တနင်္ဂနွေ

ဒီကာလအတွင်း အပင်ပန်းခံမှ အဆင်ပြေမဲ့ကာလ တစ်ခုပါပဲ။ မိမိတို့ဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းများ လွယ်လင့်တကူ မထားမိပါစေနဲ့။ သူများ ခိုးသွားတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အားနည်းယုတ်လျော့နေ တတ်တဲ့ကာလပါပဲ။ မိမိလေးစားရတဲ့ ဆရာတွေက မိမိကို လိမ်သွားတတ်ပါတယ်။ အဝေးနဲ့ချိတ်ဆက်လုပ်ရတဲ့ အလုပ်တွေ အဆင်မပြေနိုင်သေးပါ။

မိမိအတွက် ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိနေတတ်ပါတယ်။ အဓိကတော့ ဘယ်သူကိုမှ အထက်စီးက မဆက်ဆံမိပါစေနဲ့။ အောက်လက်ငယ်သားတွေ ပြန်တော်လှန်တာမျိုးတွေ ကြုံရတတ်ပါ တယ်။ အလုပ်အကြွေးတွေ များနေတာကြောင့်လဲ ဖိအားပေးခံရတတ်ပါတယ်။ တတ်နိုင်သမျှ သည်းခံပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေမှ အဆင်ပြေမဲ့ကာလပါပဲ။ အလုပ်တွေကို တစ်ခုလက်စသတ်ပြီးမှ နောက်အလုပ်ကို လုပ်ကိုင်ပါ။

ဟိုစပ်စပ်ဒီစပ်စပ် လုပ်တာမျိုးတွေကိုတော့ ရှောင်လိုက်စေချင်ပါ တယ်။ အချစ်ရေးကတော့ အကောင်းဆုံး အနေအထားကို ဦးတည်နေပါလိမ့်မယ်။ တတ်နိုင်သ၍ ချစ်သူထံက အကူအညီရ လာတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိနဲ့အိမ်ထောင်ဘက် ဆန်ကျင့်ဘက်တွေ ဖြစ်နေတာ များနေတတ်ပါတယ်။ ပညာရေးမှာတော့ အညံ့မရှိပေမယ့် အားရစရာကောင်းတဲ့အနေအထား မရောက်သေးပါ။

အကျိုးပေးဂဏန်း 7 /2/ 1

အထူးဟော - ကံအားနည်းနေမည်။

ယတြာ - ကြက်ဥကြော်နှင့် ထမင်းသုတ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။

တနင်္လာ

ဒီလိုရက်တွေမှာတော့ မိမိအတွက် အရင်ကာလတွေနဲ့ မတူတဲ့ အသစ်အဆန်းတွေကို လုပ်ကိုင်ဆောင်ရွက် ရတတ်ပါတယ်။ စီးပွားသစ်၊အလုပ်သစ်၊ နေရာသစ်၊ ဒေသအသစ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေမဲ့ ကာလပါပဲ။ ကောင်းတာတွေ လုပ်မယ်ဆိုရင် အဖျက်ဝင်လာတတ်ပါတယ်။ မိမိလုပ်ချင်တာကို တတ်နိုင်သမျှ သူများကို မပြောလိုက်ပါနဲ့။

လုပ်ငန်းခွင်မှာ မိမိလိုချင်တဲ့ ကိစ္စတွေကို ဆရာသမားတွေ၊ လူကြီးတွေဆီကနေတဆင့်ခံပြီး ဆောင်ရွက်မှ အဆင်ပြေတတ်ပါတယ်။ လူမျိုးခြား၊ တစ်စိမ်းတရံတွေကို ဇွတ်မယုံသင့်ပါဘူး။ မိမိကံက ဒီကာလမှာ အလိမ်ခံရတတ်လို့ သတိပေးတာပါဗျ။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အခက်အခဲတွေကို ကောင်းစွာကျော်ဖြတ် သွားနိုင်ပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်စီးပွားရေးတွေလဲ အထူးပဲ တိုးတတ်ပါလိမ့်မယ်။ ဘာသာရေး မမေ့သူတွေ၊ ကုသိုလ်မပြတ် လုပ်နေသူတွေ ပိုမို အဆင်ပြေမဲ့ ကာလပါပဲ။

မိမိသွားလိုတဲ့ ဘုရားဖူးခရီးတွေ ရှိရင်လဲ ဒီကာလမှာ သွားခွင့်ကြုံတတ်ပါတယ်။ ကျန်းမာရေးကတော့ အပူကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်လွယ်တယ်။ အရေပြားမှာ အပူနာလေးတွေ ပေါက်တတ်ပါတယ်။ အချစ်ရေးကတော့ မိမိဆန္ဒတွေကို ချစ်သူက အကောင်အထည် ဖော်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေး ရန်ဖြစ်လိုက် ပြန်တည့်လိုက်ပါပဲ ။ ပညာရေးကံ အထူးကောင်းမွန်တာကိုလဲ တွေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း - 1 /2 /5

အထူးဟော - ကံသင့်ပါလိမ့်မယ်။

ယတြာ - ထန်းလျက်ခဲလေးတွေ နီးစပ်ရာခွေးလေးတွေကို ကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း ကံကောင်းနေပေမဲ့ နာမည်ကြီး ထမင်းငတ်ဆိုတာမျိုး ဖြစ်တတ်ပါ တယ်။ ငွေကို အသုံးမလွယ်ပါနဲ့။ ဘယ်သူနဲ့ဖြစ်ဖြစ် ဆက်ဆံရေး ပြေလည်နိုင်တဲ့ နေ့ရက်တွေလဲ ဖြစ်ပါတယ်။ လူချစ်လူခင်များမယ့် နေ့ရက်တွေပါ ပဲ။ မိမိလိုအပ်တဲ့ အရင်းအနှီးတွေ ချေးငှားလွယ်တဲ့ကာလပါ။ ခရီးကိစ္စတွေ အဆင်ပြေတတ်ပါတယ်။ အနုပညာနဲ့ ပတ်သက်သော အလုပ်များနှင့် ရေနှင့်ဆက်နွယ်သောအလုပ်များ ပိုမိုတိုးတတ်နိုင်တာကို တွေ့ရပါတယ်။

ကျန်းမာရေးကတော့ အညံ့မရှိသလောက် ရှားပါတယ်။ မိမိရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အလုပ်တွေ ချဲ့ထွင်နိုင်ပါလိမ့် မယ်။ အထူးသတိထားစေချင်တာက ဘာလုပ်လုပ် ငွေနိုင်မနိုင် ပြန်ကြည့်ပါ။ အလုပ်တွေက ကြီးလာပြီး ငွေကမနိုင်တာ ၊အရောင်းအဝယ်တွေကောင်းပေမဲ့ အကြွေးကျတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ လူငယ်များ အလုပ်ခွင်အတွင်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနိုင်လေ အဆင်ပြေလေပါပဲ။

ဆရာသမားတွေ၊ မိမိရဲ့ အထက် လူကြီးတွေဆီ ကအကြံဉာဏ်ကောင်းတွေ ရလာတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက အလုပ်အကြောင်းပြပြီး မိမိကို ရှောင်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံ အညံ့မရှိပေမဲ့ အိမ်ထောင်ဘက် ကျန်းမာရေး အားနည်းနိုင်တာကို တွေ့ရပါတယ်။ ပညာရေးမှာတော့ မိမိအတွက် အညံ့နည်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း - 3/ 6 /9

အထူးဟော - စီးပွားတိုးတတ်မည်။

ယတြာ - ငါးပါးသီလမြဲအောင်နေတာ ဒီတစ်ပါတ်အတွက် ယတြာပါပဲ။

ဗုဒ္ဓဟူး/ ရာဟု

ဒီကာလအတွင်း ကိုယ်ပိုင်အလုပ်များ ပုံမှန်အတိုင်းလည်ပတ်ပါ။ အသစ်မစပါနဲ့။ ကုန်ပစ္စည်းအသစ်တင် မရောင်းပါ နဲ့။အွန်လိုင်းစီးပွားရေးတွေ ထင်သလောက် အဆင်မပြေတဲ့ ကာလတစ်ခုပါပဲ။ ရပ်ဝေးကနေ ပစ္စည်းတွေ မှာမယ်ဆို သတိထားပါ။ လမ်းမှာ ပျက်စီးတတ်ပါတယ်။ စက်ကားနဲ့ ခရီးသွားလုပ်ကိုင်နေသူများ အလုပ်အဆင်ပြေ ပေမဲ့ စက်ကားပျက်တတ်တာကြောင့် ခရီးမတွင်သလို ဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေက ဒီကာလမှာ များပါတယ်။

ကိုယ်တိုင်နေကောင်းကျန်းမာအောင် ဂရုစိုက်ပါလို့ပဲ မှာချင်ပါတယ်။ မိမိအတွက် လိင်ကိစ္စတွေမရှုပ်ဖို့ အထူးသတိပေးချင်ပါတယ်။ ခပ်ကင်းကင်းနေသူတွေက ပြဿနာမရှိပေမဲ့ အနည်းငယ် ပါဝင်ပတ်သက်မိရင်တော့ ပြဿနာဖြစ်လာတတ်တဲ့ နေ့ရက်တွေပါပဲ။ ရပ်ဝေးနဲ့ဆက်စပ် လုပ်ကိုင်ရတဲ့ အလုပ်တွေက အဆင်မပြေတတ်ပါဘူး။ ရပ်ဝေးက မိတ်ဆွေတွေ ဖုန်းဆက်ပိုက်ဆံချေးရင် သတိထားပါ။

အစားအသောက်တွေ စားရင် စားနေကျ အရာမဟုတ်ရင် သတိထားပါလို့တိုက်တွန်းလိုက်ပါရစေ။ အောက်လက်ငယ်သားတွေက မိမိမခိုင်းဘဲနဲ့ အလိုက်တသိ လုပ်ပေးထားတဲ့ ကိစ္စတွေက သူတို့က စေတနာနဲ့ လုပ်ပေမဲ့ အလွဲတွေ ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံ မညံ့ပါ။ အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးလဲ သာယာပျော်ရွင် ရပါလိမ့်မယ်။ ပညာရေး အထူး တိုးတတ်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း - 4/ 8 /3

အထူးဟော - ငြိမ်နေတာ အကောင်းဆုံးပါပဲ။

ယတြာ - ဓာတ်ဆားရည်တစ်ထုပ် မိတ်ဆွေတစ်ဦးကို လှူဒါန်းလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း သားသမီးများအတွက်ငွေ ထွက်ရတတ်ပါတယ်။ ခရီးတွေလဲ မထင်မှတ်ဘဲ ထွက်ရတတ်ပါ တယ်။ မိမိမသွားလိုတဲ့ ခရီးမျိုးလဲဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ စိတ်ပင်ပန်းရာကနေ လူနုန်းပြီး ဖျားနာရတတ်ပါတယ်။ ဒီကာလမှာ ဖျားနာမိရင် အဖျားနာတာရှည် ဖြစ်လွယ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ လူယုံဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းမမြဲတာ၊ လုပ်သက်ကြာနေပြီဖြစ်တဲ့ ဝန်ထမ်းတွေ ထွက်သွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။

ငွေကြေးကို မလိုအပ်တာတွေဝယ်ပြီး သုံးနေမိတတ်ပါတယ်။ လိုချင်တာနဲ့ လိုအပ်တာ မကွဲပြားတဲ့ ကာလပါ။ မိမိအတွက် ရည်ရွယ်ထားတာလေးတွေ၊ စိတ်ကူးထားတာလေးတွေရှိရင် အကောင်အထည် မဖော်ပါနဲ့အုံး။ လုပ်လက်စ အလုပ်တွေနဲ့တင် မအားလပ်နိုင် ဖြစ်ရတတ်လို့ပါပဲ။ လူငယ်တွေဆိုရင်တော့ လုပ်သလောက် အကျိုးမခံစားရဘူး ဆိုပြီး မိမိအလုပ်အပေါ် အပြစ်မြင်နေမိတတ်ပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာ တော့မဟုတ်ပါဘူး။

အထက်လူကြီး နဲ့ ပြဿနာတတ်ရသည်ထိ ဖြစ်ရတတ်ပါတယ်။အချစ်ရေးနဲ့ပတ်သက်ပြီး အလွန်မှ စိတ်ချမ်းသာရမှာလိမ့်မယ်။ ဝေးကွာ အဆက်အသွယ် ပြတ်နေတဲ့ချစ်သူနဲ့ ပြန်ဆုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာ များပါတယ်။ တစ်ယောက်က အလျော့ပေးသည်းခံမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးအားနည်းနေချိန်ပါ။

အကျိုးပေးဂဏန်း - 1 /5 /8

အထူးဟော - အနည်းငယ် ပင်ပန်းရတတ်ပါတယ်။

ယတြာ - ဘုရားကျောင်းဆောင်ကို သန့်ရှင်းပါ။ ဘုရားရှင်ကို ရေသပ္ပာယ်ပါ။

သောကြာ

ဒီကာလအတွင်း နိုင်ငံခြားနဲ့ တိုက်ရိုက်ဆက်စပ် လုပ်ကိုင်ရသော အလုပ်တွေကိုတော့ သတိနဲ့ယှဉ်ပြီးဆောင်ရွက် လိုက်ပါ။ အထားမှားပြီးပျောက်ရှနေတာတွေ ပြန်တွေ့ရတတ်ပါတယ်။ ဘဏ်ကိစ္စများ ဆောင်ရွက်လို့ အဆင်ပြေ တဲ့ကာလပါပဲ။ သမထ၊ ဝိပဿနာ ပွားများသူများ အရင်ကမခံစားဘူးတဲ့ ငြိမ်းအေးမှုတွေကို ရရှိတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်ပြီး ညံ့နေတာမျိုး မတွေ့မိပါဘူး။ ဆရာအလုပ်ဖြင့် ရပ်တည်အသက်မွေးသူများ ပိုမို အဆင်ပြေ တိုးတတ်ပါလိမ့်မယ်။

ကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။ မိမိလုပ်ချင်တာတွေလုပ်နိုင်သလို မိမိရင်ထဲ ကဆန္ဒတွေရှိရင်လဲ ပြည့်ဝရတတ်ပါတယ်။ အလုပ်တွေနဲ့ ပတ်သက်ပြီး အကူအညီတွေအထူးရမယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ကုသိုလ်ရေးလုပ်မယ်ဆိုလဲ အဘက်ဘက် ဝိုင်းဝန်ကူညီမဲ့သူတွေနဲ့ ကြုံရတတ်ပါတယ်။ ပရဟိတကိစ္စများ အလေးပေး ဆောင်ရွက်နိုင်ပါလိမ့်မယ်။

အလုပ်နဲ့ပတ်သက်ပြီးအောင်မြင် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိမိတတ်လမ်းမှာ နှောင့်ယှက်နေတဲ့ ကိစ္စတွေကို ကောင်းစွာဖြေရှင်းသွားနိုင်ပါ လိမ့်မယ်။ အချစ်ရေးကံ ကောင်းနေပေမဲ့ ချစ်သူနဲ့ဆုံဖို့ ခက်ခဲပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက် စိတ်ပူစရာမလို သေးတဲ့ နေ့ရက်တွေပါပဲ။ ပညာရေးကံ အမြင့်မားဆုံး ကာလတွေပါပဲ။

အကျိုးပေးဂဏန်း 2/ 5/ 9

အထူးဟော ကံမြင့်နေမည်။

ယတြာ ဒီကာလအတွင်း ပရိတ်ပဋ္ဌာန်းများများ ရွတ်ပွားပါ။

စနေ

ဒီကာလအတွင်းမိမိအတွက် အဆင်ပြေတာတွေများနေပါလိမ့်မယ်။ မိမိသွားချင်တာတွေသွားခွင့်ရသလို မိမိစားချင်တာတွေကိုလဲ စားခွင့်ရလာပါလိမ့်မယ်။ ပင်ပန်းခဲ့သမျှ အပန်းဖြေအနားယူခွင့်တွေရလာတတ်ပါတယ်။ အောက်လက်ငယ်သားတွေကို လွန်စွာမှအားကိုးရတတ်ပါတယ်။ အိမ်ထောင်သည်များ မိမိထက်အရမ်းငယ်သူတွေနဲ့ ငြိစွန်းတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လာဘ်ရွှင်ပါလိမ့်မယ်။ ပိတ်နေတဲ့ငွေကံတွေပြန်ပွင့်လာပါလိမ့်မယ်။

မိမိစိတ်ပါဝင်စားစွာ လုပ်နေတဲ့အလုပ်တွေကနေ အကျိုးအမြတ်ကောင်းစွာရရှိပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းနိုင်ပါ လိမ့်မယ်။ ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်တွေက ပိုမိုတိုးတတ်ပါလိမ့်မယ်။ တတ်နိုင်သမျှအလုပ်ပင်ပန်း နေသူတွေ ဒီကာလအတွင်း အဆင်ပြေတဲ့ တစ်ရက်ရက်မှာ relax ဖြစ်အောင်နေလိုက်တာက အားသစ်တွေကို ရလာပါလိမ့် မယ်။

မြေ၊ခြံ၊တိုက်တာအိုးအိမ်များ ဝယ်ယူမယ်ဆိုရင်လဲ ဒီကာလဟာ ဝယ်ယူလို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့ အညံ့နည်းပါလိမ့်မယ်။ ဒါပေမဲ့ အရက်အလွန်အကျွံ သောက်ခြင်းကိုတော့ ဒီကာလမှာရှောင် လိုက်စေ ချင်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူသစ်ရလွယ်သလို မိမိကိုယ်တိုင်လဲ စန်းပွင့်နေပါလိမ့် မယ်။ အိမ်ထောင်ရေးကံကတော့ သင့်ပါတယ်။ ပညာရေးကံ အားနည်းချက် မတွေ့ရပါဘူး။

အကျိုးပေးဂဏန်း 0/ 3/ 6

အထူးဟော စိတ်အေးချမ်းမည်။

ယတြာ နှင်းဆီပန်း ၃ ပွင့်ဘုရားကပ်လှူလိုက်ပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

For Zawgyi

ဆရာၿငိမ္း၏ 19.11.2020 မွ 25.11.2020 အထိ တစ္ပတ္စာ ၇ ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း အပင္ပန္းခံမွ အဆင္ေျပမဲ့ကာလ တစ္ခုပါပဲ။ မိမိတို႔ဆီမွာရွိတဲ့ အဖိုးတန္ပစၥည္းမ်ား လြယ္လင့္တကူ မထားမိပါေစနဲ႔။ သူမ်ား ခိုးသြားတတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္ ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ က်န္းမာေရး အားနည္းယုတ္ေလ်ာ့ေန တတ္တဲ့ကာလပါပဲ။ မိမိေလးစားရတဲ့ ဆရာေတြက မိမိကို လိမ္သြားတတ္ပါတယ္။ အေဝးနဲ႔ခ်ိတ္ဆက္လုပ္ရတဲ့ အလုပ္ေတြ အဆင္မေျပႏိုင္ေသးပါ။

မိမိအတြက္ ေကာင္းတာေတြရွိသလို ဆိုးတာေတြလဲ ရွိေနတတ္ပါတယ္။ အဓိကေတာ့ ဘယ္သူကိုမွ အထက္စီးက မဆက္ဆံမိပါေစနဲ႔။ ေအာက္လက္ငယ္သားေတြ ျပန္ေတာ္လွန္တာမ်ိဳးေတြ ႀကဳံရတတ္ပါ တယ္။ အလုပ္အေႂကြးေတြ မ်ားေနတာေၾကာင့္လဲ ဖိအားေပးခံရတတ္ပါတယ္။ တတ္ႏိုင္သမွ် သည္းခံၿပီး ေျခသုတ္ပုဆိုး ေႁမြစြယ္က်ိဳးေနမွ အဆင္ေျပမဲ့ကာလပါပဲ။ အလုပ္ေတြကို တစ္ခုလက္စသတ္ၿပီးမွ ေနာက္အလုပ္ကို လုပ္ကိုင္ပါ။

ဟိုစပ္စပ္ဒီစပ္စပ္ လုပ္တာမ်ိဳးေတြကိုေတာ့ ေရွာင္လိုက္ေစခ်င္ပါ တယ္။ အခ်စ္ေရးကေတာ့ အေကာင္းဆုံး အေနအထားကို ဦးတည္ေနပါလိမ့္မယ္။ တတ္ႏိုင္သ၍ ခ်စ္သူထံက အကူအညီရ လာတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ မိမိနဲ႔အိမ္ေထာင္ဘက္ ဆန္က်င့္ဘက္ေတြ ျဖစ္ေနတာ မ်ားေနတတ္ပါတယ္။ ပညာေရးမွာေတာ့ အညံ့မရွိေပမယ့္ အားရစရာေကာင္းတဲ့အေနအထား မေရာက္ေသးပါ။

အက်ိဳးေပးဂဏန္း 7 /2/ 1

အထူးေဟာ - ကံအားနည္းေနမည္။

ယၾတာ - ၾကက္ဥေၾကာ္ႏွင့္ ထမင္းသုတ္ ဘုရားကပ္လႉၿပီး လိုရာဆုေတာင္းပါ။

တနလၤာ

ဒီလိုရက္ေတြမွာေတာ့ မိမိအတြက္ အရင္ကာလေတြနဲ႔ မတူတဲ့ အသစ္အဆန္းေတြကို လုပ္ကိုင္ေဆာင္႐ြက္ ရတတ္ပါတယ္။ စီးပြားသစ္၊အလုပ္သစ္၊ ေနရာသစ္၊ ေဒသအသစ္နဲ႔ အံဝင္ခြင္က် ျဖစ္ေနမဲ့ ကာလပါပဲ။ ေကာင္းတာေတြ လုပ္မယ္ဆိုရင္ အဖ်က္ဝင္လာတတ္ပါတယ္။ မိမိလုပ္ခ်င္တာကို တတ္ႏိုင္သမွ် သူမ်ားကို မေျပာလိုက္ပါနဲ႔။

လုပ္ငန္းခြင္မွာ မိမိလိုခ်င္တဲ့ ကိစၥေတြကို ဆရာသမားေတြ၊ လူႀကီးေတြဆီကေနတဆင့္ခံၿပီး ေဆာင္႐ြက္မွ အဆင္ေျပတတ္ပါတယ္။ လူမ်ိဳးျခား၊ တစ္စိမ္းတရံေတြကို ဇြတ္မယုံသင့္ပါဘူး။ မိမိကံက ဒီကာလမွာ အလိမ္ခံရတတ္လို႔ သတိေပးတာပါဗ်။ အလုပ္နဲ႔ပတ္သက္ၿပီးေတာ့လဲ အခက္အခဲေတြကို ေကာင္းစြာေက်ာ္ျဖတ္ သြားႏိုင္ပါလိမ့္မယ္။ မိမိလုပ္ကိုင္ေနတဲ့ ကိုယ္ပိုင္စီးပြားေရးေတြလဲ အထူးပဲ တိုးတတ္ပါလိမ့္မယ္။ ဘာသာေရး မေမ့သူေတြ၊ ကုသိုလ္မျပတ္ လုပ္ေနသူေတြ ပိုမို အဆင္ေျပမဲ့ ကာလပါပဲ။

မိမိသြားလိုတဲ့ ဘုရားဖူးခရီးေတြ ရွိရင္လဲ ဒီကာလမွာ သြားခြင့္ႀကဳံတတ္ပါတယ္။ က်န္းမာေရးကေတာ့ အပူေၾကာင့္ျဖစ္တဲ့ ေရာဂါေတြ ျဖစ္လြယ္တယ္။ အေရျပားမွာ အပူနာေလးေတြ ေပါက္တတ္ပါတယ္။ အခ်စ္ေရးကေတာ့ မိမိဆႏၵေတြကို ခ်စ္သူက အေကာင္အထည္ ေဖာ္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရး ရန္ျဖစ္လိုက္ ျပန္တည့္လိုက္ပါပဲ ။ ပညာေရးကံ အထူးေကာင္းမြန္တာကိုလဲ ေတြ႕ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း - 1 /2 /5

အထူးေဟာ - ကံသင့္ပါလိမ့္မယ္။

ယၾတာ - ထန္းလ်က္ခဲေလးေတြ နီးစပ္ရာေခြးေလးေတြကို ေကြၽးလိုက္ပါ။

အဂၤါ

ဒီကာလအတြင္း ကံေကာင္းေနေပမဲ့ နာမည္ႀကီး ထမင္းငတ္ဆိုတာမ်ိဳး ျဖစ္တတ္ပါ တယ္။ ေငြကို အသုံးမလြယ္ပါနဲ႔။ ဘယ္သူနဲ႔ျဖစ္ျဖစ္ ဆက္ဆံေရး ေျပလည္ႏိုင္တဲ့ ေန႔ရက္ေတြလဲ ျဖစ္ပါတယ္။ လူခ်စ္လူခင္မ်ားမယ့္ ေန႔ရက္ေတြပါ ပဲ။ မိမိလိုအပ္တဲ့ အရင္းအႏွီးေတြ ေခ်းငွားလြယ္တဲ့ကာလပါ။ ခရီးကိစၥေတြ အဆင္ေျပတတ္ပါတယ္။ အႏုပညာနဲ႔ ပတ္သက္ေသာ အလုပ္မ်ားႏွင့္ ေရႏွင့္ဆက္ႏြယ္ေသာအလုပ္မ်ား ပိုမိုတိုးတတ္ႏိုင္တာကို ေတြ႕ရပါတယ္။

က်န္းမာေရးကေတာ့ အညံ့မရွိသေလာက္ ရွားပါတယ္။ မိမိရဲ႕စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။ အလုပ္ေတြ ခ်ဲ႕ထြင္ႏိုင္ပါလိမ့္ မယ္။ အထူးသတိထားေစခ်င္တာက ဘာလုပ္လုပ္ ေငြႏိုင္မႏိုင္ ျပန္ၾကည့္ပါ။ အလုပ္ေတြက ႀကီးလာၿပီး ေငြကမႏိုင္တာ ၊အေရာင္းအဝယ္ေတြေကာင္းေပမဲ့ အေႂကြးက်တာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ လူငယ္မ်ား အလုပ္ခြင္အတြင္း ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာႏိုင္ေလ အဆင္ေျပေလပါပဲ။

ဆရာသမားေတြ၊ မိမိရဲ႕ အထက္ လူႀကီးေတြဆီ ကအႀကံဉာဏ္ေကာင္းေတြ ရလာတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူက အလုပ္အေၾကာင္းျပၿပီး မိမိကို ေရွာင္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကံ အညံ့မရွိေပမဲ့ အိမ္ေထာင္ဘက္ က်န္းမာေရး အားနည္းႏိုင္တာကို ေတြ႕ရပါတယ္။ ပညာေရးမွာေတာ့ မိမိအတြက္ အညံ့နည္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း - 3/ 6 /9

အထူးေဟာ - စီးပြားတိုးတတ္မည္။

ယၾတာ - ငါးပါးသီလၿမဲေအာင္ေနတာ ဒီတစ္ပါတ္အတြက္ ယၾတာပါပဲ။

ဗုဒၶဟူး/ ရာဟု

ဒီကာလအတြင္း ကိုယ္ပိုင္အလုပ္မ်ား ပုံမွန္အတိုင္းလည္ပတ္ပါ။ အသစ္မစပါနဲ႔။ ကုန္ပစၥည္းအသစ္တင္ မေရာင္းပါ နဲ႔။အြန္လိုင္းစီးပြားေရးေတြ ထင္သေလာက္ အဆင္မေျပတဲ့ ကာလတစ္ခုပါပဲ။ ရပ္ေဝးကေန ပစၥည္းေတြ မွာမယ္ဆို သတိထားပါ။ လမ္းမွာ ပ်က္စီးတတ္ပါတယ္။ စက္ကားနဲ႔ ခရီးသြားလုပ္ကိုင္ေနသူမ်ား အလုပ္အဆင္ေျပ ေပမဲ့ စက္ကားပ်က္တတ္တာေၾကာင့္ ခရီးမတြင္သလို ျဖစ္ရတတ္ပါ တယ္။ က်န္းမာေရးနဲ႔ပက္သက္ၿပီး အားနည္းခ်က္ေတြက ဒီကာလမွာ မ်ားပါတယ္။

ကိုယ္တိုင္ေနေကာင္းက်န္းမာေအာင္ ဂ႐ုစိုက္ပါလို႔ပဲ မွာခ်င္ပါတယ္။ မိမိအတြက္ လိင္ကိစၥေတြမရႈပ္ဖို႔ အထူးသတိေပးခ်င္ပါတယ္။ ခပ္ကင္းကင္းေနသူေတြက ျပႆနာမရွိေပမဲ့ အနည္းငယ္ ပါဝင္ပတ္သက္မိရင္ေတာ့ ျပႆနာျဖစ္လာတတ္တဲ့ ေန႔ရက္ေတြပါပဲ။ ရပ္ေဝးနဲ႔ဆက္စပ္ လုပ္ကိုင္ရတဲ့ အလုပ္ေတြက အဆင္မေျပတတ္ပါဘူး။ ရပ္ေဝးက မိတ္ေဆြေတြ ဖုန္းဆက္ပိုက္ဆံေခ်းရင္ သတိထားပါ။

အစားအေသာက္ေတြ စားရင္ စားေနက် အရာမဟုတ္ရင္ သတိထားပါလို႔တိုက္တြန္းလိုက္ပါရေစ။ ေအာက္လက္ငယ္သားေတြက မိမိမခိုင္းဘဲနဲ႔ အလိုက္တသိ လုပ္ေပးထားတဲ့ ကိစၥေတြက သူတို႔က ေစတနာနဲ႔ လုပ္ေပမဲ့ အလြဲေတြ ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးကံ မညံ့ပါ။ အဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ေရးလဲ သာယာေပ်ာ္႐ြင္ ရပါလိမ့္မယ္။ ပညာေရး အထူး တိုးတတ္ႏိုင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း - 4/ 8 /3

အထူးေဟာ - ၿငိမ္ေနတာ အေကာင္းဆုံးပါပဲ။

ယၾတာ - ဓာတ္ဆားရည္တစ္ထုပ္ မိတ္ေဆြတစ္ဦးကို လႉဒါန္းလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း သားသမီးမ်ားအတြက္ေငြ ထြက္ရတတ္ပါတယ္။ ခရီးေတြလဲ မထင္မွတ္ဘဲ ထြက္ရတတ္ပါ တယ္။ မိမိမသြားလိုတဲ့ ခရီးမ်ိဳးလဲျဖစ္ရင္ ျဖစ္ပါလိမ့္မယ္။ စိတ္ပင္ပန္းရာကေန လူႏုန္းၿပီး ဖ်ားနာရတတ္ပါတယ္။ ဒီကာလမွာ ဖ်ားနာမိရင္ အဖ်ားနာတာရွည္ ျဖစ္လြယ္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးမ်ား လူယုံဒုကၡေပးတတ္ပါတယ္။ ဝန္ထမ္းမၿမဲတာ၊ လုပ္သက္ၾကာေနၿပီျဖစ္တဲ့ ဝန္ထမ္းေတြ ထြက္သြားတာမ်ိဳးေတြလဲ ႀကဳံရတတ္ပါတယ္။

ေငြေၾကးကို မလိုအပ္တာေတြဝယ္ၿပီး သုံးေနမိတတ္ပါတယ္။ လိုခ်င္တာနဲ႔ လိုအပ္တာ မကြဲျပားတဲ့ ကာလပါ။ မိမိအတြက္ ရည္႐ြယ္ထားတာေလးေတြ၊ စိတ္ကူးထားတာေလးေတြရွိရင္ အေကာင္အထည္ မေဖာ္ပါနဲ႔အုံး။ လုပ္လက္စ အလုပ္ေတြနဲ႔တင္ မအားလပ္ႏိုင္ ျဖစ္ရတတ္လို႔ပါပဲ။ လူငယ္ေတြဆိုရင္ေတာ့ လုပ္သေလာက္ အက်ိဳးမခံစားရဘူး ဆိုၿပီး မိမိအလုပ္အေပၚ အျပစ္ျမင္ေနမိတတ္ပါတယ္။ ဒါက ေကာင္းတဲ့လကၡဏာ ေတာ့မဟုတ္ပါဘူး။

အထက္လူႀကီး နဲ႔ ျပႆနာတတ္ရသည္ထိ ျဖစ္ရတတ္ပါတယ္။အခ်စ္ေရးနဲ႔ပတ္သက္ၿပီး အလြန္မွ စိတ္ခ်မ္းသာရမွာလိမ့္မယ္။ ေဝးကြာ အဆက္အသြယ္ ျပတ္ေနတဲ့ခ်စ္သူနဲ႔ ျပန္ဆုံရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္မေျပတာ မ်ားပါတယ္။ တစ္ေယာက္က အေလ်ာ့ေပးသည္းခံမွအဆင္ေျပပါလိမ့္မယ္။ ပညာေရးအားနည္းေနခ်ိန္ပါ။

အက်ိဳးေပးဂဏန္း - 1 /5 /8

အထူးေဟာ - အနည္းငယ္ ပင္ပန္းရတတ္ပါတယ္။

ယၾတာ - ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းပါ။ ဘုရားရွင္ကို ေရသပၸာယ္ပါ။

ေသာၾကာ

ဒီကာလအတြင္း ႏိုင္ငံျခားနဲ႔ တိုက္႐ိုက္ဆက္စပ္ လုပ္ကိုင္ရေသာ အလုပ္ေတြကိုေတာ့ သတိနဲ႔ယွဥ္ၿပီးေဆာင္႐ြက္ လိုက္ပါ။ အထားမွားၿပီးေပ်ာက္ရွေနတာေတြ ျပန္ေတြ႕ရတတ္ပါတယ္။ ဘဏ္ကိစၥမ်ား ေဆာင္႐ြက္လို႔ အဆင္ေျပ တဲ့ကာလပါပဲ။ သမထ၊ ဝိပႆနာ ပြားမ်ားသူမ်ား အရင္ကမခံစားဘူးတဲ့ ၿငိမ္းေအးမႈေတြကို ရရွိတတ္ပါတယ္။ က်န္းမာေရးကေတာ့ သိပ္ၿပီး ညံ့ေနတာမ်ိဳး မေတြ႕မိပါဘူး။ ဆရာအလုပ္ျဖင့္ ရပ္တည္အသက္ေမြးသူမ်ား ပိုမို အဆင္ေျပ တိုးတတ္ပါလိမ့္မယ္။

ကံၾကမၼာကမိမိကိုမ်က္ႏွာသာေပးပါလိမ့္မယ္။ မိမိလုပ္ခ်င္တာေတြလုပ္ႏိုင္သလို မိမိရင္ထဲ ကဆႏၵေတြရွိရင္လဲ ျပည့္ဝရတတ္ပါတယ္။ အလုပ္ေတြနဲ႔ ပတ္သက္ၿပီး အကူအညီေတြအထူးရမယ္။ ရာထူးတိုးျခင္း၊ ေနရာေကာင္းရျခင္းမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ကုသိုလ္ေရးလုပ္မယ္ဆိုလဲ အဘက္ဘက္ ဝိုင္းဝန္ကူညီမဲ့သူေတြနဲ႔ ႀကဳံရတတ္ပါတယ္။ ပရဟိတကိစၥမ်ား အေလးေပး ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။

အလုပ္နဲ႔ပတ္သက္ၿပီးေအာင္ျမင္ ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ မိမိတတ္လမ္းမွာ ေႏွာင့္ယွက္ေနတဲ့ ကိစၥေတြကို ေကာင္းစြာေျဖရွင္းသြားႏိုင္ပါ လိမ့္မယ္။ အခ်စ္ေရးကံ ေကာင္းေနေပမဲ့ ခ်စ္သူနဲ႔ဆုံဖို႔ ခက္ခဲပါလိမ့္မယ္။ အိမ္ေထာင္ေရးအတြက္ စိတ္ပူစရာမလို ေသးတဲ့ ေန႔ရက္ေတြပါပဲ။ ပညာေရးကံ အျမင့္မားဆုံး ကာလေတြပါပဲ။

အက်ိဳးေပးဂဏန္း 2/ 5/ 9

အထူးေဟာ ကံျမင့္ေနမည္။

ယၾတာ ဒီကာလအတြင္း ပရိတ္ပ႒ာန္းမ်ားမ်ား ႐ြတ္ပြားပါ။

စေန

ဒီကာလအတြင္းမိမိအတြက္ အဆင္ေျပတာေတြမ်ားေနပါလိမ့္မယ္။ မိမိသြားခ်င္တာေတြသြားခြင့္ရသလို မိမိစားခ်င္တာေတြကိုလဲ စားခြင့္ရလာပါလိမ့္မယ္။ ပင္ပန္းခဲ့သမွ် အပန္းေျဖအနားယူခြင့္ေတြရလာတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြကို လြန္စြာမွအားကိုးရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား မိမိထက္အရမ္းငယ္သူေတြနဲ႔ ၿငိစြန္းတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး လာဘ္႐ႊင္ပါလိမ့္မယ္။ ပိတ္ေနတဲ့ေငြကံေတြျပန္ပြင့္လာပါလိမ့္မယ္။

မိမိစိတ္ပါဝင္စားစြာ လုပ္ေနတဲ့အလုပ္ေတြကေန အက်ိဳးအျမတ္ေကာင္းစြာရရွိပါလိမ့္မယ္။ေငြေၾကးနဲ႔ပတ္သက္ၿပီး စုေဆာင္းႏိုင္ပါ လိမ့္မယ္။ ခံစားခ်က္နဲ႔လုပ္ရတဲ့ အလုပ္ေတြက ပိုမိုတိုးတတ္ပါလိမ့္မယ္။ တတ္ႏိုင္သမွ်အလုပ္ပင္ပန္း ေနသူေတြ ဒီကာလအတြင္း အဆင္ေျပတဲ့ တစ္ရက္ရက္မွာ relax ျဖစ္ေအာင္ေနလိုက္တာက အားသစ္ေတြကို ရလာပါလိမ့္ မယ္။

ေျမ၊ၿခံ၊တိုက္တာအိုးအိမ္မ်ား ဝယ္ယူမယ္ဆိုရင္လဲ ဒီကာလဟာ ဝယ္ယူလို႔အထူးေကာင္းပါတယ္။ က်န္းမာေရးကေတာ့ အညံ့နည္းပါလိမ့္မယ္။ ဒါေပမဲ့ အရက္အလြန္အကြၽံ ေသာက္ျခင္းကိုေတာ့ ဒီကာလမွာေရွာင္ လိုက္ေစ ခ်င္ပါတယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီး ခ်စ္သူသစ္ရလြယ္သလို မိမိကိုယ္တိုင္လဲ စန္းပြင့္ေနပါလိမ့္ မယ္။ အိမ္ေထာင္ေရးကံကေတာ့ သင့္ပါတယ္။ ပညာေရးကံ အားနည္းခ်က္ မေတြ႕ရပါဘူး။

အက်ိဳးေပးဂဏန္း 0/ 3/ 6

အထူးေဟာ စိတ္ေအးခ်မ္းမည္။

ယၾတာ ႏွင္းဆီပန္း ၃ ပြင့္ဘုရားကပ္လႉလိုက္ပါ။

၇ ရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)