အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက စိတ်ကို ကြည်လင်လန်းဆန်းစေရုံ မကပါဘူး။ အောက်ဆီဂျင်ကို ထုတ်ပေးပြီး အိမ်တွင်းလေထုကိုလည်း သန့်ရှင်းစေပါတယ်။ အဲဒါကြောင့် အပင်လေးတွေကိုလည်း အမြဲဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။ သင်က ခရီးသွားတဲ့အခါ ဒါမှမဟုတ် အိမ်မှာမရှိတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့အပင်လေးတွေ ရေဓါတ်ပြည့်ပြီး ဆက်လက်ရှင်သန်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အောက်ခံပန်းကန်ပြားနှင့် ရေသွင်းခြင်း

အထူးဂရုစိုက်စရာမလိုတဲ့ အပင်လေးတွေအတွက် ဒီနည်းလမ်းက အလွန်အသုံးဝင်ပါတယ်။ လိုအပ်တာလေးတွေကတော့ အောက်ခံပန်းကန်ပြားတစ်ချပ်နဲ့ ပန်းအိုးအောက်ခြေနဲ့ ဘေးမှာရေဝင်နိုင်တဲ့ ပန်းအိုးတစ်လုံးပါပဲ။ အောက်ခံပန်းကန်ပြားထဲမှာ ရေထည့်ပါ။ ပန်းအိုးထဲကို အပင်ထဲထည့်ပြီး အောက်ခံပန်းကန်ပြားပေါ်မှာ တင်ထားလိုက်ပါ။ အဲဒါဆိုရင် ၂ ရက်၊ ၃ ရက်ခန့်တော့ စိတ်ချရပါတယ်။

၂။ ရေပုလင်းနှင့် ရေသွင်းခြင်း

ဒီနည်းလမ်းကလည်း ထိရောက်ပါတယ်။ လိုအပ်တာကတော့ အလူမီနီယမ် အဖုံးပါတဲ့ ရေပုလင်းတစ်လုံးပါ။ အလူမီနီယမ်အဖုံးပေါ်မှာ အပေါက်တွေ ၅ ပေါက်ခန့်ဖောက်ပါ။ပြီးရင် ရေပုလင်းထဲ ရေဖြည့်ပါ။ ပန်းအိုးထဲကို ရေပုလင်းဇောက်ထိုး စိုက်ထားလိုက်ရင် အပင်လေးက ရေဓါတ်ပြည့်နေပါပြီ။ ဒီနည်းလမ်းလေးနဲ့ ၅ ရက်ခန့် အပင်ကို ရေဓါတ်ပေးနိုင်ပါတယ်။

၃။ မျက်နှာသစ်ကန်ထဲတွင် ထားခြင်း

ရေများများလိုပြီး နေရောင်ခြည်သိပ်မလိုတဲ့ အပင်တွေအတွက် ဒီနည်းက အသုံးတည့်ပါတယ်။ မျက်နှာသစ်ကန်ထဲကို ရေလိုသလောက်ဖြည့်ထားပါ။ မျက်နှာသစ်ကန်ထဲမှာ ပဝါတစ်စကို ခင်းထားပါ။ ပဝါပေါ်မှာ ပန်းအိုးလေးကို တင်ထားပါ။ အဲဒါဆိုရင်တော့ အပင်လေးက တစ်ပတ်ခန့်တော့ ရေဓါတ်မခန်းခြောက်တော့ပါဘူး။

၄။ Drip နှင့် ရေသွင်းခြင်း

အိမ်မှာ ကြာကြာမရှိဘူးဆိုရင် ဒီနည်းလမ်းက ပိုကောင်းပါတယ်။ အပင်များများ စိုက်ထားသူအတွက် ပိုသင့်တော်ပါတယ်။ ချည်ကြိုးတစ်ကြိုးလိုအပ်ပါတယ်။ ချည်ကြိုးက ရေကို အစုပ်ယူနိုင်ဆုံးပစ္စည်းဖြစ်ပြီး မြေကြီးထဲကို ရေဝင်ရောက်ဖို့ ကူညီနိုင်ပါတယ်။ ချည်ကြိုးရဲ့အစွန်းတစ်ဖက်ကို မြေကြီးထဲမြှုပ်ထားပြီး နောက်အစွန်းတစ်ဖက်ကို ရေကရားထဲ ထည့်ထားပါ။ ပြီးရင်တော့ ရေကရားကို ရေဖြည့်ပေးရုံပါပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် အပင်က တစ်ပတ်ကနေ သုံးပတ်အထိ ရေဓါတ်ရနေတော့မှာပါ။

၅။ ပလက်စတစ်အိတ်ထဲ ထည့်ထားခြင်း

ဒီနည်းက အလွန်လွယ်ကူပြီး အချိန်ကြာကြာခံနိုင်ပါတယ်။ အပင်ကို Greenhouse ထဲ ထည့်ထားတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

Greenhouse လုပ်ဖို့အတွက် ပန်းအိုးရဲ့ပတ်လည်ကို သစ်သားလေးချောင်းစိုက်လိုက်ပါ။ ပြီးရင်တော့ အပင်ကို ရေလောင်းပါ။ အပင်နေမလောင်အောင်လို့ နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ အပင်ကိုထားပါ။ ပြီးတော့ အပင်ကို ပလက်စတစ်အိတ်ကြီးကြီးနဲ့ အုပ်လိုက်ပါ။ အပင်ကအရွက်တွေနဲ့ ပလက်စတစ်အိတ်မထိဖို့တော့ လိုပါတယ်။ ဒီနည်းလမ်းက အပင်ကို ၆ လကနေ ၈ လအထိ သက်တမ်းရှည်စေပါတယ်။

Zombie (Lovemedia)

For Zawgyi

အပင္ေလးေတြ အၿမဲေရဓါတ္ရေနေစမယ့္ အလြယ္ဆုံးနည္းလမ္း (၅) ခု

အိမ္ထဲမွာ စိုက္လို႔ရတဲ့ အပင္ေလးေတြက စိတ္ကို ၾကည္လင္လန္းဆန္းေစ႐ုံ မကပါဘူး။ ေအာက္ဆီဂ်င္ကို ထုတ္ေပးၿပီး အိမ္တြင္းေလထုကိုလည္း သန႔္ရွင္းေစပါတယ္။ အဲဒါေၾကာင့္ အပင္ေလးေတြကိုလည္း အၿမဲဂ႐ုစိုက္ေပးဖို႔လည္း လိုအပ္ပါတယ္။ သင္က ခရီးသြားတဲ့အခါ ဒါမွမဟုတ္ အိမ္မွာမရွိတဲ့အခါ အိမ္မွာက်န္ခဲ့တဲ့အပင္ေလးေတြ ေရဓါတ္ျပည့္ၿပီး ဆက္လက္ရွင္သန္ေစႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေအာက္ခံပန္းကန္ျပားႏွင့္ ေရသြင္းျခင္း

အထူးဂ႐ုစိုက္စရာမလိုတဲ့ အပင္ေလးေတြအတြက္ ဒီနည္းလမ္းက အလြန္အသုံးဝင္ပါတယ္။ လိုအပ္တာေလးေတြကေတာ့ ေအာက္ခံပန္းကန္ျပားတစ္ခ်ပ္နဲ႔ ပန္းအိုးေအာက္ေျခနဲ႔ ေဘးမွာေရဝင္ႏိုင္တဲ့ ပန္းအိုးတစ္လုံးပါပဲ။ ေအာက္ခံပန္းကန္ျပားထဲမွာ ေရထည့္ပါ။ ပန္းအိုးထဲကို အပင္ထဲထည့္ၿပီး ေအာက္ခံပန္းကန္ျပားေပၚမွာ တင္ထားလိုက္ပါ။ အဲဒါဆိုရင္ ၂ ရက္၊ ၃ ရက္ခန႔္ေတာ့ စိတ္ခ်ရပါတယ္။

၂။ ေရပုလင္းႏွင့္ ေရသြင္းျခင္း

ဒီနည္းလမ္းကလည္း ထိေရာက္ပါတယ္။ လိုအပ္တာကေတာ့ အလူမီနီယမ္ အဖုံးပါတဲ့ ေရပုလင္းတစ္လုံးပါ။ အလူမီနီယမ္အဖုံးေပၚမွာ အေပါက္ေတြ ၅ ေပါက္ခန႔္ေဖာက္ပါ။ၿပီးရင္ ေရပုလင္းထဲ ေရျဖည့္ပါ။ ပန္းအိုးထဲကို ေရပုလင္းေဇာက္ထိုး စိုက္ထားလိုက္ရင္ အပင္ေလးက ေရဓါတ္ျပည့္ေနပါၿပီ။ ဒီနည္းလမ္းေလးနဲ႔ ၅ ရက္ခန႔္ အပင္ကို ေရဓါတ္ေပးႏိုင္ပါတယ္။

၃။ မ်က္ႏွာသစ္ကန္ထဲတြင္ ထားျခင္း

ေရမ်ားမ်ားလိုၿပီး ေနေရာင္ျခည္သိပ္မလိုတဲ့ အပင္ေတြအတြက္ ဒီနည္းက အသုံးတည့္ပါတယ္။ မ်က္ႏွာသစ္ကန္ထဲကို ေရလိုသေလာက္ျဖည့္ထားပါ။ မ်က္ႏွာသစ္ကန္ထဲမွာ ပဝါတစ္စကို ခင္းထားပါ။ ပဝါေပၚမွာ ပန္းအိုးေလးကို တင္ထားပါ။ အဲဒါဆိုရင္ေတာ့ အပင္ေလးက တစ္ပတ္ခန႔္ေတာ့ ေရဓါတ္မခန္းေျခာက္ေတာ့ပါဘူး။

၄။ Drip ႏွင့္ ေရသြင္းျခင္း

အိမ္မွာ ၾကာၾကာမရွိဘူးဆိုရင္ ဒီနည္းလမ္းက ပိုေကာင္းပါတယ္။ အပင္မ်ားမ်ား စိုက္ထားသူအတြက္ ပိုသင့္ေတာ္ပါတယ္။ ခ်ည္ႀကိဳးတစ္ႀကိဳးလိုအပ္ပါတယ္။ ခ်ည္ႀကိဳးက ေရကို အစုပ္ယူႏိုင္ဆုံးပစၥည္းျဖစ္ၿပီး ေျမႀကီးထဲကို ေရဝင္ေရာက္ဖို႔ ကူညီႏိုင္ပါတယ္။ ခ်ည္ႀကိဳးရဲ႕အစြန္းတစ္ဖက္ကို ေျမႀကီးထဲျမႇဳပ္ထားၿပီး ေနာက္အစြန္းတစ္ဖက္ကို ေရကရားထဲ ထည့္ထားပါ။ ၿပီးရင္ေတာ့ ေရကရားကို ေရျဖည့္ေပး႐ုံပါပဲ။ ဒီနည္းလမ္းနဲ႔ဆိုရင္ အပင္က တစ္ပတ္ကေန သုံးပတ္အထိ ေရဓါတ္ရေနေတာ့မွာပါ။

၅။ ပလက္စတစ္အိတ္ထဲ ထည့္ထားျခင္း

ဒီနည္းက အလြန္လြယ္ကူၿပီး အခ်ိန္ၾကာၾကာခံႏိုင္ပါတယ္။ အပင္ကို Greenhouse ထဲ ထည့္ထားတဲ့ နည္းလမ္းေလးပဲ ျဖစ္ပါတယ္။

Greenhouse လုပ္ဖို႔အတြက္ ပန္းအိုးရဲ႕ပတ္လည္ကို သစ္သားေလးေခ်ာင္းစိုက္လိုက္ပါ။ ၿပီးရင္ေတာ့ အပင္ကို ေရေလာင္းပါ။ အပင္ေနမေလာင္ေအာင္လို႔ ေနေရာင္ျခည္ တိုက္႐ိုက္မရတဲ့ေနရာမွာ အပင္ကိုထားပါ။ ၿပီးေတာ့ အပင္ကို ပလက္စတစ္အိတ္ႀကီးႀကီးနဲ႔ အုပ္လိုက္ပါ။ အပင္ကအ႐ြက္ေတြနဲ႔ ပလက္စတစ္အိတ္မထိဖို႔ေတာ့ လိုပါတယ္။ ဒီနည္းလမ္းက အပင္ကို ၆ လကေန ၈ လအထိ သက္တမ္းရွည္ေစပါတယ္။

Zombie (Lovemedia)