လူတွေဟာ သူတို့မျက်စိနဲ့မြင်တဲ့အမြင်ပေါ်မူတည်ပြီး လူတစ်ယောက်ကို ကောက်ချက်ချတတ်ကြပါတယ်။ နာမည်ကျော်စုံထောက်ကြီး ရှားလော့ဟုမ်းတောင် ဒီလိုနည်းလမ်းတွေကိုသုံးပြီး အမှုပေါင်းများစွာကို ဖော်ထုတ်ခဲ့တာပါ။ သင့်ရဲ့ပစ္စည်းတွေကို နေရာချထားတာတွေကနေ သင့်ရဲ့ပင်ကိုယ်စရိုက်ကိုသိနိုင်ပါတယ်။
၁ ။ အပင်များ
အပင်တွေက သင့်ရဲ့စိတ်အခြေအနေကို ဖော်ပြနိုင်ပါတယ်။ ဥပမာ စိတ်ဖိစီးမှု များတတ်တဲ့လူ၊ အေးအေးချမ်းချမ်းဖြစ်တာကိုပဲ လိုချင်တဲ့လူက ရှားစောင်းလက်ပတ်ပင်ကိုစိုက်ပါတယ်။ လွတ်လပ်တာကို မြတ်နိုးတဲ့သူကတော့ အရည်ရွှမ်းတဲ့အပင်မျိူးစိုက်ပါတယ်။ လူအများနဲ့ မရောနှောဘဲ သီးခြားနေပြီး လူနည်းစုသာပေါင်းတတ်တဲ့သူက သစ်ခွပန်းပင်ကို စိုက်ပါတယ်။
၂ ။ မီးဖိုချောင်နဲ့ ရေချိူးခန်း
သင့်ရဲ့မီးဖိုချောင်ထဲမှာ ရှိတဲ့အစားအစာတွေက သင့်ကိုအစားကောင်းဘယ်လောက်ထိကြိုက်တတ်လဲဆိုတာကို ဖော်ပြနေပါတယ်။ သင်ကလူအများနဲ့စားရတာကို ပျော်ရွှင်တဲ့သူဆိုရင် ရေခဲသေတ္တာထဲမှာ အစားအစာတွေကစုံလင်နေမှာပါ။ ရေချိုးခန်းကိုတော့ သေချာပြင်ဆင်ထားတယ်ဆိုရင် သင်က အသေးစိတ်ကျတဲ့သူ၊ တစ်ခါတစ်ရံဒွိဟ ဖြစ်တတ်တဲ့သူပဲဖြစ်ပါတယ်။
၃ ။ အိပ်ခန်းနဲ့ အိပ်ယာအပြင်အဆင်
သင့်အိပ်ယာအရောင်တွေကလည်း သင်ရဲ့စိတ်အခြေအနေကိုဖော်ပြနေပါတယ်။ ဥပမာ အနီရောင်သုံးတဲ့လူအများစုက စိတ်ဓာတ်မာကြောတာကို တွေ့ရပါတယ်။ အချိူ့ကလည်း အနီရောင် Shadeနဲ့ အပြာစင်းများကိုလည်း သုံးကြပါတယ်။ စိတ်အားထက်သန်တဲ့သူတွေကတော့ ဂွမ်းစောင်နဲ့ ခေါင်းအုံးကို အသုံးများပါတယ်။ Geometric ပုံစံအကွက်ပါတဲ့ စောင်တွေအိပ်ယာခင်းတွေသုံးရင်တော့ သင်ဟာစိတ်လှုပ်ရှားတတ်သူဖြစ်ကြောင်း ဖော်ပြနေပါတယ်။
သင်ဟာအရာရာတိုင်းကို ဂရုစိုက်တတ်တဲ့သူဆိုရင် သင့်အခန်းကရှင်းလင်းနေမှာပါ။ မလိုအပ်တာတွေကို အများကြီးသိမ်းထားတတ်တယ်ဆိုရင်တော့ သင်ဟာစုဆောင်းရတာကို ဝါသနာပါသူပါ။ တစ်နည်းအားဖြင့် လွှင့်ပစ်ရမှာကို နှမြောတတ်သူလို့လဲ ပြောနိုင်ပါတယ်။
၄ ။ ပရိဘောဂ နေရာချထားမှု
သင့်အိမ်ကို ဧည့်သည်တွေ လာလည်တဲ့အခါမှာ ပရိဘောဂပစ္စည်းတွေကို ဘယ်လိုထားလဲဆိုတာကို အရင်လေ့လာကြပါတယ်။ ကူရှင်တပ်ထားတဲ့ခုံတွေက သက်တောင့်သက်သာရှိစေပြီးတော့ တစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် ပိုမိုဆွဲဆောင်နိုင်ပါတယ်။
၅ ။ ပစ္စည်းတွေရှုပ်ပွခြင်း
သန့်နေတဲ့နံရံတွေ၊ စားပွဲပေါ်မှာ သေချာတင်ထားတဲ့ ပြက္ခဒိန်၊ ဖုန်တွေသုတ်ပြီး သေချာစီရီထားတဲ့ စာအုပ်တွေ ကိုမြင်ရင် သင့်ကို စနစ်ကျတဲ့လူတစ်ယောက်ဆိုတာကို တန်းသိနိင်ပါတယ်။ ဒါပေမယ့် အိပ်ခန်းထဲမှာ ရှုပ်ပွနေမယ်ဆိုရင်တော့ သင့်အတွက်ဆင်ခြေပေးဖို့ ခက်မှာပါ။ ဒါကြောင့် အိမ်ရှေ့ခန်းသာမက အိပ်ခန်းကိုပါ ရှင်းထားဖို့အတွက် အကြံပေးလိုပါတယ်။ ဒါမှသာ သင့်ကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းတဲ့လူလို့မြင်မှာပါ။
Zombie (Lovemedia)
For Zawgyi
အိမ်တွင်းအသုံးအဆောင်တွေကနေ ပြောပြနေတဲ့ သင့်ရဲ့ပင်ကိုယ်စရိုက်
၁ ။ အပင်များ
၂ ။ မီးဖိုချောင်နဲ့ ရေချိုးခန်း
၎ ။ ပရိဘောဂ နေရာချထားမှု
Zombie (Lovemedia)