ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားၿပီး ေလ့က်င့္ခန္းလုပ္ေပးဖို႔ လုပ္ပါတယ္။
3. ပုံမွန္
ဒီလိုပုံစံဆိုရင္ေတာ့ ေကာင္းပါတယ္။ လမ္းေလွ်ာက္ၿပီး ေရမ်ားမ်ားေသာက္ဖို႔ မေမ့ပါနဲ႔။
4. အေကာင္းဆုံးပါ။
အာဟာရမွ်တေအာင္စားၿပီး စိတ္ဖိစီးေစမယ့္ အေျခအေနေတြကို ေရွာင္ပါ။
5. ဝမ္းေလွ်ာေနျခင္း ဆို႐ုံမွ်
အူမႀကီးမွာ အေျခအေနဆိုးေနတဲ့ လကၡဏာပါပဲ။ အမွ်င္ဓာတ္နည္းတဲ့ ငွက္ေပ်ာသီး၊ ဘီစကြတ္နဲ႔ အာလူးေတြစားတာ ပိုေကာင္းပါတယ္။
6. အနည္းငယ္ ဝမ္းေလွ်ာေနျခင္း
သင္စားတဲ့အစားအစာထဲမွာ အမွ်င္ဓာတ္အလြန္မ်ားေနလို႔ ျဖစ္ႏိုင္ပါတယ္။ သင့္ခႏၶာကိုယ္မွာ ေရဓာတ္ကုန္ခန္းေနလို႔ ေရမ်ားမ်ားေသာက္ေပးပါ။ အာလူးျပဳတ္နဲ႔ ငွက္ေပ်ာသီးျပဳတ္ကို စားေပးပါ။ OTC, Imodium နဲ႔ Pepto-Bismol ေဆးေတြ ေသာက္လို႔ရပါတယ္။ 2 ရက္ထက္ ပိုလာရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
7. အလြန္အမင္းဝမ္းေလွ်ာျခင္း
အစားမွားျခင္း၊ အူသိမ္မွာ သဘာဝသၾကားဓာတ္ကို မေခ်ဖ်က္ႏိုင္ျခင္း၊ ဘက္တီးရီးယားမ်ား ဝင္ေရာက္ျခင္း လကၡဏာေတြပါပဲ။ ခႏၶာကိုယ္မွာ ေရဓာတ္ခန္းေျခာက္ေနလို႔ ေရမ်ားမ်ားေသာက္ပါ။ OTC ေဆးေတြလည္း ေသာက္ၾကည့္ပါ။ 2 ရက္ထက္ပိုလာရင္ေတာ့ ဆရာဝန္နဲ႔ ေဆြးေႏြးပါ။
သင့္ခႏၶာကိုယ္မွာ ဘယ္လိုေျပာင္းလဲေနၿပီလဲ။ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုေနၿပီလား။
Zombie (LoveMedia)
source - brightside
0 Comments