လက်သည်း ကျန်းမာရေးက ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဆက်စပ်နေ ပါတယ်။ ခန္ဓာကိုယ်မှာ ကျန်းမာရေးမကောင်းရင် လက်သည်း ကျိုးတာတွေ၊ လက်သည်း အရောင်ပြောင်းတာတွေ ဖြစ်တတ် ပါတယ်။လက်သည်းတွေ ကြွပ်ဆပ်ပြီး ကျိုးလွယ်နေတယ် ဆိုရင် လက်သည်းတွေကို သဘာဝအတိုင်း ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

1. ဗီတာမင် E

© unknown / imgur

မီတာမင် E က လက်သည်းခွဲကို အားဖြည့်ပေး ပါတယ်။ လက်သည်း ကျိုးတာတွေ မဖြစ်အောင် ကာကွယ် ပေးပြီး လက်သည်းအောက် သွေးလည်ပတ်မှုတွေကို တိုးတက်စေ ပါတယ်။ ဗီတာမင် E ကို လက်သည်းပေါ်မှာ လိမ်းပေးရ မှာပါ။

2. အုန်းဆီ

© unknown / imgur, © Juankestein / reddit

အုန်းဆီမှာ အင်တီအောက်ဆီးဒင့် ပါဝင်လို့ လက်သည်းထဲ ပိုးဝင်တာတွေ၊ မှိုဝင်တာတွေကို ကာကွယ်ပေးပါတယ်။ နွေးနေတဲ့ အုန်းဆီကို လက်သည်းပေါ်တင်ပြီး လက်သည်း တစ်ဝိုက်စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။

3. ပန်းသီး ရှာလကာရည်

© wuzgudhomi / reddit

ပန်းသီးရှာလကာရည်က လက်သည်းဖြောင့်လာစေဖို့၊ လက်သည်း ရှည်လာဖို့ အတွက် အသုံးဝင်ပါတယ်။ လက်သည်းခွံ ကိုလည်း ချောမွ့လာစေပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနွေးတစ်ခွက်ထဲထည့်ပြီး လက်ထည့်စိမ်ထားပါ။ နေ့တိုင်းပြုလုပ်ပေးရင် ကျန်းမာတဲ့ လက်သည်းတွေကို ရမှာပါ။

4. လက်ဖက်ဆီ

© pixabay.com, © deviousd / imgur

လက်ဖက်ဆီက လက်သည်း မှိုစွဲတာကို ပျောက်ကင်းစေပါတယ်။ လက်ဖက်ဆီတစ်မျိုးတည်းကို တိုက်ရိုက်သုံးလို့မရပါဘူး။ ဆီတစ်ခုခုနဲ့ရောပြီးမှ သုံးသင့်ပါတယ်။ လက်ဖက်ဆီနှစ်ဇွန်းကို သံလွင်ဆီဇွန်းတစ်ဝက်၊ မက်မွန်ဆီ၊ အုန်းဆီတို့နဲ့ ရောပြီး လက်သည်းနဲ့ လက်သည်း တစ်ဝိုက် အသားအရေကို စိမ့်ဝင်သွားအောင် မိနစ် အနည်းငယ်ကြာ နှိပ်နယ်ပေးပါ။

5. သံပရိုသီး

© bpnaildesigner / instagram

သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်လို့ ကော်လဂျင် ထုတ်လုပ်မှုကို မြန်ဆန်စေပါတယ်။ လက်သည်းကိုလည်း ပိုကျန်းမာစေပါတယ်။ သံပရိုသီးမှာ ပါဝင်တဲ့ Alpha-hydroxy acid က လက်သည်းကို အရောင်တောက်ပစေပြီး လက်သည်းကျိုးမှုကိုလည်း ကာကွယ်ပေး ပါတယ်။ သံပရိုသီးကို ရေနွေးတစ်ခွက်ထဲ ထည့်ညှစ်ပြီး လက်ကို 5 မိနစ် ကနေ 10 မိနစ် ကြာအောင် စိမ်ထားပေးပါ။

6. သံလွင်ဆီ

© umbraS / reddit

သံလွင်ဆီက လက်သည်းကို ရေဓာတ်နဲ့ အာဟာရဓာတ် ဖြည့်ပေးပါတယ်။ ပြီးတော့ သံလွင်ဆီမှာ ဗီတာမင် E လည်း ပါဝင်လို့ လက်သည်းကြွပ်ဆတ်တာ မဖြစ်တော့ပါဘူး။ လက်သည်း ရှည်လာမှုကိုလည်း မြန်စေပါတယ်။ လက်သည်းပေါ်ကို သံလွင်ဆီ လိမ်းပေးရုံ ပါပဲ။

7. ကြက်ဥအနှစ်နှင့် ပျားရည်

© CharmingTortoise / imgur

ကြက်ဥအနှစ်မှာ ဗီတာမင် A ပါဝင်လို့ အားနည်းပြီး ကျိုးလွယ်တဲ့ လက်သည်းတွေကို ချောမွေ့စေပါတယ်။ ရေဓာတ်လည်း ဖြည့်ပေးပါတယ်။ ပိုပြီး အာနိသင်ရှိချင်ရင် ကြက်ဥ အနှစ်ထဲကို ပျားရည်ထည့်လို့ ရပါတယ်။ ပျားရည်က မှိုရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကြက်ဥ အနှစ်ထဲကို ပျားရည်ဇွန်း တစ်ဝက်ထည့်မွှေပြီး လက်သည်း တစ်ဝိုက်ကို လိမ်းပေးပါ။ 15 မိနစ် ကြာရင် လက်ကို ရေဆေးလိုက်လို့ ရပါပြီ။

8. နှမ်းကြတ်ဆီ

© Depositphotos.com, © emmababemma3 / reddit

နှမ်းကြတ်ဆီမှာ သတ္တုဓာတ်တွေ၊ အင်တီအောက်ဆီးဒင့် ပါဝင်လို့ လက်သည်းရဲ့ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ နှမ်းကြတ်ဆီကို လက်သည်းပေါ်မှာ မိနစ် အနည်းငယ် ကြာအောင် လိမ်းပေးပါ။

9. မက်မွန်သီးဆီ

© aromaoilstore143 / reddit, © Silverwinds256Jan / imgur

မက်မွန်သီးဆီမှာ ဗီတာမင် A, B, E ပါဝင်တာကြောင့် ပျက်စီးနေတဲ့ လက်သည်းတွေကို အားဖြည့်ပေးပြီး လက်သည်းကို ချောမွေ့စေပါတယ်။ မက်မွန်သီးဆီကို လက်သည်းနဲ့ လက်သည်း တဝိုက်မှာ 2 မိနစ်၊ 3 မိနစ်ကြာအောင် လိမ်းပေးပါ။

10. Jojoba ဆီ

© Depositphotos.com, © DaisyHotCakes / reddit

Jojoba ဆီမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်တာကြောင့် လက်သည်း ကျိုးတာ၊ ကြွပ်ဆတ်တာတွေကို ကာကွယ်ပေးပြီး ဖြစ်စေပါတယ်။ Jojoba ဆီကိုလည်း လက်သည်းပေါ်မှာ 2 မိနစ်၊ 3 မိနစ်ကြာအောင် လိမ်းပေးပါ။

Zombie (LoveMedia)

For Zawgyi

လက္သည္းက်ိဳးျခင္းကို သဘာဝအတိုင္း ျပဳျပင္ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးမ်ား

လက္သည္း က်န္းမာေရးက ခႏၶာကိုယ္ က်န္းမာေရးနဲ႔ ဆက္စပ္ေန ပါတယ္။ ခႏၶာကိုယ္မွာ က်န္းမာေရးမေကာင္းရင္ လက္သည္း က်ိဳးတာေတြ၊ လက္သည္း အေရာင္ေျပာင္းတာေတြ ျဖစ္တတ္ ပါတယ္။လက္သည္းေတြ ႂကြပ္ဆပ္ၿပီး က်ိဳးလြယ္ေနတယ္ ဆိုရင္ လက္သည္းေတြကို သဘာဝအတိုင္း ထိန္းသိမ္းႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။

1. ဗီတာမင္ E

မီတာမင္ E က လက္သည္းခြဲကို အားျဖည့္ေပး ပါတယ္။ လက္သည္း က်ိဳးတာေတြ မျဖစ္ေအာင္ ကာကြယ္ ေပးၿပီး လက္သည္းေအာက္ ေသြးလည္ပတ္မႈေတြကို တိုးတက္ေစ ပါတယ္။ ဗီတာမင္ E ကို လက္သည္းေပၚမွာ လိမ္းေပးရ မွာပါ။

2. အုန္းဆီ

အုန္းဆီမွာ အင္တီေအာက္ဆီးဒင့္ ပါဝင္လို႔ လက္သည္းထဲ ပိုးဝင္တာေတြ၊ မႈိဝင္တာေတြကို ကာကြယ္ေပးပါတယ္။ ေႏြးေနတဲ့ အုန္းဆီကို လက္သည္းေပၚတင္ၿပီး လက္သည္း တစ္ဝိုက္စိမ့္ဝင္သြားေအာင္ ႏွိပ္နယ္ေပးပါ။

3. ပန္းသီး ရွာလကာရည္

ပန္းသီးရွာလကာရည္က လက္သည္းေျဖာင့္လာေစဖို႔၊ လက္သည္း ရွည္လာဖို႔ အတြက္ အသုံးဝင္ပါတယ္။ လက္သည္းခြံ ကိုလည္း ေခ်ာမြ႕လာေစပါတယ္။ ပန္းသီးရွာလကာရည္ကို ေရေႏြးတစ္ခြက္ထဲထည့္ၿပီး လက္ထည့္စိမ္ထားပါ။ ေန႔တိုင္းျပဳလုပ္ေပးရင္ က်န္းမာတဲ့ လက္သည္းေတြကို ရမွာပါ။

4. လက္ဖက္ဆီ

လက္ဖက္ဆီက လက္သည္း မႈိစြဲတာကို ေပ်ာက္ကင္းေစပါတယ္။ လက္ဖက္ဆီတစ္မ်ိဳးတည္းကို တိုက္႐ိုက္သုံးလို႔မရပါဘူး။ ဆီတစ္ခုခုနဲ႔ေရာၿပီးမွ သုံးသင့္ပါတယ္။ လက္ဖက္ဆီႏွစ္ဇြန္းကို သံလြင္ဆီဇြန္းတစ္ဝက္၊ မက္မြန္ဆီ၊ အုန္းဆီတို႔နဲ႔ ေရာၿပီး လက္သည္းနဲ႔ လက္သည္း တစ္ဝိုက္ အသားအေရကို စိမ့္ဝင္သြားေအာင္ မိနစ္ အနည္းငယ္ၾကာ ႏွိပ္နယ္ေပးပါ။

5. သံပ႐ိုသီး

သံပ႐ိုသီးမွာ ဗီတာမင္စီ ပါဝင္လို႔ ေကာ္လဂ်င္ ထုတ္လုပ္မႈကို ျမန္ဆန္ေစပါတယ္။ လက္သည္းကိုလည္း ပိုက်န္းမာေစပါတယ္။ သံပ႐ိုသီးမွာ ပါဝင္တဲ့ Alpha-hydroxy acid က လက္သည္းကို အေရာင္ေတာက္ပေစၿပီး လက္သည္းက်ိဳးမႈကိုလည္း ကာကြယ္ေပး ပါတယ္။ သံပ႐ိုသီးကို ေရေႏြးတစ္ခြက္ထဲ ထည့္ညႇစ္ၿပီး လက္ကို 5 မိနစ္ ကေန 10 မိနစ္ ၾကာေအာင္ စိမ္ထားေပးပါ။

6. သံလြင္ဆီ

သံလြင္ဆီက လက္သည္းကို ေရဓာတ္နဲ႔ အာဟာရဓာတ္ ျဖည့္ေပးပါတယ္။ ၿပီးေတာ့ သံလြင္ဆီမွာ ဗီတာမင္ E လည္း ပါဝင္လို႔ လက္သည္းႂကြပ္ဆတ္တာ မျဖစ္ေတာ့ပါဘူး။ လက္သည္း ရွည္လာမႈကိုလည္း ျမန္ေစပါတယ္။ လက္သည္းေပၚကို သံလြင္ဆီ လိမ္းေပး႐ုံ ပါပဲ။

7. ၾကက္ဥအႏွစ္ႏွင့္ ပ်ားရည္

ၾကက္ဥအႏွစ္မွာ ဗီတာမင္Aပါဝင္လို႔ အားနည္းၿပီး က်ိဳးလြယ္တဲ့ လက္သည္းေတြကို ေခ်ာေမြ႕ေစပါတယ္။ ေရဓာတ္လည္း ျဖည့္ေပးပါတယ္။ ပိုၿပီး အာနိသင္ရွိခ်င္ရင္ ၾကက္ဥ အႏွစ္ထဲကို ပ်ားရည္ထည့္လို႔ ရပါတယ္။ ပ်ားရည္က မႈိေရာဂါေတြကို ကာကြယ္ေပးပါတယ္။ ၾကက္ဥ အႏွစ္ထဲကို ပ်ားရည္ဇြန္း တစ္ဝက္ထည့္ေမႊၿပီး လက္သည္း တစ္ဝိုက္ကို လိမ္းေပးပါ။ 15 မိနစ္ ၾကာရင္ လက္ကို ေရေဆးလိုက္လို႔ ရပါၿပီ။

8. ႏွမ္းၾကတ္ဆီ

ႏွမ္းၾကတ္ဆီမွာ သတၱဳဓာတ္ေတြ၊ အင္တီေအာက္ဆီးဒင့္ ပါဝင္လို႔ လက္သည္းရဲ႕ က်န္းမာေရးအတြက္ သင့္ေတာ္ပါတယ္။ ႏွမ္းၾကတ္ဆီကို လက္သည္းေပၚမွာ မိနစ္ အနည္းငယ္ ၾကာေအာင္ လိမ္းေပးပါ။

9. မက္မြန္သီးဆီ

မက္မြန္သီးဆီမွာ ဗီတာမင္ A, B, E ပါဝင္တာေၾကာင့္ ပ်က္စီးေနတဲ့ လက္သည္းေတြကို အားျဖည့္ေပးၿပီး လက္သည္းကို ေခ်ာေမြ႕ေစပါတယ္။ မက္မြန္သီးဆီကို လက္သည္းနဲ႔ လက္သည္း တဝိုက္မွာ 2 မိနစ္၊ 3 မိနစ္ၾကာေအာင္ လိမ္းေပးပါ။

10. Jojoba ဆီ

Jojoba ဆီမွာ ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြ ပါဝင္တာေၾကာင့္ လက္သည္း က်ိဳးတာ၊ ႂကြပ္ဆတ္တာေတြကို ကာကြယ္ေပးၿပီး ျဖစ္ေစပါတယ္။ Jojoba ဆီကိုလည္း လက္သည္းေပၚမွာ 2 မိနစ္၊ 3 မိနစ္ၾကာေအာင္ လိမ္းေပးပါ။

Zombie (LoveMedia)